Hemohes (ဟီမိုခ်ျစ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Hemohes (ဟီမိုခ်ျစ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Hemohes (ဟီမိုခ်ျစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Hemohes ဟီမိုခ်ျစ် ကို သွေးအစားထိုးပစ္စည်းအဖြစ် အများဆုံး အသုံးပြုကြလေ့ ရှိပါတယ်။Hemohes ဟာ သွေးအစားထိုးပစ္စည်းများနဲ့ သွေးရည်ကြည်ပရိုတင်းများ အုပ်စုမှာ ပါဝင်ပါတယ်။

Hemohes (ဟီမိုခ်ျစ်) ဘယ်လိုသုံးသင့်သလဲ

Hemohes ကို သွေးကြောထဲ သွင်းပေးရပါတယ်။

Hemohes (ဟီမိုခ်ျစ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Hemohes ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ hemohes ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

hemohes ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Hemohes ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Hemohes ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Hemohes (ဟီမိုခ်ျစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေမှာ Hemohes ကို (လုံးဝ)မသုံးစွဲရပါဘူး။

  • hydroxyethyl starch နဲ့ ဓါတ်မတည့်ခြင်း။
  • ခန္ဓါကိုယ်တွင်း သွေးပမာဏ များပြားခြင်း။
  • ခန္ဓါကိုယ်တွင်း အရည်ဓါတ်များပြားခြင်း။
  • အရည်များပြားခြင်းကြောင့် နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း။
  • ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း။
  • သွေးခဲခြင်းဆိုင်ရာ ပြင်းထန်သော ပြဿနာများ။

အောက်ပါအခြေအနေတွေမှာ Hemohes ကို သတိကြီးစွာထားပြီး အသုံးပြုရပါမယ်။

  • သွေးတွင်းဆိုဒီယမ်ပမာဏ များပြားခြင်း (Hemohes မှာ ဆိုဒီယမ်ဓါတ်တွေ ထပ်မံပါဝင်လာလို့ပါ)။
  • ရေဓါတ်ခမ်းခြောက်ခြင်း (အဆိုပါ အခြေအနေမျိုးမှာ သွေးထက် အရည်ဓါတ်တွေကို ဦးစားပေးဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်)။
  • သွေးခဲခြင်းဆိုင်ရာ ပြဿနာတွေ ရှိနေခြင်း (Hemohes ကို သွင်းတဲ့အခါ သွေးကပိုကျဲသွားမှာဖြစ်ပြီး သွေးခဲနိုင်တဲ့ဓါတ်တွေ ပိုနည်းသွားမှာ ဖြစ်လို့ပါ)။
  • ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း (hydroxyethyl starch ကို ကျောက်ကပ်က အဓိကစွန့်ထုတ်တာဖြစ်တဲ့အတွက် ကျောက်ကပ်မကောင်းရင် အဆုတ်နဲ့ နှလုံးတို့တဝိုက်မှာ အရည်တွေ စုပုံလာနိုင်ချေ ပိုများလာလို့ပဲ ဖြစ်ပါတယ်)။
  • ရောဂါအခြေအနေပိုဆိုးလာခြင်း။
  • နာတာရှည်အသည်းရောဂါရှိခြင်း (albumin ဓါတ်နဲ့ သွေးခဲစေနိုင်တဲ့ ပစ္စည်းအချို့ကို အသည်းက ထုတ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hemohes (ဟီမိုခ်ျစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Hemohes (ဟီမိုခ်ျစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

hemohes ကို သုံးစွဲနေချိန်မှာ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

  • အော့အန်ခြင်း။
  • ငွေ့ငွေ့ဖျားခြင်း။
  • ချမ်းတုန်ခြင်း။
  • ယားယံခြင်း။
  • ပါးချိတ်ရောင်ခြင်း။
  • တုပ်ကွေးကဲ့သို့သော လက္ခဏာများ ခံစားရခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း။
  • ခြေလက်ဖောရောင်ခြင်း။
  • အရေပြားတွင် အဖုအပိန့်များထခြင်း။
  • ရှော့ခ်ရခြင်း။
  • နှလုံးရပ်ခြင်း၊အသက်မရှုတော့ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Hemohes (ဟီမိုခ်ျစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Hemohes ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Hemohes (ဟီမိုခ်ျစ်) နဲ့ ဓါတ်ပြုနိုင်သလား

Hemohes က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Hemohes (ဟီမိုခ်ျစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Hemohes ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Hemohes (ဟီမိုခ်ျစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တနေ့တာအတွက် အများဆုံးသွင်းနိုင်တဲ့ ပမာဏ : (တနေ့မှာ)စုစုပေါင်းပမာဏ ၁၅၀၀ စီစီထက် မပိုရပါဘူး (20 ml/kg)။

အမြန်ဆုံးသွင်းနိုင်တဲ့ နှုန်း :ဆေးကို အမြန်ဆုံးသွင်းနိုင်တဲ့ နှုန်းဟာ လူနာရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ လတ်တလော သွေးဆုံးရှုံးခြင်းကြောင့် ရှော့ခ်ရနေတဲ့ လူနာတွေမှာ 20 ml/kg/hr အထိ သွင်းပေးနိုင်ပါတယ် (0.33 ml/kg/min နဲ့ ညီမျှပါတယ်)။

ဒါပေမယ့် ခွဲစိတ်မှုပြုလုပ်နေချိန်၊မီးလောင်လူနာတွေနဲ့ ဘက်တီးရီးယားပိုးဆိုးရွားစွာ ပျံ့နှံ့ခြင်းကြောင့် ရှော့ခ်ရတဲ့ လူနာတွေမှာတော့ ဆေးသွင်းနှုန်းဟာ အထက်မှာဖော်ပြထားတဲ့ နှုန်းထက် သိသိသာသာနည်းပြီး သွင်းရပါမယ်။

ကျောက်ကပ်ဆိုးရွားစွာ ပျက်စီးနေတဲ့လူနာတွေမှာ အသုံးပြုမယ်ဆိုရင် ပထမဆုံးပေးတဲ့ပမာဏကို ပုံမှန်ကျောက်ကပ်ကောင်းတဲ့ လူနာတွေမှာပေးတဲ့ ပမာဏအတိုင်းပေးရမှာဖြစ်ပြီး နောက်ထပ်ပေးတဲ့ အကြိမ်တွေကျမှ ပုံမှန်လိုအပ်တဲ့ပမာဏရဲ့ ၂၀%ကနေ ၅၀%အထိ လျှော့ပြီး ပေးရမှာဖြစ်ပါတယ်။

ကလေးတွေအတွက် Hemohes (ဟီမိုခ်ျစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Hemohes (ဟီမိုခ်ျစ်) ကိုဘယ်လိုရရှိနိုင်သလဲ

hemohes ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

 Hemohes 10% 250 ml / 10 x 250 ml (ဖန်ပုလင်း)

 Hemohes 10% 500 ml / 10 x 500 ml (ဖန်ပုလင်း)

 Hemohes 6% 1000 ml / 6 x 1000 ml (ဖန်ပုလင်း)

 Hemohes 10% 500 ml / 10 x 500 ml (polyethylene ပုလင်း)

 Hemohes 10%1000 ml / 10 x 1000 ml (polyethylene ပုလင်း)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Hemohes ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 19, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။