Biolactyl (ဘိုင်အိုလက်တိုင်လ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Biolactyl (ဘိုင်အိုလက်တိုင်လ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Biolactyl (ဘိုင်အိုလက်တိုင်လ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Biolactyl ဆိုတာ အူလမ်းကြောင်းမှာ ရှိရမယ့် ပိုးများ ( lyophilized Lactobacillus Acidophilus, Lactobacillus Bulgaricus, Lactobacillus Lactis ) ကို ထိန်းသိမ်းပေးတဲ့ ဆေးအမှုန့်ဖြစ်တယ်။

ဆေးကို ရောဂါပိုးဝင်ပြီးချိန်၊ ကင်ဆာဆေးကုသမှုခံယူပြီးချိန်၊ အီစထိုဂျင်ဟော်မုန်းနည်းပြီး မိန်းမကိုယ်ကျုံ့သွားခြင်းအတွက် ဟော်မုန်းများပြန်အစားထိုးပြီးချိန်၊ မိန်းမကိုယ်တွင်း ရောဂါပိုးဝင်ပြီး (ဘာပိုးမှန်းမသိ သို့မဟုတ် အပျော့စားပိုးများ Bacteria vaginosis , Candidiasis)ကြောင့်အဖြူဆင်းပြီးချိန်တွင် အူအတွင်းမှာ Lactobacillus ပိုးပမာဏကို ပြန်လည်ရရှိစေရန် အသုံးပြုပါတယ်။

Biolactyl (ဘိုင်အိုလက်တိုင်လ်) ဘယ်လိုသောက်သုံးသင့်သလဲ

ပါးစပ်ကသောက်သုံးနိုင်ပါတယ်။

  • ဆေးကို ပါးစပ်မှသောက်နိုင်ပြီး သောက်ရမယ့် ပမာဏနှင့် အချိန်ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ။
  • ဆေးမသောက်မီ အညွှန်းကိုသေချာဖတ်ပါ။
  • ဆေးအညွှန်းနဲ့ ပတ်သတ်ပြီး သေချာနားမလည်ပါက ပြည့်စုံသော သတင်းအချက်အလက်ရရန် ဆရာဝန်နှင့် မေးမြန်းပါ။

Biolactyl (ဘိုင်အိုလက်တိုင်လ်) ဘယ်လိုသိမ်းဆည်းရမလဲ

Biolactyl ကို နေရောင်နှင့်အစိုဓါတ် တိုက်ရိုက်ထိတွေ့စေမယ့် နေရာကရှောင်ပြီး အခန်းအပူချိန်မှာ ထိန်းထားတာက အကောင်းဆုံးပါ။ ဆေးပျက်ဆီးတာကို ကာကွယ်ဖို့ ဆေးကို ရေချိုးခန်းနှင့် ရေခဲသေတ္တာအခဲအကန့်ထဲ သိမ်းတာကို ရှောင်ရပါမယ်။

သိမ်းရမယ့်နေရာတွေမတူတဲ့ Biolactyl ဆေးအမျိုးပေါင်းများစွ ာရှိနေနိုင်ပါတယ်။ သိမ်းတဲ့နေရာကိုသိဖို့ ဆေးအခွံပေါ်က အညွှန်းကိုဖတ်ခြင်း၊ ဆေးဝါးကျွမ်းကျင်သူကို မေးခြင်း ပြုလုပ်ပါ။ ဘေးကင်းစေဖို့ ဆေးကို ကလေးများ၊ အိမ်မွေးတိများနှင့် ဝေးရာတွင်ထားပါ။

ဆေးကိုသုံးပြီးလျှင် ညွှန်ကြားချက်မရှိဘဲ အိမ်သာထဲစွန့်ပစ်ခြင်း၊ ရေမြောင်းထဲပစ်ခြင်းများကို မလုပ်သင့်ပါဘူး။ ဆေးသက်တမ်းကုန်လျှင်ဖြစ်ဖြစ်၊ အသုံးမလိုတော့လျှင်ဖြစ်ဖြစ် သေချာစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ လုံခြုံစွာ စွန့်ပစ်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Biolactyl (ဘိုင်အိုလက်တိုင်လ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Biolactyl ဆေးကိုမသုံးမီ ဒီအခြေနေတွေရှိပါက ဆရာဝန်ကို ပြောထားသင့်ပါတယ်။

  • အရင်က Biolactyl ပါသောဆေးသုံးထားပြီး Biolactyl နဲ့ဓါတ်မတည့်ခြင်း။ ဒီအချက်ကို လက်ကမ်းစာစောင်မှာ အသေးစိတ်ရေးထားပါတယ်။
  • တခြားဆေးများ၊ အစားအသောက်များ၊ ဆိုးဆေးများ၊ ကြာရှည်ခံဆေးများ နှင့် တိရစ္ဆာန်များ။
  • ကလေးများ
  • သက်ကြီးရွယ်အိုများ
  • တခြားကျန်းမာရေးပြဿနာများနှင့် Biolactyl နဲ့ဓါတ်ပြုတဲ့ အောက်မှာဖော်ပြထားတဲ့ ဆေးဝါးများ

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Biolactyl (ဘိုင်အိုလက်တိုင်လ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ Biolactylဆေးသောက်တာနဲ့ ပတ်သတ်ပြီး လုပ်ထားတဲ့ လုံလောက်တဲ့လေ့လာမှုမရှိပါဘူး။ Feldene ဆေးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ချိန်ဆဖို့အတွက် ဆေးမသောက်ခင်မှာ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Biolactyl (ဘိုင်အိုလက်တိုင်လ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ Biolactyl ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ တော်တော်များများက တွေ့ရနည်းပြီး ဘာကုသမှုမှ ခံယူဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက ဆရာဝန်နှင့်ဆွေးနွေးသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးတချို့မှာ- အော်ကလီဆန်ခြင်း၊ ပျို့အန်ခြင်း။

ဒီဘေးထွက်ဆိုးကျိုးတွေကို လူတိုင်းမခံစားရပါဘူး။ ဒီထဲမှာ မပါတဲ့ အချက်တွေလည်း ရှိနေနိုင်သေးတယ်။ သင်ဟာ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Biolactyl (ဘိုင်အိုလက်တိုင်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Biolactyl ဆေးက သင်သုံးနေတဲ့ ဆေးနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆေးဓါတ်ပြုမှုကို ရှောင်ဖို့အတွက် သင်သုံးနေတဲ့ ဆေးများ (ဆရာဝန်ညွှန်ကြားသောဆေး၊ ကိုယ့်ဘာသာသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေး) အားလုံးကို စာရင်းလုပ်ထားပြီး ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြသသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းမှုအတွက် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်ခြင်း၊ ရပ်ပစ်လိုက်ခြင်း နှင့် ဆေးပမာဏပြောင်းခြင်းကို မလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Biolactyl (ဘိုင်အိုလက်တိုင်လ်) နဲ့ ဓါတ်ပြုနိုင်သလား

Biolacyl ဆေးက အရက်၊ အစားအသောက်များနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဆေးမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင်စားနေတဲ့ အစားအသောက်နှင့် အရက်ကို ပြောပြသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Biolactyl (ဘိုင်အိုလက်တိုင်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Biolactyl ဆေးက သင့်ကျန်းမာရေး အခြေအနေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို ဆေးအာနိသင်ကိုလည်း ကျစေနိုင်ပါတယ်။ သင်လက်ရှိခံစားနေရတဲ့ ကျန်းမာရေးပြဿနာ ကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပြဖို့ကလည်း အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Biolactyl (ဘိုင်အိုလက်တိုင်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Biolacty hydrochloride အကြောင်းသေချာသိဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ။

တချို့အခြေအနေတွေအတွက် သောက်နိုင်တဲ့ပမာဏကို ဖော်ပြထားပါတယ်။

အူလမ်းကြောင်းအတွက် ဖြည့်စွက်စာအဖြစ်- တစ်နေ့လျှင် ဆေးမှုန့် ၁-၃ထုပ်ကို အစာစားပြီး မိနစ် ၃၀အတွင်းသောက်ပါ။

ဝမ်းလျှောနေတဲ့ အခြေအနေအတွက် – တနေ့လျှင်ဆေးမှုန့် ၄-၈ထုပ် နှင့် ရေဓါတ်ပြန်ဖြည့်တဲ့ ဓါတ်ဆားနှင့် တွဲသောက်ပါ။ အခြေအနေပေါ်မူတည်ပြီး ဆေးကို ပေးနိုင်ပါတယ်။

ဝမ်းချုပ်တဲ့ အခြေအနေတွက် – တနေ့လျှင် ဆေးမှုန့် ၆ထုပ်အထိ သောက်နိုင်ပါတယ်။

ပိုးသတ်ဆေးကြောင့်ဖြစ်တဲ့ အူလမ်းကြောင်းပုံမမှန်မှုကို ကာကွယ်ရန်- တနေ့လျှင် ဆေးမှုန့် ၂ထုပ်သောက်နိုင်ပါတယ်။

ပိုးသတ်ဆေးကြောင့်ဖြစ်သော အူလမ်းကြောင်းပုံမမှန်မှုကို ကုသရန်- တနေ့လျှင် ဆေးမှုန့် ၄-၈ထုပ်သောက်နိုင်ပါတယ်။

ကလေးတွေအတွက် Biolactyl (ဘိုင်အိုလက်တိုင်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Biolacty hydrochloride အကြောင်းသေချာသိဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ။

တချို့သောအခြေအနေတွေမှာ သုံးနိုင်သော ပမာဏမှာ – တနေ့လျှင် ဆေးမှုန့် ၁-၂ထုပ် သောက်နိုင်ပါတယ်။

Biolactyl (ဘိုင်အိုလက်တိုင်လ်) ကိုဘယ်လိုရရှိနိုင်သလဲ

Biolactyl ကို အောက်ပါပုံစံနှင့် ပြင်းအားအတိုင်းရနိုင်ပါတယ်။

(Lactobacillus acidophilus, Lactobacillus casei, Lactobacillus bulgaricus, Streptococcus lactis.)တို့ပါသော ဆေးမှုန့် ၁ဂရမ်၊

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးအများကြီးသုံးမိခြင်းနှင့် အရေးပေါ်အခြေအနေအတွက် အရေးပေါ်ကားခေါ်ခြင်းနှင့် နီးစပ်ရာအရေးပေါ်ဌာနသို့ သွားခြင်းကို လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့သင်ဟာ ဆေးသောက်ဖို့မေ့သွားလျှင် သတိရရခြင်း သောက်ပါ။ ဒါပေမယ့် နောက်တကြိမ်သောက်ရမယ့်အချိန်နဲ့ အရမ်းကပ်နေပါက မေ့သွားတဲ့ဆေးကို မသောက်တော့ဘဲ ပုံမှန်အချိန်မှာ သောက်ရမယ့် ဆေးကိုသာသောက်ပါ။ ဆေး၂ကြိမ်ဆက်တိုက် မသောက်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 28, 2017

ရင်းမြစ်များ