backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Danzen (ဒန်ဇန်)


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Danzen (ဒန်ဇန်)

ကို ဘာအတွက်အသုံးပြုကြသလဲ

Danzen ကို ခွဲစိတ်ပြီးရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာရပြီးရောင်ရမ်းခြင်း နှင့်အောက်ပါရောဂါများတွင်အသုံးပြုကြသည်။

-ထိပ်ကပ်နာ

-မီးယပ်ရောဂါများကြောင့် ရင်သားတင်းခြင်း

-ဆီးအိမ်ရောင်ခြင်း

– သုက်ပို့ပြွန်ရောင်ခြင်း (epididymitis)

-သွားဖုံးနှင့် ပါးစပ်ခွဲစိတ်မှုပြုလုပ်ခြင်း

-အံဆုံးရောင်ခြင်း

-အဆုတ်တွင် အနာဖြစ်ခြင်း တို့ဖြစ်ပါသည်။

Danzen ကိုအောက်ဖော်ပြပါရောဂါများတွင် သလိပ်လုံလောက်စွာ မထွက်သောအခြေအနေမျိုး၌ အသုံးပြုသည်။

-လေပြွန်ရောင်ခြင်း

-အဆုတ်တီဘီရောဂါ

-ပန်းနာရင်ကျပ် နှင့် မေ့ဆေးသုံးပြီးနောက် သလိပ် လုံလောက်စွာ မထွက်ခြင်း

Dozen ကို အခြားနေရာများတွင်လည်း အသုံးပြုနိုင်ပါသည်။ အချက်အလက်များပိုမို သိရှိလိုပါက သင့် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူနှင့် မေးမြန်းပါ။

Danzen (ဒန်ဇန်)

ဘယ်လိုသောက်သုံးသင့်သလဲ

Danzen ကိုအစားစားပြီးမှသောက်သုံးရမည်။ ကြိတ်ချေခြင်း၊ ချိုးဖဲ့ခြင်း၊ ဝါးစားခြင်းများ မပြုရ။ ရေနှင့်မြိုချ၍သာ သောက်သုံးရပါမည်။ မေးခွန်းများရှိလျှင် ဆရာဝန်နှင့်တိုင်ပင်နိုင်ပါသည်။

Danzen (ဒန်ဇန်)

ဘယ်လိုသိမ်းဆည်းရမလဲ

Danzen ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Danzen ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Danzen ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Danzen ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Danzen ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Danzen (ဒန်ဇန်)

အသုံးမပြုခင် ဘာတွေသိသင့်သလဲ

-မိမိသည် ကိုယ်ဝန်ဆောင်နေစဉ် သို့မဟုတ် နို့တိုက်မိခင်ဖြစ်နေပါက ဆေးအသုံးမပြုမီ ဆရာဝန်နှင့် တိုင်ပင်ရမည်။

-အခြားသော ဆေးများ (တိုင်းရင်းဆေး၊ ဆေးညွှန်းမပါဘဲ ဆေးဆိုင်တွင် ဝယ်လို့ရသောဆေး) သောက်သုံးနေပါက ဆရာဝန်ကို ကြိုတင်အသိပေး ရမည်။

-Danzen တွင်ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုများ (သို့) အခြားဆေးများနဲ့ဓါတ်မတည့်မှုများ ရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ရမည်။

-အခြားသော ဓါတ်မတည့်မှုများ ဥပမာ- အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံဆေး၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်မှုများ သတိထားရမည်။

-အခြားသော ရောဂါ အခံများရှိလျှင် ဆရာဝန်ကို ပြောပြပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Danzen (ဒန်ဇန်)

ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Danzen (ဒန်ဇန်)

ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Danzen သည်

-အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

-ဆေးဓါတ်မတည့်မှု ကြောင့်ဖြစ်သော အရေပြား ပြဿနာ Steven-Johnson syndrome

-သေစေနိုင်လောက်သော ပြင်းထန်အရေပြား ဝေဒနာ (Toxic Epidermal Necrolysis)

– သေစေနိုင်လောက်သည့် ဆေးဓါတ်မတည့်မှုများ

-အသည်းရောင်ခြင်း

-အသားဝါခြင်း တို့ဖြစ်ပေါ်တတ်ပါသည်။

အထက်ပါ ဆိုးကျိုးများကို လူတိုင်း ခံစားရမည် မဟုတ်ပါ။ အထက်ဖော်ပြထားသည်တွင် မပါသော ဘေးထွက်ဆိုးကျိုးများလည်း ကြုံရနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးများနဲ့ပတ်သက်၍ သိရှိလိုသည်များရှိပါက ဆရာဝန် နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Danzen (ဒန်ဇန်)

နဲ့ ဓါတ်ပြုနိုင်သလဲ

Danzen ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Danzen နဲ့ဓါတ်ပြုနိုင်သော ဆေးများကို အောက်တွင်ဖော်ပြထားသည်။

-Danzen ကို aspirin (သွေးကျဲဆေး)၊ clopidogrel (သွေးကျဲဆေး)၊

Diclofenac (Voltaren, Cataflam) (အကိုက်အခဲပျောက်ဆေး)၊ ibuprofen (Advil, Motrin ) (အကိုက်အခဲပျောက်ဆေး)၊ naproxen (Anaprox, Naprosyn) (အရောင်ကျဆေး)၊ dalteparin (Fragmin) (သွေးကျဲဆေး)၊ enoxaparin (Lovenox)

(သွေးကျဲဆေး)၊ heparin (သွေးကျဲဆေး)၊ warfarin(Coumadin) (သွေးကျဲဆေး)။

Dazen သည ်ဖော်ပြပါ ဆေးများနဲ့တွဲသုံးလျှင် ေသွေးခဲခြင်းကိုလျော့ကျစေပြီး သွေးခြည်ဥခြင်း နှင့် သွေးထွက်ခြင်းတို့ကို ဖြစ်ဖို့အခွင့်အရေးပိုများစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Danzen (ဒန်ဇန်)

နဲ့ ဓါတ်ပြုနိုင်သလား

Danzen က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Danzen (ဒန်ဇန်)

နဲ့ ဓါတ်ပြုနိုင်သလဲ

Danzen (Serratiopeptidase) ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ ဓါတ်ပြုနိုင်သော အခြေအနေများမှာ

-သွေးခဲခြင်းဆိုင်ရာပြဿနာရှိသူများ

-ပြင်းထန်သော အသည်းဝေဒနာသည်များ

-ကျောက်ကပ်နှင့်ဆိုင်သော ရောဂါများ

-သွေးကျဲဆေးသောက်သုံးနေသော လူနာများ ဖြစ်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Danzen (ဒန်ဇန်)

ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Dazen ကို တစ်နေ့သုံးကြိမ်သောက်သုံးနိုင်ပါသည်။

ကလေးတွေအတွက် Danzen (ဒန်ဇန်)

ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Danzen (ဒန်ဇန်)

ကိုဘယ်လိုရရှိနိုင်သလဲ

Danzen ကို 5mg ဆေးလုံးပုံစံနှင့် တွေ့ရှိနိုင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

မိမိတွင်ရှိသောဆေးစာအုပ်များ၊ စာရွက်စာတမ်းများ၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်ဘာသာဝယ်သောက်နေသောဆေးများ တစ်ပါတည်းယူဆောင်သွားရန် အရေးကြီးပါသည် ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Danzen ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement