Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 4 mins read
Share now

အသုံးပြုပုံများ

Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) ကို ဘာအတွက်အသုံးပြုကြသလဲ

Curad Silver Solutionကိုအများဆုံးအသုံးပြုကြသည်မှာ သာမာန်ပွန်းပဲ့ရှရာများ ၊ခြစ်ရာများနှင့် အပူလောင်ခြင်းတို့ကိုကုသရန်ဖြစ်သည်။ အနာဆေးထည့်ရန်အတွက်လည်းအသုံးပြုပါသည်။

Curad Silver Solutionအရည်ကိုအခြားသောအသုံးပြုမှုများအ

တွက်လည်းအသုံးပြုနိုင်ပါသည်။ သတင်းအချက်အလက်များထပ်မံ

သိရှိစေရန် သင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်ပညာရှင်အားမေး

မြန်းပါ။

Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးအညွှန်းတွင် ပါသည့်ညွှန်ကြားချက်များအားလုံးကိုလိုက်နာပါ။

ယခုဆေးကိုပမာဏပိုနည်းစွာ(သို့)ပိုများစွာ(သို့)ထောက်ခံထား

သည်ထက်ပိုမိုကာလကြာရှည်စွာအသုံးမပြုပါနှင့်။

ဒဏ်ရာအားရေဖြင့်ဆေးပြီးခြောက်အောင်သုတ်ပါ။ ထို့နောက် ယခုဆေးဂျယ်လ်ပမာဏများများကိုအနာ၏အစွန်းများကိုထိဖုံးမိသည်အထိသုတ်လိမ်းပါ။ ပတ်တီးစည်းထားပါ။1ရက်မှ 3ရက်

တိုင်း(သို့)အနာသည် စိုစွတ်မှုမရှိတော့သည်အထိထိုသို့လုပ်ဆောင်ပါ။

မျက်လုံးထဲသို့ဆေးကိုမလိမ်းထည့်ပါနှင့်။ ပြင်ပအရေပြားကိုလိမ်းရန်သာဖြစ်သည်။ မျက်လုံးကိုထိမိလိမ်းမိပါကရေဖြင့်စင်ကြယ်

စွာဆေးပစ်ပါ။

ယခုဆေးအားမည်သို့သုံးရမည်နှင့် ပတ်သတ်သောမေးခွန်းများကို

သင့်ဆရာဝန်အားသေချာမေးမြန်းပါ။

Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) ဘယ်လိုသိမ်းဆည်းရမလဲ

Curad Silver Solutionကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Curad Silver Solutionကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Curad Silver Solutionဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။Curad Silver Solutionကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေများတွင် သင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်သူနှင့်တိုင်ပင်ဆွေးနွေးမှုများ

ပြုလုပ်သင့်ပါသည်။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုဖို့ရည်ရွယ်မိပါက ယခုဆေးအပါအဝင် သင့်ဆရာဝန်

၏ ထောက်ခံချက်ရထားသောဆေးများကိုသာသင်သည်အသုံးပြု

သင့်ပါသည်။

သင်သည်အခြားဆေးဝါးများသောက်သုံးနေပါကလည်း ဆရာဝန်

နှင့်တိုင်ပင်ပါ။ ထိုဆေးများတွင် ဆရာဝန်ခွင့်ပြုချက်မလိုပဲဝယ်ယူရရှိ

နိုင်သောဆေးများ၊ဖြည့်စွက်အားဆေးများနှင့် သဘာဝဆေးဖက်ဝင်

အပင်များလည်းပါဝင်သည်။

သင့်တွင် အခြားသောဆေးများ(သို့) Curad® silver solution ၏ ပါဝင်ပစ္စည်းများဖြင့်ဓါတ်မတည့်မှုများရှိပါကလည်းသင့်ဆရာဝန်

နှင့်တိုင်ပင်ပါ။

သင့်တွင် အခြားသောရောဂါများရှိပါကလည်းCurad® silver solution အသုံးမပြုခင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်တွင်နက်သော(သို့)အက်ထိုးမိသောဒဏ်ရာများ၊တိရိစ္ဆာန်အကိုက်ခံရသောဒဏ်ရာများ၊ပြင်းထန်သည့်

အပူလောင်ဒဏ်ရာများရှိပါကလည်းသင့်ဆရာဝန်အားအသိပေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင့်တွင်အောက်ပါဘေးထွက်ဆိုးကျိုးများထဲမှ တခုရှိလာပါက(သို့)

ဘေးထွက်ဆိုးကျိုးများသည်ပိုမိုပြင်းထန်လာပါကကျန်းမာရေးအကူ

အညီကိုချက်ချင်းရယူပါ။

ဓါတ်မတည့်သည့်လက္ခဏာများ (အနီစက်များထွက်ခြင်း၊အင်ပျဉ်

ထွက်ခြင်း၊ယားယံခြင်း၊အသက်ရှူရခက်ခြင်း၊ရင်ကြပ်ခြင်း၊မျက်နှာ၊

နှုတ်ခမ်း(သို့)လျှာရောင်ရမ်းခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) နဲ့ ဓါတ်ပြုနိုင်သလဲ

Curad® silver solutionဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) နဲ့ ဓါတ်ပြုနိုင်သလား

Curad® silver solution က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) နဲ့ ဓါတ်ပြုနိုင်သလဲ

Curad® silver solution ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများနှင့် အသက်2နှစ်နှင့်2နှစ်ထက်ကြီးသူများ

တွင် ဒဏ်ရာအား 1ရက်မှ 3ရက်တိုင်း ယခုဆေးရည်ပမာဏများများသုတ်လိမ်းပေးပါ။

ကလေးတွေအတွက် Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်2နှစ်အောက်ကလေးများတွင် အသုံးပြုရန် ဆရာဝန်အား

တိုင်ပင်ပြသပါ။

Curad Silver Solution (ကူရဒ်ဆေးလ်ဗားအရည်) ကိုဘယ်လိုရရှိနိုင်သလဲ

Curad® silver solutionကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဂျယ်လ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Curad® silver solutionကိုသုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲလိမ်းလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးလိမ်းတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Solarcaine Aloe Extra Burn Relief

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Thiha Phyo Myint

    Neosporin (နီရိုစပိုရင်)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Zin Wai Yan Lin

    Dermatix Ultra

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. K Zin Thwe

    ကလေးနှင့် အပူလောင်ခြင်း

    ကလေးများသည် သေးငယ်ပြီး သိလိုစိတ်ပြင်းထန်ကြသည်။ သူ့တို့နားတွင်ရှိသောအရာများကိုစူးစမ်းလိုကြသည်။ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Nadi

    သင့်အတွက် ရွေးချယ်ထားသည်

    အပူလောင်ခြင်း

    အပူလောင်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 27, 2020 . 3 mins read
    အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

    အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2020 . 4 mins read

    ရေနွေးပူလောင်တဲ့ ကလေးတွေကို ဘယ်လိုပြုစုပေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 15, 2019 . 2 mins read

    ကိုယ့်အိမ်မှာ ဆရာဝန်တစ်ယောက်လောက် မခေါ်ထားချင်ဘူးလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thin Yadanar @ Frances
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 17, 2018 . 2 mins read