Luvena (လူဗာနာ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019
Share now

အသုံးပြုပုံများ

Luvena (လူဗာနာ) ကို ဘာအတွက်အသုံးပြုကြသလဲ

Luvena® ကို မိန်းမကိုယ်တွင် ဘတ်တီးရီးယား အလွန် ပေါက်ဖွားခြင်း၊ မှို ကူးစက်ခြင်းနှင့် အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ရန်၊ အကျိုးပြုသော ဘတ်တီးရီးယားများကို ထိန်းသိမ်းရန်၊ pH မှန်စေရန် အသုံးပြုသည်။ ရောင်ရမ်းခြင်းကို သက်သာစေပြီး စိုစွတ်စေသည်။ ၄ ရက်အထိ သဘာဝအတိုင်း လန်းဆန်းမှုကို ပေးသည်။

Luvena (လူဗာနာ) ဘယ်လိုသောက်သုံးသင့်သလဲ

၃-၄ ရက် တစ်ခါ သုံးပါ ( ပုံမှန် အသုံးပြုနည်း)။ အိပ်ယာ မဝင်ခင် သုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။

မညီမျှခြင်း သို့မဟုတ် အသေးစား ရောင်းရမ်းခြင်း စသော လက္ခဏာများ အတွက် ၇ ရက်လောက် နေ့စဉ်သုံးပါ။ ထို့နောက် ပုံမှန် အသုံးပြုနည်း အတိုင်းသုံးပါ။ ကွန်ဒုံးဖြင့် သုံးခြင်းသည် ဘေးကင်းသည်။ လိင်ဆက်ဆံမှု မပြုခင် သို့မဟုတ် ပြုပြီး သုံးပါ။

Luvena (လူဗာနာ) ဘယ်လိုသိမ်းဆည်းရမလဲ

Luvena® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Luvena® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Luvena® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Luvena® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Luvena (လူဗာနာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Luvena® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

ပုံမှန် အသုံးပြုနေစဉ် အတွင်း ရောင်ရမ်းခြင်း ဖြစ်ပွားပါက အသုံးပြုခြင်းကို ရပ်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Luvena (လူဗာနာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် Luvena® သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ Luvena® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Luvena (လူဗာနာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဤဆေး သုံးနေစဉ် ပူလောင်ခြင်း၊ ရောင်ရမ်းခြင်း ဖြစ်နိုင်သည်။ လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Luvena (လူဗာနာ) နဲ့ ဓါတ်ပြုနိုင်သလဲ

Luvena® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Luvena (လူဗာနာ) နဲ့ ဓါတ်ပြုနိုင်သလား

Luvena® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Luvena (လူဗာနာ) နဲ့ ဓါတ်ပြုနိုင်သလဲ

Luvena® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Luvena (လူဗာနာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

ကလေးတွေအတွက် Luvena (လူဗာနာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Luvena (လူဗာနာ) ကိုဘယ်လိုရရှိနိုင်သလဲ

Luvena® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ခရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Luvena® လိမ်းရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် လိမ်းပါ။ သို့သော်လည်း နောက်တစ်ကြိမ် လိမ်းရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်လိမ်းပါ။ နှစ်ကြိမ် ထပ်မလိမ်းပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    မိန်းမကိုယ် က လေလည်တတ်သလား

    မိန်းမကိုယ် လေလည် အူလမ်းကြောင်း မွေးလမ်းကြောင်း လိင်ဆက်ဆံ tampons menstrual cups ယောဂ Kegel ရိုးရိုးမီးဖွား Vaginal fistula

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    ကလေးမွေးပြီး လိင်ဆက်ဆံရန် အထောက်အကူပြုနည်းလမ်းများ

    အမျိုးသမီးတွေ ဟော်မုန်းအပြောင်းအလဲ မိန်းမကိုယ် မွေးကင်းစကလေး တားဆေး ကွန်ဒုံး ချောဆီ လေ့ကျင့်ခန်း အိမ်ထောင်ဖက် နို့တိုက် မိခင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

    မိန်းမကိုယ် ပန်းကလေး မိန်းကလေး အမျိုးသမီးကျန်းမာရေး မိန်းမကိုယ်ကျန်းမာရေး ယားယံခြင်း အကြောင်းရင်းများ တစ်ကိုယ်ရည်သန့်ရှင်းမှု

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    အီစထရိုဂျင်ဟော်မုန်းဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုရှိသလား

    အီစထရိုဂျင်ဟော်မုန်း ကိုယ်အလေးချိန် အပျိုဖော်ဝင်ခြင်း သွေးဆုံးခြင်း အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန် မိန်းမကိုယ်မိခင်နို့တိုက်ခြင်း ခံတွင်းပျက်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin

    သင့်အတွက် ရွေးချယ်ထားသည်

    ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

    ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020
    ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

    ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

    လိင်တံသေးတဲ့ အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

    လိင်အင်္ဂါ အမျိုးအစားပေါင်းစုံနဲ့ အကောင်းဆုံး ဆက်ဆံပုံအနေအထားများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020