backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) ကို ဘာအတွက်အသုံးပြုကြသလဲ

Methylsalicylate-Menthol-Camphor ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Methylsalicylate-Menthol-Camphor ကို သာမန်နာကျင်ခြင်းများနှင့် ကြွက်သား/အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းများကို ကုသရန် အသုံးပြုသည်။

အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Methyl salicylate-Menthol-Camphor ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

Methyl salicylate-Menthol-Camphor ကို အာရုံကြောနာကျင်ခြင်းအတွက်လည်း အသုံးပြုနိုင်သည်။

Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) ဘယ်လိုသောက်သုံးသင့်သလဲ

Methyl salicylate-Menthol-Camphor ကို အရေပြားပေါ်မှာသာ သုံးစွဲပါ။ ဆေးညွှန်းတွင်ပါသော လမ်းညွှန်ချက်များ အားလုံးကို လိုက်နာပါ။ မရှင်းလင်းသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပုဂ္ဂိုလ်ကို မေးမြန်းပါ။

Methyl salicylate-Menthol-Camphor ခရင်မ်၊ဂျဲလ် သို့မဟုတ် လိုးရှင်းကို လိမ်းလိုသော နေရာတွင် ခပ်ပါးပါးလိမ်းပြီး နှံ့အောင်အသာအယာပွတ်ပေးပါ။Methyl salicylate-Menthol-Camphor ကို လက်နှင့် မထိစေရန်အတွက် ဆေးလိမ်းရာတွင် ဂွမ်းလုံး သို့မဟုတ် လက်အိတ်ကို အသုံးပြုနိုင်သည်။Methyl salicylate-Menthol-Camphor ကို မျက်စိ၊ပါးစပ်၊နှာခေါင်း သို့မဟုတ် လိင်အဂါၤနေရာများသို့မလိမ်းရပါ။ အကယ်၍ ထိုနေရာများကို ဆေးနှင့် မတော်တဆ ထိမိပါက ရေများများဖြင့် အမြန်ဆေးပစ်ပါ။Methyl salicylate-Menthol-Camphor ကို အနာတရဖြစ်ထားသော (ပွန်းရာရှရာ၊နေလောင်ထားသောနေရာ စသည်)နေရာများအားလည်း မလိမ်းရပါ။ ရေချိုးခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း၊နေစာလှုံခြင်း သို့မဟုတ် ရေကူးခြင်းတို့ မပြုလုပ်မီနှင့် ပြုလုပ်ပြီး ချက်ချင်းတွင် Methyl salicylate-Menthol-Camphor အား မလိမ်းရပါ။ ဆေးလိမ်းထားသော နေရာအား ပတ်တီးစည်းထားခြင်း၊ထုပ်ထားခြင်း၊ရေနွေးအိတ်ကပ်ထားခြင်းများ မပြုလုပ်ရပါ။ ထိုသို့ပြုလုပ်လျှင် ဘေးထွက်ဆိုးကျိုးများကို ပိုလာစေမည်ဖြစ်ပါသည်။ လက်အားဆေးလိမ်းခြင်း မဟုတ်လျှင် ပြီးလျှင်ပြီးခြင်း သင့်လက်ကို ရေဖြင့် အမြန်ဆေးပါ။ အကယ်၍ လက်အားဆေးလိမ်းလျှင် ဆေးလိမ်းအပြီး နာရီဝက်ခန့်ကြာပြီးမှ ရေဆေးပစ်ပါ။ ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် လိမ်းပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် လိမ်းပါက အကောင်းဆုံးဖြစ်သည်။

Methyl salicylate-Menthol-Camphor ၏အာနိသင် အပြည့်အဝပြရန် ၂လခန့်အထိ ကြာမြင့်လေ့ရှိပါသည်။ ၇ရက်ကြာဆေးလိမ်းပြီးနောက် မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ သင့်ဆရာဝန်ကို အသိပေးပါ။ သင့်တွင် ဆိုးရွားသော ကျန်းမာရေးပြဿနာတခုနှင့် ရင်ဆိုင်နေရပြီဟု ထင်ပါက အရေးပေါ်ကုသမှုကို ခံယူပါ။

Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်]

Methylsalicylate-Menthol-Camphor ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Methylsalicylate-Menthol-Camphor ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Methylsalicylate-Menthol-Camphor ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Methylsalicylate-Menthol-Camphor ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Methylsalicylate-Menthol-Camphor ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များ ရှိလျှင် ဆရာဝန်ထံမှ အကြံဉာဏ်တောင်းပါ။

-ဆေးနှင့် သို့မဟုတ် ဆေးတွင်ပါဝင်သော ပစ္စည်းများ နှင့် ဓါတ်မတည့်လျှင်။။

-Aspirin သို့မဟုတ် ibuprofen တို့ကဲ့သို့သော non-steroidal anti-inflammatory drugs များနှင့် ဓါတ်မတည့်လျှင်။

-အသက်တနှစ်အောက် ကလေးတွင် သုံးစွဲမည်ဆိုလျှင်။

-ပန်းနာရင်ကြပ်ရှိလျှင်။

-နူးညံ့သော အရေပြားနေရာ သို့မဟုတ် အနာတရဖြစ်ထားသော နေရာများတွင် သုံးစွဲမည်ဆိုလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

-ဆေးလိမ်းသည့် နေရာတွင် ပူနွေးခြင်း၊စူးခနဲနာခြင်း သို့မဟုတ် အလွန်ပူခြင်း။ ထိုအချက်များ ဆက်ရှိနေပါက သို့မဟုတ် ပိုဆိုးပါက ဆရာဝန်ကို အကြောင်းကြားပါ။

-Methyl salicylate-Menthol-Camphor အမှုန်များကို ရှုမိလျှင် ချောင်းဆိုးခြင်း၊နှာချေခြင်း၊မျက်ရည်များ ကျခြင်း သို့မဟုတ် လည်ချောင်းယားခြင်းတို့ကို ခံစားရမည်ဖြစ်သဖြင့် မရှုရှိုက်မိစေရန် သတိထားပါ။

-အကယ်၍ သင့်ဆရာဝန်က သင့်ကို Methyl salicylate-Menthol-Camphor အသုံးပြုရန် ညွှန်ကြားပါက ဆေးကို သုံးစွဲခြင်းအားဖြင့် ရရှိမည့် ကောင်းကျိုးသည် ဆိုးပြစ်ထက် ပိုများ၍ ဖြစ်သည်ကို သတိချပ်ပါ။ ယေဘုယျအားဖြင့် Methyl salicylate-Menthol-Camphor သည် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေလေ့မရှိပါ။

-ဆေးလိမ်းသည့်နေရာတွင် အရည်ကြည်ဖုများ ထခြင်း၊ရောင်ရမ်းခြင်း၊အလွန်နာလာခြင်း စသည့် ဆိုးရွားသော ဘေးထွက်လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးသုံးစွဲခြင်းကို ချက်ချင်းရပ်ပါ။

-ပြင်းထန်သော ဓါတ်မတည့်မှု ဖြစ်ပေါ်ခြင်းမှာ အလွန်ရှားပါသည်။ သို့သော် အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ပြင်းထန်သည့် ဓါတ်မတည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) နဲ့ ဓါတ်ပြုနိုင်သလဲ

Methylsalicylate-Menthol-Camphor ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့် သွေးကျဲဆေးများ (ဥပမာ။ ။ warfarin)

အစားအသောက်တွေနဲ့ အရက်က Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) နဲ့ ဓါတ်ပြုနိုင်သလား

Methylsalicylate-Menthol-Camphor က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) နဲ့ ဓါတ်ပြုနိုင်သလဲ

Methylsalicylate-Menthol-Camphor ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးကို အလိုရှိသော နေရာသို့ တနေ့လျှင် ၂ကြိမ်မှ ၄ကြိမ်အထိ လိမ်းပြီး/ကပ်ပြီး အသားထဲစိမ့်ဝင်စေရန် ဖြည်းညင်းစွာ ဖိပွတ်ပေးပါ။ နှစ်ကြိမ်ထက် ပိုနည်းပြီး လိမ်းပါက ဆေးလိမ်းသော နေရာတွင် ပူရှိန်းရှိန်းခံစားမှုအား အချိန်ကြာမြင့်စွာ ခံစားရမည်ဖြစ်ပြီး လိုအပ်သလောက်လည်း အနာသက်သာမည် မဟုတ်ပါ။

ကလေးတွေအတွက် Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Methyl Salicylat Menthol (မီသိုင်း ဆယ်လီဆယ်လိတ် မန်သော) ကိုဘယ်လိုရရှိနိုင်သလဲ

Methylsalicylate-Menthol-Camphor ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ကပ်ခွာ၊ဖြန်းဆေး၊ဂျဲလ်။။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Methylsalicylate-Menthol-Camphor ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement