backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ceftriaxone (စဖ်ထရီရာဇုံး)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ceftriaxone (စဖ်ထရီရာဇုံး) ကို ဘာအတွက်အသုံးပြုကြသလဲ

Ceftriaxone(စဖ်ထရီရာဇုံး) ကို ဘတ်တီးရီးယားရောဂါပိုးဝင်ခြင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးလေ့ရှိပါတယ်။ cephalosporine လို့ခေါ်တဲ့ ပဋိဇီဝဆေးအုပ်စုထဲပါပြီး၊ ဘတ်တီးရီးယားတွေ ကြီးူထွားမှုကို ရပ်တန့်စေခြင်းဖြင့် အာနိသင်ပေးတယ်။

Ceftriaxone ကဲ့သို့ ပဋိဇီဝဆေးတွေဟာ အအေးမိခြင်း၊ တုပ်ကွေးဖျားခြင်းတွေလို ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်းအတွက် အာနိသင်မရှိပါဘူး။ မလိုအပ်ဘဲ သောက်တဲ့အခါ အမှန်တကယ်လိုအပ်တဲ့အခါ ဆေးယဉ်ပါးသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်မှသာသောက်သင့်ပါတယ်။

Ceftriaxone ကို နှလုံးပြဿနာရှိသူ (ဥပမာ- အဆို့ရှင်လဲထားရသူကဲ့သို့) တွေမှာ သွားဆိုင်ရာတစ်ခုခုမလုပ်ဆောင်ခင်လည်း သုံးလေ့ရှိပါတယ်။ နှလုံးရောဂါပိုးဝင်မှာကို ကာကွယ်ရန်ဖြစ်တယ်။ (ဘတ်တီးရီးယားကြောင့် နှလုံးအမြှေးရောင်ခြင်း ကဲ့သို့)

Ceftriaxone (စဖ်ထရီရာဇုံး) ဘယ်လိုသောက်သုံးသင့်သလဲ

အသားဆေး သို့မဟုတ် အကြောဆေးထိုးပါလိမ့်မယ်။ ပမာဏက ရောဂါအခြေအနေနဲ့ ကုသမှုအပေါ်တုံ့ပြန်မှုပေါ် မူတည်ပါလိမ့်မယ်။

အိမ်မှာသုံးဖို့ပေးတဲ့အခါ အညွှန်းကိုသေချာမှတ်ထားပါ။

လက္ခဏာတွေပျောက်သွားရင်တောင်မှ ညွှန်းဆိုထားတဲ့အချိန်ပြည့် ဆက်လက်သောက်ပါ။ ဆေးစောစီးစွာရပ်ခြင်းဟာ ဘတ်တီးရီးယားတွေကို ဆက်လက်ကြီးထွားစေတဲ့အတွက် ရောဂါပြန်ဖြစ်နိုင်ပါတယ်။

ရောဂါအခြေအနေပိုဆိုးလာရင်၊ ဒါမှမဟုတ် မသက်သာရင် ဆရာဝန်ကိုပြန်ပြောပါ။

Ceftriaxone (စဖ်ထရီရာဇုံး) ဘယ်လိုသိမ်းဆည်းရမလဲ

တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။

ဆေးတွေကိုအိမ်သာထဲသွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ceftriaxone (စဖ်ထရီရာဇုံး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Ceftriaxone နဲ့ဆေးမတည့်ပါက သို့မဟုတ် Cephalosporin အုပ်စုဝင် ပဋိဇီဝဆေးနဲ့ ဓါတ်မတည့်ပါက မသောက်ပါနဲ့။

Cephalosporin အုပ်စုဝင်တွေကတော့-

cefaclor (Raniclor); cefadroxil (Duricef); cefazolin (Ancef); cefdinir Omnicef); cefditoren (Spectracef); cefpodoxime (Vantin); cefprozil (Cefzil); ceftibuten (Cedax); cefuroxime (Ceftin); cephalexin (Keflex); cephradine (Velosef).

အောက်ပါအခြေအနေများရှိပါကလည်း ဆရာဝန်ကိုပြောပြပါ။

• ကျောက်ကပ်ရောဂါ (ကျောက်ကပ်ဆေးနေရပါက)

• အသည်းရောဂါ

• ဆီးချို၊ သွေးချိုရောဂါ

• ဆီးအိတ်ရောဂါ

• အစာအိမ်၊ အူရောဂါ (အူရောင်)

• အာဟာရမပြည့်ဝပါက

• ပန်နဆလင်ဓါတ်မတည့်ပါက

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ceftriaxone (စဖ်ထရီရာဇုံး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့ ပတ်သတ်ပြီး သေချာလေ့လာထားတာမျိုးတော့မရှိသေးပါဘူး။ ဒါကြောင့် ရနိုင်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ချိန်ဆကြည့်နိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာအရင်တိုင်ပင်ပါ။ FDA အရတော့ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်ရှိနိုင်တဲ့ဆေးအမျိုးအစားမှာ B အနေနဲ့ရှိနေပါတယ်။

FDA မှထုတ်ပြန်ထားသော ဆေးစာရင်းကအောက်ပါအတိုင်းဖြစ်တယ်-

A-အန္တရာယ်မရှိပါ

B-တချို့လေ့လာမှုတွေမှာအန္တရာယ်မရှိပါ

C-အန္တရာယ်အနည်းငယ်ရှိနိုင်သည်

D-အန္တရာယ်ရှိသည်ဟုသက်သေရှိသည်

X-လုံးဝမမှီဝဲသင့်ပါ

N-အခြေအနေမသိသေးပါ

ဘေးထွက်ဆိုးကျိုးများ

Ceftriaxone (စဖ်ထရီရာဇုံး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တကယ်လို့ ဆေးမတည့်မှုလက္ခဏာများ- အင်ပြင်များပေါ်လာခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ၊ လည်ချောင်းများ ရောင်ရမ်းလာခြင်း- တို့ဖြစ်ပါက ချက်ခြင်းဆေးရုံသွားပါ။

အောက်ပါလက္ခဏာတွေဖြစ်လာပါကလည်း ဆရာဝန်ကိုပြန်ပြောပါ-

• ဝမ်းလျှောခြင်း (အရည်များ သို့မဟုတ် သွေးများသွားပါက)

• ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အကျိတ်များထွက်ခြင်း၊ ယားဖုများပေါ်ခြင်း၊ အဆစ်နာခြင်း၊ အလွန်အမင်းနေထိုင်မကောင်းခြင်း

• ပါးစပ်၊ နှုတ်ခမ်းတို့မှာ အဖြူရောင်အကွက်များ၊ အနာများပေါ်ခြင်း

• ပုံမှန်မဟုတ်သွေးယိုခြင်း (နှာခေါင်း၊ ပါးစပ်၊ မိန်းမကိုယ်၊ စအို) အရေပြားတွင် အနီရောင်၊ ခရမ်းရောင်အစက်များပေါ်ခြင်း

• ယားဖုများပေါ်ခြင်း၊ အညိုအမည်းစွဲခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ နာကျင်ခြင်း၊ ကြွက်သားများအားနည်းခြင်း

• တက်ခြင်း

• ဆီးနည်းခြင်း၊ မသွားခြင်း

• အသားရောင်ဖြူဖျော့ခြင်း၊ ဝါခြင်း၊ ဆီးအရောင်ညစ်ခြင်း၊ ရှုပ်ထွေးခြင်း၊ အားနည်ခြင်း

• ရောင်ခြင်း၊ နာခြင်း၊ ဆေးထိုးနေရာမှ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

• ဝမ်းအရောင်ဖျော့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ ရင်ပူခြင်း၊ လေပွကာ ဗိုက်ဖောင်းနေခြင်း၊ အစာအိမ်အောင့်ခြင်း

အရေပြားမှပြင်းထန်စွာတုံ့ပြန်မှုများရှိခြင်း- ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာ လျှာများရောင်ရမ်းခြင်း၊ မျက်လုံးများပူစပ်ခြင်း၊ အသားများနာခြင်း၊ အရေပြားပေါ်တွင် အနီရောင် ခရမ်းရောင်အစက်များ ပျံ့နှံ့ခြင်း (အထူးသဖြင့် မျက်နှာနှင့် ခန္ဓါကိုယ်အပေါ်ပိုင်း) အရည်ကြည်ဖုများပေါက်ခြင်း၊ အရည်ခွံများလန်ခြင်း

သိပ်မပြင်းထန်သော ဘေးထွက်ဆုးကျိုးလက္ခဏာများကတော့-

• ဆေးထိုးရာနေရာ ဖုဖောင်းလာခြင်း

• ပျို့ခြင်း၊ အန်ခြင်း

• ခေါင်းကိုက်ခြင်း၊ မူးခြင်း

• လျှာရောင်ခြင်း၊ နာခြင်း

• ချွေးထွက်ခြင်း

• မိန်းမကိုယ်ယားခြင်း၊ အရည်ဆင်းခြင်း

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ceftriaxone (စဖ်ထရီရာဇုံး) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါဟာဆေးအလုပ်လုပ်ပုံကိုပြောင်းလဲစေတာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေတာမျိုး ဖြစ်စေကောင်းဖြစ်စေပါလိမ့်မယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် ဆေးပေးသူကိုပြောပြရပါမယ်။ ဘေးကင်းဖို့အတွက် ဆရာဝန်ညွှန်ပြချက်မရှိဘဲ ဆေးတွေရပ်လိုက်တာ၊ ပြောင်းလိုက်တာမျိုးမလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးတွေနဲ့တော့ တူတူတွဲမသုံးသင့်ပါဘူး။ တကယ်လို့ သင်ကဒီဆေးတွေထဲကတစ်မျိုးမျိုးသုံးနေရရင်၊ နှစ်မျိုးစလုံးကလည်း လိုအပ်နေရင်၊ ဆရာဝန်က တခြားဆေးတစ်မျိုးမျိုးပြောင်းတာဖြစ်ဖြစ်၊ သောက်ရမယ့်အကြိမ်ရေချိန်ဆပေးတာဖြစ်ဖြစ် ညွှန်ပါလိမ့်မယ်။

Calcium Acetate, Calcium Chloride, Calcium Gluceptate, Calcium Gluconate, Lactated Ringer’s Solution, Ringer’s Solution.

အောက်ဖော်ပြပါဆေးတွေနဲ့ Carbamazepine ကိုတူတူတွဲမသုံးရပါဘူး။ တကယ်လို ဆေးနှစ်မျိုးစလုံးညွှန်းရင် ဆေးပမာဏပြောင်းလဲတာဖြစ်ဖြစ်၊ ဘယ်နှစ်ကြိမ် ဘယ်လိုသောက်သင့်တယ်ဆိုတာ ပြောပြပါလိမ့်မယ်။

Warfarin

အစားအသောက်တွေနဲ့ အရက်က Ceftriaxone (စဖ်ထရီရာဇုံး) နဲ့ ဓါတ်ပြုနိုင်သလား

Ceftriaxone ဟာ အစားအစာတချို့၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ceftriaxone (စဖ်ထရီရာဇုံး) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတချို့ကို ပိုဆိုးကောင်းဆိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအားလုံးကို ဆရာဝန်ကိုပြောပြသင့်ပါတယ်။ အထူးသဖြင့်-

• သွေးအားနည်းရောဂါ

• ဝမ်းလျှောခြင်း

• ဆီးအိတ်ရောဂါများ

• မုတ်ချိုအိတ်ရောင်ခြင်း

• အစာအိမ်၊ အူ ရောဂါများ (အူရောင်ခြင်း) – အခြေအနေပိုဆိုးနိုင်တာကြောင့် သတိနဲ့သောက်ပါ။

• သွေးတွင်း များခြင်း – အသက် ၂၈ ရက်ထက်ငယ်သော ကလေးငယ်များနှင့် ထိုကဲ့သို့အခြေအနေရှိသော လမစေ့ကလေးများတွင် မသုံးသင့်ပါ

• ကျောက်ကပ်ရောဂါ

• အသည်းရောဂါ- ဆေးဖယ်ပစ်နိုင်ချိန် ကြာသွားတာကြောင့် ဆေးအာနိသင်ပိုတိုးလာနိုတာကြောင့် သတိနဲ့သောက်ပါ။

• အာဟာရမပြည့်ဝသောအခြေအနေ- ကြောင့် အခြေအနေပိုဆိုးနိုင်ပြီး၊ ဗီတာမင်-ကေ သောက်ပေးရန်လိုပါလိမ့်မယ်

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ceftriaxone (စဖ်ထရီရာဇုံး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။

ဘတ်တီးရီးယားရောဂါများအတွက်

အကြောဆေး သို့မဟုတ် အသားဆေး 1 to 2 g ၊ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ပမာဏကွာခြားပါလိမ့်မယ်။

Staphylococcus aureus ကြောင့်ဖြစ်သော ရောဂါများ- 2 to 4 g

တစ်ရက်လျှင် 4 g ထက်မပိုရပါ။

သွေးတွင်းဘတ်တီးရီးယားပျံ့မှုအခြေအနေအတွက်-

အကြောဆေး တစ်ရက်2 g ၊ ၁၄ ရက်။ ရောဂါအခြေအနေပေါ် မူတည်ပြီးပမာဏပြောင်းပါလိမ့်မယ်။

Chancroid ရောဂါအတွက်-

အသားဆေး တစ်လုံး250 mg

ရောဂါဖြစ်စေသောပိုးမှာ Haemophilus ducreyi.

ဖြစ်တယ်။

HIV ဝေဒနာရှင်များမှာ အချိန်ကြာကြာကုဖို့လိုပြီး လူနာကနောက်အကြိမ်တွေ ပြန်လာနိုင်မှသာ Ceftriaxone ပေးသင့်ပါတယ။်

တကယ်လို့ စစ်ဆေးမှု negative ဖြစ်လျှင်တောင်မှ နောက်သုံးလအကြာမှာ ကာလသားရောဂါနှင့် HIV အတွက် ထပ်စစ်သင့်ပါတယ်။

လူနာနှင့်ကာမဆက်ဆံသူပါ စစ်ဆေးကြည့်သင့်တယ်။

မျက်သားရောင်ခြင်း-

အသားဆေးတစ်ကြိမ်1 g

chlamydial ရောဂါအတွက်တော့ azithromycin တစ်ကြိမ် သို့မဟုတ် ကိုယ်ဝန်မရှိပါက Doxycycline ကုသမှု ၇ ရက် ပေးသင့်ပါတယ်။

လူနာရဲ့ကာမဆက်ဆံသူပါ ရောဂါလိုက်စစ်ကြည့်သင့်ပါတယ်။

Epididymis ရောင်ခြင်းအတွက်- (လိင်ဆက်ဆံမှုမှကူးနိုင်ပါတယ်)

Gonococcal ပိုးကြောင့်ဖြစ်သော Epididymis ရောင်ခြင်း- အသားဆေး တစ်ကြိမ်250 mg

Doxycycline 100 mg twice သောက်ဆေး တစ်ရက် နှစ်ကြိမ် ၁၀ ရက်ပေးသင့်ပါတယ်.။

လူနာရဲ့ကာမဆက်ဆံသူပါ ရောဂါလိုက်စစ်ကြည့်သင့်ပါတယ်။

အသံအိုးဖုံးရောင်ခြင်း

အကြောဆေး 2 g ၇ ရက်မှ ၁၀ ရက်၊ ရောဂါအခြေအနေပေါ်မူတည်နိုင်ပါတယ်။

အထက်လန်အောက်လျှောရောဂါ-

တစ်ရက်လျှင် အကြောဆေး 2 g

ခုခံအားကျဆင်းသူများတွင် ၇ ရက်မှ ၁၀ ရက်အထိ။

ကလေးတွေအတွက် Ceftriaxone (စဖ်ထရီရာဇုံး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဘတ်တီးရီးယားရောဂါအတွက်-

တစ်ပတ်ထက်ငယ်သောကလေး- တစ်ရက် 50 mg/kg အကြောဆေး သို့မဟုတ် အသားဆေး

တစ်ပတ်မှလေးပတ်အထိ 2000 g နှင့်အောက်- တစ်ရက် 50 mg/kg အကြောဆေး သို့မဟုတ် အသားဆေး

တစ်ပတ်မှလေးပတ် 2000 g ထက်များသူ- တစ်ရက် 50 to 75 mg/kg IV အကြောဆေး သို့မဟုတ် အသားဆေး

တစ်လနှင့်အထက်

ရောဂါပြင်းပါက- အကြောဆေး50 to 75 mg/kg

အသက်အန္တရာယ်ရှိပါက- အကြောဆေး80 to 100 mg/kg

ဦးနှောက်အမြှေးရောင်ခြင်း-

လေးပတ်သားထိ- တစ်ရက်50 to 75 mg/kg

တစ်လသားအထက်-အကြောဆေး100 mg/kg

ရောဂါအတွက်-

45 kg အောက် – အကြောဆေး သို့ အသားဆေး50 mg/kg/day

45 kg အထက် – အကြောဆေး သို့ အသားဆေး1 to 2 g

ဦးနှောက်အမြှေးရောင်ခြင်းကာကွယ်ရန်-

၁၅ နှစ်အောက်- အသားဆေး125 mg

၁၅ နှစ်အထက်- အသားဆေး250 mg

နှလုံးမြှေးရောင်ခြင်း

45 kg အောက် – အကြောဆေး သို့ အသားဆေး50 mg/kg/day

45 kg အထက် – အကြောဆေး သို့ အသားဆေး1 to 2 g

နှလုံးမြှေးရောင်ခြင်းကာကွယ်ရန်

ဆေးမသောက်နိုင်ပါက အကြောဆေး သို့ အသားဆေး 50 mg/kg

နားစည်ရောင်ခြင်း-

ပထမအကြိမ်- အသားဆေး50 mg/kg

ပြန်ဖြစ်လျှင်- အသားဆေး သို့ အကြောဆေး50 mg/kg သုံးရက်

Ceftriaxone (စဖ်ထရီရာဇုံး) ကိုဘယ်လိုရရှိနိုင်သလဲ

• အကြောဆေးသွင်းဆေး 20mg/ml, 40mg/ml

• အကြောဆေးထိုးဆေး 250mg, 500mg, 1g, 2g

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement