backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Flonase Allergy Relief (ဖလိုနေ့စ်)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Flonase Allergy Relief (ဖလိုနေ့စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Flonase® Allergy Relief ကို ရာသီအလိုက်နှင့် တစ်နှစ်ပတ်လုံးဖြစ်သော allergic နှင့် non-allergic နှာခေါင်း လက္ခဏာများ ဥပမာ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ ယားယံခြင်း၊ နှာချေခြင်းတို့ကို သက်သာစေရန် အသုံးပြုသည်။ ၎င်းသည် ဓါတ်မတည့်သော မျက်လုံးလက္ခဏာများ ဥပမာ မျက်လုံးယားယံခြင်း၊ မျက်ရည်ထွက်ခြင်း တို့ကိုလည်း သက်သာစေသည်။

ဤဆေးသည် corticosteroid ဟုခေါ်သော ဆေးအမျိုးအစားတွင် ပါဝင်သည်။ ၎င်းသည် ဓါတ်မတည့်မှု ဖြစ်စေသော အရာများ ( ဥပမာ ဝတ်ဆံမှုန်၊ အိမ်မွေးတိရစ္ဆာန် မှ အမှုန်များ၊ ဖုန်မှုန့်များ၊ မှို) ၏ သက်ရောက်မှုကို ပိတ်ပင်ပေးသည်။ ရောင်ရမ်းခြင်းကို လျော့ချပေးသည်။

Flonase Allergy Relief (ဖလိုနေ့စ်) ဘယ်လိုသောက်သုံးသင့်သလဲ

သင်သည် မိမိကိုယ်ကို ကုသရန် အလွယ်တကူဝယ်၍ ရသော ဆေးများကို သုံးနေပါက ဆေးကိုမသုံးမီ ဆေးဘူးတွင် ပါသော လမ်းညွှန်ချက်အားလုံးကို ဖတ်ရှုပြီး လိုက်နာပါ။ သင့်ဆရာဝန်သည် ဤဆေးကိုသောက်ရန် ညွှန်ကြားပါက fluticasone ကိုမသုံးမီ လူနာ အချက်အလက်စာရွက်ကို ဖတ်ရှုပါ။ သင် ထပ်မံဆေးယူတိုင်း ဖတ်ရှုပါ။ မေးစရာ တစ်ခုခု ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ကို မေးမြန်းပါ။

ဤဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သို့မဟုတ် ဆေးဘူးတွင် ပါသည့်အတိုင်း နှာခေါင်းတွင်သုံးပါ။ တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သုံးနိုင်သည်။ မျက်လုံးထဲသို့ မဖြန်းပါနှင့်။

ဤဆေးကို မသုံးမီ နှာခေါင်းကို ညင်သာစွာ မှုတ်ပါ။ အသုံးမပြုမီတိုင်းတွင် ဆေးဘူးကို ညင်သာစွာ လှုပ်ပါ။ သင်သည် ဆေးကို ပထမအကြိမ် အသုံးပြုပါက သို့မဟုတ် သင်သည် တစ်ပတ်လောက် မသုံးဘဲထားပါက ဆေးဘူးအား ဘယ်လို ပြင်ဆင်ရမလဲနှင့်ဆိုင်သော ညွှန်ကြားချက်များကို လိုက်နာပါ။

ဆေးပမာဏသည် သင်၏ အသက်၊ ကျန်းမာရေး အခြေအနေနှင့် ကုသမှုအား တုံ့ပြန်ချက်တို့အပေါ် မူတည်သည်။ ညွှန်ကြားထားသည်ထက် ပိုကြာစွာ၊ ပိုများစွာ မသုံးပါနှင့်။ ဆေးပမာဏကို မတိုးပါနှင့်။ သင့်အခြေအနေသည် ပိုပြီး လျင်မြန်စွာ တိုးတက်မလာပါ။ ဘေးထွက်ဆိုးကျိုးများသာ ပိုများလာလိမ့်မည်။ ပထမ ရက်အနည်းငယ်တွင် ဤဆေးကို ပမာဏများများ ညွှန်ကြားနိုင်သည်။ သင် သက်သာလာပါက ဆေးပမာဏကို လျော့ချပါ။ ကလေးများတွင် ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ချေနည်းအောင် ဤဆေးကို အချိန်နည်းနည်းသာ သုံးရန် လိုအပ်သည်။ ကလေးသည် အလွယ်တကူ ဝယ်၍ရသော ဆေးကိုသုံးနေပါက သူ ဘယ်လောက် ကြာကြာသုံးသင့်သလဲနှင့် ဘယ်အချိန်မှာ ဆရာဝန်နှင့် စစ်ဆေးသင့်သလဲ သိရှိရန် ဆေးထုပ်ရှိ အချက်အလက်များကို ဖတ်ရှုပါ။

ဆေးစွမ်း အပြည့်ရရှိရန် ဆေးကိုပုံမှန်အသုံးပြုပါ။ သတိရစေရန် နေ့စဉ် အချိန်တစ်ခုတည်းတွင် အသုံးပြုပါ။

ဆေးဘူးကို ပုံမှန်သန့်စင်ပါ။ ဆေးဘူးမှ အရည်ဖျန်းသော အရေအတွက်ကို မှတ်ထားပါ။ ဆေးဘူးတွင်ပါသော အရည်ဖျန်းသော အရေအတွက်ပြည့်သွားပါက ဆေးဘူးကို လွှင့်ပစ်ပါ။

ဤဆေးသည် ချက်ချင်းအလုပ် မလုပ်ပါ။ သင်သည် ကုသမှုကို စတင်ပြီး ၁၂ နာရီကြာမှ သက်ရောက်မှုကို ခံစားရနိုင်သည်။ အကျိုးကျေးဇူး အပြည့်အဝရစေရန် ရက်အနည်းငယ် ကြာနိုင်သည်။ သင့်အခြေအနေသည် တစ်ပတ်ကြာပြီးနောက် သက်သာမလာပါက သို့မဟုတ် ပိုဆိုးလာပါက ဤဆေး အသုံးပြုခြင်းကိုရပ်ပါ။ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ပါ။ သင့်တွင် ပြင်းထန်သော ကျန်းမာရေးပြဿနာရှိသည်ဟု ထင်ပါက ဆေးပညာ အကူအညီကို ချက်ချင်းရယူပါ။

Flonase Allergy Relief (ဖလိုနေ့စ်) ဘယ်လိုသိမ်းဆည်းရမလဲ

Flonase® Allergy Relief ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Flonase® Allergy Relief ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Flonase® Allergy Relief တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Flonase® Allergy Relief ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Flonase Allergy Relief (ဖလိုနေ့စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Flonase® Allergy Relief သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

အခြားသူများသို့ ပျံ့နှံ့နိုင်သော ကူးစက်မှု ( ဥပမာ ရေကျောက်၊ ဝက်သက်၊ တုပ်ကွေး) ရှိသူများနှင့် ထိတွေ့ခြင်းကို ရှောင်ပါ။ သင်သည် ရောဂါပိုး ကူးစက်မှုခံရပါက သို့မဟုတ် ပိုမိုသိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

Corticosteroid ဆေးများကို အချိန်ကြာစွာ သုံးခြင်းသည် သင့်ခန္ဓါကိုယ်မှ ရုပ်ပိုင်းဆိုင်ရာ ဖိစီးခြင်းကို တုံ့ပြန်ရန် ပိုပြီးခက်ခဲစေသည်။ ထို့ကြောင့် ခွဲစိတ်မှု၊ အရေးပေါ်ကုသမှု မခံယူမီ သို့မဟုတ် ပြင်းထန်သော ဖျားနာမှု၊ ဒဏ်ရာ ရပါက သင်သည် လွန်ခဲ့သော လအနည်းငယ်အတွင်း ဤဆေးကို သုံးထားသည်၊ သုံးနေပါသည်ဟု ဆရာဝန်အား ပြောပြပါ။

ဤဆေးကို အချိန်ကြာစွာ သုံးပါက ကလေး၏ ကြီးထွားမှုကို နှေးစေနိုင်သည်။ နောက်ဆုံး အရွယ်ရောက်ပြီး အရပ်အပေါ် သက်ရောက်မှုအား မသိရှိပါ။ ဆရာဝန်ထံ ပုံမှန်ပြသပြီး သင့်ကလေး၏ အရပ်ကို စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Flonase Allergy Relief (ဖလိုနေ့စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် Flonase® Allergy Relief သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ Flonase® Allergy Relief မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Flonase Allergy Relief (ဖလိုနေ့စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

နှာခေါင်း ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ မအီမသာဖြစ်ခြင်း သို့မဟုတ် အော့အန်ခြင်း ဖြစ်နိုင်သည်။ ထိုလက္ခဏာများ ဆက်တိုက်ရှိနေပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား အမြန်ပြောပြပါ။

သင့်တွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိပါက ဆရာဝန်အား ချက်ချင်းအကြောင်းကြားပါ။ မျက်စိနာခြင်း၊ မျက်နှာ နာကျင်ခြင်း၊ နှာခေါင်း ထိခိုက်ခြင်း၏ လက္ခဏာများ ( ဥပမာ နာကျင်ခြင်း၊ ပြင်းထန်စွာ နှာခေါင်းသွေးလျှံခြင်း၊ နှာခေါင်းမှ ဆက်တိုက် လေချွန်သံထွက်ခြင်း)၊ နှာခေါင်း/ လည်ချောင်းတွင် အဖြူကွက်များ၊ မျိုချသောအခါ နာကျင်ခြင်း၊ ဆက်တိုက် လည်ချောင်းနာခြင်းတို့ ပါဝင်သည်။

နှာခေါင်းသို့ ထည့်သော corticosteroids ကို သွေးစီးကြောင်းအတွင်းသို့ စုပ်ယူခြင်း ဖြစ်ပွားနိုင်သည်။ ၎င်းသည် corticosteroid အလွန်များခြင်း၏ ဘေးထွက်ဆိုးကျိုး များကို ဖြစ်စေသည်။ ထိုဘေးထွက်ဆိုးကျိုးများသည် ကလေးငယ်များနှင့် ဤဆေးကို အချိန်ကြာရှည်စွာ၊ ပမာဏများစွာ သုံးသော လူများတွင် ပိုဖြစ်သည်။ အောက်ပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားပါက ဆရာဝန်အား ချက်ချင်း ပြောပါ။ ပုံမမှန်စွာ/ အလွန် မောပန်းခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေကျင်းဝတ်/ ခြေထောက် ရောင်ခြင်း၊ ရေငတ်ခြင်း/ ဆီးပိုသွားခြင်း၊ အမြင် ပြဿနာများ။

ဤဆေးတွင် အလွန်ပြင်းထန်သော ဓါတ်မတည့်ခြင်း ဖြစ်ပွားမှု ရှားပါသည်။ သို့သော်လည်း ပြင်းထန်သော ဓါတ်မတည့်မှု လက္ခဏာများကို သတိထားမိပါက ကျန်းမာရေး အကူအညီ ချက်ချင်းရယူပါ။ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း/ ရောင်ရမ်းခြင်း ( အထူးသဖြင့် မျက်နှာ၊ လျှာ၊ လည်ချောင်းတွင်)၊ ပြင်းထန်စွာ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း တို့ ပါဝင်သည်။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Flonase Allergy Relief (ဖလိုနေ့စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Flonase® Allergy Relief သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Flonase Allergy Relief (ဖလိုနေ့စ်) နဲ့ ဓါတ်ပြုနိုင်သလား

Flonase® Allergy Relief သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Flonase Allergy Relief (ဖလိုနေ့စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Flonase® Allergy Relief သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

ဤဆေးနှင့် အပြန်အလှန်သက်ရောက်နိုင်သော ကျန်းမာရေး အခြေအနေများမှာ

  • မကြာသေးမီက ဖြစ်သော နှာခေါင်းပြဿနာများ ( ဥပမာ ထိခိုက်ဒဏ်ရာ၊ အနာများ၊ ခွဲစိတ်မှု)
  • ရောဂါပိုးကူးစက်မှုများ ( တီဘီ၊ ရေယုန် မျက်လုံး ကူးစက်မှု)
  • အချို့ မျက်လုံးပြဿနာများ ( glaucoma, မျက်စိတိမ်စွဲ ရောဂါ)
  • အသည်းရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Flonase Allergy Relief (ဖလိုနေ့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကလေးတွေအတွက် Flonase Allergy Relief (ဖလိုနေ့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Flonase Allergy Relief (ဖလိုနေ့စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Flonase® Allergy Relief ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဖျန်းဆေး
  • အနည်မထိုင်သော ဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Flonase® Allergy Relief သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement