backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Loperamide (လိုပရာမိုက်)


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Loperamide (လိုပရာမိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

ပုံမှန်အားဖြင့် Loparamide (Imodium) က

  • ဝမ်းလျှောခြင်း
  • ရေဓါတ်ခန်းခြောက်ခြင်း
  • လူကြီးများတွင် ဖြစ်လေ့ရှိသော ဝမ်းလျှောခြင်း(နောက်ဆက်တွဲပြဿနာများမရှိသော) သို့မဟုတ်

အူမကြီး (သို့) အူသိမ်တို့ကို ခွဲစိတ်မှုပြုပြီးသောအခါ ဝမ်းပမာဏ ကိုလျော့ချရန် အသုံးပြုကြပါသည်။

Loperamide (လိုပရာမိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

Loperamide(ဝမ်းပိတ်ဆေး) ကို မည်သို့သောက်သုံးမည်နည်း။

သောက်ဆေး အနေနှင့် သုံးစွဲမည်ဆိုလျှင်

  • မိမိဆရာဝန်ညွန်ကြားသော ဆေးပမာဏ၊ သောက်ရမည့် အချိန၊်အညွှန်းအတိုင်း သောက်သုံးရမည်။
  • ဆေးမသောက်သုံးမီ ဆေးညွှန်း သေချာစွာ ဖတ်ရမည်။
  • ဆေးညွှန်းတွင် ပါရှိသောအကြောင်းအရာများကို သေချာစွာနားမလည်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရမည်။

Loperamide (လိုပရာမိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

Loparamide ဆေးကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ ဆေး ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Loperamide (လိုပရာမိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Loparamide ဆေးကိုအသုံးမပြုမီ မိမိ၏ ဆရာဝန်ကို

  • ဆေး၊ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံပစ္စည်းများ တိရစ္ဆာန် နှင့်ဓါတ်မတည့်ခြင်းများရှိပါက ကြိုတင် အသိပေးရန်။
  • ကလေးများ
  • သက်ကြီးရွယ်အိုများ
  • ဆေးနှင့်ဓါတ်ပြုနိုင်သော အခြားသော ရောဂါအခံများရှိနေလျှင် ကြိုတင် အသိပေးရမည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Loperamide (လိုပရာမိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Loparamide ဆေးကို ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်များတွင် ဘေးကင်းစိတ်ချစွာ သုံးစွဲသင့်မသင့် သေချာစွာ ဖော်ပြထားခြင်း မရှိပါ။

ထို့ကြောင့် အသုံးမပြုမီ ဆရာဝန်နှင့်အမြဲ တိုင်ပင်သင့်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

Loperamide (လိုပရာမိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အခြားသော ဆေးတစ်မျိုးမျိုးသောက်သုံးနေစဉ် Loperamide ဆေး သောက်သုံးပါက ဘေးထွက်ဆိုးကျိုးအနည်းငယ် ရှိနိုင်ပါသည်။ အများစုမှာ ဖြစ်တာရှား၍ဆေးကုသမှု ခံယူဖို့အထိ မလိုအပ်ပါ ။

သို့သော် ဆေးသောက်သုံးနေစဉ်အချိန်အတွင်း ပြဿနာတစ်စုံတစ်ခု ပေါ်ပေါက်လာပါက ဆရာဝန်နှင့်တိုင်ပင်ရမည်။

ဘေးထွက်ဆိုးကျိုး အချို့ကို အောက်တွင်ဖော်ပြထားပါသည်။

  • ဝမ်းချုပ်၊ ဗိုက်အောင့်၊ မအီမသာဖြစ်၊ အော့အန်ခြင်း
  • နှုံးခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း
  • ပြည့်အင့်၊ နှုတ်ခမ်းခြောက်၊ အော့အန်ခြင်း
  • အူပိတ်ခြင်း
  • ဆေးမတည့်ခြင်း များဖြစ်တတ်ပါသည်။

အချို့လူများမှာ ဖော်ပြထားသောဘေးထွက်ဆိုးကျိုးများမခံစားရပါ။ အထက်တွင်မဖော်ပြထားခဲ့သော ဘေးထွက်ဆိုးကျိုးများလည်း ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါကဆရာဝန်(သို့) ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံ တိုင်ပင်နိုင်ပါသည်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Loperamide (လိုပရာမိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Loperamide (လိုပရာမိုက်) နဲ့ ဓါတ်ပြုနိုင်သလား

Loparamide ဆေးသည် က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Loperamide (လိုပရာမိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Loperamide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ ဥပမာ –

  • ပြင်းထန်သော အူရောင်နာ၊ အူအမြှေးပါးရောင်နာများ (အူမကြီးမှ အဆိပ်အတောက်များဖြစ်နိုင်သည်။)
  • ဝမ်းကိုက်ရောဂါ
  • ဝမ်းဗိုက်ဖောင်းတင်းလာခြင်း
  • အသည်းရောဂါနှင့် အူမကြီးတွင်အနာဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Loperamide (လိုပရာမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Loparamide ဆေးအသုံးပြုရန် ဆရာဝန်များနှင့်တိုင်ပင်ပါ။

အသုံးပြုလေ့ရှိသောဆေးပမာဏများမှာ

  • ရိုးရိုးဝမ်းလျှောခြင်း- ဦးစွာ 4mg သောက်သုံးရမည်။ ထို့နောက် 2mg ကို ၅ ရက်အထိသောက်ရမည်။

ပုံမှန်ပမာဏမှာ တစ်ရက်လျှင်6-8mg ဖြစ်ပါသည်။

အများဆုံး တစ်ရက်လျှင်16mg ထိသောက်သုံးနိုင်ပါသည်။

  • နာတာရှည်ဝမ်းလျှောခြင်း – ဦးစွာ 4mg သောက်သုံးရမည်။ ထို့နောက် 2mg ကို ရောဂါသက်သာလာသည်အထိသောက်သုံးရမည်။

နောက်ပိုင်းတွင် တစ်ရက်လျှင် 4-8mg ကို 2ကြိမ်ခွဲပြီးသောက်သုံးနိုင်ပါသည်။

အများဆုံးသောက်နိုင်သော ပမာဏမှာ တစ်ရက်လျှင် 16mg ဖြစ်ပါသည်။

ကလေးတွေအတွက် Loperamide (လိုပရာမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Loparamide ဆေးအသုံးပြုရန် ဆရာဝန်များနှင့်တိုင်ပင်ပါ။

အသုံးပြုလေ့ရှိသောဆေးပမာဏများမှာ

  • ရိုးရိုးဝမ်းလျှောခြင်းများအတွက် ဝမ်းပိတ်ဆေးကိုအသုံးပြုလေ့မရှိပါ။
  • အသက် ၆ နှစ်အောက်ကလေးများ – ဝမ်းပိတ်ဆေးပေးလေ့မရှိပါ။
  • အသက် ၆-၁၂ အထိ တစ်နေ့လျှင် 0.08-0.24mg/kg ကို ၂ ကြိမ် သုံးကြိမ်ခွဲပြီးသောက်သုံးနိုင်ပါသည်။
  • အသက် ၆-၈ နှစ်အထိ 2mg ကို ၂ ကြိမ်သောက်သုံးနိုင်ပါသည်။
  • အသက် ၈နှစ်မှ၁၂နှစ်အထိ 2mg ကို တစ်နေ့၃ကြိမ်သောက်သုံးနိုင်ပါသည်။ နောက်ပိုင်းတွင် ကလေး၏ကိုယ်အလေးချိန်ကိုလိုက်၍ 1mg / 10 kg ဖြင့် ပထမဝမ်းတစ်ကြိမ် သွားပြီးမှစသောက်ပါ။

    Loperamide (လိုပရာမိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

    Loparamide ဆေးကို အောက်ဖော်ပြပါ ပုံစံပမာဏများနှင့်ရရှိနိုင်ပါသည်။

    • 2mg ဆေးတောင့် ဆေးပြားများ
    • 1 mg / 5 ml (60 ml, 90 ml, 120 ml) သောက်သုံးရန်အရည်ပုံစံများ စသည်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Loperamide ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုး မလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement