Marinol (မာရီနိုးလ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Marinol (မာရီနိုးလ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Marinol (မာရီနိုးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Marinol® သည် လူလုပ်ထားသော ဆေးခြောက် တစ်မျိုး ဖြစ်သည်။ ( marijuana ဟုလည်းခေါ်သည်။)

Marinol® ကို AIDS လူနာများတွင် ကိုယ်အလေးချိန် ကျစေသော အစာစားချင်စိတ် မရှိခြင်းအား ကုသရန် သုံးသည်။ ကင်ဆာ ဓါတုကုထုံးကြောင့် ဖြစ်သော ပြင်းထန်စွာ မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်းကို ကုသရန် အတွက်လည်း သုံးသည်။

မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းကို အခြားဆေးများဖြင့် မထိန်းချုပ် နိုင်သောအခါမှသာ Marinol® ကိုသုံးသည်။

Marinol (မာရီနိုးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Marinol® ကို သင့်အတွက် ညွှန်ကြားထားသည့် အတိုင်း အတိအကျ သောက်ပါ။ ဆေးစာတွင်ပါသော လမ်းညွှန်ချက် အားလုံးကို လိုက်နာပါ။ သင် အကောင်းဆုံးရလဒ် ရစေရန် သင့်ဆရာဝန်သည် ဆေးပမာဏကို တစ်ခါတစ်ရံ ပြောင်းလဲနိုင်သည်။ ဤဆေးကို ညွှန်ကြားထားသည်ထက် ပိုများစွာ၊ ပိုနည်းစွာ သို့မဟုတ် ပို၍ ကြာရှည်စွာ မသောက်ပါနှင့်။

အစာ စားချင်စိတ်ကို လှုံ့ဆော်ရန် Marinol® ကို နေ့လယ်စာနှင့် ညစာ မတိုင်မီ သောက်ပါ။

မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်းကို ကာကွယ်ရန် Marinol® ကို ဓါတုကုထုံး မစမီ ၁-၃ နာရီ အလိုတွင် သောက်ပါ။ ၂-၄ နာရီ တစ်ခါ သောက်ပါ ( စုစုပေါင်း ဆေး ၆ ခွက်စာ)။ ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာပါ။

ဆေးတောင့်ကို မကြိတ်ချေပါနှင့်။ ဝါးမစားပါနှင့်။ မချိုးပါနှင့်။ မဖွင့်ပါနှင့်။ တစ်ခုလုံးကို မျိုချပါ။

Marinol® သုံးနေစဉ် ရောဂါလက္ခဏာများ မသက်သာပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်အား ခေါ်ပါ။

Marinol® ကို ရက်ရှည် သုံးပြီးနောက် ရုတ်တရက် မဖြတ်ပါနှင့်။ ရုတ်တရက် ဖြတ်ပါက ဆေးဖြတ်သော လက္ခဏာ များ ရနိုင်သည်။ Marinol® ဖြတ်သောအခါ ဆေးဖြတ်သော လက္ခဏာများ မရအောင် ဘယ်လိုလုပ်ရမလဲကို ဆရာဝန်အား မေးပါ။

Marinol (မာရီနိုးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Marinol® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Marinol® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Marinol® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Marinol® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Marinol (မာရီနိုးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Marinol® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

သင်သည် သဘာဝ သို့မဟုတ် လူလုပ် marijuana (ဆေးခြောက်) ဥပမာ nabilone (Cesamet) နှင့် ဓါတ်မတည့်မှု ရှိပါက Marinol® မသုံးသင့်ပါ။

Marinol® သည် သင့်အတွက် ဘေးကင်းသလား သေချာစေရန် သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • Epilepsy သို့မဟုတ် အခြား အတက်ရောဂါ
  • သွေးပေါင်ချိန် တက်ခြင်း၊ ကျခြင်း
  • နှလုံးရောဂါ
  • အသည်း သို့မဟုတ် ကျောက်ကပ် ရောဂါ
  • အရက်စွဲခြင်း၊ ဆေးစွဲခြင်း
  • ယခင်က သို့မဟုတ် လက်ရှိ စိတ်ရောဂါ ( စိတ်ဓါတ် ကျခြင်း၊ စိတ်ကစဉ့်ကလျား ဖြစ်ခြင်း၊ စိတ်ကြွခြင်းနှင့် စိတ်ကျခြင်း တစ်လှည့်စီဖြစ်သော ရောဂါ၊ psychosis)
  • ဗဟို အာရုံကြော စနစ်ကို ထိခိုက်နိုင်သော အခြား ဆေးများ သုံးနေပါက ဥပမာ tranquilizer, အိပ်ဆေး၊ anti-psychotic ဆေးများ

လူကြီးများသည် ဤဆေး၏ သက်ရောက်မှုများကို ပိုပြီး ခံစားရနိုင်သည်။

Marinol® သည် အကျင့်ဖြစ်စေသည်။ Marinol® ကို အခြားလူ အထူးသဖြင့် ဆေးစွဲဖူးသော လူတစ်ယောက်အား မမျှဝေပါနှင့်။ ဆေးကို အခြားလူများ မယူနိုင်သော နေရာတွင် သိမ်းဆည်းပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Marinol (မာရီနိုးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Marinol® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Marinol® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Marinol® သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Marinol (မာရီနိုးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင်သည် အောက်ပါ ဓါတ်မတည့်သော လက္ခဏာများ ရပါက အရေးပေါ် ကျန်းမာရေး အကူအညီ ရယူပါ။ အင်ပျဉ်များ၊ အသက်ရှူရ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။

သင့်တွင် အောက်ပါတို့ ရှိပါက Marinol® သောက်ခြင်းကို ရပ်ပြီး ဆရာဝန်အား ချက်ချင်းခေါ်ပါ။

  • စိတ်နေစိတ်ထား ပြောင်းလဲခြင်း၊ စိုးရိမ် ပူပန်ခြင်း၊ ထိတ်လန့်ခြင်း၊ သံသယ လွန်ကဲခြင်း၊ အလွန်အမင်း ကြောက်ရွံ့ခြင်း
  • ထင်ယောင်ထင်မှား ဖြစ်ခြင်း ( အမှန်မရှိသော အရာများကို မြင်ခြင်း၊ ကြားခြင်း)၊ အိပ်မက်ဆိုး မက်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း၊ ပုံမှန်မဟုတ်သော အတွေးများ၊ အပြုအမူများ
  • စကားပြောရာတွင် ပြဿနာတက်ခြင်း၊ နားအူခြင်း
  • နှလုံးခုန်သံ တဒိန်းဒိန်း မြည်ခြင်း၊ ရင် တဖျတ်ဖျတ် ခါခြင်း
  • ငန်းဖမ်းခြင်း၊ မူးလဲတော့မလို ခံစားရခြင်း

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • စိတ်ကြွနေခြင်း
  • မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်း၊ အစာအိမ် အောင့်ခြင်း၊ ဝမ်းလျှောခြင်း
  • အားနည်းခြင်း
  • စိတ်ဓါတ်ကျခြင်း
  • ကြွက်သား နာကျင်ခြင်း
  • မျက်လုံး နီရဲခြင်း၊ အမြင် ပြဿနာများ
  • ရှက်သွေးဖျန်းခြင်း ( ပူနွေးခြင်း၊ နီရဲခြင်း၊ တရွရွ ခံစားရခြင်း)

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Marinol (မာရီနိုးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Marinol® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Marinol (မာရီနိုးလ်) နဲ့ ဓါတ်ပြုနိုင်သလား

Marinol® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Marinol (မာရီနိုးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Marinol® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Marinol (မာရီနိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဓါတုကုထုံးကြောင့် ဖြစ်သော — မအီမသာ ဖြစ်ခြင်း/ အော့အန်ခြင်းအတွက် ပုံမှန် လူကြီး ပမာဏ

အစပိုင်း။ 5 mg/m2, ဓါတုကုထုံး မပေးမီ ၁-၃ နာရီအလို။ ထို့နောက် ဓါတုကုထုံးပေး ပြီးနောက် ၂-၄ နာရီ တစ်ခါ ပေးပါ။ တစ်နေ့လျှင် စုစုပေါင်း ဆေး ၄-၆ ခွက် ပေးပါ။

အစာ စားချင်စိတ် မရှိခြင်းအတွက် ပုံမှန် လူကြီးပမာဏ

အစပိုင်း။ သောက်ဆေး ၂.၅ မီလီဂရမ် တစ်နေ့ နှစ်ကြိမ်။ နေ့လယ်စာနှင့် ညစာ မစားမီ သောက်ပါ။ အများဆုံး။ တစ်နေ့ ၂၀ မီလီ ဂရမ်၊ ၄ ကြိမ်ခွဲပြီး ပေးသည်။

ကလေးတွေအတွက် Marinol (မာရီနိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဓါတုကုထုံးကြောင့် ဖြစ်သော — မအီမသာ ဖြစ်ခြင်း/ အော့အန်ခြင်းအတွက် ပုံမှန် ကလေး ပမာဏ

အစပိုင်း။ 5 mg/m2, ဓါတုကုထုံး မပေးမီ ၁-၃ နာရီအလို။ ထို့နောက် ဓါတုကုထုံးပေး ပြီးနောက် ၂-၄ နာရီ တစ်ခါ ပေးပါ။ တစ်နေ့လျှင် စုစုပေါင်း ဆေး ၄-၆ ခွက် ပေးပါ။

Marinol (မာရီနိုးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Marinol® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးတောင့်။ dronabinol ၂.၅ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Marinol® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 9, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။