backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Amphetamine (အန်ဖက်တမင်း)


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Amphetamine (အန်ဖက်တမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

အာရုံစူးစိုက်မှုချို့တဲ့တက်ကြွလွန်းခြင်းရောဂါ ကိုကုသရာမှာသုံးပါတယ်။ ဦးနှောက်အတွင်းသဘာဝအတိုင်းရနိုင်တဲ့ ပမာဏကိုပြောင်းပေးခြင်းဖြင့် အလုပ်လုပ်ပါတယ်။ ဗဟိုအာရုံကြောအဖွဲ့အစည်း လှုံ့ဆော်ပေးတဲ့ဆေးအမျိုးအစားမှာပါပါတယ်။ ဦးနှောက်အတွင်း ဓါတုပစ္စည်းတွေကိုသက်ရောက်မှုရှိပြီး အရမ်းတက်ကြွစေတဲ့ အာရုံကြောတွေကို လည်း သက်ရောက်မှုရှိပါတယ်။ လှုံ့ဆော်ခြင်းကိုလည်း ထိန်းချုပ်ထားပါတယ်။ အာရုံစူးစိုက်ခြင်းစွမ်းရည်ကိုမြှင့်တင်ပေးခြင်း၊ အာရုံတစ်ခုတည်းအပေါ်တွင်စူးစိုက်ထားနိုင်ခြင်း၊ အမူအကျင့်ဆိုင်ရာပြဿနာများထိန်းချုပ်ပေးခြင်းတို့ကို မြှင့်တင်ပေးပါ်တယ်။

သင့်ရဲ့တာဝန်တွေကိုစီမံရာမှာနဲ့ နားထောင်ခြင်းစွမ်းရည်တိုးတက်စေဖို့လည်း အကူအညီပေးပါတယ်။

Amphetamine (အန်ဖက်တမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အစာမပါဘဲသို့အစာနဲ့တွပြီး သောက်သင့်ပါတယ။် တစ်နေ့တစ်ကြိမ်မနက်ပိုင်းမှာ သောက်လေ့ရှိပါတယ်။ နေ့လည်ပိုင်းအသုံးပြုခြင်းက အိပ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဆေးစွဲခြင်းမျိုးဖြစ်တတ်ပါတယ်။ အခြားလူတွေနဲ့ အထူးသြဖ်င့် ဆေးစွဲဖူးတဲ့လူတွေနဲ့ အတူမျှဝေသုံးစွဲခြင်းတွေ မလုပ်သင့်ပါဘူ။ ရောင်းချခြင်းဖြန့်ဝေခြင်းက တရားမဝင်ပါဘူး။

မသင့်မတင့်သုံးစွဲခြင်းကြောင့် သေဆုံးခြင်းနဲ့ နှလုံးအပေါ်ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

အမှုန့်ပါအရည်ပုံစံတွေအတွက် ပုလင်းကိုတိုင်းတာမှုမစခင် သေချာခါသင့်ပါတယ်။ တိုင်းတာတဲ့ဆေးထိုးပြွန်တွေ၊ ဇွန်း၊ ခွက်အသုံးပြုပြိး အရည်ဆေးကိုတိုင်းတာသင့်ပါတယ်။ မရှိဘူးဆိုရင် ဆေးဝါးကျွမ်းကျင်သူဆီမှာ မေးနိုင်ပါတယ်။

ခံတွင်းအတွင်းမှာပင် ပါဝင်ပစ္စည်းများထုတ်ပေးသော ဆေးပြားများကိုအသုံးပြုရန်အတွက်

သင်အသုံးမပြုခင်အထိ သေချာထုပ်ပိုးထားပါ။ ပိတ်ထားတာကိုဖွင့်ပြီး ပိတ်ထားတဲ့သတ္တုပြားကို ခွာပါ။ သတ္တုပြားတစ်လျှောက် ဆေးပြားကိုမတွန်းပါနဲ့။ သင့်ဆေးကိုထိခိုက်ပျက်စီးသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။

ဆေးကိုဖယ်ထုတ်ဖို့နဲ့ ပါးစပ်ထဲထည့်ဖို့ ခြောက်သွေ့တဲ့လက်များကိုအသုံးပြုပါ။

ဆေးပြားတစ်ပြားလုံးကို မမျိုချသင့်ပါဘူး။ ဝါးစားခြင်းမပြုဘဲ ပါးဝပ်ထဲမှာပျော်ဝင်သွားတဲ့အထိထားပါ။ ဆန္ဒရှိမယ်ဆိုရင် ပျော်ဝင်သွားတဲ့ဆေးပြားတွေကို မျိုချဖို့ ရေသောက်နိုင်ပါတယ်။

အသုံးပြုနေစဉ်မှာ သင့်အခြေအနေတိုးတက်မှုရှိမရှိ သင့်ဆရာဝန်ကပုံမှန်စစ်ဆေးမှုတွေလုပ်ပေးနေသင့်ပါတယ်။ သင့်နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်တွေကိုလည်း မကြာခဏတိုင်းတာဖို့လိုပါတယ်။

ဆေးပညာဆိုင်ရာစစ်ဆေးစမ်းသပ်မှုအချို့မှာ ထူးဆန်းတဲ့ရလဒ်တွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒီဆေးအသုံးပြုနေကြောင်း သင့်ကိုကုသတဲ့မည်သည့်ဆရာဝန်ကိုမဆို ပြောပြထားသင့်ပါတယ်။

Amphetamine (အန်ဖက်တမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Amphetamine (အန်ဖက်တမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • amphetamine သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
  • သွေးပေါင်ချိန်လွန်လွန်ကျွံကျွံမဟုတ်ရာကနေ ပြင်းပြင်းထန်ထန်ထိသွေးပေါင်ချိန်တက်ခြင်း၊
  • သိုင်းရွိုက်အကျိတ်များဖောက်ပြန်ခြင်းကြောင့် လွန်လွန်ကဲကဲတက်ကြွခြင်း၊ တင်းအားများခြင်း၊ အပြင်းအထန်ကြောက်ရွံ့စိုးရိမ်ခြင်း၊ ( ဒီလက္ခဏာတွေက်ု ပိုဆိုးစေနိုင်တာကြောင့်ဖြစ်ပါတယ်။)
  • အရက်ဆေးစွဲဖူးခြင်းတွေရှိရင် မသုံးသင့်ပါဘူး။

အချို့သောလှုံ့ဆော်ဆေးတွေဟာ ရုတ်တရက်သေဆုံးမှုကိုတချို့လူတွေမှာ တွေ့ရပါတယ်။ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • နှလုံးပြဿနာများ သို့ မွေးရာပါနှလုံးချို့ယွင်းခြင်း
  • သွေးတိုးရောဂါ
  • နှလုံးရောဂါရာဇဝင်ရှိဖူးခြင်း သို့ ရုတ်တရက်သေဆုံးနိုင်ချေရှိဖူးခြင်း

Pimozide သို့ methylene blue injection အသုံးပြုကုသမှုခံယူနေရရင် အသုံးမပြုသင့်ပါဘူး။

isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, or tranylcypromineကဲ့သို့သော MAO inhibitorတွေကို လွန်ခဲ့တဲ့၁၄ရက်ကအသုံးပြုနေမယ်ဆိုရင် မသုံးသင့်ပါဘူး။

အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် သို့ methylphenidateဆေးဓါတ်မတည့်တာရှိမယ်ဆိုရင် မသုံးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Amphetamine (အန်ဖက်တမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ
  • ဘေးထွက်ဆိုးကျိုးများ

    Amphetamine (အန်ဖက်တမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

    • ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ အစားစားလိုစိတ်မရှိခြင်း
    • ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း
    • ကိုယ်အလေးချိန်ကျခြင်း
    • စိတ်ခံစားချက်အပြောင်းအလဲများ၊ကြောက်ရွံ့တုန်လှုပ်ခြင်း၊ အိပ်မပျော်ခြင်း
    • အာခြောက်ခြင်း၊ ပါးစပ်ထဲတွင်အရသာမကောင်းခြင်း
    • နှာရည်ယိုခြင်း၊ နှာခေါင်းသွေးထွက်ခြင်း
    • နှလုံးခုန်မြန်ခြင်း
    • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
    • ယားခြင်း
    • မြုံခြင်း၊ လိင်ပိုင်းဆိုင်ရာပြဿနာများ

    သင့်မှာ အောက်ပါလက္ခဏာတွေတွေ့ခဲ့မယ်ဆိုရင် ဆေးရပ်လိုက်ပြီးဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။

    • ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခြင်း၊ လစ်ဟာဟာဖြစ်ခြင်း
    • နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း
    • မရေမရာဖြစ်ခြင်း၊ ထူးဆန်းတဲ့အတွေးများ၊ သံသယလွန်ကဲခြင်း၊ ထင်ယောင်ထင်မှားဖြ်စ်ခြင်း
    • အမူအကျင့်ဆိုင်ရာပြဿနာများ၊ ရန်လိုခြင်း၊ ဒေါသထွက်ခြင်း၊ ကသိကအောက်ဖြစ်ခြင်း
    • ထုံခြင်း၊ နာခြင်း၊ အေးခြင်း၊ အကြောင်းပြချက်မရှိဘဲ အနာများ၊ အရေပြားအရောင်ပြောင်းခြင်း( ဖျော့ခြင်း၊ နီရောင်သို့အပြာရောင်) လက်ချောင်းခြေချောင်းများတွင်
    • အမြင်ပြောင်းလဲခြင်းများ
    • အကြောင်းရင်းမရှိဘဲကြွက်သားများနာခြင်း။ အားနည်းခြ်င်း( အထူးသဖြင့် အဖျား၊ ပုံမှန်မဟုတ်ဘဲမောပန်းခြင်း၊ ဆီးအရောင်ရင့်ခြင်း)
    • ကိုယ်တွင်းဆီရိုတိုနင်များလွန်းခြင်း- ရန်လိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ဖျားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ တုန့်ပြန်မှုများလွန်ကဲခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကျခြင်း၊ ဖျော့တော့ခြင်း

    ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။

    ကလေးတွေကြီးထွားဖွံ့ဖြိုးမှုကို သက်ရောက်နိုင်ပါတယ်။ ဒီဆေးအသုံးပြုခြင်းကြောင့် ပုံမှန်နှုန်းအတိုင်းမကြီးထွားလာဘူးဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။

    လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Amphetamine (အန်ဖက်တမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ MAO inhibitorsတွေနဲ့တွဲအသုံးပြုခြင်းက ပြင်းထန်တဲံသေစေနိုင်လောက်တဲ့တုန့်ပြန်မှုတွေ ဖြစ်စေနိုင်ပါတယ်။ amphetamineသုံးကုသနေစဉ်အတွင်း MAO inhibitorsတွေကို ရှောင်သင့်ပါတယ်။

    • Isocarboxazid
    • Linezolid
    • Methylene blue
    • Moclobemide
    • Phenelzine
    • Procarbazine
    • Rasagiline
    • Selegiline
    • Tranylcypromine

    အစားအသောက်တွေနဲ့ အရက်က Amphetamine (အန်ဖက်တမင်း) နဲ့ ဓါတ်ပြုနိုင်သလား

    အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်ရောဂါအခြေအနေတွေက Amphetamine (အန်ဖက်တမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

    အပြန်အလှန်သက်ရောက်မှုပေးနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့

    နှလုံးသွေးကြောဆိုင်ရာပြဿနာများ

    ရေတိမ်ရောဂါ

    စိုးရိမ်ခြင်း

    နှလုံးရောဂါ

    သွေးတိုးခြင်း

    အသည်းရောဂါ

    အတက်ရောဂါ

    ဆေးအရက်စွဲနေခြင်း

    စိတ်ဝေဒနာများ

    ကျောက်ကပ်လုပ်ဆောင်မှုပျက်ခြင်း

    ကြွက်သားများရုတ်တရက်တွန့်ခြင်း

    ဆီးချိုရောဂါ

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Amphetamine (အန်ဖက်တမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လေးလံထိုင်းမှိုင်းခြင်း၊ နေ့ခင်းဘက်အိပ်ချင်နေခြင်းအတွက်

    • အစောပိုင်းပမာဏ- 10 mgသောက်ဆေး အကြိမ်ခွဲပြီးသုံးနိုင်ပါတယ်။
    • ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- သင့်တော်တဲ့တုန့်ပြန်မှုရတဲ့အထိ အပတ်စဉ်10 mgထိတိုးပေးသွားနိုင်ပါတယ်။

    အဝလွန်ခြင်းအတွက်

    • ချက်ချင်းထုတ်လွှတ်ပေးသောဆေးပြားပုံစံ
    • အစောပိုင်းပမာဏ- 5 mgသောက်ဆေး အစာမစားခင်မိနစ၃၀မှ၆၀အလို
    • အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- 30 mgသောက်ဆေး အကြိမ်ရေခွဲပြီးပေးနိုင်ပါတယ်။
    • ဆေးအသုံးပြုရန်ကာလ- သီတင်းပတ်အနည်းငယ်ထက်မပိုသင့်ပါဘူး။

    ကလေးတွေအတွက် Amphetamine (အန်ဖက်တမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လေးလံထိုင်းမှိုင်းခြင်း၊ နေ့ခင်းဘက်အိပ်ချင်နေခြင်းအတွက်

    ချက်ချင်းထုတ်လွှတ်ပေးသောဆေးပြားပုံစံ

    အသက်၆နှစ်မှာ၁၁နှစ်အထိ

    • အစောပိုင်းပမာဏ- 5 mgသောက်ဆေး အကြိမ်ရေခွဲပြီး
    • ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- သင့်တော်တဲ့တုန့်ပြန်မှုရတဲ့အထိ အပတ်စဉ်5 mgထိတိုးပေးသွားနိုင်ပါတယ်။

    အသက်၁၂နှစ်နှင့်အထက်

    • အစောပိုင်းပမာဏ- 10 mgသောက်ဆေး အကြိမ်ခွဲပြီးသုံးနိုင်ပါတယ်။
    • ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- သင့်တော်တဲ့တုန့်ပြန်မှုရတဲ့အထိ အပတ်စဉ်10 mgထိတိုးပေးသွားနိုင်ပါတယ်။

    အဝလွန်ခြင်းအတွက်

    • ချက်ချင်းထုတ်ပေးတဲ့ဆေးပြားပုံစံ
    • အသက်၁၂နှစ်နှင့်အထက်
    • အစောပိုင်းပမာဏ- 5 mgသောက်ဆေး အစာမစားခင်မိနစ်၃၀မှ ၆၀ကြိုပြီး
    • အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- 30 mgသောက်ဆေး အကြိမ်ေရေခွဲပြီးပေးနိုင်ပါတယ်။
    • ဆေးကာလ- သီတင်းပတ်အနည်းငယ်ထက်မပိုသင့်ပါဘူး။

    အာရုံစူးစိုက်မှုချို့တဲံရောဂါအတွက်

    ချက်ချင်းထုတ်လွှတ်ပေးသောဆေးပြားပုံစံ

    အသက်၃နှစ်မှ၅နှစ်အထိ

    • အစောပိုင်းပမာဏ-2.5 mgသောက်ဆေး
    • ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- သင့်တော်တဲ့တုန့်ပြန်မှုရတဲ့အထိ နေ့စဉ်ပမာဏ2.5mgထိ အပတ်တိုင်းတိုးပေးသွားနိုင်ပါတယ်။

    အသက်၆နှစ်မှ၁၇နှစ်အထိ

    • အစောပိုင်းပမာဏ-5 mgသောက်ဆေးတစ်နေ့ ၁ကြိမ်သို့၂ကြိမ်
    • ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- သင့်တော်တဲ့တုန့်ပြန်မှုရတဲ့အထိ နေ့စဉ်ပမာဏ 5mgထိ အပတ်တိုင်းတိုးပေးသွားနိုင်ပါတယ်။
    • အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- အရမ်းရှားတဲ့အခြေအနေမျိုးတွေတွက်သာ 40 mgထက်ပိုလိုနိုင်ပါတယ်။

    ကြာရှည်တဖြည်းဖြည်းချင်းထုတ်လွှတ်ပေးသောဆေးအမှုန်ပါအရည်ပုံစံ

    အသက်၆နှစ်မှ ၁၇နှစ်အထိ

    • အစောပိုင်းပမာဏ- 2.5 or 5 mgသောက်ဆေး မနက်တစ်ကြိမ်
    • ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- သင့်တော်တဲ့တုန့်ပြန်မှုရတဲ့အထိ နေ့စဉ်ပမာဏ 5 to 10 mg ထိ ၄ရက်ကနေရရက်တိုင်းတိုးပေးသွားနိုင်ပါတယ်။
    • အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- 20 mgသောက်ဆေး

    Amphetamine (အန်ဖက်တမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

    အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

    ဆေး့ပြား 5 mg; 10 mg; 2.5 mg/mL; 3.1 mg; 6.3 mg; 9.4 mg; 12.5 mg; 15.7 mg; 18.8 mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement