Cetirizine (စီထရစ်ဇင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 4 mins read
Share now

အသုံးပြုပုံများ

Cetirizine (စီထရစ်ဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Cetirizine စီထရစ်ဇင်း ဆိုတာ အုပ်စုဝင်ဆေးတစ်မျိုးဖြစ်ပြီး ဓါတ်မတည့်ခြင်းကြောင့်ရတဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

မျက်ရည်ထွက်ခြင်း၊ နှာရည်ကျခြင်း၊ မျက်လုံးနှာခေါင်းယားယံခြင်း၊ နှာချေခြင်း၊ အင်ပြင်များထခြင်း၊ ယားယံခြင်းတို့ဖြစ်တယ်။ ခန္ဓါကိုယ်အတွင်းမှ ဓါတ်မတည့်ခြင်းဖြစ်ပေါ်လျှင် ထုတ်လုပ်တတ်သော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည့် ထွက်ခြင်းကိုတားဆီးပေးတယ်။

Cetirizine ဟာ အင်ပြင်ကို မကာကွယ်နိုင်သလို တခြားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေကိုလည်း ကုသဖို့မစွမ်းနိုင်တဲ့အတွက် တကယ်လို့ Ephinephrine ကိုဆရာဝန်ကညွှန်းပါက ထို Ephinephrine ထိုးဆေးကို ကိုယ်နဲ့မကွာဆောင်သွားဖို့ လိုပါလိမ့်မယ်။ Cetirizine အစားသုံးလို့မရနိုင်ပါဘူး။

Cetirizine (စီထရစ်ဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

တကယ်လို့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဖာသာဆေးဆိုင်ကနေဝယ်ပြီး အသုံးပြုတာဆိုရင် ရေးထားတဲ့အညွှန်းတွေကို သေချာဖတ်ပြီးမှသုံးပါ။ သိလိုသည်ရှိပါက ဆေးပေးသူကိုမေးပါ။ တကယ်လို့ ဆရာဝန်ညွှန်းတာဆိုလျှင်တော့ ညွှန်းသည့်အတိုင်း အတိအကျသုံးပါ၊ များသောအားဖြင့် တစ်ရက်တစ်ကြိမ် ဖြစ်တတ်ပါတယ်။

ဝါးစားလို့ရတဲ့ဆေးပြားတွေသုံးတာဆိုရင် ဝါးစားပြီးမျိုချပါ။ အလွယ်တကူပျော်လွယ်သော ဆေးပြားများဆိုရင် လျှာပေါ်မှာအရည်ပျော်စေပြီးမှမျိုချပါ။ ဆေးရည်ဆိုပါက ပမာဏအတိအကျကို တိုင်းတာသည့်ခွက်၊ ဇွန်းတို့နဲ့ ချိန်တွယ်ပြီးမှသောက်ပါ၊ ပမာဏတွေလွဲနိုင်တာကြောင့် အိမ်သုံးဇွန်းမသုံးုပါနဲ့။

အသက်၊ ကျန်းမာရေးအခြေအနေ၊ ကုသမှုအပေါ်တုံ့ပြန်ခြင်း တို့အပေါ်ပမာဏမူတည်နိုင်ပါတယ်။ ညွှန်းတာထက်ပို၊ လျော့ မသောက်ပါနဲ့။

ဓါတ်မတည့်ခြင်းလက္ခဏာတွေ မသက်သာပါက ဆရာဝန်ကိုပြန်ပြောပါ။ ကုသမှုပြီးသုံးရက်ကြာသည်ထိ အင်ပြင်များမသက်သာပါက၊ သို့ ခြောက်ပတ်ထက်ပိုကြာနေပါက ဆရာဝန်ကိုပြန်ပြောပါ။ လက္ခဏာတွေပိုဆိုးလာပါက ဆရာဝန်ဆီပြန်သွားပါ။

Cetirizine (စီထရစ်ဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။

ဆေးတွေကိုအိမ်သာထဲသွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cetirizine (စီထရစ်ဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Cetirizine နဲ့ဆေးမတည့်ခြင်းရှိပါက မသုံးပါနဲ့။

ဆေးမသောက်ခင် ကျန်းမာရေးအခြေအနေအားလုံးကို ပြောပြပါ။

အသက်ကြီးသူတွေက ပုံမှန်ပမာဏထက်လျော့သောက်သင့်ပါတယ်။ ညွှန်ကြားသည့်အတိုင်းလိုက်နာပါ။

တကယ်လို့ပုံမှန်စွဲသောက်နေသည့် အိပ်ငိုက်စေသောဆေးများရှိပါက ဆရာဝန်ကိုပြောပြပါ။ (ဥပမာ- အအေးမိခြင်း၊ ဓါတ်မတည့်ခြင်းအတွက် ဆေးများ၊ အနာပျောက်ခြင်း၊ အိပ်ဆေး၊ အတက်ကျဆေး၊ စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ)။ Cetirizine ကြောင့် ပိုအိပ်စေနိုင်တာကြောင့်ပါ။

Cetirizine က သင့်တွေးခေါ်ခြင်း၊ တုံ့ပြန်ခြင်းတွေအပေါ် ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ ဒါကြောင့် နိုးကြားနေရမည့်အလုပ်မျိုး ဥပမာ- ကားမောင်းခြင်း၊ အတွက်သတိထားပါ။ အရက်မသောက်ရပါ။ အရက်သောက်ခြင်းက ရဲ့ဘေးထွက်ဆိုးကျိုးတွေကို တိုးစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cetirizine (စီထရစ်ဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့ ပတ်သတ်ပြီး သေချာလေ့လာထားတာမျိုးတော့မရှိသေးပါဘူး။ ဒါကြောင့် ရနိုင်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ချိန်ဆကြည့်နိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာအရင်တိုင်ပင်ပါ။

FDA အရတော့ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်ရှိနိုင်တဲ့ဆေးအမျိုးအစားမှာ B အနေနဲ့ရှိနေပါတယ်။

FDA မှထုတ်ပြန်ထားသော ဆေးစာရင်းကအောက်ပါအတိုင်းဖြစ်တယ်-

A-အန္တရာယ်မရှိပါ

B-တချို့လေ့လာမှုတွေမှာအန္တရာယ်မရှိပါ

C-အန္တရာယ်အနည်းငယ်ရှိနိုင်သည်

D-အန္တရာယ်ရှိသည်ဟုသက်သေရှိသည်

X-လုံးဝမမှီဝဲသင့်ပါ

N-အခြေအနေမသိသေးပါ

ဘေးထွက်ဆိုးကျိုးများ

Cetirizine (စီထရစ်ဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တကယ်လို့ ဆေးမတည့်မှုလက္ခဏာများ- အင်ပြင်များပေါ်လာခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ၊ လည်ချောင်းများ ရောင်ရမ်းလာခြင်း- တို့ဖြစ်ပါက ချက်ခြင်းဆေးရုံသွားပါ။

အောက်ပါလက္ခဏာတွေဖြစ်လာပါကလည်း ဆရာဝန်ဆီချက်ခြင်းသွားပါ-

  • နှလုံးခုန်မြန်ခြင်း
  • အားနည်းခြင်း၊ တုန်ယင်ခြင်း၊ အိပ်စက်ခြင်းပြနာများ (အိပ်မပျော်ခြင်း)
  • ဂနာမငြိမ်ဖြစ်ခြင်း
  • ရှုပ်ထွေးခြင်း
  • အမြင်အာရုံပြနာများရှိခြင်း
  • ဆီးနည်းခြင်း၊ မသွားခြင်း

သိပ်မပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေကတော့-

  • မူးဝေခြင်း၊ မှိန်းခြင်း
  • ပင်ပန်းခြင်း
  • အာခြောက်ခြင်း
  • လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း
  • ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း
  • ခေါင်းကိုက်ခြင်း

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Cetirizine (စီထရစ်ဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ Cetirizine ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါဟာဆေးအလုပ်လုပ်ပုံကိုပြောင်းလဲစေတာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေတာမျိုး ဖြစ်စေကောင်းဖြစ်စေပါလိမ့်မယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် ဆေးပေးသူကိုပြောပြရပါမယ်။ ဘေးကင်းဖို့အတွက် ဆရာဝန်ညွှန်ပြချက်မရှိဘဲ ဆေးတွေရပ်လိုက်တာ၊ ပြောင်းလိုက်တာမျိုးမလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Cetirizine (စီထရစ်ဇင်း) နဲ့ ဓါတ်ပြုနိုင်သလား

Cetirizine ဟာ အစားအစာတချို့၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Cetirizine (စီထရစ်ဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတချို့ကို ပိုဆိုးကောင်းဆိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအားလုံးကို ဆရာဝန်ကိုပြောပြသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Cetirizine (စီထရစ်ဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Adults and Children 12 Years and Older: The recommended initial dose of ZYRTEC (cetirizine) is 5 mg or 10 mg per day in adults and children 12 years and older, depending on symptom severity. Most patients in clinical trials started at 10 mg. ZYRTEC (cetirizine) is given as a single daily dose. The time of administration may be varied to suit individual patient needs.

ကလေးတွေအတွက် Cetirizine (စီထရစ်ဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Children 6 to 11 Years: The recommended initial dose of ZYRTEC (cetirizine) in children aged 6 to 11 years is 5 mg or 10 mg once daily depending on symptom severity. The time of administration may be varied to suit individual patient needs.

Children 2 to 5 Years: The recommended initial dose of ZYRTEC (cetirizine) in children aged 2 to 5 years is 2.5 mg (½ teaspoon) syrup once daily. The dosage in this age group can be increased to a maximum dose of 5 mg per day given as 1 teaspoon syrup once a day or one ½ teaspoon syrup given every 12 hours, or one 5 mg chewable tablet once a day.

Children 6 months to <2 years: The recommended dose of ZYRTEC (cetirizine) syrup in children 6 months to 23 months of age is 2.5 mg (½ teaspoon) once daily. The dose in children 12 to 23 months of age can be increased to a maximum dose of 5 mg per day, given as ½ teaspoon (2.5 mg) every 12 hours. Syrup is recommended for children under the age of 2 years

Cetirizine (စီထရစ်ဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

သောက်ဆေးပြား-10mg

ဆေးရည်-1mg/ml.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

ဟော်မုန်း ခေါင်းကိုက်ခြင်း အမျိုးသမီး မျိုးရိုးဗီဇ ရောဂါ ကိုယ်ဝန်ဆောင် သွေးဆုံး ရာသီလာ တားဆေး ကလေးမွေး ဓမ္မတာလာ အိပ်ချိန် အရက် စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

ပုံမှန် အိပ်စက်ချိန်စံနှုန်းဟာ ၈နာရီပဲ ရှိပါတယ်။ ဒီထက်ပိုရင်တော့ Oversleep ဖြစ်တယ်၊ ပိုအိပ်မိတယ်လို့ ဆိုနိုင်ပါတယ်။ အိပ်စက်ခြင်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

စွမ်းအားဖြည့်အချိုရည် (Energy Drinks) တွေ မသောက်ရမနေနိုင်ဖြစ်နေသလား

စွမ်းအားဖြည့်အချိုရည်တွေကို မသောက်ရမနေနိုင်ဖြစ်သွားရင် ချက်ချင်းဖြတ်ဖို့တော့ ခက်ပါတယ်။ စွမ်းအားဖြည့်အချိုရည်များဟာ အက်ဆစ်ဓာတ်ကဲတဲ့ အရည်မျိုးဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Coenzyme Q10 အကြောင်း သိသင့်သမျှ

CoQ10 ဟာ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေထဲမှာ စွမ်းအင်ထုတ်လုပ်ပေးတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်။ Coenzyme Q10 ကို CoQ10 လို့လည်း အတိုကောက်ခေါ်ဝေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 3 mins read
COVID-19 ရဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်သလဲ။

COVID-19 ကြောင့် အသက်အန္တရာယ်အပြင်ဘာတွေဖြစ်နိုင်သေးလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 8, 2020 . 2 mins read