backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Magnesium oxide သည် သတ္တုဓါတ်အားဆေး ဖြစ်ပြီး သွေးတွင်း မဂ္ဂနီဆီယမ်ဓါတ်နည်းခြင်းကို ကာကွယ်ရန် နှင့် ကုသရန်အတွက် အသုံးပြုပါသည်။ ခန္တာကိုယ်အတွင်းရှိ ဆဲလ်များ၊အာရုံကြောများ၊ကြွက်သားများ၊အရိုးများ နှင့် နှလုံးတို့ ပုံမှန်အလုပ်လုပ်နိုင်ရန်အတွက် မဂ္ဂနီဆီယမ်ကို လိုအပ်ပါသည်။ ပုံမှန်အားဖြင့် မှန်ကန်မျှတသော စားသောက်မှုပုံစံတွင် မဂ္ဂနီဆီယမ်ဓါတ် လုံလောက်စွာ ပါဝင်ပြီးဖြစ်ပါသည်။ သို့သော် အချို့သော အခြေအနေများတွင် ခန္ဓါကိုယ်မှ မဂ္ဂနီဆီယမ်ဓါတ်ဆုံးရှုံးမှုမှာ လျင်မြန်သဖြင့် အစားအသောက်မှ အလျင်မီအောင် ပြန်လည်မဖြည့်ဆည်းပေးနိုင်ပါ။ အဆိုပါအခြေအနေများမှာ ဆီးဆေးများ သောက်ခြင်း (ဥပမာ။ ။ furosemide, hydrochlorothiazide)၊ အဟာရချို့တဲ့ခြင်း၊ အရက်စွဲခြင်း နှင့် အခြားသော ကျန်းမာရေးအခြေအနေများ (ပြင်းထန်စွာ ဝမ်းလျှောခြင်း၊အန်ခြင်း၊အစာအိမ်/အူတို့မှ အစာစုပ်ယူမှုတွင် ပြဿနာများ ရှိခြင်း၊ ပုံမှန်အနေအထားတွင် ထိန်းချုပ်မထားနိုင်သော ဆီးချို စသည်) ဖြစ်ကြပါသည်။

Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

magnesium oxide ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။ ဆေးညွန်းတွင်ပါသော အချက်များကို တိကျစွာလိုက်နာပါ။ မသေချာသော၊မရှင်းသော အချက်များရှိပါက ဆရာဝန်ကို မေးမြန်းပါ။ ဆရာဝန်မှ အထူးတလည်ညွှန်ကြားထားခြင်း မရှိလျှင် ဗိုက်အောင့်/နာခြင်း နှင့် ဝမ်းလျှောခြင်းများကို ရှောင်ရှားနိုင်ရန် magnesium oxide ကို အစာစားပြီးချိန်တွင် သောက်ပါ။ ဆေးကို ရေတဖန်ခွက် အပြည့်ဖြင့်သောက်ပါ။ ကြာရှည်စွာ အာနိသင်ပြသော ဆေးပြားများကို ဝါးမစားရ၊မခြေပစ်ရပါ။ ထိုသို့ပြုလုပ်လျှင် ဆေးပြားတွင်ပါဝင်သော ဆေးပမာဏအားလုံးကို သွေးထဲသို့ တထိုင်တည်း စုပ်ယူသွားစေနိုင်သဖြင့် ဘေးထွက်ဆိုးကျိုးများကို ပိုစေပါသည်။ ထို့အပြင် ဆေးပြား၌ ထက်ပိုင်းချိုးရန် မျဉ်းမပါလျှင် (ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားသည်မှအပ) ဆေးကို မခြမ်းရပါ။ ဆေးတလုံးလုံးကိုဖြစ်စေ၊ ဆေးအခြမ်းကို ဖြစ်စေ ဝါးစားခြင်း၊ခြေပစ်ခြင်း မပြုဘဲ မြိုချရမည်။ ဆေးရည်အသုံးပြုပါက ဆေးပမာဏကို မတိုင်းတာမီ ဆေးပုလင်းကို ကောင်းစွာလှုပ်ပါ။။ ဆေးနှင့်အတူပါလာသည့် ဇွန်းသို့မဟုတ် ခွက်ကို အသုံးပြုပြီး ဆေးပမာဏကို တိုင်းတာပါ(အိမ်သုံးဇွန်းကို မသုံးရပါ)။suspension အရည်ပုံစံကို အသုံးပြုပါက ဆေးမသောက်မီ ပုလင်းကို ကောင်းစွာ လှုပ်ပါ။

ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဆရာဝန် ညွှန်ကြားထားသည်ထက် သို့မဟုတ် ဆေးညွှန်းတွင်ဖော်ပြထားသည်ထက် ပမာဏ ပိုသောက်ခြင်း သို့မဟုတ် ကာလပိုသောက်ခြင်းများ မပြုရပါ။ သွေးတွင်း မဂ္ဂနီဆီယမ်ဓါတ်အလွန် များပြားခြင်းသည် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေပါသည်။

အကယ်၍ သွေးတွင်းမဂ္ဂနီဆီယမ်ဓါတ်နည်းခြင်း၏ လက္ခဏာများ ဖြစ်ကြသော ကြွက်တက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊စိတ်ကျဝေဒနာခံစားရခြင်း စသည် တို့ ဆက်လက်ရှိနေပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်ကို အသိပေးပါ။ သင့်တွင် ဆိုးရွားသော ကျန်းမာရေးအခြေအနေရှိနေပြီဟု ယူဆပါက အရေးပေါ်ကုသမှုကို ခံယူပါ။

Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Magnesium oxide ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ magnesium oxide ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ magnesium oxide ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Magnesium oxide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Magnesium oxide ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Magnesium oxide ကို မသောက်သုံးမီ

-သင့်အနေဖြင့် Magnesium oxide ၊အခြားသော antacid များ သို့မဟုတ် ဝမ်းနှုတ်ဆေးများ သို့မဟုတ် အခြားဆေးဝါးတမျိုးမျိုးနှင့် ဓါတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။

-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

အခြားသော antacid များ၊ဝမ်းနှုတ်ဆေးများ၊ သွေးကျဲဆေးများ (ဥပမာ။ ။ warfarin (coumadin)) ၊အက်စ်ပရင်၊ ဆီးဆေးများ၊ အစာအိမ်/အူအနာ အတွက်ဆေးများ ((cimetidine [tagamet], ranitidine [zantac])၊ ဗီတာမင်ဆေးများ။

-သင့်တွင် နှလုံး၊ကျောက်ကပ်၊အသည်း သို့မဟုတ် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ သို့မဟုတ် သွေးတိုးရှိပါက ဆရာဝန်ကို ကြိုပြောပါ။

-ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ပြောပြပါ။

-သင်သည် ဆားပမာဏနည်းသော၊ အချိုဓါတ်၊သကြားဓါတ်နည်းသော သို့မဟုတ် အခြား ထူးထူးခြားခြား ပုံမှန်မဟုတ်သည့် အစားအသောက်ပုံစံတမျိုးမျိုး စားသုံးနေပါက ဆရာဝန်ကို ပြောပြပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။
  • ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

    ဘေးထွက်ဆိုးကျိုးများ

    Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    ဆေးများအားလုံးသည် ဘေးထွက်ဆိုးကျိုးများကို အနည်းနှင့် အများ ဖြစ်စေသည်ချည်းဖြစ်ပါသည်။ သို့သော် လူအများစုတွင် ပြင်းထန်သော လက္ခဏာများ ခံစားရလေ့မရှိပါ။ မည်သို့ပင်ဆိုစေ အောက်ပါ အဖြစ်အများဆုံး ဘေးထွက်လက္ခဏာများ အချိန်ကြာမြင့်စွာ ရှိနေသည်ဖြစ်စေ၊ ပိုဆိုးရွားလာသည်ဖြစ်စေ ဆရာဝန်ထံပြသတိုင်ပင်ပါ။

    -ဝမ်းလျှောခြင်း

    အောက်ပါ ဆိုးရွားပြင်းထန်သော ဘေးထွက်လက္ခဏာများကို ခံစားရပါက အရေးပေါ်ကုသမှုကို ချက်ချင်းခံယူပါ။

    -ပြင်းထန်သော ဓါတ်မတည့်သည့် လက္ခဏာများ (အင်ပြင်များထခြင်း၊အနီစက်များ ထွက်ခြင်း၊ယားယံခြင်း၊မျက်နှာ၊ပါးစပ်၊နှုတ်ခမ်း သို့မဟုတ် လျှာတို့ ဖောင်းကားဖောရောင်ခြင်း)၊ ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း၊ ပျို့ခြင်း၊မအီမသာဖြစ်ခြင်း၊ အလိုအလျောက်တုန့်ပြန်မှုများ နောက်ကျခြင်း၊ကော်ဖီအနှစ်ရောင်များ အန်ခြင်း။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Magnesium oxide ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

    -သွေးကျဲဆေးများ (warfarin စသည်) ——-> ၎င်းတို့၏ ဘေးထွက်ဆိုးကျိုးများကို magnesium oxide ကပိုဆိုးစေပါလိမ့်မည်။

    -Penicillamine —–> ၎င်း၏ အာနိသင်ကို magnesium oxide က လျော့ကျစေပါလိမ့်မည်။

    အစားအသောက်တွေနဲ့ အရက်က Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) နဲ့ ဓါတ်ပြုနိုင်သလား

    Magnesium oxide က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Magnesium oxide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

    -အူအတက်ရောင်ခြင်း။

    -ဝမ်းလျှောခြင်း။

    -အူပိတ်ခြင်း။

    -နှလုံးပြဿနာများရှိခြင်း။

    -ကျောက်ကပ် ပြဿနာများရှိခြင်း။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အူသိမ်အနာအတွက်

    -သောက်ဆေးပြား : ၄၀၀ – ၈၀၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၂၄၁ – ၄၈၂ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့တကြိမ်။

    -သောက်ဆေးတောင့် : ၁၄၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၈၄ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့လျှင် သုံးကြိမ်မှ လေးကြိမ်။

    အစာမကြေခြင်းအတွက်

    -သောက်ဆေးပြား : ၄၀၀ – ၈၀၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၂၄၁ – ၄၈၂ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့တကြိမ်။

    -သောက်ဆေးတောင့် : ၁၄၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၈၄ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့လျှင် သုံးကြိမ်မှ လေးကြိမ်။

    အစာအိမ်အနာအတွက်

    -သောက်ဆေးပြား : ၄၀၀ – ၈၀၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၂၄၁ – ၄၈၂ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့တကြိမ်။

    -သောက်ဆေးတောင့် : ၁၄၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၈၄ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့လျှင် သုံးကြိမ်မှ လေးကြိမ်။

    အစာအိမ်လမ်းကြောင်းအတွင်း အစာများ အပေါ်သို့ပြန်လည်ဆန်တက်ခြင်းအတွက်

    -သောက်ဆေးပြား : ၄၀၀ – ၈၀၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၂၄၁ – ၄၈၂ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့တစ်ကြိမ်။

    -သောက်ဆေးတောင့် : ၁၄၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၈၄ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့လျှင် သုံးကြိမ်မှ လေးကြိမ်။

    သွေးတွင်းမဂ္ဂနီဆီယမ်ဓါတ်နည်းခြင်းအတွက်

    -သောက်ဆေးပြား : ၄၀၀ – ၈၀၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၂၄၁ – ၄၈၂ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့တကြိမ်။

    -သောက်ဆေးတောင့် : ၁၄၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၈၄ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့လျှင် သုံးကြိမ်မှ လေးကြိမ်။

    အစာခြေရည်များ ပုံမှန်မဟုတ်ဘဲ များပြားစွာ ထုတ်ခြင်းအတွက်

    -သောက်ဆေးပြား : ၄၀၀ – ၈၀၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၂၄၁ – ၄၈၂ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့တကြိမ်။

    -သောက်ဆေးတောင့် : ၁၄၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၈၄ မီလီဂရမ် ရရှိမည်) ကို နေ့စဉ် တနေ့လျှင် သုံးကြိမ်မှ လေးကြိမ်။

    ဆီးကျောက်တည်ခြင်းအတွက်

    -၁၄၀ – ၄၂၀ မီလီဂရမ် (မဂ္ဂနီဆီယမ်ပမာဏ ၈၄ – ၂၅၂ မီလီဂရမ် ရရှိမည်)ကို တနေ့လျှင် တကြိမ် သောက်ရမည်။ ကယ်လ်ဆီယမ်ကျောက်ထပ်မံတည်ခြင်းမှ ကာကွယ်ရန်အတွက် magnesium oxide ကို pyridoxine နှင့် တွဲဖက်ပြီး ပေးရမည်။

    ဝမ်းချုပ်ခြင်းအတွက်

    -သောက်ဆေးတောင့် (caplet ၅၀၀မီလီဂရမ်) : တနေ့လျှင် ဆေးတောင့်၂ – ၄ တောင့် ကို ရေတဖန်ခွက်အပြည့်နှင့် သောက်ရမည် (ညအိပ်ယာဝင်ချိန်တွင် ဆေးတောင့်အားလုံးသောက်နိုင်သလို တနေ့တာအတွင်း ခွဲပြီးလည်း သောက်နိုင်သည်)။

    ကလေးတွေအတွက် Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    {ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

    ဝမ်းချုပ်ခြင်းအတွက်

    – အသက် ၁၂နှစ်နှင့် အထက်

    -သောက်ဆေးတောင့် (caplet ၅၀၀မီလီဂရမ်) : တနေ့လျှင် ဆေးတောင့်၂ – ၄ တောင့် ကို ရေတဖန်ခွက်အပြည့်နှင့် သောက်ရမည် (ညအိပ်ယာဝင်ချိန်တွင် ဆေးတောင့်အားလုံးသောက်နိုင်သလို တနေ့တာအတွင်း ခွဲပြီးလည်း သောက်နိုင်သည်)။

    Magnesium Oxide (မဂ္ဂနီဆီယမ် အောက်ဆိုဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

    magnesium oxide ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    -သောက်ဆေးပြား : ၄၀၀ မီလီဂရမ်၊ ၄၂၀ မီလီဂရမ်။

    -သောက်ဆေးတောင့် : ၁၄၀ မီလီဂရမ်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Magnesium oxide ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement