Ampicillin (အမ်ပစလင်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 7 mins read
Share now

အသုံးပြုနည်း

Ampicillin ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Ampicillin ကို ဘက်တီးရီးယားရောဂါတွေကိုကုသဖို့ တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ သူဟာ penicillin အမျိုးအစား ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး ရောဂါပိုးကြီးထွားနှုန်းကို ရပ်တန့်စေပါတယ်။
Ampicillin ဟာ ဘက်တီးရီးယားတွေကိုသာ ကာကွယ်ပေးပြီး ဗိုင်းရပ်စ်တွေနဲ့ မှိုရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ပိုးသတ်ဆေးကို မလိုအပ်ပဲသုံးခြင်း (သို့) လိုတာထက်ပို သုံးခြင်းတွေဟာ အာနိသင်လျော့ကျစေနိုင်ပါတယ်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Ampicillin ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

Ampicillin ကို ခြောက်နာရီခြားတစ်ခါ (တစ်နေ့လေးခါ) သို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ဒီဆေးကို အစာမစားခင် ၁-၂ နာရီကြိုတင်ပြီး ရေဖန်ခွက်အပြည့်နဲ့ သောက်သုံးနိုင်ပါတယ်။ သင့်ဆရာဝန်က တခြားညွှန်ကြားမှု မရှိမခြင်း ဒီဆေးကို အရည်အများကြီးနဲ့ သောက်သင့်ပါတယ်။
ဆေးပမာဏဟာ သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုပေါ်မှာမူတည်ပါတယ်။
ပိုးသတ်ဆေးတွေဟာ ကိုယ်ခန္ဓါအတွင်းမှာ တူညီတဲ့ပမာဏတစ်ခု ရှိနေရင် အစွမ်းအထက်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် အချိန်မှန် သောက်သုံးသင့်ပါတယ်။

ရောဂါလက္ခဏာတွေ

ရက်အနည်းငယ်အတွင်း ပျောက်သွားရင်တောင် ဆေးပတ်လည်အောင် သောက်သင့်ပါတယ်။ ဆေးစောရပ်လိုက်ခြင်းဟာ ဘက်တီးရီးယားပွားခြင်းကို အားပေးပြီး ရောဂါပြန်ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေ မသက်သာ ရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

Ampicillin ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Ampicillin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ampicillin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Ampicillin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Ampicillin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Ampicillin ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

ampicillin အသုံးမပြုခင် အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
• Ampicillin (သို့) Penicillin (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင်
• အခြားသောက်နေတဲ့ဆေးအကုန်၊ အထူးသဖြင့် အခြားပိုးသတ်ဆေးတွေ၊ allopurinol (lopurin)၊ သွေးကျဲဆေး ဥပမာ- warfarin (coumadin)၊ atenolol (tenormin)၊ သားဆက်ခြားသောက်ဆေး၊ probenecid (benemid)၊ rifampin၊ sulfasalazine နဲ့ ဗီတာမင် ။
• ကျောက်ကပ်၊အသည်းရောဂါ၊ ဓါတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်၊ သွေးရောဂါ၊ အူရောင်ခြင်း၊ အစာအိမ်ပြဿနာ ။
• ကိုယ်ဝန်ရှိရင် (သို့) ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိရင် (သို့) ကလေးနို့တိုက်နေရင်။ ဆေးသောက်နေတုံး ကိုယ်ဝန်ရှိသွားရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
• ခွဲစိတ်မှု (သို့) သွားခွဲစိတ်မှု ပြုလုပ်တော့မယ်ဆိုရင် ဆေးသောက်နေကြောင်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ampicillin က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ရောင်ရမ်းခြင်းတွေဖြစ်ရင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။
အောက်ဖေါ်ပြပါ ပြင်းထန် လက္ခဏာတွေ ရှိရင် ဆရာဝန်ကို ချက်ချင်းခေါ်သင့်ပါတယ်။
• အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားအကွက်ထခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း
• ရေ (သို့) သွေးဝမ်းသွားခြင်း
• ချမ်းတုန်ဖျားခြင်း၊ ကိုယ်ခန္ဓါ ကိုက်ခဲခြင်း၊ အအေးမိခြင်း လက္ခဏာများ
• အလွယ်တကူ အညိုအမဲစွဲခြင်း၊ သွေးထွက်ခြင်း၊ ပုံမှန်မဟုတ်သော အားနည်းခြင်း
• ပုံမှန်နည်းပြီး ဆီးသွားခြင်း (သို့) ဆီးလုံးဝ မသွားခြင်း
• စိတ်တိုခြင်း၊ စိတ်ရှုပ်ခြင်း၊ ပုံမှန်မဟုတ်သော အတွေးအခေါ်၊ အပြုအမူများ
• တက်ခြင်း၊ သတိလစ်ခြင်း
မပြင်းထန်တဲ့ လက္ခဏာတွေကတော့
• ပျို့အန်ခြင်း၊ ဗိုက်နာခြင်း
• ခေါင်းကိုက်ခြင်း
• မိန်းမကိုယ် ယားယံခြင်း၊ အရည်ထွက်ခြင်း
• လျှာရောင်ရမ်း ညိုမဲခြင်း
• ပါးစပ်နဲ့ လည်ချောင်းအတွင်း အဖြူရောင် အကွက်များ၊ အဖတ်များ ဖြစ်ခြင်း
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Ampicillin နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Ampicillin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
တကယ်လို့ အောက်ပါဆေးတွေ သောက်သုံးနေတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

• Allopurinol (Zyloprim);
• Methotrexate (Rheumatrex, Trexall);
• Probenecid (Benemid);
• A sulfa drug (such as Bactrim or Septra);
• Tetracycline ပိုးသတ်ဆေး ဥပမာ- demeclocycline (Declomycin)၊ doxycycline (Adoxa၊ Doryx၊ Oracea၊ Vibramycin)၊ minocycline (Dynacin၊ Minocin၊ Solodyn၊ Vectrin)၊ tetracycline (Brodspec၊ Panmycin၊ Sumycin၊ Tetracap)

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Ampicillin နဲ့ ဓါတ်ပြုနိုင်ပါသလား။

Ampicillin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Ampicillin နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Ampicillin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• ပန်းနာရင်ကျပ်ရောဂါ
• ကျောက်ကပ်ရောဂါ
• သွေးရောဂါ
• Mononucleosis (monocyte သွေးဖြူဥဆဲလ်များသော ရောဂါ)
• ပိုးသတ်ဆေးသောက်ခြင်းကြောင့် ဝမ်းလျှောခြင်း
• ဓါတ်မတည့်ခြင်း

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Ampicillin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

•ဘက်တီးရီးယား ပိုးဝင်ခြင်း ။ 250 to 500 mg သောက်ဆေး ၆ နရာရီခြားတစ်ခါ။
• နှလုံးအတွင်းသား နံရံရောင်ခြင်း ။ Ampicillin 2 g အကြောဆေး ၄ နာရီတိုင်းတစ်ခါ gentamicin (သို့) streptomycin နဲ့တွဲပေးရန် (အကယ်၍ gentamycin ဆေးကိုယဉ်ပါးနေလျှင်)
• ဦးနှောက်အမြှေးပါးရောင်ခြင်း ။ 200 mg/kg/day အကြောဆေးကို ၄ နာရီတိုင်းတစ်ခါ အညီအမျှခွဲပေးရန် ။ တခြား ပိုးသတ်ဆေး (သောက်ဆေးမဟုတ်) နဲ့တွဲပေးရန်။
Intrathecal (သို့) intraventricular ။ ပိုးသတ်ဆေး အကြောဆေးအပြင် 10 to 50 mg/day ထပ်ပေးသည်။
• သွေးအတွင်း ရောဂါပိုးဝင်ခြင်း အတွက် လူကြီးတွေမှာအသုံးပြုရန်: အကြောဆေး 150 to 200 mg/kg/day.
• Bacterial Endocarditis ကာကွယ်ဖို့အတွက် လူကြီးတွေမှာအသုံးပြုရန်: 2 g အကြောဆေး (သို့) အသားဆေး ကို ခွဲစိတ်မှု၊ သွားနှုတ်မှုစသည်တစ်စုံတစ်ခု မပြုလုပ်မီ ၃၀ မှ ၆၀ မိနစ်မတိုင်ခင်တွင်ကြိုပြီး အကြောဆေး (သို့) အသားဆေး တစ်ကြိမ်ပေးထားသည်။
• Gastroenteritis အတွက် လူကြီးတွေမှာအသုံးပြုရန်: 500 mg သောက်ဆေး (သို့) အသားဆေး ၆ နာရီတစ်ခါပေးသည်။
• Intraabdominal Infection အတွက် လူကြီးတွေမှာအသုံးပြုရန်: 500 mg သောက်ဆေး (သို့) အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။
• Skin or Soft Tissue Infection အတွက် လူကြီးတွေမှာ အသုံးပြုရန် : 250 to 500 mg အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။
• Pharyngitis အတွက် လူကြီးတွေမှာ အသုံးပြုရန်: 250 to 500 mg အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။ (သို့မဟုတ်) 250 mg သောက်ဆေးကို ၆နာရီတစ်ခါပေးသည်။
• ထိပ်ကပ်နာ အတွက် လူကြီးတွေမှာ အသုံးပြုရန်: 250 to 500 mg အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။ (သို့မဟုတ်) 250 mg သောက်ဆေးကို ၆နာရီတစ်ခါပေးသည်။
• Upper Respiratory Tract Infection အတွက် လူကြီးတွေမှာ အသုံးပြုရန်: 250 to 500 mg အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။ (သို့မဟုတ်) 250 mg သောက်ဆေးကို ၆နာရီတစ်ခါပေးသည်။
• အဆုတ်ရောင်ခြင်း အတွက် လူကြီးတွေမှာ အသုံးပြုရန်: 250 to 500 mg အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။ (သို့မဟုတ်) 250 mg သောက်ဆေးကို ၆နာရီတစ်ခါပေးသည်။
• လေပြွန်ရောင်ခြင်း အတွက် လူကြီးတွေမှာ အသုံးပြုရန်: 250 to 500 အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။ (သို့မဟုတ်) 250 mg သောက်ဆေးကို ၆နာရီတစ်ခါပေးသည်။
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း အတွက် လူကြီးတွေမှာ အသုံးပြုရန်: 500 mg သောက်ဆေး (သို့) အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။
• Pyelonephritis အတွက် လူကြီးတွေမှာ အသုံးပြုရန်: 500 mg သောက်ဆေး (သို့) အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။.
• Shigellosis အတွက် လူကြီးတွေမှာ အသုံးပြုရန်: 500 mg သောက်ဆေး (သို့) အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။
• Typhoid Fever အတွက် လူကြီးတွေမှာ အသုံးပြုရန်: 500 mg သောက်ဆေး (သို့) အသားဆေး (သို့) အကြောဆေး ၆ နာရီတစ်ခါပေးသည်။.
• မမွေးဖွားမီ Group B Streptococcal ရောဂါ ကာကွယ်ဖို့ အတွက် လူကြီးတွေမှာ အသုံးပြုရန်: 2 g အကြောဆေး တစ်ကြိမ်ထို့နောက် 1 g အကြောဆေးကို မွေးဖွားချိန်အထိ ၄ နာရီတစ်ခါပေးသည်။
• ခွဲစိတ်မှု မပြုခင် ကာကွယ်ဖို့ အတွက် လူကြီးတွေမှာ အသုံးပြုရန် – အသည်းအစာထိုးကုသမှု: Ampicillin 1 g အကြောဆေးနှင့် cefotaxime 1 g အကြောဆေး ကို မေ့ဆေးပေးချိန်တွင်တစ်ခါ ထို့နောက် ခွဲစိတ်မှုလုပ်စဉ် နဲ့ ခွဲစိတ်မှုအပြီး ၄၈ နာရီကြာသည်အထိ ၆ နာရီတစ်ခါပေးသည်။
• Leptospirosis အတွက် လူကြီးတွေမှာ အသုံးပြုရန်: Mild: 500 to 750 mg သောက်ဆေး ၆ နာရီတစ်ခါ
Moderate to severe: 0.5 to 1 g အကြောဆေး ၆ နာရီတစ်ခါ
• Otitis Media အတွက် လူကြီးတွေမှာ အသုံးပြုရန်: 500 mg သောက်ဆေး (သို့) 1 to 2 g အကြောဆေး၊ အသားဆေး ၆နာရီတစ်ခါ ရောဂါပိုးဝင်မှုပြင်းထန်မှု အခြေအနေပေါ်မူတည်ပြီး ပေးနိုင်သည်။

ကလေးငယ်တွေမှာ Ampicillin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် ကလေးတွေမှာ အသုံးပြုရန်:
တစ်လအောက်ကလေး။ ။
၇ ရက်သား အောက်၊ကိုယ်အလေးချိန် 2000 g အောက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၁၂ နာရီတစ်ခါ
၇ ရက်သား အောက် ၊ ကိုယ်အလေးချိန် 2000 g အထက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၈ နာရီတစ်ခါ
၈ ရက်မှ ၂၈ ရက်သား၊ ကိုယ်အလေးချိန် 2000 g အောက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၈ နာရီတစ်ခါ
၈ ရက်မှ ၂၈ ရက်သား၊ ကိုယ်အလေးချိန် 2000 g အထက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၆ နာရီတစ်ခါ
၁ လအထက် :
Mild to moderate iinfection း
Parenteral: 25 to 37.5 mg/kg အကြောဆေး (သို့) အသားဆေး ၆ နာရီတစ်ခါ
Oral: 12.5 to 25 mg/kg သောက်ဆေး ၆နာရီတစ်ခါ
Maximum dose: 4 g/day.
•Usual Pediatric Dose for Bacteremia:
၁ လသား:
၇ရက်သားအောက် ၊ ကိုယ်အလေးချိန် 2000 g အောက် : 100 mg/kg အကြောဆေး (သို့) အသားဆေး ၁၂ နာရီတစ်ခါ
၇ရက်သားအောက် ၊ ကိုယ်အလေးချိန် 2000 g အထက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၈ နာရီတစ်ခါ (သို့) 100 mg/kg အကြောဆေး (သို့) အသားဆေး ၁၂ နာရီတစ်ခါ
၈ ရက်နှင့် ၂၈ ရက်ကြားကလေး၊ ကိုယ်အလေးချိန် 2000g အောက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၈ နာရီတစ်ခါ
၈ ရက်နှင့် ၂၈ ရက်ကြားကလေး၊ ကိုယ်အလေးချိန် 2000g အထက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၆ နာရီတစ်ခါ
• Usual Pediatric Dose for Septicemia:
၁လသား :
၇ ရက်အောက်၊ ကိုယ်အလေးချိန် 2000g အောက်: 100 mg/kg အကြောဆေး (သို့) အသားဆေး ၁၂ နာရီတစ်ခါ

၇ ရက်အောက်၊ ကိုယ်အလေးချိန် 2000g အထက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၈ နာရီတစ်ခါ (သို့) 100 mg/kg အကြောဆေး (သို့) အသားဆေး ၁၂ နာရီတစ်ခါ
၈ ရက်နှင့် ၂၈ ရက်ကြားကလေး၊ ကိုယ်အလေးချိန် 2000g အောက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၈ နာရီတစ်ခါ
၈ ရက်နှင့် ၂၈ ရက်ကြားကလေး၊ ကိုယ်အလေးချိန် 2000g အထက်: 50 mg/kg အကြောဆေး (သို့) အသားဆေး ၆ နာရီတစ်ခါ
• Meningitis ကလေးတွေမှာ အသုံးပြုရန်: ကလေး : 150 to 200 mg/kg/day အကြောဆေး ၃ – ၄ နာရီတစ်ခါ အညီအမျှခွဲပြီးပေးနိုင်သည်။
• Endocarditis ကလေးတွေမှာ အသုံးပြုရန်: Maximum dose: 12 g/day.
• Bacterial Endocarditis ကာကွယ်ဖို့ ကလေးတွေမှာ အသုံးပြုရန်: ကလေး : 50 mg/kg အကြောဆေး (သို့) အသားဆေးကို ခွဲစိတ်မှု (သို့) သွားနှုတ်ခြင်းစသည့် လုပ်ငန်းစဉ်များမလုပ်ခင် ၃၀ – ၆၀ မိနစ်ကြိုပြီး ပေးရမည်။
• Upper Respiratory Tract Infection ကလေးတွေမှာ အသုံးပြုရန်:
ကိုယ်အလေးချိန် 40kg အောက် : 25 to 50 mg/kg/day အကြောဆေး (သို့) အသားဆေး ၆ နာရီမှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်သည်။
ကိုယ်အလေးချိန် 40kg အထက်: 250 to 500 mg အကြောဆေး (သို့) အသားဆေး ၆ နာရီတစ်ခါ
ကိုယ်အလေးချိန် 20kg အောက်: 250 to 500 mg သောက်ဆေး ၆ နာရီမှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်သည်။
ကိုယ်အလေးချိန် 20 kg အထက် : 250 mgသောက်ဆေး ၆နာရီတစ်ခါ ပေးနိုင်သည်။

• အဆုတ်ရောင်ခြင်း အတွက် ကလေးတွေမှာ အသုံးပြုရန်:
Parenteral:
40 kg အောက်: 25 to 50 mg/kg/day အကြောဆေး (သို့) အသားဆေး ၆ နာရီ မှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်သည်။
40 kg အထက်: 250 to 500 mg အကြောဆေး (သို့) အသားဆေး ၆ နာရီ တစ်ခါ
20 kg အောက်: 50 mg/kg/day သောက်ဆေး ၆ နာရီ မှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်သည်။
20 kgအထက် : 250 mg သောက်ဆေး ၆ နာရီတစ်ခါ
• Skin or Soft Tissue Infection အတွက် ကလေးတွေမှာ အသုံးပြုရန်:
40 kg အောက် : 25 to 50 mg/kg/day အကြောဆေး (သို့) အသားဆေး ၆ နာရီ မှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်သည်။
40 kg အထက် : 250 to 500 mg အကြောဆေး (သို့) အသားဆေး ၆ နာရီ တစ်ခါ
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း အတွက် ကလေးတွေမှာ အသုံးပြုရန်:
Parenteral:
40 kg အောက်: 50 mg/kg/day အကြောဆေး (သို့) အသားဆေး ၆ နာရီ မှ ၈ နာရီ တစ်ခါ အညီအမျှခွဲပေးနိုင်သည်။
40 kg အထက်: 500 mg အကြောဆေး (သို့) အသားဆေး ၆ နာရီ တစ်ခါ
20 kg အောက်: 25 mg/kg သောက်ဆေး ၆နာရီတစ်ခါ
20 kg အထက်: 500 mg သောက်ဆေး ၆ နာရီတစ်ခါ
• မခွဲစိတ်ခင် ကာကွယ်ဖို့အတွက် အတွက် ကလေးတွေမှာ အသုံးပြုရန်:
အသည်းအစားထိုးကုသခြင်း:
၁ လ အထက်: Ampicillin 50 mg/kg အကြောဆေး နှင့် cefotaxime 50 mg/kg အကြောဆေးကို မေ့ဆေးပေးချိန်မှာပေးပြီးနောက် ခွဲစိတ်မှုအပြီး ၄၈ နာရီကြာသည်အထိ ၆ နာရီခြားတစ်ခါပေးရမည်။

Ampicillin ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Ampicillin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ထိုးဆေးမှုန့်: 10 g in 100 mL.

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးလွန်တဲ့ လက္ခဏာတွေကတော့ စိတ်ရှုပ်ထွေခြင်း၊ အပြုအမူပြောင်းလဲခြင်း၊ ပြင်းထန်စွာ အရေပြား အကွက်ထခြင်း၊ ပုံမှန်ထက်နည်းပြီး ဆီးသွားခြင်း၊ တက်ခြင်း တွေပဲ ဖြစ်ပါတယ်။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Ampicillin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင်ဘာလို့ ခံတွင်းအနံ့ဆိုးရွားနေတာလဲ

Bad Breath၊ ခံတွင်းရနံ့ဆိုး၊ Sjogren's Syndrome၊ ပဋိဇီဝဆေး၊ Halitophobia၊ ဆေးလိပ်တွေ၊ စီးကရက်တွေ၊ ကွမ်းယာ၊ အချို၊ သကြား၊ ပရိုတိန်းဓာတ်၊ အယ်လ်ကိုဟော၊ ကော်ဖီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့

လိင်ဆက်ဆံ HIV ကူးစက်ရောဂါ လိင်မှုကိစ္စ ကာမ သုက်လွှတ် ထောင်မတ်ခြင်း လိင်တံ ကွန်ဒုံး ကာကွယ်ဆေး သုက်ရည် ချောဆီ ထိုးသွင်းဆက်ဆံ ကိုယ်ဝန် မိန်းမကိုယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကွန်ဒုံးများ သက်တမ်းကုန်ဆုံးခြင်း

ကွန်ဒုံး သက်တမ်းကုန်ဆုံးရက် လိင်ဆက်ဆံ ကာမ လိင်မှုကိစ္စ ကိုယ်ဝန် ကူးစက်ရောဂါ ချောဆီ သုက်လွှတ် နေရောင်ခြည် ပေါက်ပြဲခြင်း အဝတ်အစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

စားစရာတွေ ကူးစက်ရောဂါ mask COVID-19 Hand Gel သဘာဝ အကာအကွယ် အိမ်ထဲကမထွက်ရ Surgical Mask ရောဂါပိုး ဗိုင်းရပ်စ် ကိုဗစ် ကိုရိုနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်အင်္ဂါအစားထိုးမယ်ဆိုရင်

ကိုယ်အင်္ဂါအစားထိုးမယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 27, 2020 . 2 mins read

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read
ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ခေါင်းစည်းကြိုးကို လက်ကောက်ဝတ် မှာ ဘယ်တော့မှ မပတ်ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 29, 2020 . 2 mins read

ကွန်ဒုံးကြားက အမှန်၊ အမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 25, 2020 . 3 mins read