backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) ကို ဘာအတွက်အသုံးပြုကြသလဲ

Calcium Corbiere® ဟာ အာဟာရဖြည့်စွက်အားဆေး ဖြစ်ပြီး ပါရာသိုင်းရွိက်ဟော်မုန်း ပမာဏ နည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကယ်လ်ဆီယမ် ဓါတ်ချို့တဲ့မှုကို ကုသဖို့ အများဆုံး အသုံးပြုလေ့ရှိပါတယ်။

Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) ဘယ်လိုသောက်သုံးသင့်သလဲ

Calcium Corbiere® ကို သောက်ဆေးပြား၊ဆေးရည်အဖြစ် ရရှိနိုင်ပြီး အစာစားပြီးချိန်မှာ သောက်ရပါမယ်။

ဆေးပြား : ဆေးပြားကို ထက်ခြမ်းခြမ်းခြင်း၊ဝါးစားခြင်း မပြုဘဲ တပြားလုံး မြိုချရပါမယ်။ ဆေးကိုရေများများနဲ့ သောက်ရပါမယ်။

ဆေးရည် : ဆေးပမာဏကို မချိန်ဆခင်မှာ ဆေးပုလင်းကို ကောင်းစွာ လှုပ်ခါရပါမယ်။ ဆေးဗူးမှာ ပါလာတဲ့ ပမာဏတိုင်း ဆေးထိုးပြွန်၊ဇွန်း၊ခွက် စတာတွေကို အသုံးပြုပြီး ဆေးရည်ပမာဏကို ချင်တွယ်ရမှာဖြစ်ပြီး တကယ်လို့ တိုင်းတာစရာ ပစ္စည်းကိရိယာမရှိဖူးဆိုရင်တော့ ဆေးဆိုင်ကနေ တောင်းယူနိုင်ပါတယ်။ Calcium Corbiere® ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲပါ။

Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Calcium Corbiere® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Calcium Corbiere® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Calcium Corbiere® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Calcium Corbiere® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Calcium Corbiere®ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးကို အသုံးမပြုခင်မှာ အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ကြိုတင်အသိပေးထားရပါမယ်။

  • ဆီးကျောက်တည်ဖူးခြင်း။
  • သွေးထဲ သို့မဟုတ် ဆီးထဲတွင် ကယ်လ်ဆီယမ် ပမာဏ များပြားခြင်း။
  • ပါရာသိုင်းရွိုက်ဂလင်း ပြဿနာရှိခြင်း။
  • ပဋိဇီဝပိုးသတ်ဆေးများ သုံးစွဲနေခြင်း။
  • ဆေး၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း။
  • ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဒီဆေးကို ကလေးတွေမှာ အသုံးမပြုရပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေက

  • သွေးတွင်းကယ်လ်ဆီယမ်ပမာဏ များပြားခြင်း။
  • ပျို့ခြင်း၊မအီမသာဖြစ်ခြင်း။
  • ဝမ်းလျှောခြင်း။

အောက်ပါလက္ခဏာတွေ ပေါ်ပေါက်လာခဲ့ရင် ဆေးသုံးစွဲမှုကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ အမြန်ပြသပါ။

  • သွေးတွင်း ကယ်လ်ဆီယမ်ဓါတ်များပြားခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ဝမ်းချုပ်ခြင်း။
  • ရေအလွန်ငတ်ခြင်း၊ဆီးရွှင်ခြင်း။
  • ကြွက်သားအားနည်းခြင်း။
  • အရိုးများနာကျင်ခြင်း။
  • စိတ်ရှုပ်ထွေးခြင်း။
  • အားအင်ကုန်ခမ်းခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။

ပြင်းထန်သော ဓါတ်မတည့်ခြင်း လက္ခဏာများဖြစ်တဲ့ အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ၊လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း တို့ကို ခံစားရပါက အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) နဲ့ ဓါတ်ပြုနိုင်သလဲ

Calcium Corbiere®ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) နဲ့ ဓါတ်ပြုနိုင်သလား

Calcium Corbiere® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) နဲ့ ဓါတ်ပြုနိုင်သလဲ

Calcium Corbiere® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားတဲ့ ပမာဏက တနေ့ကို ဆေးရည် tube တတောင့် သို့မဟုတ် နှစ်တောင့် သုံးစွဲနိုင်ပါတယ်။

သတ်မှတ်ထားတဲ့ ပမာဏက တနေ့ကို ဆေးပြား တပြားကနေ သုံးပြားအထိ (၅၀၀ မီလီဂရမ်) သုံးစွဲနိုင်ပါတယ် သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲနိုင်ပါတယ်။

တနေ့ကို အများဆုံး သုံးစွဲနိုင်တဲ့ ပမာဏက ဆေးပြား ၁၆ပြား ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် တနေ့ကို အများဆုံး သုံးစွဲနိုင်တဲ့ ပမာဏက ဆေးပြား ၇ ပြား ဖြစ်ပါတယ်။

ကလေးတွေအတွက် Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားတဲ့ ပမာဏကတော့ မနက်ခင်းမှာ ဆေးရည် tube တတောင့် သောက်ရပါမယ်။

Calcium Corbiere (ကယ်လ်ဆီယမ် ကောဘီးရား) ကိုဘယ်လိုရရှိနိုင်သလဲ

Calcium Corbiere® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • သောက်ဆေးရည် ၅ စီစီ။
  • သောက်ဆေးပြား။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Calcium Corbiere® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement