Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) ဘယ်လိုအသုံးပြုသလဲ
ဝက်သက်ကာကွယ်ဆေးက အရေပြားအောက်ထိုးဆေးအဖြစ် ထိုးနှံပေးရမှာဖြစ်ပါတယ်။ ဆေးခန်း သို့မဟုတ် ဆေးရုံမှာ ထိုးရမှာ ဖြစ်ပြီး တတ်သိနားလည်သူတွေအကူအညီနဲ့ထိုးနှံရမှာပါ။
ကာကွယ်ဆေးက တစ်ကြိမ်ပဲ ထိုးရမှာလား
ဝက်သက်ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရမှာမဟုတ်ပါဘူး။ ဒီကာကွယ်ဆေးကို အကြိမ်ကြိမ်ထိုးရမှာဖြစ်ပါတယ်။ ကလေးအသက် ၁၂လကနေ ၁၅လအတွင်းမှာ ပထမအကြိမ် ထိုးရမှာဖြစ်ပြီး အစုလိုက်ကာကွယ်ဆေးတွေကို အသက် ၄နှစ်နဲ့ ၆နှစ်ကြားမှာ ထိုးရမှာ ဖြစ်ကာ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ အနည်းဆုံး ၂၈ရက် (လေးပတ်လောက်) ခြားရမှာ ဖြစ်ပါတယ်။
လူကြီးတွေ ကာကွယ်ဆေးထိုးလို့မရဘူးလား
ဝက်သက်ကာကွယ်ဆေးက ကလေးတွေပဲ ထိုးလို့ရတာမဟုတ်ပါဘူး။ လူကြီးတွေပါထိုးလို့ရပါတယ်။ ကာကွယ်ဆေးလုံးဝမထိုးဘူးတဲ့သူတွေ ဝက်သက်ရောဂါကို တစ်ကြိမ်မှမခံစားဖူးတဲ့ အရွယ်ရောက်ပြီးသူတွေမှာ ကာကွယ်ဆေးထိုးနှံလို့ရပါတယ်။ ၁၉၅၆ ခုနှစ်နောက်ပိုင်းမွေးဖွားသူတွေအနေနဲ့ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးရောဂါ တစ်ခါမှ မဖြစ်ဖူးရင် ဒါမှမဟုတ် ကာကွယ်ဆေးတစ်ခါမှ မထိုးဖူးရင် ဒီကာကွယ်ဆေးကို အနည်းဆုံး တစ်ကြိမ်တော့ ထိုးထားရမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။