backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mesulid (မက်စ်ဆူလစ်ဒ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Mesulid (မက်စ်ဆူလစ်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Mesulid® မက်စ်ဆူလစ်ဒ် သည် အနာပျောက်ဆေး၊ အဆစ်ရောင်ခြင်းများတွင် သုံးသော ဆေးအမျိုးအစားဖြစ်ပါသည်။

Mesulid® ကိုများသောအားဖြင့် အောက်ပါရောဂါများကို ကုသခြင်း၊ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းများပြုလုပ်ရန် အသုံးပြုကြပါသည်။

  • ရုတ်တရက် နာကျင်ခြင်း
  • အရိုးအဆစ်များ ရောင်ခြင်း
  • ရူမတွိုက် အဆစ်ရောင်ရောဂါ
  • ရာသီ မလာမီ နာကျင်ခြင်း
  • သွေးပြန်ကြောများတွင် သွေးခဲများဖြစ်ကာရောင်ရမ်းခြင်း
  • နှင့် အခြားသော ရောဂါများအတွက် အသုံးပြုကြပါသည်။

သင်သိလိုသော သတင်းအချက်အလက်များကို ဆရာဝန် အားမေးမြန်းပါ။

Mesulid (မက်စ်ဆူလစ်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

Mesulid® ကိုဆရာဝန်ညွှန်ကြားသည့် အတိုင်း သို့မဟုတ် ဆေးအညွှန်းတွင်ပါသည့်အတိုင်း သောက်ပါ။

Mesulid® ကို အစာစားပြီးပြီးချင်းသောက်ပါ။ ဆေးကို အလုံးလိုက်မြိုချပါ။ မဝါးရ၊ မချေရ။

Mesulid (မက်စ်ဆူလစ်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Mesulid®ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Mesulid®ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Mesulid®ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Mesulid® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။

ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Mesulid® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mesulid (မက်စ်ဆူလစ်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • သင်သည် Mesulid® သို့မဟုတ် အလားတူဆေးများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • အစာအိမ် အနာဖြစ်ခြင်း၊ အစာအိမ်သွေးယိုခြင်းများဖြစ်ဖူးလျှင်
  • သွေးနှင့် ပက်သက်သော ရောဂါများဖြစ်ဖူးလျှင် Mesulid®ဆေးကို သတိနှင့် သောက်ပါ။
  • Mesulid®သည် မျိုးပွားခြင်းကို ထိခိုက်နိုင်သည့် အတွက် ကလေးယူရန်စီစဉ်နေသော အမျိုးသမီးများတွင် မသောက်သင့်ပါ။
  • အသက် ၂ နှစ်အောက် ကလေးများတွင် လည်း မသောက်သင့်ပါ။
  • Mesulid®နှင့် ကုသမှုခံယူခြင်းသည် ခဏတာကုသမှုသာဖြစ်သင့်သည်။ ဆေးသောက်နေသော်လည်း အခြေအနေမတိုးတက်လာလျှင် ဆေးကို ရပ်လိုက်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mesulid (မက်စ်ဆူလစ်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Mesulid (မက်စ်ဆူလစ်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့သည်ဖြစ်နိုင်ချေရှိသော ဆိုးကျိုးများဖြစ်သော်လည်း အမြဲဖြစ်လေ့မရှိပါ။ ဖြစ်လာလျှင်လည်း ဆိုးဝါးပြင်းထန်သည်။ ထို့ကြောင့် ထိုဆိုးကျိုးများ တောက်လျှောက်ဖြစ်နေပါက ဆရာဝန်နှင့် ပြရန် လိုပါသည်။

  • အစာအိမ်ရောင်ခြင်း
  • ဓါတ်မတည့်ခြင်း လက္ခဏာများ(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • ပျို့ခြင်း
  • ဝမ်းချုပ်ခြင်း
  • အသက်ရှုကျပ်ခြင်း
  • သွေးဥများ အရေအတွက်မမှန်ခြင်း

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Mesulid (မက်စ်ဆူလစ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Mesulid®ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Mesulid (မက်စ်ဆူလစ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလား

Mesulid® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Mesulid (မက်စ်ဆူလစ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Mesulid® ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Mesulid (မက်စ်ဆူလစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများတွင် သတ်မှတ်ထားသော ပမာဏမှာ 100 mg နေ့စဉ် တနေ့ ၂ကြိမ် အစာစားပြီးချိန်တွင် သောက်နိုင်သည်။

အသက်ကြီးသူများတွင် လည်း နေ့စဉ်သတ်မှတ်ထားသော ပမာဏမကို လျှော့သောက်ရန် မလိုအပ်ပါ။

ကလေးတွေအတွက် Mesulid (မက်စ်ဆူလစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Mesulid® ကိုသင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Mesulid (မက်စ်ဆူလစ်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Mesulid® ကို 100 mg ဆေးပြားပုံစံနှင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Mesulid® ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement