အသုံးပြုပုံများ
Zzzquil (ဇဇ်ကွေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Zzzquil® ကို နှာချေခြင်း၊ နှာစေးခြင်း၊ မျက်ရည် စိုခြင်း၊ အင်ပျဉ်များ၊ အရေပြား အဖုအပိမ့်၊ ယားယံခြင်းနှင့် အခြား အအေးမိသော သို့မဟုတ် ဓါတ်မတည့်သော လက္ခဏာများအား ကုသရန် သုံးသည်။
Zzzquil® ကို ကားမူးခြင်းကို ကုသရန်၊ အိပ်စက်စေရန်နှင့် ပါကင်ဆန်ရောဂါ၏ အချို့လက္ခဏာများကို ကုသရန် သုံးသည်။ Zzzquil® ကို ဆေးလမ်းညွှန်တွင် မပါသော ရည်ရွယ်ချက်များ အတွက်လည်း သုံးနိုင်သည်။
Zzzquil (ဇဇ်ကွေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ
ဆေးစာတွင် ညွှန်ကြားထားသည့်အတိုင်း သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း တိကျစွာ သောက်ပါ။ ထောက်ခံထားသည်ထက် ပိုများစွာ၊ ပိုနည်းစွာ သို့မဟုတ် ပို၍ ကြာရှည်စွာ မသုံးပါနှင့်။ အအေးမိ သို့မဟုတ် ဓါတ်မတည့်မှု ဆေးကို အချိန်တိုအတွင်းသာ သောက်သင့်သည်။ ရောဂါ လက္ခဏာများ ပျောက်သည်အထိသာ သောက်သင့်သည်။
ဤဆေးကို အသက် ၂ နှစ်အောက် ငယ်သော ကလေးများအား မပေးပါနှင့်။ ကလေးကို အအေးမိ ချောင်းဆိုး ပျောက်ဆေး မပေးခင် ဆရာဝန်အား အမြဲမေးပါ။ အလွန် ငယ်သော ကလေးများတွင် အအေးမိ ချောင်းဆိုးပျောက်ဆေးကို မှားယွင်းပြီး သုံးစွဲပါက သေဆုံးစေနိုင်သည်။
ကလေးကို အိပ်ပျော်စေရန် antihistamine ဆေးများ မသုံးသင့်ပါ။
ဆေးရည်ကို ပေးထားသော ဆေးထိုးပြွန်ဖြင့် ချိန်တွယ်ပါ။ သို့မဟုတ် အထူးပြုလုပ်ထားသော ဆေးပမာဏ တိုင်းသည့် ဇွန်း သို့မဟုတ် ခွက်ဖြင့် ချိန်တွယ်ပါ။ သင့်တွင် ဆေးပမာဏ တိုင်းသည် ကိရိယာ မရှိပါက ဆေးရောင်းသူထံမှ တောင်းပါ။
ကားမူးခြင်းအတွက် ကားမူးခြင်း ဖြစ်စေသော အခြေအနေ ( ဥပမာ ကြာရှည်စွာ ကားစီးခြင်း၊ လေယာဉ်၊ သင်္ဘောစီးပြီး ခရီးသွားခြင်း၊ ကစားကွင်းရှိ စီးစရာများ အစရှိသည်) မတိုင်ခင် မိနစ် ၃၀ အလိုတွင် diphenhydramine သောက်ပါ။ ကားမူး နိုင်သော အချိန်များတွင် diphenhydramine ကို အစာဖြင့် ဆက်သောက်ပါ။ အိပ်ချိန်တွင် သောက်ပါ။
အိပ်စက်မှု အကူအညီအဖြစ် diphenhydramine ကို မအိပ်ခင် မိနစ် ၃၀ အတွင်း သောက်နိုင်သည်။
သင်၏ လက္ခဏာများသည် ကုသမှု ၇ ရက်ပြီးနောက် သက်သာမလာပါက သို့မဟုတ် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အရေပြား အဖုအပိမ့်များ ရှိလာပါက ဆရာဝန်အား ခေါ်ပါ။
ဤဆေးသည် အရေပြား ဓါတ်မတည့်မှု စစ်ဆေးချက်များကို သက်ရောက်နိုင်သည်။ သင်သည် diphenhydramine သောက်နေကြောင်းကို ဆရာဝန်အား ပြောပြပါ။
Zzzquil (ဇဇ်ကွေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ
Zzzquil® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zzzquil® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Zzzquil® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Zzzquil® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Zzzquil (ဇဇ်ကွေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။
- သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
- သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
- သင်သည် Zzzquil® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
- သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
သင့်တွင် အခြား ကျန်းမာရေး အခြေအနေများ ရှိပါက ဤဆေးသောက်ခြင်းသည် သင့်အတွက် ဘေးကင်းသလားကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးမြန်းပါ။ အထူးသဖြင့် အောက်ပါ ကျန်းမာရေး အခြေအနေများ ဖြစ်သည်။
- အစာခြေ လမ်းကြောင်းတွင် ပိတ်ဆို့ခြင်း ( အစာအိမ် သို့မဟုတ် အူ)
- ဆီးအိတ် ပိတ်ဆို့ခြင်း သို့မဟုတ် အခြား ဆီးပြဿနာများ
- အူမကြီး အပိတ်ဖောက်ခြင်း
- အသည်း သို့မဟုတ် ကျောက်ကပ် ရောဂါ
- ပန်းနာရင်ကြပ်၊ နာတာရှည် လေပြွန်ပိတ်ဆို့သော ရောဂါ (COPD) သို့မဟုတ် အခြား အသက်ရှူ ရောဂါ
- သလိပ်ထွက်ပြီး ချောင်းဆိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ emphysema သို့မဟုတ် နာတာရှည် လေပြွန်ရောင်ခြင်း ကြောင့် ချောင်းဆိုးခြင်း
- နှလုံး ရောဂါ၊ သွေးပေါင်ကျခြင်း
- ရေတိမ်
- သိုင်းရွိုက်ရောဂါ
- ပိုတက်စီယမ် သောက်ပါက (Cytra, Epiklor, K-Lyte, K-Phos, Kaon,Klor-Con, Polycitra, Urocit-K)
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zzzquil (ဇဇ်ကွေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Zzzquil® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Zzzquil® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Zzzquil® သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- A = ဆိုးကျိုးမရှိပါ။
- B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
- D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
- X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
- N = အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Zzzquil (ဇဇ်ကွေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဓါတ်မတည့်မှု၏ လက္ခဏာများ ရှိပါက အရေးပေါ် ကျန်းမာရေး အကူအညီ ရယူပါ။ ဥပမာ အင်ပျဉ်၊ အသက်ရှူရ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။
သင့်တွင် အောက်ပါတို့ ရှိပါက diphenhydramine သောက်ခြင်းကို ရပ်ပြီး ဆရာဝန်အား ချက်ချင်းခေါ်ပါ။
- နှလုံးခုန်သံ တဒိန်းဒိန်း မြည်ခြင်း၊ ရင် တလှပ်လှပ် ခုန်ခြင်း
- ဆီးသွားရ ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း
- ဆီး အနည်းငယ်သာ ထွက်ခြင်း သို့မဟုတ် ဆီး မထွက်ခြင်း
- စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်တော့မည်ဟု ခံစားရခြင်း
- လည်ပင်း သို့မဟုတ် မေးရိုးတွင် တင်းကျပ်ခြင်း၊ လျှာ လှုပ်ရှားမှုကို ထိန်းမရခြင်း
အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ
- မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း၊ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း
- ပါးစပ်၊ နှာခေါင်း သို့မဟုတ် လည်ချောင်း ခြောက်ခြင်း
- ဝမ်းချုပ်ခြင်း၊ အစာအိမ် အောင့်ခြင်း
- မျက်လုံး ခြောက်ခြင်း၊ အမြင် ဝေဝါးခြင်း
- နေ့အချိန်တွင် ငိုက်မျဉ်းခြင်း၊ မအီမသာ ခံစားရခြင်း
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Zzzquil (ဇဇ်ကွေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Zzzquil® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Zzzquil (ဇဇ်ကွေးလ်) နဲ့ ဓါတ်ပြုနိုင်သလား
Zzzquil® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Zzzquil (ဇဇ်ကွေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Zzzquil® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Zzzquil (ဇဇ်ကွေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Extrapyramidal Reaction အတွက် ပုံမှန် လူကြီးပမာဏ
သောက်ဆေး။ 25-50 mg တစ်နေ့ 3 ကြိမ်မှ 4 ကြိမ်
အစာခြေ လမ်းကြောင်းမဟုတ်သော အခြားလမ်းကြောင်း။ 10-50 mg deep IM or IV လိုအပ်သလို ပေးပါ။ လိုအပ်ပါက 100 mg အထိ တိုးပေးနိုင်သည်။
အများဆုံးပေးနိုင်သော ပမာဏ။ 400 mg/day
အိပ်မပျော်ခြင်းအတွက် ပုံမှန်လူကြီး ပမာဏ
Diphenhydramine Citrate: သောက်ဆေး 76 mg တစ်နေ့ တစ်ကြိမ် အိပ်ယာဝင်ချိန်
Diphenhydramine Hydrochloride: သောက်ဆေး 50 mg တစ်နေ့ တစ်ကြိမ် အိပ်ယာဝင်ချိန်
ကားမူးခြင်းအတွက် ပုံမှန်လူကြီး ပမာဏ
သောက်ဆေး။
ညွှန်ကြားထားသော ဖော်မြူလာ။ သောက်ဆေး 25-50 mg တစ်နေ့ 3 ကြိမ်မှ 4 ကြိမ်။ ပထမ ဆေးကို ကားမစီးခင် မိနစ် ၃၀ အလိုတွင် သောက်ပါ။ ခရီးစဉ် တောက်လျှောက် အစာ မစားခင် ထပ်သောက်ပါ။
အစာခြေ လမ်းကြောင်းမဟုတ်သော အခြားလမ်းကြောင်း။ 10-50 mg deep IM or IV လိုအပ်သလို ပေးပါ။ လိုအပ်ပါက 100 mg အထိ တိုးပေးနိုင်သည်။ အများဆုံးပေးနိုင်သော ပမာဏ။ 400 mg/day
ဓါတ်မတည့်မှုကြောင့် ဖြစ်သော နှာခေါင်းအမြှေးပါးရောင်ခြင်း အတွက် ပုံမှန်လူကြီးပမာဏ
သောက်ဆေး။
Diphenhydramine Citrate: 38-76 mg ကို 4-6 နာရီ တစ်ခါ လိုအပ်သလို ပေးပါ။ အများဆုံး ပေးနိုင်သော ပမာဏ။ 456 mg/day
Diphenhydramine Hydrochloride: 25-50 mg ကို 4-6 နာရီ တစ်ခါ လိုအပ်သလို ပေးပါ။ အများဆုံး ပေးနိုင်သော ပမာဏ။ 300 mg/day
အစာခြေ လမ်းကြောင်းမဟုတ်သော အခြားလမ်းကြောင်း။ 10-50 mg deep IM or IV လိုအပ်သလို ပေးပါ။ လိုအပ်ပါက 100 mg အထိ တိုးပေးနိုင်သည်။ အများဆုံးပေးနိုင်သော ပမာဏ။ 400 mg/day
အအေးမိ လက္ခဏာများအတွက် ပုံမှန်လူကြီးပမာဏ
သောက်ဆေး
Diphenhydramine Citrate: 38-76 mg ကို 4-6 နာရီ တစ်ခါ လိုအပ်သလို ပေးပါ။ အများဆုံး ပေးနိုင်သော ပမာဏ။ 456 mg/day
Diphenhydramine Hydrochloride: 25-50 mg ကို 4-6 နာရီ တစ်ခါ လိုအပ်သလို ပေးပါ။ အများဆုံး ပေးနိုင်သော ပမာဏ။ 300 mg/day
အစာခြေ လမ်းကြောင်းမဟုတ်သော အခြားလမ်းကြောင်း။ 10-50 mg deep IM or IV လိုအပ်သလို ပေးပါ။ လိုအပ်ပါက 100 mg အထိ တိုးပေးနိုင်သည်။ အများဆုံးပေးနိုင်သော ပမာဏ။ 400 mg/day
အလွန်အမင်း ယားယံခြင်းအတွက် ပုံမှန်လူကြီး ပမာဏ
သောက်ဆေး။
Diphenhydramine Citrate: 38-76 mg ကို 4-6 နာရီ တစ်ခါ လိုအပ်သလို ပေးပါ။ အများဆုံး ပေးနိုင်သော ပမာဏ။ 456 mg/day
Diphenhydramine Hydrochloride: 25-50 mg ကို 4-6 နာရီ တစ်ခါ လိုအပ်သလို ပေးပါ။ အများဆုံး ပေးနိုင်သော ပမာဏ။ 300 mg/day
အစာခြေ လမ်းကြောင်းမဟုတ်သော အခြားလမ်းကြောင်း။ 10-50 mg deep IM or IV လိုအပ်သလို ပေးပါ။ လိုအပ်ပါက 100 mg အထိ တိုးပေးနိုင်သည်။ အများဆုံးပေးနိုင်သော ပမာဏ။ 400 mg/day
အရေပြား ယားယံခြင်းအတွက် ပုံမှန်လူကြီး ပမာဏ
သောက်ဆေး။
Diphenhydramine Citrate: 38-76 mg ကို 4-6 နာရီ တစ်ခါ လိုအပ်သလို ပေးပါ။ အများဆုံး ပေးနိုင်သော ပမာဏ။ 456 mg/day
Diphenhydramine Hydrochloride: 25-50 mg ကို 4-6 နာရီ တစ်ခါ လိုအပ်သလို ပေးပါ။ အများဆုံး ပေးနိုင်သော ပမာဏ။ 300 mg/day
အစာခြေ လမ်းကြောင်းမဟုတ်သော အခြားလမ်းကြောင်း။ 10-50 mg deep IM or IV လိုအပ်သလို ပေးပါ။ လိုအပ်ပါက 100 mg အထိ တိုးပေးနိုင်သည်။ အများဆုံးပေးနိုင်သော ပမာဏ။ 400 mg/day
ကလေးတွေအတွက် Zzzquil (ဇဇ်ကွေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဓါတ်မတည့်မှုကြောင့် ဖြစ်သော နှာခေါင်းအမြှေးပါးရောင်ခြင်း အတွက် ပုံမှန်ကလေး ပမာဏ
ညွှန်ကြားထားသော ဖော်မြူလာ။
အသက် ၁ လနှင့်အထက်။
- သောက်ဆေး။ 12.5 – 25 mg တစ်နေ့ 3-4 ကြိမ်။ တစ်နည်းအားဖြင့် ကိုယ်အလေးချိန်ပေါ် မူတည်သော ဆေးပမာဏ 5 mg/kg သို့မဟုတ် ခန္ဓါကိုယ် မျက်နှာပြင် ဧရိယာ ဆေးပမာဏ 150 mg/m2 ကို သုံးနိုင်သည်။ အများဆုံး ပေးနိုင်သော ပမာဏ။ 300 mg/day
- ထိုးဆေး။ 1.25 mg/kg deep IM or IV တစ်နေ့ 4 ကြိမ် သို့မဟုတ် 37.5 mg/m2 deep IM or IV တစ်နေ့ 4 ကြိမ်။ အများဆုံး ပေးနိုင်သော ပမာဏ။ 300 mg/day
စပ်ဆေး ဖော်မြူလာ။
Diphenhydramine Citrate:
- အသက် 6 နှစ်မှ 12 နှစ်။ သောက်ဆေး 19-38 mg ကို 4-6 နာရီတစ်ခါ လိုအပ်သလို သောက်ပါ။ အများဆုံး သောက်နိုင်သော ပမာဏ။ 228 mg/day
- အသက် 12 နှစ်နှင့် အထက်။ သောက်ဆေး 38-76 mg ကို 4-6 နာရီတစ်ခါ လိုအပ်သလို သောက်ပါ။ အများဆုံး သောက်နိုင်သော ပမာဏ။ 456 mg/day
- Diphenhydramine Hydrochloride
- အသက် 2 နှစ်မှ 6 နှစ်။ သောက်ဆေး 6.25 mg ကို 4-6 နာရီတစ်ခါ လိုအပ်သလို သောက်ပါ။ အများဆုံး သောက်နိုင်သော ပမာဏ။ 37.5 mg/day
- အသက် 6 နှစ်မှ 12 နှစ်။ သောက်ဆေး 12.5-25 mg ကို 4-6 နာရီတစ်ခါ လိုအပ်သလို သောက်ပါ။ အများဆုံး သောက်နိုင်သော ပမာဏ။ 150 mg/day
- အသက် 12 နှစ်နှင့် အထက်။ သောက်ဆေး 25-50 mg ကို 4-6 နာရီတစ်ခါ လိုအပ်သလို သောက်ပါ။ အများဆုံး သောက်နိုင်သော ပမာဏ။ 300 mg/day
အအေးမိလက္ခဏာများ အတွက် ပုံမှန်ကလေး ပမာဏ
ညွှန်ကြားထားသော ဖော်မြူလာ
အသက် ၁လ နှင့်အထက်။

ကားမူးခြင်းအတွက် ပုံမှန်ကလေး ပမာဏ

အိပ်မပျော်ခြင်းအတွက် ပုံမှန်ကလေးပမာဏ
အသက် ၁၂ နှစ်နှင့် အထက်။
Diphenhydramine Citrate: သောက်ဆေး 76 mg တစ်နေ့ တစ်ကြိမ် အိပ်ယာဝင်ချိန်
Diphenhydramine Hydrochloride: သောက်ဆေး 50 mg တစ်နေ့ တစ်ကြိမ် အိပ်ယာဝင်ချိန်
Extrapyramidal Reaction အတွက် ပုံမှန် ကလေးပမာဏ
အသက် ၁ လနှင့် အထက်။
သောက်ဆေး။ 12.5 – 25 mg တစ်နေ့ 3-4 ကြိမ်။ တစ်နည်းအားဖြင့် ကိုယ်အလေးချိန်ပေါ် မူတည်သော ဆေးပမာဏ 5 mg/kg သို့မဟုတ် ခန္ဓါကိုယ် မျက်နှာပြင် ဧရိယာ ဆေးပမာဏ 150 mg/m2 ကို သုံးနိုင်သည်။ အများဆုံး ပေးနိုင်သော ပမာဏ။ 300 mg/day
ထိုးဆေး။ 1.25 mg/kg deep IM or IV တစ်နေ့ 4 ကြိမ် သို့မဟုတ် 37.5 mg/m2 deep IM or IV တစ်နေ့ 4 ကြိမ်။ အများဆုံး ပေးနိုင်သော ပမာဏ။ 300 mg/day
ဓါတ်မတည့်မှုအတွက် ပုံမှန်ကလေးပမာဏ

Zzzquil (ဇဇ်ကွေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ
Zzzquil® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။
- ထိုးဆေး အရည်
- ဆေးပြား
- အရည်
- အမှုန့်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Zzzquil® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။