Narcan® (နာကန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Narcan® (နာကန်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Narcan® (နာကန်) ကို ဘာအတွက်အသုံးပြုကြသလဲ

စိတ်ကိုပြောင်းလဲစေဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို လုံး၀ သို့မဟုတ် အနည်းငယ်ပြောင်းလဲနိုင်ဖို့ အသုံးပြုပါတယ်။ စိတ်ကြွဆေးအလွန်အကျွံသုံးစွဲထားကြောင်း စစ်ဆေးအတည်ပြုနိုင်ဖို့အတွက် လည်းသုံးပါတယ်။ ဆရာဝန်ဆုံးဖြတ်ထားတဲ့အတိုင်း အခြားအခြေအနေတွေအတွက်လည်း သုံးပါတယ်။

စိတ်ကြွဆေးဆန့်ကျင်ဆေးဖြစ်ပါတယ်။ opiateလက်ခံနေရာတွေကို ပိတ်ဆို့ခြင်းဖြင့် စိတ်ကိုပြောင်းလဲစေတဲ့အကိုက်အခဲပျောက်ဆေးတွေရဲ့ အန္တရာယ်ပေးနိုင်တဲ့အခြေအနေကို ကာကွယ်ပေးနိုင်ပါတယ်။

Narcan® (နာကန်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျအသုံးပြုသင့်ပါတယ်။ သင့်ဆေးညွှန်းစာအတိုင်း အကုန်လိုက်နာသင့်ပါတယ်။

Narcan® ဆေးကို ထိုးဆေးအနေနဲ့ သင့်ဆရာဝန်ဆေးခန်း ဆေးရုံတွေမှာ ရနိုင်ပါတယ်။ နောက်ကျိကျိအမှုန့်တွေပါနေမယ်ဆိုရင် သို့မဟုတ် ဆေးထည့်တဲ့ဖန်ပုလင်းသို့ခွက်ငယ် ကွဲနေမယ်ဆိုရင် သို့ ပျက်စီးနေမယ်ဆိုရင် မသုံးသင့်ပါဘူး။ ဆေးကိုရော အသုံးပြုတဲ့အပ်တွေကိုပါ

ကလေးတွေအိမ်မွေးတိရိစ္ဆာန်တွေရဲ့အဝေးမှာ ထားသင့်ပါတယ်။

ဆေးထိုးအပ်တွေကို ပြန်မသုံးသင့်ပါဘူး။ အသုံးပြုပြီးတဲ့အခါ ဘယ်လိုစွန့်ပစ်သင့်လဲဆိုတာကို ကျန်းမာရေးစောင့်ရှောက်သူထံမှာ မေးနိုင်ပါတယ်။ စွန့်ပစ်ခြင်းနဲ့ပတ်သက်သမျှစည်းကမ်းတွေအကုန် လိုက်နာသင့်ပါတယ်။ ဘယ်လိုအသုံးပြုရမလဲနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိမယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးကြီးကြပ်သူကို မေးနိုင်ပါတယ်။

Narcan® (နာကန်) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Narcan® (နာကန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • Narcan® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Narcan® (နာကန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

Narcan® (နာကန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့နိုင်ပါတယ်။

  • စိတ်ခံစားချက်အပြောင်းအလဲရှိခြင်း
  • ချွေးထွက်များခြင်း
  • မူးဝေခြင်း
  • စိတ်လှုပ်ရှားခြင်း
  • အမြဲလှုပ်ရှားနေခြင်း
  • တဆတ်ဆတ်တုန်ခြင်း
  • အန်ခြင်း

အောက်ပါလက္ခဏာတွေရှိခဲ့မယ်ဆိုရင်

သင့်ဆရာဝန်ကိုချက်ချင်းဆက်သွယ်သင့်ပါတယ်။

  • အင်ပျဉ်ထခြင်း၊ ယားခြင်း ၊အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းများ ဖောရောင်ခြင်းစတဲ့ ဓါတ်မတည့်တဲ့လက္ခဏာတွေရှိခဲ့မယ်ဆိုရင်
  • မူးဝေခြင်း
  • ဖျော့တော့ခြင်း
  • သွေးခုန်နှုန်းမြန်ခြင်း သို့မူမမှန်ခြင်း
  • မျက်နှာနီခြင်း ခေါင်းကိုက်ခြင်း
  • နှလုံးခုန်ပြောင်းလဲမှုများ
  • စိတ်ကြွခြင်း
  • ရုတ်တရက်ရင်ဘတ်အောင့်ခြင်း

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Narcan® (နာကန်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

Narcan®ဆေးအသုံးပြုနေတုန်း စိတ်ကြွဆေးမည်သည့်ဆေးမျိုးကိုမဆို အသုံးပြုနေမယ်ဆိုရင် စိတ်ကိုပြောင်းလဲစေတဲ့အနာသက်သာဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို ပြောင်းပြန်ဖြစ်သွားစေနိုင်ပါတယ်။ အခြားဆေးတွေအားလုံးကို သင့်ရဲ့ဆရာဝန်ကိုပြောပြထားသင့်ပါတယ်။ အထူးသဖြင့်တော့

  • Buprenorphine (Buprenex, Subutex)
  • Methohexital (Brevital)
  • Narcotic pain medication such as codeine (Tylenol #3), hydrocodone (Lortab, Vicodin, Vicoprofen), hydromorphone (Dilaudid, Palladone), oxycodone (OxyContin, Percocet), fentanyl (Actiq, Duragesic), methadone (Methadose, Dolophine), morphine (Kadian, MS Contin, Oramorph), and many others

အစားအသောက်တွေနဲ့ အရက်က Narcan® (နာကန်) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Narcan® (နာကန်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

  • နှလုံးသွေးကြောဆိုင်ရာပြဿနာများ
  • အသည်းရောဂါ
  • ကျောက်ကပ်
  • ကူးစက်ပိုးကြောင့်ဖြစ်သည့် တုန့်ပြန်မှု

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Narcan® (နာကန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများသွေးတိုးရောဂါအတွက်

အစောပိုင်း –

နှာခေါင်းဖျန်းဆေး နှာခေါင်းပေါက်ထဲ့သို့ ဖြန်းခြင်း

ထပ်ခါထပ်ခါအသုံးပြုရမည့်ပမာဏ

Narcan®နှာခေါင်းဖျန်းဆေးအသုံးပြုပြီးတဲ့နောက်မှာ အရေးပေါ်ကျန်းမာရေး ဝန်ထမ်းတွေကို ခေါ်ရပါမယ်။

ထပ်ပြီးအသုံးပြုဖို့အတွက်လိုအပ်ချက်က ဆန့်ကျင်မယ့် opioidဆေးရဲ့ ပမာဏ၊ အမျိုးအစား၊ အသုံးပြုထားတဲ့လမ်းကြောင်းတွေအပေါ်မူတည်နေပါတယ်။

နှာခေါင်းဖျန်းဆေးတစ်ခါသုံးပမာဏကို နှာခေါင်နှစ်းပေါက်တလှည့်စီ ဖြန်းပေးရမှာဖြစ်ပါတယ်။ အရေးပေါ်ကျန်းမာရေးအကူအညီမရောက်သေးခင်မှာ လူနာက ဆေးကိုတုန့်ပြန်မှုတွေဖြစ်ပြီး

အသက်ရှူခြင်းဆိုင်ရာပြဿနာတွေပြန်ပေါ်ခဲ့မယ်ဆိုရင် နှာခေါင်းဖျန်းဆေးအသစ်နဲ့ နောက်ထပ်ဖြန်းပေးရမှာဖြစ်ပြီး လူနာရဲ့အသက်ကိုဆက်ရမှာဖြစ်ပါတယ်။ လို ချင်တဲ့အကျိုးကို ၂မိန်စ်၃မိနစ်အတွင်း မရဘူးဆိုရင် နှာခေါင်းဖျန်ေးဆးအသစ်နဲ့ ထပ်ဖြန်းပေးရမှာဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုမပေးသေးဘူး၊ ထပ်ပြီးတော့ဆေးရနိုင်သေးတယ်ဆိုရင် အရေးပေါ်အကူအညီမလာမချင်း ၂မိနစ်၃မိနစ်တိုင်းမှာ နှာခေါင်းဖြိန်းဆေးအသစ်နဲ့ ထပ်ထပ်ဖြန်းပေးနိုင်ပါတယ်။

ထပ်မံပြီးအသက်ရှူအထောက်အကုူတွေ ပေးခြင်းကလည်း အရေးပေါ်အကုူအညီစောင့်ဆိုင်းနေစဉ် အထောက်အကူပေးနိုင်ပါတယ်။

ကလေးတွေအတွက် Narcan® (နာကန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အစောပိုင်း နှာခေါင်းဖျန်းဆေး နှာခေါင်းပေါက်ထဲ့သို့ ဖြန်းခြင်း

ထပ်ခါထပ်ခါအသုံးပြုရမည့်ပမာဏ

Narcan®နှာခေါင်းဖျန်းဆေးအသုံးပြုပြီးတဲ့နောက်မှာ အရေးပေါ်ကျန်းမာရေး ဝန်ထမ်းတွေကို ခေါ်ရပါမယ်။

ထပ်ပြီးအသုံးပြုဖို့အတွက်လိုအပ်ချက်က ဆန့်ကျင်မယ့် opioidဆေးရဲ့ ပမာဏ၊ အမျိုးအစား၊ အသုံးပြုထားတဲ့လမ်းကြောင်းတွေအပေါ်မူတည်နေပါတယ်။

နှာခေါင်းဖျန်းဆေးတစ်ခါသုံးပမာဏကို နှာခေါင်နှစ်းပေါက်တလှည့်စီ ဖြန်းပေးရမှာဖြစ်ပါတယ်။ အရေးပေါ်ကျန်းမာရေးအကူအညီမရောက်သေးခင်မှာ လူနာက ဆေးကိုတုန့်ပြန်မှုတွေဖြစ်ပြီး

အသက်ရှူခြင်းဆိုင်ရာပြဿနာတွေပြန်ပေါ်ခဲ့မယ်ဆိုရင် နှာခေါင်းဖျန်းဆေးအသစ်နဲ့ နောက်ထပ်ဖြန်းပေးရမှာဖြစ်ပြီး လူနာရဲ့အသက်ကိုဆက်ရမှာဖြစ်ပါတယ်။ လို ချင်တဲ့အကျိုးကို ၂မိန်စ်၃မိနစ်အတွင်း မရဘူးဆိုရင် နှာခေါင်းဖျန်ေးဆးအသစ်နဲ့ ထပ်ဖြန်းပေးရမှာဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုမပေးသေးဘူး၊ ထပ်ပြီးတော့ဆေးရနိုင်သေးတယ်ဆိုရင် အရေးပေါ်အကူအညီမလာမချင်း ၂မိနစ်၃မိနစ်တိုင်းမှာ နှာခေါင်းဖြိန်းဆေးအသစ်နဲ့ ထပ်ထပ်ဖြန်းပေးနိုင်ပါတယ်။

ထပ်မံပြီးအသက်ရှူအထောက်အကုူတွေ ပေးခြင်းကလည်း အရေးပေါ်အကုူအညီစောင့်ဆိုင်းနေစဉ် အထောက်အကူပေးနိုင်ပါတယ်။

Narcan® (နာကန်) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

နှာခေါင်းဖျန်းဆေး naloxone hydrochloride 4mg in 0.1mL

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

အလွန်အကျွံအသုံးပြုမိတဲ့လက္ခဏာတွေကတော့ စိတ်ကြွခြင်း၊ လစ်ဟာဟာဖြစ်ခြင်း၊ ဖျော့တော့ခြင်း တို့ဖြစ်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 11, 2018