backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်)


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Chloral hydrate ကိုခွဲစိတ်ကုသမှုနဲ့ တခြားကုသမှု အစီအစဉ်တွေမှာလူနာကို ငြိမ်သက်စေဖို့ ပေးပါတယ်။ အိပ်ဆေးအမျိုးအစားထဲ ပါဝင်ပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းအချို့အပေါ် သက်ရောက်စေပြီးလူနာကို ငြိမ်သက်စေပါတယ်။

Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်း အစာနဲ့ဖြစ်စေ၊ အစာမပါဘဲဖြစ်စေခွဲစိတ်မှုမလုပ်ခင် နာရီဝက်ခန့်ကြိုပြီးသောက်ပေးရပါတယ်။ အရည်ဘယ်လောက် အစာဘယ်လောက်နဲ့ သောက်ရမယ်ဆိုတာ ဆရာဝန်ညွှန်တဲ့အတိုင်း လိုက်နာပါ။

ဆေးရည်ကိုသောက်မယ်ဆိုရင် ဆေးချိန်တဲ့ခွက်/ဇွန်းစတာတွေနဲ့ ဆေးကိုသေချာချိန်ပါ။ အိမ်သုံးဇွန်းတွေနဲ့ ချိန်ခြင်းဟာတိကျတဲ့ပမာဏကိုမရနိုင်တာမို့ မသုံးပါနဲ့။ ဆေးကိုရေတဖန်ခွက် (သို့) အသီးဖျော်ရည်လိုအရည်တမျိုးမျိုးနဲ့ရောသောက်ပါ။

ဆေးပမာဏဟာကျန်းမာရေးအခြေအနေ၊ ကုသမှုအပေါ် တုံ့ပြန်ခြင်းနဲ့ တခြားဆေးဝါးများ သောက်သုံးနေရခြင်းစတာတွေအပေါ် မူတည်ပါတယ်။ ကလေးတွေမှာဆိုရင် ကိုယ်အလေးချိန်ပေါ် မူတည်ပါတယ်။

ဒီဆေးဟာလူအများအတွက် အကျိုးရှိပေမယ့် တခါတရံမှာဆေးစွဲခြင်းဖြစ်စေတတ်ပါတယ်။ ဆေး၊ အရက် စတာတွေကိုစွဲတတ်သူဆိုရင် ဒီဆိုးကျိုးဟာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဆရာဝန်ခွင့်ပြုချက်မပါဘဲဆေးကိုတိုးသောက်ခြင်းမလုပ်ပါနဲ့။ ဆေးကိုရပ်တန့်မယ်ဆိုရင် ဆရာဝန်ညွှန်ထားတဲ့အတိုင်း ရပ်တန့်ပါ။

ဆေးသာက်တာရပ်ချိန်မှာဆေးဖြတ်လိုက်ရတဲ့လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် ဆေးပမာဏများများကိုအချိန်ကြာကြာသောက်သူတွေမှာ ဖြစ်တတ်ပါတယ်။ ဆေးကိုရုတ်တရက်ရပ်လိုက်ရင် ချွေးထွက်ခြင်း၊ တုန်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ရှုပ်ခြင်း၊ တက်ခြင်း၊ အာရုံခြောက်ခြားခြင်းစတာတွေ ဖြစ်တတ်ပါတယ်။ ဆိုးရွားလွန်းရင် အသက်အန္တရာယ်ထိပါ ကြုံနိုင်ပါတယ်။ ဆေးဖြတ်တဲ့လက္ခဏာတေါပေါ်မလာအောင် ဆရာဝန်ဟာ ဆေးကိုဖြည်းဖြည်းချင်းလျှော့ချပါလိမ့်မယ်။ အသေးစိတ်သိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။ ဆေးဖြတ်တဲ့ လက္ခဏာတွေပေါ်လာရင် ဆေးခန်းပြပါ။

ဒီဆေးဟာအချိန်ကြာကြာစွဲသုံးလို့ မကောင်းပါဘူး။ ဘယ်လိုရပ်တန်ပသင့်တယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) ဘယ်လိုသိမ်းဆည်းရမလဲ

Chloral hydrate ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Chloral hydrate ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Chloral hydrate ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Chloral hydrate မသုံးစွဲခင်မှာသူနဲ့ဓါတ်မတည့်တာရှိရင်၊ တခြားဓါတ်မတည့်ခြင်းတွေရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကိုဖွင့်ပြောပါ။ ဒီပစ္စည်းမှာဓါတ်မတည့်ခြင်းနဲ့ တခြားပြသနာတွေကို ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ ပိုသိရအောင် ဆေးဝါးကျွမ်းကျင်သူနဲ့ ဆွေးနွေးပါ။

ဆေးမသုံးခင်မှာမိမိရဲ့ ကျန်းမာရေးရာဇဝင်ကို (အထူးသဖြင့် ဆေးအရက်စွဲခြင်း၊ နှလုံးရောဂါ၊ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ စိတ်ကျခြင်းသေကြောင်းကြံစည်လိုခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ပြသနာများ၊ အစာမျိုပြွန်နာခြင်း၊ အစာအိမ်ရောဂါ၊ သွေးရောဂါ၊ အိပ်နေစဉ် အသက်ရှူခက်ခြင်းစတာတွေရှိရင်) ဆရာဝန် (သို့) သူနာပြုကိုဖွင့်ပြောပါ။

ဒီဆေးဟာအိပ်ငိုက်စေပါတယ်။ အရက် ဆေးခြောက် စတာတွေနဲ့ တွဲသုံးရင် ပိုပြီးအိပ်ငိုက်တတ်ပါတယ်။ ကားမောင်းခြင်း၊ စက်ယန္တရားမောင်းခြင်း၊ နိုးနိုးကြားကြားလုပ်ဖို့လိုအပ်သောအလုပ်များလုပ်ကိုင်ခြင်းစတာတွေ မလုပ်ပါနဲ့။ အရက်သေစာရှောင်ပါ။ အရက်နဲ့တွဲသောက်မိရင် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အိပ်ရာမနိုးခြင်း၊ အသက်ရှူနှေးခြင်းစတာတွေ ဖြစ်တတ်ပါတယ်။ အရက်သောက်ရင် ဆိုးဆိုးရွားရွားဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်နှာနီမြန်းခြင်းစတာတွေဖြစ်တတ်ပါတယ်။ ဆေးခြောက်သု့းနေတယ်ဆိုရင် ဆရာဝန်ကိုပြောပါ။

ခွဲစိတ်မှုခံယူရမယ်ဆိုရင် သောက်နေရတဲ့

ဆေးအမျိုးအစားအားလုံး(ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာ၀ ဆေးဘက်ဝင်ပစ္စည်းများ အပါအဝင်) ဆရာဝန်ကို ပြောပြပါ။

အသက်ကြီးပိုင်းတွေမှာသုံးစွဲမယ်ဆိုရင် ပိုပြီးသတိထားရပါမယ်။ ဘေးထွက်ဆိုးကျိုးတွေ (အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း) ပိုမို ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီလိုဖြစ်ရင် ချော်လဲခြင်း၊ အမြင့်ကကျခြင်း ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ရှိနေချိန်မှာ တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ကောင်းကျိုးဆိုးကျိုးများကိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

မိခင်နို့ထဲကို ဖြတ်သန်းနိုင်ခြေရှိပါတယ်။ ဒါကြောင့်

ဆေးသုံးနေချိန် မိခင်နို့တိုက်ရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Chloral hydrate ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Chloral hydrate ဆေးဟာအမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် Cရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အိပ်ငိုက်ခြင်း၊ အိပ်ရာထရန်ခက်ခြင်း၊ ပျို့တက်ခြင်း၊အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ခေါင်းကိုက်ခြင်းစတာတွေ ဖြစ်တတ်ပါတယ်။ အစာအိမ်မအောင့်အောင် ဆေးသောက်ရင် ရေများများနဲ့ သောက်ပါ။ အဲဒီပြသနာတွေ ပျောက်မသွားရင်၊ ပိုဆိုးသွားရင် ဆရာဝန်ပြပါ။

ဆရာဝန်အနေနဲ့ ဒီဆေးကိုပေးရခြင်းဟာဆိုးကျိုးထက် ကောင်းကျိုးကပိုများတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဒီဆေးကိုသုံးတဲ့ လူအများမှာတော့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံရပါဘူး။ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း (စိတ်ရှုပ်ခြင်း၊ မိမိကိုယ်ကိုဒုက္ခပေးလိုခြင်း၊ အိပ်ပျော်စဉ်ယောင်ပြိးလမ်းလျှောက်ခြင်း၊ လမ်းလျှောက်ပုံမမှန်ခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ ဆိုးရွားစွာမူးဝေခြင်း၊ သတိလစ်ခြင်းစတာတွေဖြစ်လာရင် ဆရာဝန်နဲ့ပြပါ။

ရေရှည်စွဲသုံးရင် အစာအိမ်ရောင်ခြင်းနဲ့ ကျောက်ကပ်ရောဂါဖြစ်နိုင်ပါတယ်။ ကော်ဖီရောင်များအန်ခြင်း၊ အစာမျိုချရန်ခက်ခြင်း၊ ဝမ်းမည်းသွားခြင်း၊ ဆိုးရွားစွာဗိုက်အောင့်ခြင်း၊ ဆီးသွားနှုန်းပြောင်းသွားခြင်းစတာတေါဖြစ်ရင် ဆရာဝန်နဲ့ပြပါ။ အသက်ရှူရခက်ရင် ဆေးဝါးကုသမှုချက်ချင်းခံယူပါ။

Chloral hydrate ကြောင့် ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းတွေဖြစ်တာရှားပါတယ်။ ဒါပေမယ့် အရေပြားအကွက်ဖြစ်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ လျှာ လည်ချောင်း)၊ ဆိုးရွားစွာ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းစတဲ့ လက္ခဏာတွေကြုံရရင် ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Chloral hydrate ဟာသွေးကျဲဆေးတွေနဲ့ ဓါတ်ပြုမှုဖြစ်နိုင်ပါတယ်။

အသက်ရှူနှေးခြင်း၊ ဆိုးရွားစွာ မူးဝေခြင်း၊ အိပ်ငိုက်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေဟာအိပ်ငိုက်စေတဲ့ဆေးတွေနဲ့ တွဲသောက်ရင် ပိုဆိုးတတ်ပါတယ်။ ဘိန်းပါတဲ့ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး (codeine, hydrocodone)၊ အရက်၊ ဆေးခြောက်၊ တခြားစိတ်ငြိမ်ဆေးများ (alprazolam, lorazepam, zolpidem)၊ ကြွက်သားများပြေလျော့စေသည့်ဆေးများ (carisoprodol, cyclobenzaprine)၊ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (cetirizine, diphenhydramine) စတာတွေသုံးစွဲနေရင် ဆရာဝန်ကို ဖွင့်ပြောပါ။

ဆေးတွေသောက်တဲ့အခါ အညွှန်းစာတွေကိုသေချာဖတ်ပါ။ နှာစေးချောင်းဆိုးပျောက်ဆေးတွေ၊ ဓါတ်မတည့်ရင် ပေးရတဲ့ဆေးတွေဟာအိပ်ငိုက်စေတတ်လို့ ဖြစ်ပါတယ်။ အဲဒီဆေးတွေကိုဘေးကင်းစိတ်ချစွာသုံးနိုင်ဖို့ ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။

Chloral hydrateဟာဓါတ်ခွဲခန်းမှာဆီးစစ်ခြင်းအဖြေကိုပြောင်းလဲမှုဖြစ်စေနိုင်ပါတယ်။ ဆီးတွင်းသကြား၊ catecholamines၊ 17-hydroxycorticosteroids စတာတေါပါဝင်နှုန်းကိုစစ်ဆေးတဲ့အခါ ဖြစ်ပါတယ်။ chloral hydrateသောက်နေတယ်ဆိုရင် ဆရာဝန်နဲ့ ဓါတ်ခွဲခန်းဝန်ထမ်းတွေကို ဖွင့်ပြောပါ။

chloral hydrateဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) နဲ့ ဓါတ်ပြုနိုင်သလား

Chloral hydrateဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Chloral hydrate ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများအိပ်မပျော်ခြင်းအတွက်

၅၀၀ မီလီဂရမ်ကနေတစ်ဂရမ်ကို အိပ်ရာမဝင်ခင် ၁၅မိနစ်ကနေ မိနစ်၃၀ကြိုသောက်ရပါတယ်။

လူကြီးများစိတ်ငြိမ်ဆေးအနေဖြင့်

၂၅၀ မီလီဂရမ်ကိုနေ့စဉ် အစာစားပြီးတိုင်း ၃ကြိမ် (သို့)

၅၀၀ မီလီဂရမ်ကနေတစ်ဂရမ်ကိုခွဲစိတ်မှုမတိုင်ခင် ၁၅မိနစ်ကနေ မိနစ်၃၀ကြိုသောက်ရပါတယ်။

ကျောက်ကပ်အတွက် ဆေးပမာဏချိန်ညှိခြင်း

Creatinineကိုကိုယ်ခန္ဓါကနေရှင်းထုတ်နှုန်းတမိနစ် ၅၀ မီလီလီတာအောက်နည်းသူတွေမှာမသုံးစွဲသင့်ပါဘူး။

ကျောက်ကပ်အတွက် ဆေးပမာဏချိန်ညှိခြင်း

အသည်းရောဂါအခံရှိသူတွေမှာမသုံးစွဲသင့်ပါဘူး။

သတိပြုရန်

လူကြီးများမှာတကြိမ်တည်းပမာဏ (သို့) တနေ့လုံးသောက်တဲ့ပမာဏဟာ ၂ဂရမ် မကျော်သင့်ပါဘူး။

ဒီဆေးဟာဆေးစွဲခြင်းဖြစ်စေပါတယ်။ ရုတ်တရပ် ဆေးဝါးသုံးစွဲမှုကိုရုတ်တရက် ရပ်တန့်ခြင်းမလုပ်ပါနဲ့။

ကျောက်ကပ်ဆေးခြင်း

Creatinineကိုကိုယ်ခန္ဓါကနေရှင်းထုတ်နှုန်းတမိနစ် ၅၀ မီလီလီတာအောက်နည်းသူတွေမှာမသုံးစွဲသင့်ပါဘူး။

ကလေးတွေအတွက် Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများအိပ်မပျော်ခြင်းအတွက်

အိပ်ဆေး။ ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၅၀ မီလီဂရမ်နှင့် အိပ်ရာဝင်ချိန်သောက်ရန်။

အမြင့်ဆုံးပမာဏ။ ၁ဂရမ်

စစုပေါင်းအမြင့်ဆုံး။ တနှစ်အောက်ကလေးများတရက်လျှင် ၁ဂရမ်၊ ကလေးငယ်များတရက်လျှင် ၂ဂရမ်

ကလေးများအတွက် စိတ်ငြိမ်ဆေးအနေဖြင့်

ခွဲစိတ်ခြင်းလိုကုသမှုတခုခုမတိုင်မီမွေးကင်းစကလေးများကိုသောက်ဆေး (သို့) စအိုမှသွင်းတဲ့ ဆေးတောင့်အနေနဲ့ ပေးပါတယ်။ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၂၅မီလီဂရမ် ဖြစ်ပါတယ်။ မကြာခဏသုံးစွဲမယ်ဆိုရင် သတိပြု သုံးစွဲဖို့လိုပါတယ်။ chloral hydrate ကိုကိုယ်အလေးချိန်တစ်ကီလိုမှာ ၄၀-၅၀ မီလီဂရမ်နှုန်းနဲ့ ၆နာရီခြားတိုင်း သုံးစွဲတဲ့အခါ လမစေ့သေးတဲ့ မွေးကင်းစကလေးမှာသုံးစွဲပြီး ၃ရက်အကြာ၊ နေ့စေ့လစေ့ကလေးမှာသုံးစွဲပြီး ၇ရက်အကြာမှာ အဆိပ်အတောက်ဓါတ် ဖြစ်လာတတ်ပါတယ်။

စိတ်ငြိမ်ဆေးအနေနဲ့ တရက်ကိုကိုယ်အလေးချိန်တစ်ကီလိုမှာ ၂၅-၅၀ မီလီဂရမ်နှုန်းနဲ့ ၆-၈နာရီကြာတိုင်း ပေးပါတယ်။ အများဆုံးပမာဏဟာ ၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ EEG မရိုက်ခင်မှာကိုယ်အလေးချိန်တစ်ကီလိုမှာ ၂၅-၅၀ မီလီဂရမ်နှုန်းနဲ့ နာရီဝက်-တနာရီခန့် ကြိုပေးပါတယ်။ ကိုယ်အလေးချိန်တစ်ကီလိုမှာ ၁၀၀ မီလီဂရမ် (သို့) စုစုပေါင်းကလေးငယ်တွေမှာ၁ဂရမ်၊ ကလေးတွေမှာ ၂ဂရမ်မကျော်စေဘဲ နာရီဝက်နေရင် ထပ်ပေးနိုင်ပါတယ်။

နာကျင်မှုမဖြစ်စေတဲ့ ကုသမှုအစီအစဉ်တွေအတွက် ကိုယ်အလေးချိန်တစ်ကီလိုမှာ ၅၀-၇၅ မီလီဂရမ်နှုန်းနဲ့ နာရီဝက်-တနာရီခန့် ကြိုပေးပါတယ်။ ကိုယ်အလေးချိန် တစ်ကီလိုမှာ ၁၂၀ မီလီဂရမ် (သို့) စုစုပေါင်းကလေးငယ်တွေမှာ ၁ဂရမ်၊ ကလေးတွေမှာ ၂ဂရမ်မကျော်စေဘဲ နာရီဝက်နေရင် ထပ်ပေးနိုင်ပါတယ်။

Chloral Hydrate (ကလိုရယ်လ် ဟိုက်ဒရိတ်) ကိုဘယ်လိုရရှိနိုင်သလဲ

Chloral hydrate ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Chloral hydrate ဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement