မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Flomax®သည် အဖိုသုတ်ရည် ဂလန်းနှင့် ဆီးအိတ် ထွက်ပေါက်နားရှိ ကြွက်သားများကိုပြေလျော့စေပြီးဆီးသွားရလွယ်ကူစေသော alpha-blocker တစ်မျိုးဖြစ်သည်။ Flomax®သည် benign prostatic hyperplasia ( အဖိုသုတ်ရည် ဂလန်း ကြီးခြင်း) ရှိသောအမျိုးသားများတွင် ဆီးသွားရလွယ်ကူရန် အသုံးပြုသည်။
Flomax®ကိုအမျိုးသမီးများနှင့် ကလေးငယ်များတွင် သုံးရန် မထောက်ခံပါ။
Flomax®ကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းအတိအကျ သောက်ပါ။ ဆေးစာတွင်ပါသောလမ်းညွှန်ချက်အားလုံးကိုလိုက်နာပါ။ သင့်ဆရာဝန်သည် အကောင်းဆုံးရလဒ်ရအောင် သင်၏ ဆေးညွှန်းကိုတစ်ခါတစ်ရံပြောင်းနိုင်သည်။ ဤဆေးကိုညွှန်ကြားထားသည်ထက် ပို၍ကြာရှည်စွာသို့မဟုတ် ပိုများစွာသို့မဟုတ် ပိုနည်းစွာမသုံးပါနှင့်။
Flomax®ကိုများသောအားဖြင့် တစ်နေ့တစ်ကြိမ် သောက်သည်။ အစာစားပြီးနောက် မိနစ် ၃၀လောက်တွင် သောက်ပါ။ ဤဆေးကိုနေ့စဉ် တူညီသောအချိန်တွင် သောက်ရန် ကြိုးစားပါ။
ဆေးတောင့်ကိုမကြိတ်ချေပါနှင့်။ ဝါးမစားပါနှင့် သို့မဟုတ် မဖွင့်ပါနှင့်။ ဆေးတောင့်တစ်ခုလုံးကိုမျိုချပါ။
သင်သည် အကြောင်းတစ်ခုခုကြောင့် Flomax®သောက်ခြင်းကိုရပ်လိုက်ပါကနောက်တစ်ဖန် ပြန်စမသောက်မီဆရာဝန်အားပြောပြပါ။ သင်သည် ဆေးပမာဏ ပြင်ဆင်မှု လိုအပ်နိုင်သည်။
Flomax®ကိုအခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Flomax®ကိုရေချိုးခန်းသို့မဟုတ် ရေခဲသေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Flomax®တွင် မတူညီသောကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီးသိမ်းဆည်းမှုပုံစံကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သောညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကိုအမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကိုကလေးနှင့် အိမ်မွေးတိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲFlomax®ကိုအိမ်သာထဲထည့်ခြင်း၊ ရေဆင်းပိုက်ထဲထည့်ခြင်းမပြုပါနှင့်။ သက်တမ်းကုန်သွားပါကသို့မဟုတ် မလိုအပ်တော့ပါကထိုထုတ်ကုန်ကိုသင့်တော်စွာစွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကိုဘေးကင်းစွာစွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ဤဆေးအသုံးမပြုမီသင့်တွင် အောက်ပါတို့ရှိပါကဆရာဝန်အားပြောပါ။
ဤဆေးကိုအလားတူဆေးများဥပမာalfuzosin (Uroxatral), doxazosin (Cardura), prazosin (Minipress), silodosin (Rapaflo), သို့မဟုတ် terazosin (Hytrin) နှင့် တွဲပြီးမသောက်ပါနှင့်။
Flomax®သည် မျက်စိတိမ် ခွဲစိတ်မှုအတွင်းသူငယ်အိမ်ကိုသက်ရောက်မှုရှိသည်။ သင်သည် ဤဆေးကိုသုံးနေပါကမျက်စိခွဲစိတ်ဆရာဝန်အား ကြိုတင်ပြီးပြောပြပါ။ ခွဲစိတ်ဆရာဝန် ကဆေးသောက်ခြင်းကိုမရပ်ခိုင်းပါကမခွဲစိတ်မီFlomax®ကိုဆက်သုံးပါ။
Flomax®သည် အမျိုးသမီးများတွင် မသုံးသော်လည်းဤဆေးသည် မမွေးသေးသောကလေးငယ်ကို အန္တရာယ်ပြုပုံမပေါ်ပါ။ သင်သည် ဤဆေးသုံးနေသောအမျိုးသမီးဖြစ်ပါကသင် ကိုယ်ဝန်ရှိနေကြောင်းသို့မဟုတ် ကလေးနို့တိုက်နေကြောင်းပြောပြပါ။
သင်သည် အစပိုင်းနိုးထချိန်တွင် အလွန်မူးဝေနိုင်သည်။ လဲလျောင်းနေရာမှ မတ်တပ်ထခြင်း၊ထိုင်ခြင်းလုပ်သောအခါ သတိထားပါ။ Flomax®ကိုအသက် ၁၈ နှစ်အောက် ကလေးများတွင် အသုံးပြုခြင်းကိုမထောက်ခံပါ။
Flomax®သည် သွေးပေါင်ချိန်ကိုကျစေပြီးမူးဝေခြင်း၊ သတိလစ်ခြင်းကို ဖြစ်စေသည်။ အထူးသဖြင့် သင် ပထမအကြိမ် စသောက်စဉ် သို့မဟုတ် တစ်ဖန် စတင်သောက်ချိန်တွင် ဖြစ်သည်။ သင်သည် အလွန်မူးဝေလာပါကသို့မဟုတ် သတိလစ်တော့မည်ဟုခံစားရပါကဆရာဝန်အားခေါ်ပါ။
အချို့အရာများသည် သွေးပေါင်ချိန်ကိုအလွန်ကျဆင်းစေသည်။ ၎င်းတို့မှာအော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အလွန်ချွေးထွက်ခြင်း၊ နှလုံးရောဂါ၊ကျောက်ကပ်သန့်စင်ခြင်း၊ ဆားနည်းသောစားသောက်ပုံသို့မဟုတ် ဆီးဆေးများသောက်ခြင်းတို့ ဖြစ်သည်။ သင့်တွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းကို ဖြစ်စေသောရက်ရှည် ဖျားနာခြင်းရှိပါကဆရာဝန်အားပြောပြပါ။
သင်၏ သွေးပေါင်ချိန်ကိုမကြာခဏစစ်ဆေးရန် လိုအပ်သည်။ သင်သည် Flomax® နှင့် မကုသမီသို့မဟုတ် ကုသနေစဉ်အတွင်းအဖိုသုတ်ရည် ဂလန်းကင်ဆာအတွက် စစ်ဆေးရန် လိုအပ်သည်။
အမျိုးသမီးများကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Flomax®သုံးလျှင်ရနိုင်သော အန္တရာယ် များကို ပြည့်စုံစွာလေ့လာထားခြင်းမရှိပါ။ Flomax®မသောက်မီ ဖြစ်နိုင်သောအကျိုးကျေးဇူးနှင့် အန္တရာယ်ကိုချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Flomax®သည် အမေရိကန်ပြည်ထောင်စုအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။
FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာအောက်ပါအတိုင်း ဖြစ်သည်။
အဖြစ်များသောဘေးထွက်ဆိုးကျိုးများမှာ
သင့်တွင် အောက်ပါတို့ ဖြစ်ပါကဤဆေးသုံးခြင်းကိုရပ်ပြီးဆရာဝန်အားချက်ချင်းခေါ်ပါ။
သင့်တွင် Flomax® နှင့် ဓါတ်မတည့်သောလက္ခဏာများရှိပါကအရေးပေါ်ကျန်းမာရေးအကူအညီရယူပါ။ အင်ပျဉ်များ၊ အဖုအပိမ့်၊ ယားယံခြင်း၊ အသက်ရှူ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်းတွင် ရောင်ရမ်းခြင်းတို့ ပါဝင်သည်။
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများမဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသောဘေးထွက်ဆိုးကျိုးအချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကိုစိုးရိမ်ပါကဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။
Flomax®သည် သင်လက်ရှိသောက်နေသောအခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီးဆေး၏အလုပ်လုပ်ပုံကိုပြောင်းလဲစေနိုင်သည်။ ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သောဆေးတုံ့ပြန်မှုများကိုရှောင်ရန် သင်အသုံးပြုနေသောဆေးများအားလုံးကိုစာရင်းပြုပြီးဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်းစေရန် ဆရာဝန် သဘောတူမှုမပါဘဲဆေးပမာဏကိုပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်းမပြုပါနှင့်။
ဤဆေးနှင့် ဓါတ်ပြုနိုင်သောဆေးမှာသွေးပေါင်ချိန်ဆေး ဖြစ်သည်။
Flomax®သည် အစာသို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီးဆေး၏ အလုပ်လုပ်ပုံကိုပြောင်းလဲစေသည်။ ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီအစာသို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကိုဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Flomax®သည် သင့်ကျန်းမာရေးအခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေးအခြေအနေကိုပိုဆိုးစေခြင်းသို့မဟုတ် ဆေး၏အလုပ်လုပ်ပုံပြောင်းသွားခြင်းကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသောကျန်းမာရေးအခြေအနေအားလုံးကိုဆရာဝန်နှင့် ဆေးဝါးပညာရှင်အားအသိပေးထားရန် အရေးကြီးသည်။
ဤဆေးနှင့် အပြန်အလှန် သက်ရောက်နိုင်သောကျန်းမာရေးအခြေအနေများမှာ
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Benign Prostatic Hyperplasia
အစပိုင်းပမာဏ။ အကြံပြု ထောက်ခံထားသောပမာဏမှာ ဝ.၄ မီလီဂရမ် တစ်နေ့ တစ်ကြိမ် ဖြစ်သည်။ ပါးစပ်မှ သောက်ပါ။
အများဆုံးပမာဏ။ အကြံပြု ထောက်ခံထားသောပမာဏမှာ ဝ.၈ မီလီဂရမ် တစ်နေ့ တစ်ကြိမ် ဖြစ်သည်။ ပါးစပ်မှ သောက်ပါ။
ကလေးလူနာများအတွက် ဆေးညွှန်းမှာအတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကိုအပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Flomax®ကိုအောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါကဒေသတွင်းအရေးပေါ်ဌာနကိုခေါ်ပါ။ သို့ မဟုတ် အနီးဆုံးအရေးပေါ်အခန်းကိုသွားပါ။
Flomax®သောက်ရန် မေ့သွားပါကတတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါကမေ့သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အတိုင်းဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။