Haloperidolကို စိတ်ရောဂါ (ဥပမာ စိတ်ကစဉ့်ကလျား ရောဂါ) များကို ကုသရန် အသုံပြုပါတယ်။ ဒီဆေးဟာ သင့်ကို ကြောက်ရွံ့မှုများ လျော့ပါးစေခြင်း ၊ပိုမို ကြည်လင်စွာ တွေးတောနိုင်စေခြင်း အားဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင် နိုင်စေပါတယ်။ မိမိကိုယ်ကို ထိခိုက်အောင်လုပ်နိုင်တဲ့လူတွေကိုလည်း သေကြောင်းကြံခြင်းမှ ကာကွယ်ပေးပါတယ်။ ဒီဆေးဟာ စိတ်တိုခြင်းနဲ့ အခြားသူများကို ထိခိုက်နာကျင်စေသော ဆန္ဒများအားလည်း လျော့ကျစေပါတယ်။
Haloperidol ကို Tourette’s ရောဂါကြောင့်ဖြစ်တတ်တဲ့ ခန္ဓါကိုယ်က ထိန်းချုပ်လို့မရတဲ့ လှုပ်ရှားမှုတွေနဲ့ စကားလုံးအားဖြင့်သော်လည်းကောင်း၊ အသံအားဖြင့်သော်လည်းကောင်း ပေါက်ကွဲလွယ်မှုများအတွက်လည်း အသုံးပြုပါတယ်။ Haloperidol ကို အခြားဆေးများဖြင့်ကုသ၍ မပျောက်ကင်းသော အငြိမ်မနေဘဲ အလွန်လှုပ်ရှားတက်ကြွနေတဲ့ကလေးတွေရဲ့ ပြင်းထန်တဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့ အသုံးပြုပါတယ်။
စိတ်ရောဂါကု ဆေးတစ်မျိုးဖြစ်ပြီး ဦးနှောက်ထဲမှာ သဘာဝအလျောက် ထွက်ရှိတဲ့ ပစ္စည်း (neurotransmiitters) တွေကို ထိန်းညှိပေးဖို့ အသုံးပြုပါတယ်။
အခြားအသုံးဝင်ပုံများ။ ။ ဒီကဏ္ဍမှာတော့ ဆေးရဲ့အသုံးပြုပုံတွေမှာ ဖေါ်ပြမထားသော်လည်းပဲ သင့် ကျန်းမာရေးစောင့်ရှောက်သူက ပေးကောင်းပေးနိုင်တဲ့ သူ့ရဲ့အသုံးပြုပုံတွေကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အခြေအနေများအတွက် အသုံးပြုလိုတယ်ဆိုရင် သင့်ဆရာဝန်မှ ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။
Haloperidol ကို တစ်ခါတစ်ရံ ဆေးရုံတက်နေတဲ့ စိတ်ရောဂါခံစားနေရတဲ့ လူနာတွေမှာ ပြင်းထန်တဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေကို ထိန်းချုပ်ဖို့ အသုံးပြုပါတယ်။ ဒီဆေးကို ကင်ဆာရောဂါ ကုသမှုကြောင့် ဖြစ်တဲ့ ပျို့အန်ခြင်းကို ကုသဖို့နဲ့ ကာကွယ်ဖို့လည်း အသုံးပြုပါတယ်။
Haloperidol ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း အစာနဲ့ (သို့) အစာနဲ့မဟုတ်ပဲ သောက်သုံးသင့်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က Haloperidol ကို အရည်ပုံစံနဲ့ သောက်သုံးခိုင်းမယ်ဆိုရင် ဆေးပမာဏတိုင်းတာတဲ့ အစက်ချ ဖန်ပြွန်ကို အသုံးပြုပါ။ ၎င်းအစက်ချ ဖန်ပြွှန်မရှိဘူးဆိုရင် ဆေးဝါးကျွမ်းကျင်သူကို ဆေးပမာဏတိုင်းရန် ဆေးထိုးပြွှန်အား တောင်းဆိုပါ။
ဆေးပမာဏဟာ သင့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးကို တုံ့ပြန်မှုပေါ်မှာ မူတည်ပါတယ်။ Haloperidol ကို အကောင်းဆုံး ဆေးစွမ်းရရှိရန် ပုံမှန်အသုံးပြုပါ။ မမေ့လျော့ရန်အတွက် နေ့စဉ် အချိန်မှန်သောက်သုံးပါ။
ဆရာဝန်နဲ့ မတိုင်ပင်ပဲ ဆေးသောက်သုံးမှု မရပ်တန့်သင့်ပါဘူး။ တချို့ရောဂါတွေဟာ ဆေးရပ်လိုက်ရင် ပိုဆိုးလာနိုင်ပါတယ်။ ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့သင့်ပါတယ်။
သင့်ရောဂါ လက္ခဏာတွေ မသက်သာဘူးဆိုရင် (သို့) ပိုဆိုးလာတယ် ဆိုရင် ဆရာဝန်နဲ့ ပြသပါ။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Haloperidolကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Haloperidol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Haloperidol ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Haloperidol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
Haloperidol မသောက်ခင်
သင့်ဆရာဝန်မှ ဆေးပမာဏများအား ပြောင်းလဲရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလဲ သေချာစွာ စောင့်ကြည့်ဖို့လိုပါတယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးတွေမှာ ခေါင်းမူးခြင်း၊ ဆီးသွားရန်ခက်ခဲခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိုးရိမ်မှုများခြင်းနဲ့ ဆေးထိုးထားတဲ့ နေရာမှာ နာကျင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ တကယ်လို့ ထိုဆိုးကျိုးတွေ ဆက်လက်ရှိနေမယ် (သို့) ပိုဆိုးလာမယ်ဆိုရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို အကြောင်းကြားပါ။
ကြွက်သား တဆတ်ဆတ်တုန်ခြင်း၊ တောင့်တင်းခြင်း၊ တုန်ယင်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မျက်နှာကြွက်သားတွေတောင့်တင်းနေခြင်း၊ သွားရည်ကျခြင်းတွေဖြစ်မယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။ ဒီ လက္ခဏာတွေ သက်သာဖို့အတွက် အခြားဆေးတွေ ပေးပါလိမ့်မယ်။
ရှားပါးပေမယ့် ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဆက်တိုက်ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ မျက်လုံး (သို့) အသားဝါခြင်း၊ တက်ခြင်း၊ ရောဂါပိုးဝင်ခြင်း (အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း) တွေရှိမယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းပြောပြပါ။ ထို့အတူ နှလုံးခုန်နှေးခြင်း၊ ခေါင်းအလွန်မူးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သတိလစ်ခြင်းတွေရှိရင်လည်း ဆရာဝန်ကို အမြန်ပြောပြပါ။
ဆေးနဲ့ ဓါတ်မတည့်မှုဟာ ရှားပေမယ့် ဖြစ်ခဲ့မယ်ဆိုရင် ဆရာဝန်ကို အမြန်ဆက်သွယ်ပါ။ ဓါတ်မတည့်မှုကြောင့် ခန္ဓါကိုယ်မှာ အနီကွက်ပေါ်၊ ယားယံ၊ ရောင်ရမ်း၊ ခေါင်းမူး၊ အသက်ရှူရ ခက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Haloperidol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Haloperidolက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Haloperidol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
အထူးသဖြင့်
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ပြင်းထန်လူနာဆောင်တွင်းကုသမှုခံယူနေသောလူနာမငြိမ်မသက်ဖြစ်ခြင်းအတွက်
Dementia မေ့လွယ်သော ရောဂါအတွက်
စိတ်ပိုင်းဆိုင်ရာမပါဝင်သောအခြားသော ပြဿနာများအတွက်
စိတ်ကြွရောဂါအတွက်
သောက်ဆေး
ထိုးဆေး
Haloperidol Lactate:
2 to 5 mg အသားဆေး (သို့) အကြောဆေး ။ 4 နာရီ တစ်ကြိမ် (သို့) 8 နာရီတစ်ကြိမ် ထပ်ပေးနိုင်သည်။ 8mg မှ 10 mg ထိ အကြောဆေးပေးနိုင်သည်။ ဂဏှာမငြိမ်ဖြစ်နေသော လူနာအတွက် တစ်နာရီခြားတစ်ကြိမ် ထိုးဆေး လိုကောင်းလိုနိုင်မည်။
ပျို့အန်ခြင်း အတွက်
သောက်ဆေး – 1mg မှ 5 mg ထိ 4နာရီခြားတစ်ကြိမ် (သို့) 6နာရီခြားတစ်ကြိမ် စားဆေး
Parenteral:
ထိုးဆေး
Haloperidol lactate:
1mg မှ 5mg ထိ အသားဆေး (သို့) အကြောဆေး 4နာရီခြားတစ်ကြိမ် (သို့) 6နာရီခြားတစ်ကြိမ် လိုအပ်သလို သုံးနိုင်သည်။
စိတ်ရောဂါအတွက်
သောက်ဆေး
တစ်ခါတစ်ရံ ဆေးမတိုးသောဆိုးရွားသော လူနာများတွင် 100mg ကျော်ထိ ဆေးကို တိုးပေးရတာမျိုးရှိနိုင်သည်။ သို့သော် ထိုသို့များပြားသောဆေးပမာဏကို ကြာရှည်စွာသောက်သုံးခြင်းသည် အန ္တရာယ်ရှိနိုင်ပါသည်။
ထိုးဆေး
Haloperidol lactate:
2mg မှ 5mg ထိ အသားဆေး (သို့) အကြောဆေး ကို 4နာရီခြားတစ်ကြိမ် (သို့) 8 နာရီခြားတစ်ကြိမ် လိုအပ်သလို သုံးနိုင်သည်။ အသားဆေးကို 8mg မှ 10mg ထိပေးနိုင်သည်။ ပြင်းထန်စွာ ဂဏှာမငြိမ်ဖြစ်နေသော လူနာများသည် တစ်နာရီခြားတစ်ကြိမ် ထိုးဆေးထိုးရနိုင်သည်။
ကနဦးဆေးပမာဏ – ခါတိုင်း နေ့စဉ်သောက်နေရသောဆေးပမာဏ၏ ၁၀ ဆ မှ ၁၅ ကို အသားဆေးအနေဖြင့် သုံးလေးပတ်ခြားတစ်ခါထိုးရသည်။ ကနဦးဆေးပမာဏသည် 100mg ထက်မပိုရ။ အကြောဆေးမထိုးရ။
Tourette’s syndrome အကြောဆွဲအာရုံကြောရောဂါတစ်မျိုးအတွက်
ကနဦးဆေးပမာဏ – 0.5 မှ 2 mgထိ တစ်နေ့ကို နှစ်ကြိမ်မှသုံးကြိမ်ထိ စားဆေးသောက်နိုင်သည်။
ဆက်လက်သောက်သုံးရန်ဆေးပမာဏ – ဆိုးရွား၍ဆေးမတိုးသောအခြေအနေများအတွက် ၅ ရက်၊ ၇ ရက်တစ်ကြိမ် ဆေးပမာဏ 3mg မှ 5mgထိ တိုးသွားနိုင်သည်။
စိတ်ရောဂါအတွက်
သောက်ဆေး
၂ နှစ် နှင့်အောက် (သို့) ကိုယ်အလေးချိန် ၁၅ ကီလိုဂရမ်အောက် – မသုံးသင့်ပါ။
၃ နှစ် မှ ၁၂ နှစ် အတွင်း ၊ ကိုယ်အလေးချိန် ၁၅ ကီလိုဂရမ် မှ ၄၀ ကီလိုဂရမ်အတွင်း –
၁၃ နှစ် မှ ၁၈ နှစ် ထိ၊ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ် အထက်
ထိုးဆေး
Haloperidol lactate
၅နှစ်အောက် – မသုံးသင့်ပါ။
၆ နှစ် နှင့် အထက် – 1mg မှ 3mg အသားဆေးကို ၄နာရီခြားတစ်ခါ ၈နာရီခြားတစ်ခါ လိုအပ်သလို သုံးနိုင်သည်။ အများဆုံးပမာဏမှာ 0.15mg/kg/day ဖြစ်သည်။ သက်သာသွားလျှင်သွားချင်း သောက်ဆေးကိုပြောင်းပေးသင့်ပါသည်း
၁၃ နှစ် မှ ၁၈ နှစ် – 2mg မှ 5mg အသားဆေးကို ၄နာရီခြားတစ်ခါ ၈နာရီခြားတစ်ခါ လိုအပ်သလို သုံးနိုင်သည
Haloperidol decanoate:
၁၇ နှစ် နဲ့အောက် – ဆေးစိတ်ချရမှုနဲ့အာနိသင်များအပေါ် လုံလောက်သော စမ်းသပ်မှုများမရှိပါ။
Tourette’s syndrome ရောဂါသည် ကလေးများအတွက်
၂ နှစ် နဲ့အောက် (သို့) ကိုယ်အလေးချိန်၁၅ ကီလိုဂရမ်အောက် – မသုံးသင့်ပါ။
၃ နှစ် မှ ၁၂ နှစ် ၊ ကိုယ်အလေးချိန် ၁၅ ကီလိုဂရမ် မှ ၄၀ ကီလိုဂရမ်
၁၃ နှစ် မှ ၁၈ နှစ် ၊ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်အထက် – 1mg မှ 2 mg ကို တစ်နေ့ နှစ်ကြိမ် မှ သုံးကြိမ် စားဆေးအဖြစ် သောက်သုံးနိုင်ပါသည်။
သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Haloperidol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အနှစ် (သောက်ရန်) (lactate အဖြစ်) – 2 mg/mL (5 mL, 15 mL, 120 mL)
အရည် (အသားဆေး) (decanoate အဖြစ်) – 50 mg/mL, 100 mg/mL
အရည် (ထိုးဆေး) (lactate အဖြစ်) – 5 mg/mL
ဆေးပြား (သောက်ရန်) – 0.5 mg, 1 mg, 2 mg, 5 mg, 10 mg, 20 mg
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
Haloperidol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။