backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chlorpromazine (ကလိုပရိုမဇင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Chlorpromazine (ကလိုပရိုမဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Chlorpromazine ကလိုပရိုမဇင်း ကို စိတ်ပိုင်းဆိုင်ရာရောဂါတွေအတွက်သုံးပါတယ်။ Chlorpromazine ဟာ ပိုပြီး ကြည်လင်စွာတွေးခေါ်နိုင်စေတယ်။ စိတ်လှုပ်ရှားခြင်းကိုလျော့ကျစေတယ်၊ နေ့စဉ်လှုပ်ရှားမှုတွေမှာ အကူအညီဖြစ်နိုင်ပါတယ်။

စိတ်တို၊ စိတ်ဆတ်ခြင်းကို လျှော့ချပေးပြီး မိမိကိုယ်နဲ့အခြားသူတွေကိုနာကျင်အောင် ပြုလုပ်လိုစိတ်တွေကိုလျှော့ပေးနိုင်ပါတယ်။ မရှိသည့်အရာကိုမြင်ခြင်း၊၊ ကြားခြင်းကဲ့သို့ ထင်ယောင်ထင်မှားဖြစ်ခြင်းများကိုလည်း လျှော့ချပေးပါတယ်။

phenothiazine antipsychotics ဆေးအုပ်စုထဲမှာပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ သဘာဝဟော်မုန်းတွေကို ညှိပေးခြင်းဖြင့် အလုပ်လုပ်ပါတယ်။

ပျို့ခြင်း၊ အန်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်သလို၊ ခွဲစိတ်မှုမတိုင်ခင် စိတ်လှုပ်၇ှားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ ကျို့ထိုးခြင်းတို့ကိုလည်း သက်သာစေနိုင်ပါတယ်။

Chlorpromazine (ကလိုပရိုမဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်၊ ဆေးပေးသူ ညွှန်းသည့်အတိုင်းလိုက်နာပါ။ သိလိုသည်များရှိပါက ရှင်းလင်းအောင်မေးမြန်းပါ။

အစာနဲ့၊ သို့ အစာမပါဘဲ သောက်နိုင်တယ်။ ဆရာဝန်ညွှန်သည့်အတိုင်းသောက်ပါ၊ များသောအားဖြင့် တစ်ရက် ၂ ကြိမ်မှ ၄ ကြိမ်ဖြစ်နိုင်တယ်။

ပမာဏက အသက် ၊ ရောဂါအခြေအနေ၊ ကုသမှုအပေါ်တုံ့ပြန်ခြင်း တို့အပေါ်မူတည်ပါတယ်။ ကလေးတွေမှာ အလေးချိန်ပေါ်မူတည်တယ်။ ဘေးထွက်ဆိုးကျိုးတွေကိုလျှော့ချဖို့ ပမာဏနည်းနည်းမှစပြိး တဖြေးဖြေးတက်သွားနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာပါ။

အကောင်းဆုံးအာနိသင်ရစေဖို့အတွက် ပုံမှန်သောက်ပါ။ မမေ့စေရန် အချိန်မှန်သောက်တာ ပိုကောင်းပါလိမ့်မယ်။

တချို့သောအာနိသင်ကို ချက်ခြင်းသတိပြုမိနိုင်ပေမယ့် အာနိသင်အပြည့်ရဖို့က ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါတယ်.။

ဆရာဝန်နဲ့မတိုင်ပင်ဘဲရပ်မပစ်ပါနဲ့။ ဆေးရုတ်တရတ်ရပ်လိုက်လျှင် တချို့သောအခြေအနေတွေက ပိုဆိုးလာနိုင်ါပတယ်။ ပျို့ခြင်း၊ အန်ခြင်း၊ မူးခြင်း၊ တုန်ယင်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း တွေလိုလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ထိုလက္ခဏာတွေကို လျှော့ချပေးဖို့ ဆရာဝန်က ဆေးပမာဏတဖြေးဖြေးလျှော့ချပေးပါလိမ့်မယ်။ လက္ခဏာတွေမသက်သာပါက၊ ပိုဆိုးလာပါက ဆရာဝန်ကိုချက်ခြင်းပြောပါ။ သေချာတိုင်ပင်ပါ။

Chlorpromazine (ကလိုပရိုမဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။

ဆေးတွေကိုအိမ်သာထဲသွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Chlorpromazine (ကလိုပရိုမဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ရူးသွပ်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် သုံးလို့မရပါဘူး။ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေသော အသက်ကြီးသူတွေမှာ နှလုံးထိခိုက်ခြင်း၊ အဆုတ်ရောင်ခြင်းနဲ့ ရုတ်တရတ်သေဆုံးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ဦးနှောက်ထိခိုက်မှုရှိထားလျှင်၊ ရိုးတွင်းခြင်ဆီပြဿနာရှိလျှင်၊ သို့မဟုတ် အရက်အလွန်အကျွံသောက်ထားလျှင်၊ အိပ်ငိုက်စေသောဆေးများမှီဝဲနေလျှင် မသုံးပါနဲ့။

chlorpromazine ၊ fluphenazine (Permitil), perphenazine (Trilafon), prochlorperazine (Compazine, Compro), promethazine (Adgan, Pentazine, Phenergan), thioridazine (Mellaril), or trifluoperazine (Stelazine) ကဲ့သို့ phenothiazines များနဲ့ဓါတ်မတည့်ပါကလည်း မသုံးပါနဲ့။

တကယ်လို့အောက်ပါအခြေအနေများရှိပါကလည်း ဆရာဝန်ကိုပြောပြပါ-

  • ကျောက်ကပ်၊ အသည်းရောဂါများ
  • နှလုံးရောဂါ၊ သွေးတိုးရောဂါ
  • ရင်ကြပ်ခြင်း၊ အခြားအသက်ရှူပြနာများ
  • မျက်လုံးတိမ်
  • ရင်သားကင်ဆာ (အရင်က သို့ လက်ရှိ)
  • သွေးတွင်ကယ်လ်ဆီယမ်နည်းခြင်း
  • အက်ဒရီနယ်ဂလင်း အကျိတ်
  • ဆီးကျိတ်၊ အခြားဆီးသွားခြင်းဆိုင်ရာ ပြနာများ
  • တက်ခြင်း
  • Parkinson’s ရောဂါ
  • chlorpromazine သို့ အခြား phenothiazine ဆေးများနှင့် ဘေးထွက်ဆိုးကျိုးများရပါက

အပူချိန်လွန်ကဲမှု၊ သို့ ပိုူးသတ်ဆေးများနှင့် အထိအတွေ့ရှိပါက ဆရာဝန်ကိုပြောပါ။

ဖျားနေသော၊ တုပ်ကွေးလက္ခဏာများရှိသော ကလေးများကို ဆေးမပေးခင် ဆရာဝန်နှင့်အရင်တိုင်ပင်ပါ။

အသက်ကြီးသူများက ဘေးထွက်ဆိုးကျိုးပိုရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Chlorpromazine (ကလိုပရိုမဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့ ပတ်သတ်ပြီး သေချာလေ့လာထားတာမျိုးတော့မရှိသေးပါဘူး။ ဒါကြောင့် ရနိုင်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ချိန်ဆကြည့်နိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာအရင်တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Chlorpromazine (ကလိုပရိုမဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တကယ်လို့ ဆေးမတည့်မှုလက္ခဏာများ- အင်ပြင်များပေါ်လာခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ၊ လည်ချောင်းများ ရောင်ရမ်းလာခြင်း- တို့ဖြစ်ပါက ချက်ခြင်းဆေးရုံသွားပါ။

အောက်ပါလက္ခဏာတွေဖြစ်လာပါကလည်း ဆရာဝန်ဆီချက်ခြင်းသွားပါ-

  • မျက်လုံး၊ နှုတ်ခမ်း၊ လျှာ၊ မျက်နှာ၊ လက်မောင်း၊ ခြေထောက် တွင် ထိန်းမရအောင် တုန်ယင်ခြင်း များရှိပါက
  • သွားရည်ကျခြင်း၊ မြိုရခက်ခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း
  • စိတ်ဆတ်ခြင်း၊ စိတ်မငြိမ်ခြင်း
  • သတိလစ်တော့မည်ဟု ခံစားရခြင်း
  • တက်ခြင်း
  • ပျို့ခြင်း၊ ဗိုက်မကောင်းခြင်း၊ ယားယံခြင်း၊ အသားဝါခြင်း
  • အသားရောင်ဖျော့ခြင်း၊ အညိုအမည်းစွဲလွယ်ခြင်း၊ သွေးယိုခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ တုပ်ကွေးလကဏာများ
  • အဖျားအကြီးခြင်း၊ ကြွက်သားများတောင့်ခြင်း၊ ချွေးပြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း
  • အတွေး အပြုအမူ ပုံမှန်မဟုတ်ခြင်း
  • ညဘက်အမြင်အာရုံလျော့ခြင်း၊ မျက်ရည်ကျခြင်း၊ အလင်းခံနိုင်ခြင်း
  • ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
  • အဆစ်နာခြင်း၊ ရောင်ခြင်း၊ အကျိတ်များပေါ်ခြင်း၊ ကြွက်သားများနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အန်ခြင်း၊
  • နှလုံးခုန်နှေးခြင်း၊ သွေးခုန်နှုန်းနှေးခြင်း၊ မူးမေ့ခြင်း

သိပ်မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကတော့-

  • မူးခြင်း၊ ဝေခြင်း၊ အိပ်ခြင်းနှင့်ဆိုင်သော ပြဿနာများ
  • ရင်သားရောင်ခြင်း၊ အရည်များထွက်ခြင်း၊
  • ဓမ္မတာမမှန်ခြင်း
  • ဝခြင်း၊ လက် ခြေထောက်များ ရောင်ရမ်းခြင်း
  • ပါးစပ်ခြောက်ခြင်း၊ နှာပိတ်ခြင်း၊ အမြင်အာရုံဝါးခြင်း
  • ဝမ်းချုပ်ခြင်း
  • ပန်းသေခြင်း

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Chlorpromazine (ကလိုပရိုမဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ Chlorpromazine ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါဟာဆေးအလုပ်လုပ်ပုံကိုပြောင်းလဲစေတာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေတာမျိုး ဖြစ်စေကောင်းဖြစ်စေပါလိမ့်မယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် ဆေးပေးသူကိုပြောပြရပါမယ်။ ဘေးကင်းဖို့အတွက် ဆရာဝန်ညွှန်ပြချက်မရှိဘဲ ဆေးတွေရပ်လိုက်တာ၊ ပြောင်းလိုက်တာမျိုးမလုပ်ပါနဲ့။

အအေးမိခြင်း၊ ဓါတ်မတည့်ခြင်းအတွက်ဆေးများ၊ စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ အတက်ကျဆေး၊ စိတ်ဓါတ်ကျခြင်းအတွက်ဆေးတွေက နဲ့ဓါတ်ပြုတုံ့ပြန်ပြီး ဘေးထွက်ဆိုးကျိုးများတိုးစေနိုင်ပါတယ်။ ဒါကြောင့် ထိုဆေးများသုံးနေပါက ဆရာဝန်ကိုပြောပြပါ။

သို့မဟုတ် အောက်ပါဆေးများသုံးနေပါကလည်း ဆရာဝန်ကိုပြောပါ-

  • Atropine (Atreza, Sal-Tropine);
  • Lithium (Eskalith, Lithobid);
  • Phenytoin (Dilantin);
  • ပဋိဇီဝဆေးများ
  • သန္ဓြေတားဆေး
  • သွေးပေါင်ကျဆေး၊ သွေးတက်ဆေး
  • သွေးကြဲဆေး
  • ရင်ကြပ်ခြင်းအတွက်ဆေးများ
  • ဆီးဆေး၊ ဝမ်းဆေးများ
  • အင်ဆူလင်၊ ဆီးချိုသွေးချိုဆေးများ
  • ပျို့ခြင်း၊ အန်ခြင်းအတွက်ဆေးများ
  • ငှက်ဖျားဆေး
  • မေ့ဆေး
  • ထုံဆေး
  • ADHD
  • အနာ၊ ဝမ်းဗိုက်ဆိုင်ရာပြနာအတွက်ဆေးများ
  • Parkinson ရောဂါအတွက်ဆေးများ

အစားအသောက်တွေနဲ့ အရက်က Chlorpromazine (ကလိုပရိုမဇင်း) နဲ့ ဓါတ်ပြုနိုင်သလား

Chlorpromazine ဟာ အစားအစာတချို့၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Chlorpromazine (ကလိုပရိုမဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတချို့ကို ပိုဆိုးကောင်းဆိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအားလုံးကို ဆရာဝန်ကိုပြောပြသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Chlorpromazine (ကလိုပရိုမဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Usual Adult Dose for Psychosis:

Intramuscular: Initial Dose 25 to 50 mg. The dose may be repeated in one hour. Subsequent doses may be increased and given every 2 to 4 hours as needed.

Oral: Initial Dose: 10 to 25 mg orally 3 times a day. Total daily doses should be increased in 20 to 50 mg increments every 3 or 4 days until symptoms are controlled.

Usual Maintenance Dose: 200 mg/day orally

Some patients require higher dosages (e.g., 800 mg daily is not uncommon in discharged mental patients). Increase dosage gradually until symptoms are controlled. Maximum improvement may not be seen for weeks or even months. Continue optimum dosage for 2 weeks, then gradually reduce dosage to the lowest effective maintenance level.

Usual Adult Dose for Mania:

Oral: 10 mg orally 3 to 4 times a day or 25 mg orally 2 to 3 times a day.

More severe cases: 25 mg orally 3 times a day.

After 1 to 2 days, dose may be increased by 20 to 50 mg/day at semiweekly intervals.

Prompt control of severe symptoms: 25 mg intramuscular one time.

If necessary, repeat in 1 hour. Subsequent doses should be oral, 25 to 50 mg three times a day.

Intramuscular: 25 mg injection one time. If necessary, may give additional 25 to 50 mg injection in 1 hour.

Increase subsequent doses gradually over several days up to 400 mg every 4 to 6 hours in exceptionally severe cases.

Usually patient becomes quiet and cooperative within 24 to 48 hours and oral doses may be substituted.

Oral: 500 mg/day is generally sufficient. Gradual increases to 2000 mg/day or more may be necessary.

There is usually little therapeutic gain to be achieved by exceeding 1000 mg/day for extended periods.

Less acutely disturbed Oral: 25 mg three times a day.

It may increase gradually until effective dose is reached, usually 400 mg/day.

Usual Adult Dose for Nausea/Vomiting:

Oral: 10 to 25 mg every 4 to 6 hours as needed. May increase, if necessary.

Intramuscular: 25 mg one time. If no hypotension occurs, give 25 to 50 mg every 3 to 4 hours as needed, then switch to oral dosage.

Rectal: One 100 mg suppository every 6 to 8 hours as needed. In some patients, half this dose will do.

Nausea/Vomiting During Surgery:

Intramuscular: 12.5 mg one time. It may repeat in 30 minutes if necessary and if no hypotension occurs.

Intravenous: 2 mg at 2 minute intervals. Do not exceed 25 mg. Dilute to 1 mg/mL.

Usual Adult Dose for Light Sedation:

For light sedation prior to a medical or surgical procedure:

Oral: 25 to 50 mg, 2 to 3 hours before the operation.

Intramuscular: 12.5 to 25 mg, 1 to 2 hours before operation.

Usual Adult Dose for Hiccups:

Oral: 25 to 50 mg 3 to 4 times a day.

Intramuscular: If symptoms persist for 2 to 3 days, give 25 to 50 mg.

Intravenous infusion: Should symptoms persist, use slow intravenous infusion: 25 to 50 mg in 500 to 1000 mL of saline.

Usual Adult Dose for Porphyria:

Oral: 25 to 50 mg 3 to 4 times a day.

It can usually be discontinued after several weeks, but maintenance therapy may be necessary for some patients.

Intramuscular: 25 mg injection 3 to 4 times a day until patient can take oral therapy.

Usual Adult Dose for Tetanus:

Intramuscular: 25 to 50 mg given 3 to 4 times daily, usually in conjunction with barbiturates. Total doses and frequency of administration must be determined by the patient’s response, starting with low doses and increasing gradually.

Intramuscular: 25 to 50 mg diluted to at least 1 mg/mL and administered at a rate of 1 mg/min.

ကလေးတွေအတွက် Chlorpromazine (ကလိုပရိုမဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Usual Pediatric Dose for Opiate Withdrawal:

less than 1 month:

Neonatal abstinence syndrome (withdrawal from maternal opioid use; controls CNS and gastrointestinal symptoms):

Intramuscular: Initial: 0.55 mg/kg/dose given every 6 hours; change to oral after approximately 4 days, decrease dose gradually over 2 to 3 weeks. Note: Chlorpromazine is rarely used for neonatal abstinence syndrome due to adverse effects such as hypothermia, cerebellar dysfunction, decreased seizure threshold, and eosinophilia; other agents are preferred.

Usual Pediatric Dose for Schizophrenia:

6 months and older:

Oral: 0.5 to 1 mg/kg/dose orally every 4 to 6 hours; older children may require 200 mg/day or higher

Intramuscular: 0.5 to 1 mg/kg/dose every 6 to 8 hours

Maximum recommended doses:

Less than 5 years (less than 22.7 kg): 40 mg/day

5 years and older: (22.7 to 45.5 kg): 75 mg/day

Usual Pediatric Dose for Nausea/Vomiting:

Nausea and vomiting:

Oral: 0.5 to 1 mg/kg/dose every 4 to 6 hours as needed

Intramuscular: 0.5 to 1 mg/kg/dose every 6 to 8 hours;

Maximum recommended doses:

less than 5 years (less than 22.7 kg): 40 mg/day

5 and older (22.7-45.5 kg): 75 mg/day

Chlorpromazine (ကလိုပရိုမဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

  • ဆေးပြား-10mg, 25mg, 50mg, 100mg, 200mg
  • ဆေးရည်ထိုးဆေး-25mg/ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။ လက္ခဏာတွေကတော့

  • ခံတွင်းခြောက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • လေပွခြင်း
  • စိတ်ဆတ်ခြင်း၊ ဂနာမငြိမ်ခြင်း
  • တက်ခြင်း
  • ကြွက်သားများတောင့်ခြင်း
  • နှလုံးခုန်နှုန်းပြောင်းခြင်း
  • မှိန်းခြင်း
  • မူးမေ့ခြင်း

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement