Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 4 mins read
Share now

အသုံးပြုပုံများ

Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Alvityl Comprimé Enrobé ဟာ ဗီတာမင် ၁၂ မျိုးနဲ့သတ္တုဓါတ် ၈မျိုးပါဝင်ကာ ခန္ဓါကိုယ်ရဲ့ နေ့စဉ်လိုအပ်ချက်ကို ရာနှုန်းပြည့် ထောက်ပံ့ပေးနိုင်ဖို့ အထူးတွက်ချက်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်အားဆေးဖြစ်ပြီးပင်ပန်းနွမ်းနယ်ခြင်းကို လျှော့ချပေးနိုင်တဲ့ ဗီတာမင် B3, B6, B9 , C၊ သံဓါတ် နဲ့ မဂ္ဂနီဆီယမ်ဓါတ်တို့ကြောင့် သင့်ခန္ဓါကိုယ်ကို သန်စွမ်းကျန်းမာစေပါတယ်။

ဗီတာမင် D ပါဝင်ခြင်းကြောင့် အရိုးတွေအတွက်လည်း အင်မတန် အကျိုးရှိစေပါတယ်။

Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးပုံစံအတွက် အောက်ပါအချက်တွေကို လိုက်နာရပါမယ်။

  • Alvityl Comprimé Enrobé ကို ဆရာဝန် ညွှန်ကြားထားတဲ့ ပမာဏ၊အကြိမ်ရေအတိုင်း အတိအကျလိုက်နာပြီး သောက်သုံးရပါမယ်။
  • Alvityl Comprimé Enrobé ကို အသုံးမပြုခင် ဆေးညွှန်းကို သေချာစွာ ဖတ်ရပါမယ်။

ဆေးညွှန်းမှာ နားမလည်တာ၊မရှင်းလင်းတာတွေ ရှိမယ်ဆိုရင် သင့်ဆရာဝန်ကို မေးမြန်းရပါမယ်။

Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Alvityl Comprimé Enrobé ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Alvityl Comprimé Enrobé ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Alvityl Comprimé Enrobé ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Alvityl Comprimé Enrobé ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Alvityl Comprimé Enrobé ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက Alvityl Comprimé Enrobé မသုံးစွဲခင် ဆရာဝန်ကို ကြိုပြောပါ။

  • Alvityl Comprimé Enrobé ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ရင်။
  • အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနဲ့ ဓါတ်မတည့်ရင်။

Alvityl Comprimé Enrobé နဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးတွေကို သုံးစွဲနေရင် ဒါမှမဟုတ် အခြားသော ရောဂါအခြေအနေတခုခု ရှိရင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အခြားသော ဆေးများနည်းတူပင် Alvityl Comprimé Enrobé ဟာလည်း အချို့သော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ဘေးထွက်ဆိုးကျိုးအများစုဟာ အင်မတန်ဖြစ်ခဲပြီး ထူးထူးခြားခြားကုသပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီးတဲ့အချိန်မှာ ပြဿနာတစုံတရာ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ သင့်ဆရာဝန်ကို အသိပေးရမှာ ဖြစ်ပါတယ်။

အချို့သော ဘေးထွက်ဆိုးကျိုးတွေကတော့ အနီစက်များထွက်ခြင်း၊အင်ပျဉ်ထခြင်း အစရှိတဲ့ ဓါတ်မတည့်ခြင်း လက္ခဏာတွေနဲ့ အစာချေခြင်းဆိုင်ရာ ပြဿနာတွေ (ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်နာခြင်း စသည်) ပဲ ဖြစ်ကြပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Alvityl Comprimé Enrobé ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့် ဗီတာမင် A ပါဝင်တဲ့ အခြားသော ဆေးဝါးတွေပဲ ဖြစ်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) နဲ့ ဓါတ်ပြုနိုင်သလား

Alvityl Comprimé Enrobé က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Alvityl Comprimé Enrobé ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

အောက်ပါအခြေအနေတွေမှာ Alvityl Comprimé Enrobé ကို မသုံးစွဲသင့်ပါဘူး။

  • ကြက်ဆူဆီကြောင့် အူပိတ်ခြင်း။
  • သကြားဓါတ်အမျိုးမျိုးကို ပုံမှန်အတိုင်း မစုပ်ယူနိုင်သော ရောဂါရှိခြင်း ဒါမှမဟုတ် sucrase-isomaltase အင်ဇိုင်းမ် ချို့တဲ့ခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Alvityl Comprimé Enrobé ကို သောက်သုံးရမယ့်အချိုးအစားနဲ့ ပတ်သက်ပြီး သေချာစွာ သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

သတ်မှတ်ထားတဲ့ ပမာဏကတော့ တနေ့ကို ဆေးပြား တပြားကနေ သုံးပြားအထိ သောက်သုံးနိုင်ပါတယ်။

ကလေးတွေအတွက် Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၆နှစ်အထက် ကလေးတွေ သောက်သုံးဖို့ သတ်မှတ်ထားတဲ့ ပမာဏက တနေ့ကို ဆေးပြား တပြားကနေ နှစ်ပြားအထိ သောက်သုံးနိုင်ပါတယ်။

အသက် ၆နှစ်အောက်ကလေးတွေမှာတော့ သေချာစွာ သတ်မှတ်ထားတဲ့ ပမာဏမရှိတဲအတွက် ဆေးရည်ကို အသုံးမပြုတာ ပိုကောင်းပါတယ်။

Alvityl Comprimé Enrobé (အဲလ်ဗစ်တိုင်းလ် ကွမ်ပရိုင်းမ် အန်ရုတ်ဘ်) ကိုဘယ်လိုရရှိနိုင်သလဲ

Alvityl Comprimé Enrobé ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • အကာအုပ်ထားသော ဆေးပြားပုံစံ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Alvityl Comprimé Enrobé ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သတိပြုဖွယ်ရာ Heart Attack ၏ အချက်ပေးခေါင်းလောင်းသံများ

Heart attack နှလုံးထိခိုက်ခြင်း နှလုံးကြွက်သားပျက်စီး ရင်ဘတ်အောင့်ခြင်း မူးဝေသတိလစ်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း နှလုံးခုန်မြန်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

တက်စတိုစထရုန်း နည်းပါးခြင်း၏ လက္ခဏာများ

တက်စတိုစထရုန်း ဝှေးစေ့သေးလာခြင်း မှတ်ဉာဏ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အရိုးများ အဆီများလာခြင်း ကြွက်သားများ ပင်ပန်းနွမ်းနယ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

စိတ်ကျခြင်း၏ ပုန်းလျှိုးကွယ်လျှိုးလက္ခဏာများ

ဝမ်းနည်းခြင်း စိတ်ကျခြင်း အစားအသောက် ကိုယ်အလေးချိန် အိပ်စက်မှုပုံစံ အရက် ပင်ပန်းနွမ်းနယ်ခြင်း အာရုံစူးစိုက်မှု လိင်စိတ်ဆန္ဒ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ဗီတာမင် D ချို့တဲ့ခြင်းကို ဘယ်လိုသိနိုင်လဲ

ဗီတာမင် D ဗီတာမင် တစ်နေ့တာ အသားအရေညိုခြင်း အဝလွန်ခြင်း နို့ထွက်ပစ္စည်းများ ကိုယ်ခံအားစနစ် အဆုတ်ရောင်ခြင်း အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း ပင်ပန်းနွမ်းနယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အပင်များမှ မရနိုင်သော အာဟာရဓာတ် ၇ မျိုးအကြောင်း

အပင်များမှ မရနိုင်သော အာဟာရဓာတ် ၇ မျိုးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 23, 2020 . 2 mins read
အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။

အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 11, 2020 . 2 mins read
စိတ်ဓာတ်ကျနေသူကို ဘယ်လိုအားပေးမလဲ

စိတ်ဓာတ်ကျနေသူကို ဘယ်လိုအားပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020 . 2 mins read
အမြဲတမ်းမောပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းများ

အမြဲတမ်းမောပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 18, 2020 . 3 mins read