Moriamin Forte (မော်ရီရာမင်း ဖို့ဒ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသုံးပြုပုံများ

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Moriamin Forte ကို အများဆုံးအသုံးပြုကြသည်မှာ

  • ကိုယ်ခန္ဓါတွင် ပရိုတင်းနည်းခြင်း၊ ဗီတာမင်နည်းခြင်း၊ အာဟာရများ ညီမျှမှု မရှိခြင်း
  • ပင်ပန်းလွယ်ခြင်း
  • သွေးအတွင်း albumin နည်းခြင်း
  • ဗီတာမင်၊ သတ္တုဓါတ်နဲ့ အခြားဒြပ်စင်များ လိုအပ်မှု များပြားခြင်း (ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်ချိန်တွင် စိတ်ရောကိုယ်ပါ ပြင်းထန်စွာ လှုပ်ရှားမှုများ၊ စိတ်ဖိစီးမှုများ၊ ကလေးများ ဖွံဖြိုးမှု အချိန်တွင် အစာမညီမျှမှုများ)

Moriamin Forte ကို ပင်ပန်းနွမ်းနယ်ခြင်း ပျောက်ကင်းစေရန်နဲ့ ခွဲစိတ်ပြီးချိန်တွေမှာ ကိုယ်ခန္ဓါကို ပြန်လည် အားဖြည့်ဖို့အတွက်လည်း အသုံးပြုပါတယ်။

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

Moriamin Forte ကို သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ဆေးပမာဏကို အတိအကျသိရှိရန် ဆေးပေါ်ရှိ အညွှန်းကို သေချာ ဖတ်ရှုသင့်ပါတယ်။

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Moriamin Forte ကို မှောင်ပြီး ခြောက်သွေ့တဲ့ နေရာမှာ သိမ်းဆည်းသင့်ပါတယ်။ အပူချိန်ဟာ ၂၅ ဒီဂရီစင်တီဂရိတ် မကျော်သင့်ပါဘူး။ Shelf life (သက်တမ်း) က သုံးနှစ်ဖြစ်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Moriamin Forte မှာ မသုံးသင့်တဲ့ အခြေအနေမရှိပေမယ့် ဆီးချိုရှိရင်တော့ သတိထားပြီး သုံးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့ အောက်ဖေါ်ပြပါအချက်တွေ ရရှိနိုင်ပါတယ်။

  • ဗီတာမင် များခြင်း
  • ခံနိုင်ရည် မရှိခြင်း
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ခြင်းများ

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Moriamin Forte နဲ့ အောက်ဖေါ်ပြပါ ဆေးဝါးတွေဟာ ဓါတ်ပြုမှု ဖြစ်နိုင်ပါတယ်။

  • Barbiturates, salicylates, sulfonamides တွေကို စွန့်ထုတ်နှုန်း နှေးကွေးစေပါတယ်။
  • Levodopa: increased decarboxylation in peripheral tissues;
  • အတက် ပျောက်ဆေး: increase metabolism and excretion of ergocalciferol in the bile;
  • Cardiac glycosides: သွေးအတွင်းမှာ ကယ်လ်ဆီရမ် များစေပါတယ်။
  • Kolestiramin, laxatives containing mineral oil: ဗီတာမင် အေ၊ ဒီ၊ အီး စုပ်ယူမှုကို လျော့ကျစေပါတယ်။
  • Methotrexate, pyrimethamine, trimethoprim, sulfasalazine, triamterene, antiepileptic drugs: Folic acid စုပ်ယူမှုကို နှေးကွေးစေပါတယ်။
  • Isoniazid: pyroxine ရဲ့ အစွမ်းထက်မှု လျော့ကျစေပါတယ်။
  • Biguanides: cyanocobalamin စုပ်ယူမှု နည်းပါးစေပါတယ်။
  • Isoniazid, Penicillamine: ဗီတာမင် B1 စွန့်ထုတ်မှုများစေပြီးတော့ အစွမ်းထက်မှု နည်းပါးစေပါတယ်။
  • Fluorouracil, bleomycin, vinblastine, cisplatin: ဗီတာမင် A, B1, B6 တို့ အံဝင်ဂွင်ကျ ဖြစ်ခြင်းကို ပျက်စီးစေပါတယ်။
  • ကိုယ်ဝန်တားဆေးတွေဟာ ဗီတာမင် အေ၊ စီ ပမာဏကိုများစေပြီးတော့ folic acid ပမာဏကို နည်းစေပါတယ်။

အစားအသောက်တွေနဲ့ အရက်က Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) နဲ့ ဓါတ်ပြုနိုင်သလား

Moriamin Forte က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Moriamin Forte ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူ – တစ်လုံး (သို့) နှစ်လုံး, သောက်ရန်, တစ်နေ့ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ

ကလေးတွေအတွက် Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေး – တစ်နေ့ ၁လုံးကနေ ၃လုံး (ဆေးလုံး)

Moriamin Forte (မော်ရီရာမင်း ဖို့ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Moriamin Forte ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Moriamin Forte သောက်ဆေးမှာ အောက်ပါအရာများ ပါဝင်ပါတယ်။

oxyanthranilic acid 0.2 mg, Ca pantothenate 5 mg, folic acid 0.2 mg, L-isoleucine 5.9 mg, L-acetyltryptophan 5 mg, L-leucine 18.3 mg, L-lysine HCl 25 mg, L-methionine 18.4 mg, nicotinamide 20 mg, L-phenylalanine 5 mg, L-threonine 4.2 mg, L-valine 6.7 mg, vit A 2,000 IU, vit B1 5 mg, vit B12 1 mcg, vit B2 3 mg, vit B6 2.5 mg, vit C 20 mg, vit D 200 IU, vit E 1 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ယေဘူယျအသိပေးချက် – Moriamin Forte ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သစ်ချသီးလှော်လေး စားပေးပါ

မိုးရာသီ သစ်ချသီးလှော် ကျန်းမာရေး ရာသီစာ အာဟာရ ပိုတက်ဆီယမ် အမျှင်ဓာတ် အစာခြေစနစ် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကိုယ်အလေးချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

မြေစာဥကပေးတဲ့ ကျန်းမာရေး

မြေစာဥ ကျန်းမာရေး အကျိုးကျေးဇူး ကယ်လ်လိုရီ ပိုတက်ဆီယမ် အမျှင်ဓာတ် ဗီတာမင် B6 ဓာတ်တိုးဆန့်ကျင် အာနိသင် ကိုယ်ခံအား ကင်ဆာ ဆီးချို နှလုံးရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဥပုသ် စောင့်ရင် အဆာခံနိုင်အောင် ဘယ်လိုလုပ်ကြမလဲ

ဥပုသ်သီလ ဥပုသ်စောင့် ဥပုသ် ကျန်းမာရေး အကျိုးကျေးဇူး ဆောင်ရန်ရှောင်ရန် သတိထားသင့်တဲ့အချက်များ အဆာခံ အစာအိမ် အစားအသောက် အာဟာရ အားပြည့်ကျန်းမာ စိတ်အေးချမ်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

Pistachios ကြိုက်သူလေးတွေအတွက် သတင်းကောင်း

Pistachio အစားအစာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ အာဟာရ ကယ်လ်လိုရီ ပိုတက်ဆီယမ် Thiamine ကျန်းမာရေး မျက်လုံး အမြင်အာရုံ သွေးကြောတွေ ပြေလျော့စေတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read
အမျိုးသား တွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့် နည်းလမ်း (၅) သွယ်

အမျိုးသား တွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း(၅)သွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 24, 2020 . 2 mins read
သစ်ကြားသီး နဲ့ ကျန်းမာရေး

သစ်ကြားသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 24, 2020 . 2 mins read
အသား၊ ငါး ရှောင်သူတိုင်း မေ့မထားသင့်တဲ့ အာဟာရဖြည့် စားစရာ

အသား၊ ငါး ရှောင်သူတိုင်း မေ့မထားသင့်တဲ့ အာဟာရဖြည့် စားစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 24, 2020 . 2 mins read