Calcibronat (ကယ်စီဘရိုနက်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 1 ဖတ်ရန် ကြာချိန်
Share now

အသုံးပြုပုံများ

Calcibronat (ကယ်စီဘရိုနက်) ကို ဘာအတွက်အသုံးပြုကြသလဲ

CALCIBRONAT ကို (မပြင်းထန်သော) အိပ်မပျော်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း နှင့် စိုးရိမ်ပူပန်ခြင်းတို့အတွက် အများဆုံးအသုံးပြုကြသည်။

Calcibronat (ကယ်စီဘရိုနက်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပြားကို ရေဖန်ခွက်တဝက်ခန့်တွင် ပျော်ဝင်စေပြီး အားလုံးကို သောက်ချပါ။ ဆေးပြားကို ဝါးမစားပါနှင့်၊မချိုးပစ်ပါနှင့်။

Calcibronat (ကယ်စီဘရိုနက်) ဘယ်လိုသိမ်းဆည်းရမလဲ

CALCIBRONAT ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ CALCIBRONAT ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

CALCIBRONAT ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

CALCIBRONAT ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Calcibronat (ကယ်စီဘရိုနက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်ခင်မှာ အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိလျှင်၊ကလေးနို့တိုက်နေလျှင် ဆရာဝန်ကို ကြိုပြောပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေစဉ်ကာလတွင် ဆရာဝန်ညွှန်ကြားအတည်ပြုသော ဆေးများကိုသာ သုံးစွဲသင့်တောကြောင့် ဖြစ်ပါသည်။
  • အခြားသော ဆေးများသုံးစွဲနေလျှင်။(ဥပမာ သဘာဝသစ်ဥသစ်ဖုမှ ထုတ်လုပ်ထားပြီး ဆရာဝန်ဆေးစာမပါဘဲ ဝယ်၍ရသော ဆေးများ နှင့် တိုင်းရင်းဆေးများ)။
  • Calcibronat® သို့မဟုတ် အခြားဆေးများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
  • အခြားသော ရောဂါဝေဒနာများကိုပါ ခံစားနေရလျှင်။
  • အောက်ပါအခြေအနေများရှိပါက Calcibronat® ကို မသုံးစွဲပါနှင့်။
  • ငယ်စဉ်ဆယ်ကျော်သက်အရွယ်က ဝက်ခြံအကြီးအကျယ်ပေါက်ဖူးလျှင်။
  • အသက် ၂နှစ်ခွဲအောက် ကလေးများ။

အာဟာရချို့တဲ့နေသူများ သို့မဟုတ် ရေဓါတ်ခမ်းခြောက်နေသော သက်ကြီးရွယ်အိုများ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Calcibronat (ကယ်စီဘရိုနက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Calcibronat (ကယ်စီဘရိုနက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဖြစ်လာနိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေက

  • နေ့ဖက်မှာ ငိုက်မျဉ်းနေခြင်း။
  • စိတ်တိုစိတ်ဆတ်ခြင်း။
  • နေ့ညမသိ၊ဘယ်နေရာရောက်နေမှန်းမသိတော့ခြင်း၊ကယောင်ခြောက်ခြား ဖြစ်ခြင်း။
  • စိတ်ရှုပ်ထွေးခြင်း။
  • ကယောင်ကတမ်းဖြစ်ခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ဝမ်းချုပ်ခြင်း။
  • အရေပြားပြဿနာများ (ဥပမာ အနီစက်များထွက်ခြင်း၊ယားယံခြင်း) —-> အလွန်ဖြစ်ခဲပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Calcibronat (ကယ်စီဘရိုနက်) နဲ့ ဓါတ်ပြုနိုင်သလဲ

CALCIBRONAT ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Calcibronat (ကယ်စီဘရိုနက်) နဲ့ ဓါတ်ပြုနိုင်သလား

CALCIBRONAT က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Calcibronat (ကယ်စီဘရိုနက်) နဲ့ ဓါတ်ပြုနိုင်သလဲ

CALCIBRONAT ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ဆီးချို။
  • သကြားဓါတ်နည်းတဲ့ အစာတွေကို စားနေရခြင်း။
  • သွေးတွင်းကယ်လ်ဆီယမ်ဓါတ်များခြင်း။
  • ကယ်လ်ဆီယမ်ကျောက်တည်ခြင်း။
  • ဆီးတွင်းကယ်လ်ဆီယမ်ဓါတ်များခြင်း။
  • ကယ်လ်ဆီယမ်ဓါတ်များ အလွန်အကျွံအနည်ကျသဖြင့် ကျောက်ကပ်မာခဲလာခြင်း။
  • နာတာရှည်ကျောက်ကပ်ရောဂါတမျိုး ဖြစ်ပွားခြင်း။

သကြားဓါတ်များကို ခန္ဓါကိုယ်မှ ကောင်းစွာ မစုပ်ယူနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Calcibronat (ကယ်စီဘရိုနက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများ သို့မဟုတ် ကိုယ်အလေးချိန် ၃၀ကီလိုဂရမ်ကျော်သော ကလေးများ အတွက် သင့်တော်ပါသည်။ ရေတွင်ပျော်ဝင်နိုင်သော ဆေးပြား ၁-၂ ပြားခန့်ကို နေ့စဉ်သောက်နိုင်သည်။ အဆိုပါ ပမာဏထက်ပို၍ မသောက်သင့်ပါ။

ကလေးတွေအတွက် Calcibronat (ကယ်စီဘရိုနက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကိုယ်အလေးချိန် ၃၀ ကီလိုဂရမ်ထက်ပိုသော ကလေးများအတွက် တနေ့လျှင် ဆေးတပြား သောက်နိုင်ပါသည်။

Calcibronat (ကယ်စီဘရိုနက်) ကိုဘယ်လိုရရှိနိုင်သလဲ

CALCIBRONAT ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား – ၂ ဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

CALCIBRONAT ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။

ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သာမာန် စိတ်ဓာတ်ကျ ခြင်းနှင့် စိတ်ကျရောဂါ ဝေဒနာ

စိတ်ဓာတ်ကျ စိတ်ကျရောဂါ လေ့ကျင့်ခန်း သတ်သေချင်တဲ့စိတ် မကောင်းမြင်စိတ် အာရုံမစိုက်နိုင် အပြစ်ရှိတဲ့စိတ် မျှော်လင့်ချက်မရှိ အရက်စွဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကျန်းမာရေးအရ တရားထိုင်ဖို့ ဘယ်အချိန်က အသင့်လျော်ဆုံးလဲ

ကျန်းမာရေး တရားထိုင် လေ့ကျင့်ခန်း စိတ်ကျန်းမာရေး ယောဂ စိုးရိမ်ပူပန်ခြင်း စိတ်ရောဂါ အကောင်းမြင်စိတ် ကြွက်သား အိပ်ပျော် သွေးတိုး မိဘ ဘိုးဘွား Covid-19

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 မေ 13, 2020 . 2 ဖတ်ရန် ကြာချိန်

ကဖိန်းဓာတ်လွန်ကဲခြင်း၏ အကျိုးအပြစ်များ

ကဖိန်းဓာတ်လွန်ကဲခြင်း အကျိုးအပြစ်များ လက်ဖက်ရည် ကဖိန်းဓာတ် နှလုံးခုန်မြန်ခြင်း ပင်ပန်းနွမ်းနွယ်ခြင်း မကြာခဏ ဆီးသွားခြင်း သွေးတိုးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

စိတ်ဖိစီးမှု (Stress)

စိတ်ဖိစီးမှု စိတ်ပင်ပန်းမှု ကြွက်သားတွေ စိတ်ရောဂါအခြေအနေ သွေးတိုးရောဂါ လက္ခဏာ စိတ်ကစဥ့်ကလျား ခံတွင်းပျက် ခန္ဓာကိုယ် စိတ်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာခြင်းနည်းလမ်းများ ဖေ‌ဖော်ဝါရီ 18, 2020 . 3 ဖတ်ရန် ကြာချိန်

သင့်အတွက် ရွေးချယ်ထားသည်

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
အစားကောင်းကောင်းမစားဖြစ်ခြင်း၏ လက္ခဏာများ

အစားကောင်းကောင်းမစားဖြစ်ခြင်း၏ လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 15, 2020 . 2 ဖတ်ရန် ကြာချိန်
Delusion အမျိုးအစားများအကြောင်း

Delusion အမျိုးအစားများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 2 ဖတ်ရန် ကြာချိန်
ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား

ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020 . 2 ဖတ်ရန် ကြာချိန်