Aspirin (အက်စ်ပရင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Generic Name: Aspirin (အက်စ်ပရင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Aspirin (အက်စ်ပရင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Asprin ကို

  • နာကျင်မှုလျော့ပါးရန်
  • အဖျားသက်သာခြင်းနှင့် အရောင်ကျစေရန်
  • နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ကာကွယ်ရန်နှင့် ကုသရန် တို့တွင်အသုံးပြုပါသည်။

Aspirin (အက်စ်ပရင်) ဘယ်လိုသောက်သုံးသင့်သလဲ

Asprinကိုအစာနှင့်အတူတွဲ၍သောက်သုံးရမည်။ ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးရပါမည်။ ဆေးတိုး သောက်ခြင်း၊ လျော့သောက်ခြင်းများ မပြုလုပ်ရပါ။

  • အစာအိမ်ရောဂါရှိလျှင် အစာနှင့်တွဲ၍သောက်သုံးရန် အရေးကြီးပါသည်။
  • ဆေးလုံး(အစာအိမ်ထဲတွင် စုပ်ယူမှုနည်းစေပြီး အူသိမ်ထဲရောက်မှ စုပ်ယူအားကောင်းစေရန် ပြုလုပ်ထားသော ဆေးလုံးများ) ကိုချိုး၍သောက်ခြင်း၊ ဆေးလုံးကို ဖွင့်၍သောက်ခြင်းမပြုလုပ်ပါနှင့်။ ဆေးတစ်ခုလုံး မြိုချပါ။
  • ဝါးစား၍ သောက်သုံးရသော ဆေးပြားများဖြစ်လျှင် မမြိုချခင် ဝါးစားရပါမည်။
  • အကယ်၍ ရေတွင်ပျော်ဝင်သော ဆေးပြားများကို သောက်သုံးရမည်ဆိုပါက ညွှန်ကြားသည့်အတိုင်းသာသောက် သုံးရန်။
  • ခွဲစိတ်ရမည့်လုနာများသည် Asprin သောက်သုံးနေသူများဖြစ်လျှင် မခွဲစိတ်မီ ဆေးသုံးစွဲမှု ခေတ္တရပ်နားရပါမည်။
  • ဆေးသည်အချဉ်နံ့ထွက်နေလျှင် အာနိသင်လျော့နည်းနေသည့်အတွက်အသုံးမပြုသင့်ပါ။

Aspirin (အက်စ်ပရင်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Asprin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Asprin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Asprin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

Asprin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Aspirin (အက်စ်ပရင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • မိမိတွင် သွေးမတိတ်သောရောဂါရှိလျှင် (သို့) လတ်တလော အစာအိမ်နှင့်အူ တို့တွင်သွေးယိုခြင်းများဖြစ်ပေါ်ခဲ့လျှင် (သို့) စတီးရွိုက်မပါသော အရောင်ကျဆေးများ နှင့်မတည့်သည်များရှိလျှင် Asprin ကိုအသုံးမပြုသင့်ပါ။
  • Asprin သည် ကလေးများတွင်ဖြစ်ပေါ်လေ့ရှိသော အလွန် ဆိုးရွားသည့် Reye’s Syndrome ဟုခေါ်သော လျင်မြန်စွာ ဦးနှောက် နှင့် အသည်းထိခိုက် ပျက်စီရောင်ရမ်းရောဂါများဖြစ်ပေါ်တတ်ပါသည်။
  • မိမိသည် ကိုယ်ဝန်ဆောင်ဖြစ်လျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် ဆရာဝန်ကို ကြိုတင်၍ ပြောထားရမည်။
  • Asprin သည် နို့ရည်မှတစ်ဆင့် ကလေးဆီရောက်ရှိနိုင်သည့်အတွက် ဆေးသောက်နေစဉ် နို့မတိုက်ရပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Aspirin (အက်စ်ပရင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Aspirin (အက်စ်ပရင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  • အစာအိမ်ထိခိုက်ခြင်း
  • ရင်ပူခြင်း
  • ခေါင်းမူးခြင်း
  • လေးလံထိုင်းမိုင်းခြင်း
  • ပျို့ခြင်း အန်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။

ထိုသို့သောဘေးထွက်ဆိုးကျိုးများသည်လူတိုင်းတွင်မတွေ့ရတတ်ပါ။ ဘေးထွက်ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Aspirin (အက်စ်ပရင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Asprin ဟာ သင်အခုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

ဖြစ်လေ့ရှိသောဆေးဝါးများမှာ Corticosteroids, အကိုက်အခဲပျောက်ဆေး နှင့် Phenylbutazone, Oxyphebutazone တို့ဖြစ်ပါသည်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Aspirin (အက်စ်ပရင်) နဲ့ ဓါတ်ပြုနိုင်သလား

Asprin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Aspirin (အက်စ်ပရင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Asprin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Aspirin (အက်စ်ပရင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • နှလုံးသွေးကြောတွင်း ပိုက်ထည့်ခြင်း (သွေးကြောပြန်ကျဉ်းခြင်းကိုကာကွယ်ရန်ဖြစ်သည်)- မထည့်ခင် ၂ နာရီ တွင် ၃၂၅ မီလီဂရမ် ထို့နောက ် တစ်ရက်ကို ၁၆၀-၃၂၅ မီလီဂရမ် သောက်သုံးရပါမည်။
  • သာမန် နဲ့အလယ်အလတ် နာကျင်ခြင်း၊ ဖျားနာခြင်း- ၃၂၅-၆၅၀ မီလီဂရမ် ကို ၄နာရီ မှ ၆ နာရီခြားတစ်ကြိမ် သောက်သုံးနိုင်သည် ။ အများဆုံး တစ်နေ့လျှင် ၄ ဂရမ် သောက်သုံးနိုင်ပါသည်။ စအိုမှထည့်၍အသုံးပြုလို့လည်း ရနိုင်ပါသည်။
  • နှလုံးပုပ်ခြင်းမှကာကွယ်ရန် တစ်နေ့လျှင် ၇၅-၃၂၅မီလီဂရမ် သောက်သုံးနိုင်ပါသည်။ ACEI သောက်သုံးနေသော လုနာများဖြစ်လျှင် Asprin ဆေးပမာဏလျော့၍သောက်သုံးနိုင်ပါသည်။
  • အရိုး ကြွက်သား နှင့် အဆစ်များရောင်ရမ်းလျှင် အစတွင်တစ်နေ့လျှင် ၂.၄ – ၆.၅ ဂရမ် ခွဲ၍ သောက်သုံးနိုင်ပါသည်။ ထို့နောက် ပုံမှန် တစ်ရက်ကို ၃.၆ – ၅.၄ ဂရမ် ကိုသောက်သုံးနိုင်ပါသည်။ သောက်သုံးပါက ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ရပါမည်။

ကလေးတွေအတွက် Aspirin (အက်စ်ပရင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလေးဖက်နာများတွင်ကိုယ်အလေးချိန်ပေါ် မူတည်၍ တစ်ရက်ကို ၈၀-၁၀၀ မီလီဂရမ် (80-100mg/kg) ကို ၅ကြိမ်၆ကြိမ်ခွဲ၍ သောက်သုံးနိုင်ပါသည်။ ရောဂါအခြေအနေဆိုးရွားလျှင် တစ်ရက်ကို ၁၃၀ မီလီဂရမ် (130mg /kg) အထိ သောက်သုံးနိုင်ပါသည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Aspirin (အက်စ်ပရင်) ကိုဘယ်လိုရရှိနိုင်သလဲ

Asprin ကို ၅၀၀ မီလီဂရမ် ဆေးလုံးပုံစံများဖြင့်ရရှိနိုင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ ဖြစ်စေ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Aspirin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 22, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။