Allopurinol (အေလိုပျူရီနော)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 6 mins read
Share now

အသုံးပြုနည်း

Allopurinol ကို မည်သည့် အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Allopurinol ကို ဂေါက်ရောဂါနဲ့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းတွေကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။ သူ့ကို ကင်ဆာ ဆေးသွင်းကုသခြင်း ခံယူနေတဲ့ လူနာတွေမှာ uric acid ပမာဏ မြင့်တက်ခြင်းကို ကာကွယ်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။ ဒီလူနာတွေမှာ ကင်ဆာဆဲလ်တွေကနေ ထုတ်လိုက်တဲ့ uric acid တွေကြောင့် သွေးအတွင်း uric acid ပမာဏ များနေနိုင်ပါတယ်။ Allopurinol ဟာ ကိုယ်ခန္ဓါက ပြုလုပ်လိုက်တဲ့ uric acid ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ Uric acid များခြင်းဟာ ဂေါက်ရောဂါနဲ့ ကျောက်ကပ် ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Allopurinol ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

Allopurinol ကို သောက်ဆေးအဖြစ် တစ်နေ့တစ်ကြိမ် (သို့) ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်သင့်ပါတယ်။ အစာအိမ် မထိခိုက်စေရန် ဒီဆေးကို အစာစားပြီးချိန်မှာ သောက်နိုင်ပါတယ်။ တကယ်လို့ သောက်ရမည့် ဆေးပမာဏဟာ တစ်နေ့ကို 300mg ထက် များတယ်ဆိုရင် နေ့အချိန်မှာ ဒီပမာဏရောက်အောင် ဆေးပမာဏ အနည်းငယ်စီကို အကြိမ်များစွာ သောက်ရနိုင်ပါတယ်။

ဆေးသောက်ပြီးတိုင်း ရေဖန်ခွက်တစ်ခွက် အပြည့်သောက်သုံးရန် အကောင်းဆုံးဖြစ်ပြီး တစ်နေ့မှာ အရည်ဖန်ခွက် ရှစ်ခွက်အထိ သောက်သင့်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က အခြားကျန်းမာရေး ကိစ္စအတွက် အရည်လျှော့သောက်စေမယ်ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဆရာဝန်က ဆီးအတွင်းမှာ uric acid ဘယ်လိုနည်းအောင် လုပ်ရမလဲဆိုတာ ညွှန်ကြားပေးမှာဖြစ်ပါတယ်။

ဆေးပမာဏဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုပေါ်မှာမူတည်ပါတယ်။ Allopurinol ကို အစွမ်းအထက်ဆုံးဖြစ်စေဖို့ နေ့တိုင်း အချိန်မှန်သောက်သင့်ပါတယ်။
ဂေါက်ရောဂါကုသမှုမှာ အာနိသင်ရစေဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။ သင့်မှာ ကိုယ်ခန္ဓါက uric acid အပိုတွေကို ဖယ်ထုတ်လိုက်စဉ်မှာ ဒီဆေးစသောက်ပြီး လပေါင်းများစွာအကြာမှာ ဂေါက်ရောဂါ ပြန်ဖြစ်နိုင်ပါတယ်။ ဒီဆေးဟာ အနာသက်သာဆေးမဟုတ်ပါဘူး။ ဂေါက်ရောဂါကြောင့်နာကျင်မှုကို သက်သာစေဖို့ ဆရာဝန်ညွှန်းထားတဲ့ဆေးတွေကို (colchicine ၊ ibuprofen ၊ indomethacin) ဆက်လက်သောက်သင့်ပါတယ်။
ရောဂါလက္ခဏာတွေ မသက်သာ ရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

Allopurinol ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Allopurinol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Allopurinol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Allopurinol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Allopurinol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Allopurinol ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

allopurinol မသောက်ခင်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Allopurinol (သို့) Allopurinol ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ရင်
  • အခြားဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ၊ herbal ထုတ်ကုန်တွေ သောက်နေတာ ရှိရင်၊ အထူးသဖြင့် အောက်ဖေါ်ပြပါဆေးတွေ သောက်နေတာရှိရင် ဆရာဝန်ကို သေချာပြောပြသင့်ပါတယ်။
  • amoxicillin (Amoxil ၊ Trimox) ၊ ampicillin (Polycillin ၊ Principen) ၊ warfarin (Coumadin) ကဲ့သို့ သွေးကျဲဆေး ၊ cyclophosphamide (Cytoxan) နဲ့ mercaptopurine (Purinethol) ကဲ့သို့ ကင်ဆာဓါတုဆေးကုထုံး ၊ chlorpropamide (Diabinese)၊ ဆီးဆေး ၊ azathioprine (Imuran) and cyclosporine (Neoral, Sandimmune) ကဲ့သို့ ကိုယ်ခံအားချပေးသောဆေး ၊ probenecid (Benemid) နဲ့ sulfinpyrazone (Anturane) ကဲ့သို့ ဂေါက်ရောဂါ ကုသပေးသော အခြားဆေး ၊ tolbutamide (Orinase)။

သင့်ဆရာဝန်က ဆေးပမာဏ ပြောင်းလဲခြင်း (သို့) ဆေးရဲ့ ဆိုးကျိုးတွေကို စောင့်ကြည့်ခြင်းတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

  • အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါရှိရင် ဆရာဝန်ကို ပြောပြပါ။
  • ကိုယ်ဝန်ရှိရင်၊ ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိရင်၊ ကလေးနို့တိုက်နေရင်။ ဆေးသောက်နေစဉ် ကိုယ်ဝန် ရှိသွားရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
  • ဒီဆေးဟာ အိပ်ငိုက်ခြင်းကို ဖြစ်စေတာကြောင့် ဆေးသောက်ထားရင် ကားမောင်းခြင်း (သို့) စက်ကိရိယာတစ်ခုခု အသုံးပြုခြင်းကို မပြုလုပ်သင့်ပါဘူး။
  • အရက်ကို ဘယ်လိုစိတ်ချရအောင် သောက်မလဲဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ အရက်ဟာ ဒီဆေးရဲ့ အစွမ်းထက်မှုကို လျော့ကျစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Allopurinol က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ရောင်ရမ်းခြင်းတွေဖြစ်ရင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

သင့်မှာ အောက်ပါ ပြင်းထန်တဲ့ လက္ခဏာတွေ ရှိရင် ဆရာဝန်ကို ချက်ခြင်း ခေါ်သင့်ပါတယ်။

  • ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အရည်ကြည်ဖုထခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေခွံကွာခြင်း၊ အရေပြားနီရဲခြင်း
  • ပထမ လက္ခဏာကတော့ အရေပြားနီရဲ အကွက်ထလာခြင်းပဲ ဖြစ်ပါတယ်။
  • ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ သွေးထွက်ခြင်း
  • ပျို့ခြင်း၊ အစာအိမ်နာခြင်း၊ ယားယံခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ အရေပြား၊ မျက်လုံးဝါခြင်း
  • ဆီးနည်းခြင်း (သို့) လုံးဝမသွားခြင်း
  • အဆစ်နာကျင်ခြင်း၊ တုတ်ကွေး လက္ခဏာများ
  • ပြင်းထန်တဲ့ ထုံကျင်ခြင်း၊ နာကျင်ခြင်း၊ ကြွက်သား အားနည်းခြင်း
  • အညိုအမဲစွဲခြင်း၊ ပုံမှန်မဟုတ်သော သွေးထွက်ခြင်း (နှာခေါင်း၊ ပါးစပ်၊ မိန်းမကိုယ်၊ စအို) အရေပြားအောက်မှာ အနီရောင် (သို့) ခရမ်းရောင် အစက်အသေးလေးတွေပေါ်ခြင်း

သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကတော့

  • ပျို့အန်ခြင်း
  • အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း
  • အရသာ ခံစားမှုအာရုံပြောင်းလဲခြင်း
  • ကြွက်သားနာကျင်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Allopurinol နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Allopurinol ဟာ သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာ၀ ဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့်

• Azathioprine (Imuran)
• Chlorpropamide (Diabinese)
• Cyclosporine (Gengraf ၊ Sandimmune၊ Neoral)
• Mercaptopurine (Purinethol)
• ပိုးသတ်ဆေး ။ ampicillin (Principen၊ Omnipen) ၊ amoxicillin (Amoxil ၊ Augmentin ၊ Trimox ၊ Wymox)
• dicoumarol ၊ warfarin (Coumadin) ကဲ့သို့ သွေးကျဲဆေး
• ဆီးဆေး

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Allopurinol နဲ့ ဓါတ်ပြုနိုင်ပါသလား။

Allopurinol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Allopurinol နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Allopurinol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• ရိုးတွင်းခြင်ဆီ ပြဿနာများ
• အသည်းရောဂါ
• ကျောက်ကပ်ရောဂါ

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Allopurinol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အောက်ဖော်ပြပါ ဆေးပမာဏများသည် လူကြီးသောက်သုံးရန် ပမာဏများဖြစ်ပါသည်။

ဂေါက်ရောဂါအတွက်
ကနဦးဆေးပမာဏ ။ သောက်ဆေး 100 mg တစ်ရက်တစ်ကြိမ်။
ဆက်လက် သောက်သုံးရန် ဆေးပမာဏ ။ (မပြင်းထန်သော ဂေါက်ရောဂါ အတွက်) သောက်ဆေး 200 to 300 mg တစ်ရက်တစ်ကြိမ် (သို့) (အလယ်အလတ် မှ အပြင်းအထန် ဂေါက်ရောဂါအတွက်) တစ်ရက်ကို 400 to 600 mg ကို အကြိမ်ရေခွဲ၍ သောက်ရန် သွေးအတွင်း uric acid များခြင်းအတွက် (လူကြီးတွေမှာ အသုံးပြုရန်)

ကင်ဆာဆေးသွင်းကုသမှု အပြီး uric acid မြင့်တက်ခြင်းအတွက်

ကနဦးပမာဏ ။ Parenteral ။ 200 to 400 mg/m2/day အများဆုံးပမာဏ သည် 600 mg/day ဖြစ်သည်။
။ oral ။ 600 to 800 mg/day ၁-၃ ရက် ၊ အနည်းဆုံး တစ်ရက်ကို ရေ နှစ်လီတာ သောက်ရမည်။
ဆက်လက်သောက်သုံးရန် ။ သောက်ဆေး 200 to 300 mg/day ကို လူနာ uric acid ပမာဏ မြင့်တက်နိုင်ချေ အန္တရာယ် မရှိတော့သည်အထိ ပေးရန် ။

Calcium Oxalate Calculi with Hyperuricosuria အတွက်

ကနဦးပမာဏ ။ သောက်ဆေး 200 to 300 mg တစ်ရက်တစ်ကြိမ်
ဆက်လက်သောက်သုံးရန် ပမာဏ ။ 300 mg/day

Congestive heart failure နှလုံးရောဂါအတွက်

Study (n=11) superoxide free radicals ကာကွယ်ရန် နှင့် endothelial function ကောင်းမွန်စေရန် (in NYHA class II to III chronic heart failure) ။ သောက်ဆေး 300 mg နေ့စဉ် တစ်ရက်တစ်ကြိမ် တစ်လ။

နှလုံးခွဲစိတ်မှု အတွက်

Coronary Artery Bypass Graft Surgery ။ သောက်ဆေး 600 mg ကို ခွဲစိတ်ကုသမှု မတိုင်ခင် တစ်ရက်ကြိုသောက်ရန်။ ခွဲစိတ်ကုသမည့်နေ့တွင် နောက်ထပ် 600 mg သောက်သုံးရန်။

Leishmaniasis အတွက်

Study (n=31 – Cutaneous leishmaniasis: 20 mg/kg/day နှင့် low-dose meglumine antimoniate (30 mg/kg/day) ကို ရက် ၂၀ သောက်သုံးရန်။

စိတ်ကြွခြင်းအတွက်

Mania (bipolar I) နှင့်ဆက်စပ်နေသော Uric acid မြင့်တက်ခြင်းအတွက်။ သောက်ဆေး 300 mg နေ့စဉ် ။

High Risk Percutaneous Transluminal Angioplasty အတွက်

Study (n=38) – Primary Percutaneous Transluminal Coronary Angioplasty (PTCA) ။ သောက်ဆေး 400 mg အရေးပေါ် ဌာန သို့ ရောက်ပြီးပြီးချင်းသောက်ရမည်။ (ခန့်မှန်းခြေ reperfusion မတိုင်ခင် ၆၀ မိနစ်) ထို့နောက် primary PTCA လုပ်ဆောင်မှုပြီးဆုံးသွားသောအခါ တစ်ကြိမ်ပေးရန်။

Reactive Perforating Collangenosis အတွက်

100 mg သောက်ဆေး နေ့စဉ်။

ကလေးငယ်တွေမှာ Allopurinol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အောက်ဖော်ပြပါ ဆေးပမာဏများသည် ကလေးများတွင် ပေးရမည့် ပမာဏဖြစ်သည်။

ကင်ဆာဆေးသွင်းကုသမှု အပြီး သွေးအတွင်း uric acid များခြင်းအတွက်
Parenteral :
၁၀ နှစ်နှင့် အောက် ။ 200 mg/m2/day တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် အညီအမျှ ခွဲသောက်ရန်။ သို့သော် 600 mg/24 hours ထက်ပိုမပေးရ။ 300 mg ထက်များသော ဆေးပမာဏတိုင်းကို အကြိမ်ရေခွဲတိုက်ရမည်။
၁၀ နှစ်အထက် ။ 200 to 400 mg/m2/day တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် အညီအမျှ ခွဲသောက်ရန်။ 600 mg/24 hours ထက်ပိုမပေးရ။
Oral:
၆ နှစ် အောက် ။ 150 mg/day သောက်ဆေး တစ်နေ့ သုံးကြိမ် ခွဲသောက်ရန်။
၆ နှစ် မှ ၁၀ နှစ် ။ 300 mg/day သောက်ဆေး တစ်နေ့ နှစ်ကြိမ် မှ သုံးကြိမ် ခွဲသောက်ရန် ။
၁၀ နှစ် အထက် ။ 600 to 800 mg/day တစ်နေ့ နှစ်ကြိမ် မှ သုံးကြိမ် အညီအမျှ ခွဲသောက်ရန်

Leishmaniasis အတွက်

၅ နှစ်အထက် ။ Study (n=31) – Cutaneous leishmaniasis ။ 20 mg/kg/day နှင့် meglumine antimoniate (30 mg/kg/day) ကို ရက် ၂၀ ပေးရန်။

Allopurinol ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Allopurinol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ဆေးပြား (သောက်ဆေး) ။ 100 mg ၊ 300 mg

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Allopurinol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးထဲက သာမန်မဟုတ်တဲ့ အမှုန်အမွှားများ

ရောဂါအခြေအနေ ဆီးထဲမှာ ဆီးကျောက် သွေးနီဥ Bilirubin အသည်း ကျောက်ကပ်ကျောက်တည်တာ အက်စစ်ဓာတ် ကျောက်ကပ် ဆီးလမ်းကြောင်း ကိုလက်စထရော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူး ဆေးဖက်ဝင် ပြောင်းဖူးမွှေး အပင်ဒြပ်ပေါင်း ဆီးလမ်းကြောင်း ပိုးဝင်တာ ကိုယ်တွင်းက အဆိပ်အတောက်တွေနှလုံး ထိခိုက်တာ ကျန်းမာရေးပြဿနာ ထိခိုက်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

အစားအသောက် စားသုံးမှု သန်စွမ်းကျန်းမာမှု အမျိုးသား အစားအစာ အနီရောင်အသား ပရိုတင်း ကိုယ်အလေးချိန် အရပ်အမြင့် ချယ်ရီသီး ဂေါက်ရောဂါ သွေးပေါင်ချိန် ဆီးကျိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဗီတာမင်စီ အကြောင်း သင်ဘယ်လောက်သိလဲ။

ဗီတာမင်စီ ဗီတာမင် ဓာတ်တိုးဆန့်ကျင် ခုခံအားစနစ် နှလုံးရောဂါ သွေးပေါင်ချိန် သွေးတိုး ယူရစ်အက်စစ် ဂေါက်ရောဂါ သံဓာတ်ချို့တဲ့ သွေးအားနည်း သွေးဖြူဥ Dementia

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အဆစ်ရောင်ခြင်း အမျိုးအစားများ

အဆစ်ရောင်ခြင်း အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 8, 2020 . 3 mins read
ကိုဗစ်နဲ့ စီဗစ်

ကိုဗစ်နဲ့ စီဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 2 mins read
ဆီးကျောက်ခြေတယ်ဆိုတာ

ဆီးကျောက်ခြေတယ်ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 2 mins read
ဒူးနာတာ ဘာကြောင့်လဲ၊ ဘယ်လို သက်သာအောင် လုပ်ရမလဲ။

ဒူးနာတာ ဘာကြောင့်လဲ၊ ဘယ်လို သက်သာအောင် လုပ်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 21, 2020 . 3 mins read