Diprogenta (ဒိုင်ပရိုဂျန်တာ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Diprogenta (ဒိုင်ပရိုဂျန်တာ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Diprogenta (ဒိုင်ပရိုဂျန်တာ) ကို ဘာအတွက်အသုံးပြုကြသလဲ

Diprogenta® မှာ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ စတီးရွိုက်ဆေးနဲ့ aminoglycoside အုပ်စုဝင် ပဋိဇီဝပိုးသတ်ဆေးတို့ပါဝင်ပြီး အရေပြားရောင်ရမ်းခြင်း နဲ့ အရေပြားပိုးဝင်ခြင်းအမျိုးမျိုးကို ကုသဖို့အတွက် အများဆုံးအသုံးပြုလေ့ရှိပါတယ်။

Diprogenta (ဒိုင်ပရိုဂျန်တာ) ဘယ်လိုသုံးသင့်သလဲ

Diprogenta® ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာ သုံးစွဲရမှာဖြစ်တဲ့အပြင် ဆေးဗူးအညွှန်းမှာ ပါရှိတဲ့ လမ်းညွှန်ချက်တွေကိုလည်း ဂရုတစိုက်လိုက်နာရမှာပါ။ အသုံးပြုလိုတဲ့နေရာ(ပိုးဝင်နေတဲ့၊ရောင်ရမ်းနေတဲ့ နေရာပေါ်)ကို Diprogenta® ဆေးရည် ဒါမှမဟုတ် ခရင်မ်ပါးပါးကို အသာအယာလိမ်းပေးရမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် Diprogenta® လိုးရှင်းခပ်ပါးပါးကိုလည်း လိမ်းပေးနိုင်ပါတယ်။ ပြီးရင် ဆေးတွေအသားထဲစိမ့်ဝင်သွားတဲ့အထိ အသာအယာပွတ်ပေးရပါမယ်။

Diprogenta (ဒိုင်ပရိုဂျန်တာ) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Diprogenta® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Diprogenta® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Diprogenta® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Diprogenta® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Diprogenta® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Diprogenta (ဒိုင်ပရိုဂျန်တာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Diprogenta® ကို မသုံးစွဲခင်မှာ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

  • Diprogenta® ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ မတည့်ရင် ဒီဆေးကို မသုံးစွဲပါနဲ့။
  • ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် Diprogenta® ကို မသုံးစွဲပါနဲ့(ဥပမာ ရေကျောက်၊ရေယုန် စသည်)။
  • ဆရာဝန်နဲ့ အရင်မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးကို စတင်ပြီး မသုံးစွဲပါနဲ့။
  • သင့်မှာ ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင် ဒီဆေးကို မသုံးစွဲပါနဲ့။

သင့်ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်မှာ ပြဿနာတခုခုရှိနေရင် ဒါမှမဟုတ် ရှိဖူးရင်၊ဆီးချိုရောဂါရှိရင် ဒီဆေးကို မသုံးစွဲသင့်ပါဘူး (ကာလကြာရှည်မသုံးစွဲသင့်ပါဘူး)။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Diprogenta (ဒိုင်ပရိုဂျန်တာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Diprogenta (ဒိုင်ပရိုဂျန်တာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Diprogenta® ကို သုံးစွဲနေစဉ်ကာလတွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေဟာ အချိန်အတော်ကြာတဲ့အထိ ပျောက်မသွားတာ ဒါမှမဟုတ် ပိုဆိုးလာတာမျိုး ရှိမယ်ဆိုရင် သင့်ဆရာဝန်ကို အသိပေးပါ။

  • ပူလောင်ခြင်း။
  • ယားယံခြင်း။
  • အရေပြားနီရဲခြောက်သွေ့ခြင်း။
  • မျက်နှာနီရဲရောင်ရမ်းခြင်း။
  • အမွှေးအမျှင်များ အလွန်အကျွံထွက်လာခြင်း။
  • ဝက်ခြံအများအပြားထွက်လာခြင်း။
  • အသားရောင်ပြောင်းလာခြင်း။
  • အရေပြားပါးပြီး ထိခိုက်လွယ်ခြင်း။
  • အရေပြားတွင် အနီစင်းများပေါ်လာခြင်း (အကြောပြတ်ခြင်း)။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Diprogenta (ဒိုင်ပရိုဂျန်တာ) နဲ့ ဓါတ်ပြုနိုင်သလဲ

Diprogenta® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Diprogenta (ဒိုင်ပရိုဂျန်တာ) နဲ့ ဓါတ်ပြုနိုင်သလား

Diprogenta® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Diprogenta (ဒိုင်ပရိုဂျန်တာ) နဲ့ ဓါတ်ပြုနိုင်သလဲ

Diprogenta® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Diprogenta (ဒိုင်ပရိုဂျန်တာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Diprogenta® ခရင်မ်/ဆေးရည်ကို ရောင်ရမ်း/ပိုးဝင်နေတဲ့ အရေပြားနေရာပေါ်ကို တနေ့နှစ်ကြိမ်လောက် ခပ်ပါးပါးလေး လိမ်းပေးပါ။ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိမ်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက် မပိုပါစေနဲ့။ တပတ်အတွင်းမှာ မသက်သာလာဖူးဆိုရင်တော့ သင့်ဆရာဝန်နဲ့ တခါထပ်ပြရပါမယ်။

ကလေးတွေအတွက် Diprogenta (ဒိုင်ပရိုဂျန်တာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Diprogenta® ကို အသက်လေးနှစ်အောက် ကလေးတွေမှာ သုံးပတ်ထက်ပိုပြီး မသုံးရပါဘူး (အထူးသဖြင့် အနှီး၊သေးခံနဲ့ အုပ်ထားလေ့ရှိတဲ့ နေရာတွေမှာပေါ့)။ အသေးစိတ်ထပ်မံသိရှိလိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Diprogenta (ဒိုင်ပရိုဂျန်တာ) ကိုဘယ်လိုရရှိနိုင်သလဲ

Diprogenta® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Diprogenta® ဆေးရည်။
  • Diprogenta® ခရင်မ်။

ဆေးရည် ဒါမှမဟုတ် ခရင်မ် ၁ ဂရမ်တိုင်းမှာ Betamethasone dipropionate ဝ.၆၄မီလီဂရမ် နဲ့ Gentamicin ၁ မီလီဂရမ် ပါဝင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Diprogenta® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 17, 2017

ရင်းမြစ်များ