backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zoledronic Acid ကို Paget’s disease အား ကုသရန် သုံးသည်။ အရိုးပျော့ခြင်း၊ ကြွပ်ခြင်းကို ကုသရန် သုံးသည်။ အခြား အကြောင်းရင်းများအတွက် လည်း သုံးနိုင်သည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးပါ။ ပေးထားသော အချက်အလက် အားလုံးကို ဖတ်ရှုပါ။ လမ်းညွှန်ချက် အားလုံးကို သေချာလိုက်နာပါ။

၎င်းကို သွေးပြန်ကြောထဲသို့ အချိန်တစ်ခုကြာ ထိုးသွင်း ရသည်။ ဆရာဝန်က အရည် နည်းနည်းသောက်ရန် မပြောပါက caffeine မပါသော အရည်များကို များများသောက်ပါ။

အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း လျော့ကျအောင် acetaminophen ပေးနိုင်သည်။

Zoledronic Acid မထိုးမီ နာရီအနည်းငယ် အလိုတွင် အနည်းဆုံး အရည် နှစ်ဖန်ခွက်လောက် သောက်ပါ။

Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) ဘယ်လိုသိမ်းဆည်းရမလဲ

Zoledronic Acid ကို အိမ်တွင် သိမ်းဆည်းရန် လိုအပ်ပါက ဘယ်လိုသိမ်းဆည်းရမလဲကို ဆရာဝန်၊ သူနာပြု သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ နှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Zoledronic Acid သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • ကယ်စီယမ် ပမာဏ နည်းပါက
  • ကျောက်ကပ် ရောဂါ ရှိပါက
  • ဤဆေးကဲ့သို့ အခြားဆေး သုံးနေပါက သို့မဟုတ် သုံးတော့မည် ဆိုပါက
  • တူညီသော ဆေးပါသော အခြားဆေး သုံးနေပါက
  • ကိုယ်ဝန်ရှိပါက သို့မဟုတ် ကိုယ်ဝန်ရှိနိုင်ပါက။ ကိုယ်ဝန် ရှိပါက ဤဆေးကို မသောက်ပါနှင့်။
  • ကလေးနို့တိုက်နေပါက။ ကလေးနို့တိုက်ရန် စီစဉ်ထားပါက

သင်သည် Zoledronic Acid သုံးနေကြောင်းကို ကျန်းမာရေး စောင့်ရှောက်မှု ပေးသူအားလုံးကို ပြောပြပါ။ ၎င်းတွင် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် သွားဆရာဝန်များ ပါဝင်သည်။

ဤဆေးကဲ့သို့ ဆေးများ သုံးနေသူများတွင် ပန်းနာရင်ကြပ် ပိုဆိုးနိုင်သည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဤဆေးသည် အရိုးကျိုးနိုင်ချေကို မြင့်စေသည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆရာဝန် ပြောသည့်အတိုင်း သွေးစစ်ဆေးပါ။ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆရာဝန် ပြောသည့်အတိုင်း အရိုး သိပ်သည်းဆကို စစ်ဆေးပါ။ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆရာဝန် ပြောသည့်အတိုင်း ကယ်စီယမ် နှင့် ဗီတာမင် ဒီ သောက်ပါ။

ဤဆေးကို စတင်မသုံးမီ သွားစစ်ဆေးမှု ခံယူပါ။

သွားများကို သေချာ ဂရုစိုက်ပါ။ သွားဆရာဝန်နှင့် မကြာခဏ ပြသပါ။

ဤဆေးကို ကယ်စီယမ်/ ဗီတာမင် ဒီ နှင့် အလေးချိန် သယ်ဆောင်ရသော လေ့ကျင့်ခန်းများ ဥပမာ လမ်းလျှောက်ခြင်း၊ PT ( ခန္ဓါကိုယ် ကုထုံး) နှင့်အတူ သုံးပါက အကောင်းဆုံးဖြစ်သည်။

ဆရာဝန် ပြောသော စားသောက်ပုံနှင့် လေ့ကျင့်ခန်း အစီအစဉ်ကို လိုက်နာပါ။

ကလေးများကို မပေးပါနှင့်။ ဆရာဝန်နှင့် တိုင်ပင်ပါ။

သင်သည် အသက် ၆၅ နှင့်အထက် ဖြစ်ပါက zoledronic acid ကို သတိဖြင့် သုံးပါ။ ဘေးထွက်ဆိုးကျိုးများ ပိုဖြစ်နိုင်သည်။

ဤဆေး သုံးနေစဉ် ကိုယ်ဝန်တားရန် သင်ယုံကြည်သော ကိုယ်ဝန်တားဆေးကို သုံးပါ။

သင်သည် ကိုယ်ဝန်ရှိနေစဉ် ဤဆေးကို သုံးပါက မမွေးသေးသော ကလေးငယ် အပေါ် အန္တရာယ် ဖြစ်စေနိုင်သည်။ zoledronic acid သုံးနေစဉ် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကိုယ်ဝန်ရလာပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Zoledronic Acid သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Zoledronic Acid မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Zoledronic Acid သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင့်တွင် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်အား ချက်ချင်းပြောပါ သို့မဟုတ် ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။ အောက်ပါ လက္ခဏာများသည် အလွန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများနှင့် ဆက်စပ် နိုင်သည်။

  • ဓါတ်မတည့်မှု၏ လက္ခဏာများ။ အဖုအပိမ့်များ၊ အင်ပျဉ်၊ ယားယံခြင်း၊ အရေပြား နီရဲပြီး ရောင်ရမ်းခြင်း၊ ဖောင်းကြွခြင်း၊ အလွှာလိုက် ကွာခြင်း၊ ဖျားခြင်း၊ အသက်ရှူရာတွင် တဝီဝီမြည်ခြင်း၊ ရင်ဘတ် သို့မဟုတ် လည်ချောင်း ကြပ်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ စကားပြောရ ခက်ခြင်း၊ ပုံမမှန်သော အသံအက်ကွဲခြင်း၊ ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။
  • ကယ်စီယမ် နည်းခြင်း၏ လက္ခဏာများ။ ဥပမာ ကြွက်တက်ခြင်း၊ အကြောဆွဲခြင်း၊ ထုံကျဉ်ခြင်း၊ တရွရွ ခံစားရခြင်း၊ တက်ခြင်း
  • ကျောက်ကပ် ပြဿနာ၏ လက္ခဏာများ။ ဥပမာ ဆီးမသွားနိုင်ခြင်း၊ ဆီးသွားပုံ ပြောင်းလဲခြင်း၊ ဆီးတွင် သွေးပါခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း
  • အလွန်ဆိုးရွားသော အရိုး၊ အဆစ် သို့မဟုတ် ကြွက်သား နာကျင်ခြင်း
  • ပုံမှန်မဟုတ်သော တင်ပဆုံ သို့မဟုတ် ပေါင် နာကျင်ခြင်း
  • ရင်ဘတ် အောင့်ခြင်း
  • နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း
  • နှလုံးခုန်သံ မြန်ခြင်း သို့မဟုတ် နှေးခြင်း
  • မျက်လုံး အမြင် ပြောင်းလဲခြင်း၊ မျက်လုံး နာခြင်း၊ အလွန်ဆိုးရွားသော မျက်လုံးရောင်ခြင်း
  • ပါးစပ် အနာ
  • မျိုချရ ခက်ခဲခြင်း
  • မျိုချသောအခါ အလွန်ဆိုးရွားသော နာကျင်ခြင်း
  • အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း
  • လည်ချောင်း နာခြင်း
  • ရှင်းမပြနိုင်သော အညိုမဲ စွဲခြင်း၊ သွေးထွက်ခြင်း
  • အလွန် မောပန်းခြင်း၊ အားနည်းခြင်း
  • စိတ်နေစိတ်ထား ပြောင်းလဲခြင်း
  • ဆေးထိုးသော နေရာတွင် နာကျင်ခြင်း
  • ဆေးထိုးသော နေရာတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း
  • မူးဝေခြင်း
  • အစာအိမ် အောင့်ခြင်း၊ ထိုးအန်ခြင်း
  • ဆေးထိုးသော နေရာတွင် ကျိန်းစပ်ခြင်း
  • မောပန်ခြင်း၊ အားနည်းခြင်း
  • ဗိုက်နာခြင်း
  • ခေါင်းကိုက်ခြင်း
  • တုပ်ကွေးကဲ့သို့ လက္ခဏာများ
  • ဝမ်းပျော့ခြင်း ( ဝမ်းလျှောခြင်း)
  • ကြွက်သား သို့မဟုတ် အဆစ် နာကျင်ခြင်း
  • ကျောနာခြင်း
  • ခန္ဓါကိုယ် တစ်ခြမ်းတွင် အားနည်းခြင်း၊ စကားပြောရာ သို့မဟုတ် တွေးခေါ်ရာတွင် ခက်ခဲခြင်း၊ မျှခြေ ပြောင်းလဲခြင်း၊ မျက်နှာ တစ်ခြမ်းတွင် သွားရည်ကျခြင်း၊ အမြင် ဝေဝါခြင်း

ဤဆေးသည် မေးရိုး ပြဿနာများကို ဖြစ်စေနိုင်သည်။ ဖြစ်နိုင်ချေသည် ဤဆေးကို ကြာကြာသောက်လေ ပိုမြင့်လေ ဖြစ်သည်။ သင့်တွင် ကင်ဆာ၊ သွား ပြဿနာများ၊ ကောင်းစွာ မကိုက်ညီသော အံကပ်၊ သွေးခဲမှု ပြဿနာများ သို့မဟုတ် ရောဂါပိုး ကူးစက်မှု ရှိပါက ဖြစ်နိုင်ချေသည် ပိုမြင့်သည်။ သင်သည် သွား ကုသမှု ခံယူထားပါက၊ ဓါတု သို့မဟုတ် ဓါတ်ရောင်ခြည် ကုထုံး ခံယူထားပါက၊ မေးရိုး ပြဿနာများ ဖြစ်နိုင်သော အခြားဆေးများ ဥပမာ အချို့ စတီးရွိုက် ဆေးများ သောက်နေပါက ဖြစ်နိုင်ချေသည် ပိုမြင့်သည်။ ၎င်းကို ဖြစ်စေသော ဆေးများစွာ ရှိသည်။ သင်သည် မသေချာပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးပါ။ သင်သည် မေးရိုး ရောင်ခြင်း၊ နာကျင်ခြင်း ဖြစ်လာပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zoledronic Acid သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) နဲ့ ဓါတ်ပြုနိုင်သလား

Zoledronic Acid သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zoledronic Acid သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Multiple Myeloma ကြောင့် အရိုးပျက်စီးမှု အတွက် ပုံမှန် လူကြီး ပမာဏ

Zometa(R) : 4 mg IV 15 မိနစ်ထက် မပိုစေရ။ 3-4 ပတ် တစ်ခါ ပေးပါ။

အကျိတ်ခဲ၏ အရိုးသို့ ပျံ့နှံ့မှု အတွက် ပုံမှန် လူကြီးပမာဏ

Zometa(R) : 4 mg IV 15 မိနစ်ထက် မပိုစေရ။ 3-4 ပတ် တစ်ခါ ပေးပါ။

ကင်ဆာကြောင့် သွေးတွင်း ကယ်စီယမ် များမှုအတွက် ပုံမှန်လူကြီး ပမာဏ

Zometa(R) : အများဆုံး ပမာဏ။ တစ်ခါထိုး 4 mg IV infusion 15 မိနစ်ထက် မပိုစေရ။

Paget’s Disease အတွက် ပုံမှန်လူကြီးပမာဏ

Reclast (R) : 5 mg IV infusion, ပုံသေ ထိုးသွင်းသော နှုန်း ဖြင့်ပေးပါ။ 15 မိနစ်ထက် မပိုစေရ။

ကယ်စီယမ်နှင့် ဗီတာမင် ဒီ ဖြည့်စွက်စာ

  • ကယ်စီယမ်။ 750 mg ကယ်စီယမ် ဒြပ်စင်ကို တစ်နေ့ နှစ်ကြိမ် သောက်ပါ။ သို့မဟုတ် 500 mg ကို တစ်နေ့ သုံးကြိမ် သောက်ပါ။
  • ဗီတာမင် ဒီ။ 800 international units ကို နေ့စဉ် သောက်ပါ။ အထူးသဖြင့် ဆေးပေးပြီးနောက် ၂ ပတ်တွင်သောက်ပါ။

အရိုးပွခြင်းအတွက် ပုံမှန်လူကြီး ပမာဏ

Reclast (R) : 5 mg IV infusion 15 မိနစ်ထက် မပိုစေရ။ တစ်နှစ် တစ်ခါပေးပါ။

အရိုးပွခြင်းကို ကာကွယ်ရန်အတွက် ပုံမှန်လူကြီး ပမာဏ

Reclast (R) : 5 mg IV infusion 15 မိနစ်ထက် မပိုစေရ။ 2 နှစ် တစ်ခါပေးပါ။

ကလေးတွေအတွက် Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဆေး၏ ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Zoledronic Acid (ဇိုလီဒိုနစ် အက်စစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Zoledronic Acid ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • အကြောတွင်းထိုးသော ဆေးရည်
  • အကြောတွင်းထိုးရန်အတွက် ဆေးမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zoledronic Acid ထိုးရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် ထိုးပါ။ သို့သော်လည်း နောက်တစ်ကြိမ် ထိုးရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်ထိုးပါ။ နှစ်ကြိမ် ထပ်မထိုးပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement