Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019
Share now

အသုံးပြုပုံများ

Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Mepenzolate bromideကိုတခြားဆေးများနှင့်တွဲပြီးအစာအိမ်နာများကိုကုသရာတွင် အများဆုံးအသုံးပြု၏။

Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကိုသောက်သုံးခြင်းဖြင့် သုံးစွဲရမည်။ များသောအားဖြင့် တစ်ရက် ၄ ကြိမ် (ထမင်းစားပြီးနှင့် အိပ်ယာဝင်ချိန်) သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်းသောက်သုံးရမည်။

ဆေးပမာဏမှာသင့်ကျန်းမာရေးအခြေအနေနှင့် ကုသမှုအားတုန့်ပြန်မှုတွင် မူတည်ပါသည်။

ဆေးမှအကောင်းဆုံးအာနိသင်ရစေရန်အတွက် မှန်မှန်သောက်ပါ။ ဆေးသောက်ဖို့မှတ်မိနေစေရန် နေ့စဉ်တူညီသောအချိန်တွင်သာသောက်ပါ။

Antacidsကြောင့် တခြားဆေးများစုပ်ယူမှုကိုလျော့ကျစေနိုင်ပါသည်။ Mepenzolateကို Antacids များမသောက်ခင် ၁ နာရီအလိုတွင်သောက်ပါ။

Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Mepenzolate bromideကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Mepenzolate bromideကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Mepenzolate bromideဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Mepenzolate bromideအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Mepenzolateကိုမသုံးခင် ဤဆေးနှင့်ရောတခြားchlorambucilနှင့်ရောဓါတ်မတည့်မှု ရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပေးပါ။ အထူးသဖြင့် ရေတိမ်၊ Myasthenia gravis, အစာအိမ်အူတို့တွင် ပိတ်ခြင်း (ဥပမာ – မလှုပ်ရှားနိုင်သော Ileus, အစာအိမ်ထွက်ပေါက် ကျဉ်းခြင်း၊ achalasia, အူသိမ်ခြင်း)၊ ဆီးသွားရခက်ခြင်း (ဥပမာ – ဆီးကျိတ်ကြီးခြင်း)၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ။ နှလုံးနှင့်သွေးကြောရောဂါ (ဥပမာ – နှလုံးညှစ်အားမကောင်းခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးခုန်မြန်ခြင်း)၊ သွေးတိုး၊ သိုင်းရွိုက်ဂလင်းတက်ကြွလွန်ခြင်း၊ အစာရေမျိုပြွန်ပြဿနာများ (ဥပမာ GERD)၊ အာရုံကြောရောဂါများ (ဥပမာ – autonomic neuropathy)၊ ဝမ်းလျှောခြင်း၊ အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ (ဥပမာ – ပန်းနာရင်ကြပ်)၊ တစ်ချို့သောအူရောဂါများ (toxic megacolon, ulcerative colitis)။

ခွဲစိတ်မှုမလုပ်ခင် ဤဆေးသောက်နေပါက ဆရာဝန်အားပြောပါ။

ဤဆေးသည် ခေါင်းမူးစေတတ်၏။ ဆေးမှ မိမိအပေါ်အကျိုးသက်ရောက်မှုကိုကောင်းကောင်းမသိရသေးမချင်းကား၊ စက်မောင်းခြင်းများမပြုလုပ်ပါနှင့်။ အရက်ပါသည့် အချိုရည်များကိုရှောင်ပါ။

ဆေးကြောင့် ချွေးအထွက်နည်းစေနိုင်ပါသည်။ အပူကြီးလေဖြတ်ခြင်းမဖြစ်စေရန် ပူသောရာသီတွင် ပူစေမည့်အလုပ်များ၊ ချွေးထုတ်ခန်းများနှင့် အပြင်းအထန် လေ့ကျင့်ခန်းလုပ်ခြင်းများကိုရှောင်ပါ။

လူကြီးများတွင် ဘေးထွက်ဆိုးကျိုးများပိုဖြစ်တတ်သောကြောင့် သတိနှင့်သုံးရမည်။

ကိုယ်ဝန်ဆောင်စဉ်တွင် ဤဆေးကိုလိုအပ်ကြောင်းသေချာမှသာသုံးရမည်။ ကောင်းကျိုး၊ ဆိုးကျိုးများသိရန်အတွက် ဆရာဝန်နှင့်ဆွေးနွေးပါ။

နို့ရည်ထဲသို့ ဆေးဖြတ်မဖြတ်မသိရသေးပါ။ နို့မတိုက်ခင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အာခြောက်ခြင်း၊ ချွေးထွက်နည်းခြင်း၊ ခေါင်းမူးခြင်း၊ ငိုက်မျဉ်းခြင်း၊ အမြင်ေဝဝါးခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းချုပ်ခြင်းများ ဖြစ်စေတတ်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများမပျောက်သွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအများစုတွင် ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများမဖြစ်ကြပါ။

အောက်ပါဖြစ်လေ့မရှိသည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပါကဆရာဝန်ကိုချက်ချင်းပြောပါ။ စိတ်အခြေအနေပြောင်းခြင်း၊ မျက်လုံးနာခြင်း၊ မျက်လုံးအောင့်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ဆီးသွားရခက်ခြင်း၊ လိင်စိတ်ကျခြင်း။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ

antihistamines (ဥပမာ diphenhydramine, meclizine), antispasmodics (dicyclomine), belladonna alkaloids (scopolamine, atropine), တစ်ချို့သောငှက်ဖျားပျောက်ဆေးများ (quinidine), ပါကင်ဆွန်အတွက်ဆေးများ (amantadine, benztropine, trihexyphenidyl), corticosteroids (prednisone), digoxin (slow-dissolving type), ရေတိမ်အတွက်ဆေးများ (timolol), အစာအိမ်အက်စစ်ပေါ်မူတည်သောဆေးများ (ketoconazole), MAO inhibitors (isocarboxazid, linezolid, methylene blue, moclobemide, phenelzine, procarbazine, rasagiline, safinamide, selegiline, tranylcypromine), nitrates (isosorbidedinitrate), phenothiazines (chlorpromazine), potassium tablets/capsules, pramlintide, tricyclic antidepressants (amitriptyline).

တခြားသောအိပ်ငိုက်စေသည့်ဆေးများသောက်နေရလျှင်လည်း ဆရာဝန်ကိုပြောပါ။: အိပ်ဆေးသို့မဟုတ် စိတ်ငြိမ်ဆေးများ (e.g., alprazolam, diazepam, zolpidem), muscle relaxants, narcotic အကိုက်အခဲပျောက်ဆေးများ (e.g., codeine), စိတ်ရောဂါကုဆေးများ (e.g., chlorpromazine, risperidone, trazodone).

Mepenzolate bromideသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) နဲ့ ဓါတ်ပြုနိုင်သလား

Mepenzolate bromide က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Mepenzolate bromideသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများအတွက် ပုံမှန်ပမာဏမှာတစ်ရက်ကိုလေးကြိမ်၊ တစ်ခါလျှင် ၁-၂ ဆေးပြား (25 or 50 mg) သောက်ရန်။ အစာနှင့်တွဲပြီးသောက်ရန်၊ ညအိပ်ယာဝင်ချိန်သောက်ရန်။ ဖြစ်နိုင်ပါကအနည်းဆုံးပမာဏမှစသောက်ပြီးလူနာတုန့်ပြန်မှုအရချိန်ညှိရပါမည်။

ယေဘုယျအားဖြင့် အသက်ကြီးသူများအတွက် ဆေးပမာဏရွေးချယ်ခြင်းကိုသတိနှင့်လုပ်ရ၏။ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ တွဲလျက်ရှိသောရောဂါများနှင့် တခြားဆေးအသုံးတို့နှင့် ချိန်ဆပြီးနောက် အစတွင် ပမာဏနည်းနည်းမှစတိုက်သင့်ပါသည်။

ကလေးတွေအတွက် Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Mepenzolate Bromide (မီပန်ဇိုလိတ် ဘရိုမိုဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Mepenzolate bromideကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Mepenzolate bromideကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဗီတာမင် B12 ဟာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေသလား

ဗီတာမင် B12 အစားအစာ ကိုယ်ခန္ဓာ အူလမ်းကြောင်း ကိုယ်ဝန်ဆောင်အမျိုးသမီး ခေါင်းကိုက်ခြင်း ဗီတာမင် C ဘေးထွက်ဆိုးကျိုး သွေးပြန်ကြော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးကို ရှောင်သင့်သလား

ကိုယ်ဝန်ဆောင်ချိန် နာနတ်သီး အာဟာရဓာတ် ဘေးဥပါဒ်ဖြစ်စေသလား ဘယ်လိုစားသင့်သလဲ ကိုယ်အလေးချိန် ကိုယ်ဝန်ကို ထိခိုက်စေ ဘေးထွက်ဆိုးကျိုး တန်ဆေးလွန်ဘေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပြာမှုန်၊ ဘေးထွက်ဆိုးကျိုး၊ ဆေးမြီးတိုတွေ၊ ယုံတမ်း၊ ထင်းနဲ့ မီးသွေး၊ Metals၊ Polycyclic aromatic hydrocarbons၊ Crystalline Silica၊ Pneumoconiosis၊ Emphysema

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

COVID-19အတွက် စမ်းသပ် ဆဲဆေးဝါးများ

စမ်းသပ် ကာကွယ်ဆေး COVID-19 ကပ်ရောဂါ ငှက်ဖျား ဆားစ်ရောဂါ မားစ်ရောဂါ အီဘိုလာရောဂါ HIV ခုခံအား ဘေးထွက်ဆိုးကျိုး ကုသဆေး ခုခံအားထိန်းညှိ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

မိဘတွေ သိထားသင့်တဲ့ ကလေးတွေအတွက် ဗီဒီယိုဂိမ်း ပေးဆော့နည်း လမ်းညွှန်

မိဘတွေ သိထားသင့်တဲ့ ကလေးတွေအတွက် ဗီဒီယိုဂိမ်း ပေးဆော့နည်း လမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ

အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
COVID-19 (ကိုဗစ်) ကာကွယ်ဆေးမျှော်လင့်ချက်

COVID-19 (ကိုဗစ်) ကာကွယ်ဆေးမျှော်လင့်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

အပူချိန်ပြင်းထန်လွန်းတဲ့အချိန်မှာ ရေခဲရေအေးအေး သောက်သင့်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 18, 2020