Insulatard (အင်ဆူလာတဒ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 1 ဖတ်ရန် ကြာချိန်
Share now

အသုံးပြုပုံများ

Insulatard (အင်ဆူလာတဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Insulatardကိုဆီးချိုကုသရာမှာအဓိကအသုံးပြုပါတယ်။ ဒီဆေးဟာ ဆရာဝန်ညွှန်မှသာ သုံးစွဲရပါတယ်။

Insulatard (အင်ဆူလာတဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

Insulatardကိုပေါင်၊ ဝမ်းဗိုက် (ခါးအရှေ့ပိုင်း)၊ တင်ပါးနဲ့ လက်မောင်းမှာအရေပြားအောက်ကိုထိုးပေးရပါတယ်။ တကြိမ်ထိုးတိုင်းနေရာပြောင်းထိုးသင့်ပါတယ်။ ဆေးပမာဏအနည်းဆုံးဘယ်လောက်နဲ့ ထိရောက်မှုရှိတယ်ဆိုတာသိနိုင်ဖို့ သွေးတွင်းသကြားဓါတ်ကိုပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

Insulatardဟာရေရှည်အာနိသင်ပြတဲ့ အင်ဆူလင် ဖြစ်ပါတယ်။ တနေ့ကိုတကြိမ် (သို့) နှစ်ကြိမ် အာနိသင်အမြန်ပြတဲ့ အင်ဆူလင်နဲ့ ပေါင်းပြီးဖြစ်စေ၊ မပေါင်းဘဲဖြစ်စေ(အစာစားချိန်မှာ) ပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်တဲ့အတိုင်း သုံးစွဲရပါတယ်။ ပုံမှန်ထိုးနေကြပမာဏကတော့ တနေ့ကိုကိုယ်အလေးချိန်တစ်ကီလိုကို ဝ.၃ ယူနစ်ကနေ ၁ ယူနစ်ဖြစ်ပါတယ်။

Insulatard (အင်ဆူလာတဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Insulatardကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Insulatardဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Insulatardကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Insulatard (အင်ဆူလာတဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Insulatardမသုံးစွဲခင်မှာသူနဲ့ဓါတ်မတည့်တာရှိရင်၊ တခြားအင်ဆူလင်ဆေးတွေနဲ့ ဓါတ်မတည့်ခြင်းတွေရှိရင်၊ တခြားဓါတ်မတည့်တာရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကိုဖွင့်ပြောပါ။ ဒီပစ္စည်းမှာဓါတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

သွေးတွင်းသကြားဓါတ်လျော့နည်းနေချိန်မှာဒီဆေးကိုမသုံးပါနဲ့။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Insulatard (အင်ဆူလာတဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Insulatardကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဘေးထွက်ဆိုးကျိုးများ

Insulatard (အင်ဆူလာတဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သွေးတွင်းသကြားဓါတ်ကျဆင်းခြင်း၊ ဖောရောင်ခြင်း၊ မျက်စိအလင်းယိုင်ခြင်းပြသနာစတာတွေ ဖြစ်နိုင်ပါတယ်။ ဆေးထိုးတဲ့နရာမှာဓါတ်မတည့်ခြင်းတုံ့ပြန်မုဖြစ်ပွားခြင်း၊ အဆီတစ်သျှူးများဆုံးရှုံးခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Insulatard (အင်ဆူလာတဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

ဒီဆေးနဲ့ ဓါတ်ပြုနိုင်ခြေရှိတဲ့ ဆေးတွေကတော့ Beta-blocker အုပ်စုဝင်ဆေးများ (ဥပမာmetoprolol, propranolol, timololမျက်စဉ်းခပ်ဆေး)ပဲ ဖြစ်ပါတယ်။

Insulatardဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Insulatard (အင်ဆူလာတဒ်) နဲ့ ဓါတ်ပြုနိုင်သလား

Insulatardဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Insulatard (အင်ဆူလာတဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Insulatardဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Insulatard (အင်ဆူလာတဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားအောက်ထိုးရမယ့် ပမာဏကတော့တနေ့ကိုကိုယ်အလေးချိန် တစ်ကီလိုကို ဝ.၅-၁ ယူနစ် ဖြစ်ပါတယ်။

ကလေးတွေအတွက် Insulatard (အင်ဆူလာတဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေမှာသုံးစွဲရမယ့် ပမာဏကိုမသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Insulatard (အင်ဆူလာတဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Insulatardကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • ထိုးဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Insulatardဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဒူးရင်းဩဇာရွက် ရေနွေးကြမ်း

    ဒူးရင်းဩဇာသီး ကျန်းမာရေး အကျိုးကျေးဇူး အာဟာရ ရေနွေး ရေနွေးကြမ်း ကြွက်သားတွေ စိတ်ဖိစီးမှု အိပ်မပျော်တာဆီးချို သွေးတွင်းသကြားဓာတ် ကာဗိုဟိုက်ဒရိတ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    COVID-19 နဲ့ ပတ်သက်ရင် အစိုးရိမ်ရဆုံး လူအုပ်စု (၇) ခု

    COVID-19 ဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ကူးစက်မှု ကာကွယ်မှု ကူးစက်ခံရနိုင်ခြေ အန္တရာယ်ရှိ ရောဂါအခံ သွေးတိုး ဆီးချို နှလုံး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 ဇွန် 19, 2020 . 2 ဖတ်ရန် ကြာချိန်

    ကလေးတွေရဲ့ ကြီးထွားမှုကို နှေးစေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ…………

    ကြီးထွားဖွံ့ဖြိုးမှု အာဟာရ အစားအစာ ကြီးထွားဖွံ့ဖြိုးမှုနှုန်း Junk food ကလေး အဝလွန် ကျန်းမာရေး ပြဿနာ ဆိုဒါ အရိုးသိပ်သည်းဆ ထမင်း ကိုယ်အလေးချိန်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ကလေးအာဟာရ, ကလေးပြုစုစောင့်ရှောက်ခြင်း ဇွန် 19, 2020 . 2 ဖတ်ရန် ကြာချိန်

    ဒူးရင်းဩဇာ နဲ့ ကျန်းမာရေး

    အာဟာရဓာတ် ဒူးရင်းဩဇာ ကျန်းမာရေး အစားအစာ ကယ်လ်လိုရီ အမျှင်ဓာတ် ပရိုတင်း ကင်ဆာ အစာခြေစနစ် နာကျင်ရောင်ရမ်းမှု သွေးတွင်းသကြားဓာတ် ဆီးချို

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

    ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်

    လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်
    Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။

    Yo-Yo Diet ကြောင့် ဘာတွေ ထိခိုက်လာနိုင်သလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 ဖတ်ရန် ကြာချိန်
    ကလေးလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ မပါစေဖို့

    ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါစေဖို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 24, 2020 . 3 ဖတ်ရန် ကြာချိန်