Alvesin® (အယ်လ်ဗာဆင်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 1 ဖတ်ရန် ကြာချိန်
Share now

အသုံးပြုပုံများ

Alvesin (အယ်လ်ဗာဆင်)ကို ဘာအတွက်အသုံးပြုကြသလဲ

Alvesin ကို ခံတွင်း (သို့) အစာအိမ်အူလမ်းကြောင်းမှတစ်ဆင့် အာဟာရဓါတ်များ မစားသုံးနိုင်တဲ့ အချိန် (သို့) မလုံလောက်တဲ့အချိန် မှာ အစာအိမ်အူလမ်းကြောင်းကို ရှောင်ပြီး တခြားနည်းလမ်းဖြင့် လိုအပ်တဲ့ အသားဓါတ်ဖြစ်စေသော အမိုင်နိုအက်ဆစ်များကို ထောက်ပံ့ ပေးတဲ့အနေနဲ့အသုံးပြုပါတယ်။

Alvesin (အယ်လ်ဗာဆင်) ဘယ်လိုသောက်သုံးသင့်သလဲ

Alvesin ကို သင်ရဲ့ဆရာဝန် က သွေးပြန်ကြောမှတစ်ဆင့် ဆေးသွင်းပေးမှာ ဖြစ်ပါတယ်။

Alvesin (အယ်လ်ဗာဆင်) ဘယ်လိုသိမ်းဆည်းရမလဲ

Alvesin ကို တိုက်ရိုက်နေရောင်ခြည် မထိုးအောင် နဲ့စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင် သိမ်းဆည်းတဲ့နည်း ဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေ မဖြစ်အောင်လို့ Alvesin ကို ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေ မပြုလုပ်ပါနှင့်။ Alvesin ဆေးအမျိုးအစားနဲ့ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှု ပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေ အကုန်လုံးကို ကလေးတွေ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးရာမှာ ထားပါ။

Alvesin ကို အိမ်သာထဲပစ်ချတာနဲ့ ရေထွက်ပေါက်ကနေ ဆေးကို ပစ်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကို မလိုအပ်တော့တဲ့ အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့ အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာနဲ့ပတ်သက်လို့သင်ရဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Alvesin (အယ်လ်ဗာဆင်)အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသွင်းခင်မှာ သင်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။ အကယ်လို့ သင့်မှာ

  • နှလုံးအားနည်းခြင်း
  • အသည်းနှင့် ကျောက်ကပ် အလုပ်လုပ်မှု ချို့ယွင်းခြင်း တို့ ရှိရင် ဆေးသွင်းတာကို ချင့်ချိန်ရမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Alvesin (အယ်လ်ဗာဆင်)
ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန် အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသွင်းမီတွင် ဖြစ်နိုင်ခြေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးပါ။

ဘေးထွက်ဆိုးကျိုးများ

Alvesin (အယ်လ်ဗာဆင်)ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Alvesin ရဲ့ဘေးထွက်ဆိုးကျိုးဆိုင်ရာ အချက်အလက်များကို သိရှိနိုင်ရန် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Alvesin (အယ်လ်ဗာဆင်)နဲ့ ဓါတ်ပြုနိုင်သလဲ

Alvesin ဟာ သင်အခု လောလောဆယ်ဆယ် သောက်သုံးနေတဲ့ တခြားသောဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားပဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင် ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။ Alvesin နှင့် ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • Digitoxin
  • Digoxin
  • Eplerenone
  • Metildigoxin
  • Tranylcypromine
  • Beta-acetyldigoxin တို့ဖြစ်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Alvesin (အယ်လ်ဗာဆင်)နဲ့ ဓါတ်ပြုနိုင်သလား

Alvesin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ မဖြစ်လာအောင် ဆေးမသွင်းမီကတည်းက အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုနိုင်ချေ ရှိမရှိကို သင့်ရဲ့ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။

ဘယ်ရောဂါအခြေအနေတွေက Alvesin (အယ်လ်ဗာဆင်)နဲ့ ဓါတ်ပြုနိုင်သလဲ

Alvesin ဟာ သင့်ရဲ့နဂို ကျန်းမာရေး အခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လတ်တလောဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန်နဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Alvesin (အယ်လ်ဗာဆင်)ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေနဲ့အသက် ၁၅ နှစ် မှ ၁၇ နှစ် ကြား လူငယ်တွေအတွက်

  • နေ့စဉ်သွင်းရမယ့် ဆေးအချိုးအစားမှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၁၀-၂၀ မီလီလီတာ ဖြစ်ပြီး

အများဆုံးအချိုးအစားအနေနှင့် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၂၀ မီလီလီတာ ဖြစ်ပါတယ်။

ကလေးတွေအတွက် Alvesin (အယ်လ်ဗာဆင်)ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အောက်ဖော်ပြပါ အချက်အလက်များသည် ကလေး ၁ ဦးချင်းစီ အလိုက် အသက်၊ ကြီးထွားဖွံ့ဖြိုးမှုအဆင့် နှင့် ရောဂါပေါ် မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။

အသက် ၂ နှစ် မှ ၁၄ နှစ် အထိ ကလေးများနဲ့လူငယ်လူရွယ်များ အတွက်

  • အသက် ၃ နှစ် မှ ၅ နှစ် ကလေးများ အတွက် နေ့စဉ်သွင်းရမယ့် ဆေးအချိုးအစားမှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၁၅ မီလီလီတာ ဖြစ်ပြီး
  • အသက် ၆ နှစ် မှ ၁၄နှစ် ကလေးများ အတွက် နေ့စဉ်သွင်းရမယ့် ဆေးအချိုးအစားမှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်အတွက် ၁၀ မီလီလီတာ ဖြစ်ပါတယ်။

Alvesin (အယ်လ်ဗာဆင်)ကိုဘယ်လိုရရှိနိုင်သလဲ

Alvesin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးအရည်ပုလင်းပုံစံ ပြင်းအား ၁၀၀ မီလီလီတာ (သို့) ၂၅၀ မီလီလီတာ (သို့) ၅၀၀ မီလီလီတာ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေမှာ နီးစပ်ရာ အရေးပေါ်ဆေးရုံဆေးခန်းများတွင် သွားရောက်ပြီး ဆေးကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Alvesin ကို သွင်းဖို့လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) သတိရတဲ့အချိန်မှာ အမြန်ဆုံးသွင်းပါ။ သို့သော်လည်း နောက်တစ်ကြိမ် သွင်းရမယ့် အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သွင်းလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသွင်းတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရွှေဖရုံရွက် နဲ့ ကျန်းမာရေး

ကျန်းမာရေး ရွှေဖရုံညွန့် သံဓာတ် ဗီတာမင် A ကင်ဆာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွက်သား အဆိပ်အတောက် သွေးချို ကိုယ်ခံအား သွေးနီဥဆဲလ်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ

နွားနို့ အာဟာရဓာတ် ကယ်လိုရီ ကိုယ်ခံစွမ်းအား ပရိုတင်း ပရိုတိန်းအရင်းအမြစ် ကယ်လ်ဆီယမ် အမိုင်နိုအက်ဆစ် အရိုးများ ကိုယ်အလေးချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အသက်အရွယ်ကြီးလာခြင်းကြောင့် ကြွက်သားများကျုံလှီလာခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

အလေးမခြင်း ဗီတာမင်ဒီ ပရိုတိန်း Omega 3 Fatty Acid Creatine အေရိုးဗစ် လေ့ကျင့်ခန်း ကြွက်သားများ အမိုင်နိုအက်ဆစ် ကြွက်သားတွေကျုံလှီလာခြင်း Sarcopenia

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားနိုင်တဲ့ လွဲလွဲလေးများ

myth ပရိုတင်း ခန္ဓာကိုယ် အာဟာရဓာတ် အရိုး နဲ့ ကြွက်သား အရိုးနု အရေပြား ကိုယ်ခံအား အသား ဥအမျိုးမျိုး အစားအသောက် အသီးအရွက် အမိုင်နိုအက်ဆစ် ကယ်လ်လိုရီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်

သဘာဝအတိုင်း အသားအရေ လှပကျန်းမာဖို့ ဘာတွေက ကူညီပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်
လက်ဖက်စိမ်းဆိုတာ

လက်ဖက်စိမ်းဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 ဖတ်ရန် ကြာချိန်
ကိုယ်ဝန်ဆောင်မေမေ နဲ့ ပဲနို့

ကိုယ်ဝန်ဆောင်မေမေ နဲ့ ပဲနို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 16, 2020 . 2 ဖတ်ရန် ကြာချိန်