backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Zinc Oxide (ဇင့် အောက်ဆိုက်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Zinc Oxide (ဇင့် အောက်ဆိုက်)

အသုံးပြုပုံများ

Zinc Oxide (ဇင့် အောက်ဆိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zinc Oxide (ဇင့် အောက်ဆိုက်) ဆိုတာက ကလေးသေးခံလောင်တာ နဲ့  (အပူလောင်တာ၊ ပြတ်ရှနာ၊ ကုတ်ခြစ်နာ) တွေလိုမျိုး အသေးစား အရေပြားပြဿနာတွေကို ကာကွယ်ဖို့ ဒါမှမဟုတ် ကုသဖို့ အသုံးပြုလေ့ရှိတဲ့ လိမ်းဆေးတစ်မျိုးပါ။ အရေပြားကို စိုထိုင်းတာ၊ အရေပြားကို ထိခိုက်စေနိုင်တဲ့ အရာတွေနဲ့ တိုက်ရိုက် ထိတွေ့မိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Zinc Oxide (ဇင့် အောက်ဆိုက်) ဘယ်လို အသုံးပြုသင့်သလဲ

Zinc Oxide (ဇင့် အောက်ဆိုက်)ကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်တွေ ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာ အသုံးပြုပေးပါ။ ဒီဆေးကို စမသုံးချင်မှာ သိချင်တာရှိမယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်တွေနဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။

ဒီဆေးကို အရေပြားပေါ်မှာသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဆေးဘူးမှာပါတဲ့ ဆေးညွှန်းအတိုင်း ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အသုံးပြုပေးပါ။ ဆေးကို ဘယ်လို အသုံးပြုရမလဲဆိုတာကို သေသေချာချာ မသိဘူးဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်တွေနဲ့ သေချာလေး တိုင်ပင်ပါ။

ဆေးကို မျက်လုံးထဲမဝင်အောင် ဂရုစိုက်ပါ။ ဆေးက မျက်လုံးထဲ မတော်တဆ ဝင်သွားမယ်ဆိုရင် ရေနဲ့ ချက်ချင်း ဆေးချလိုက်ပါ။

ဆေးက ဖြန်းဆေး ဖြစ်မယ်ဆိုရင် အသုံးမပြုခင်မှာ သေချာလေး လှုပ်ရမ်းဖို့ လိုပါမယ်။

ဆေးက အသုံးပြုပြီး ၁၂ နာရီအတွင်းဆို အာနိသင်စပြပါပြီ။ တကယ်လို့ ဆေးလိမ်းနေပေမယ့် အခြေအနေက ပိုဆိုးလာမယ်။ ၇ ရက်ကြာတဲ့အထိတောင် တိုးတက်လာတာမျိုး မရှိဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Zinc Oxide (ဇင့် အောက်ဆိုက်)ကို  ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zinc Oxide (ဇင့် အောက်ဆိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zinc Oxide (ဇင့် အောက်ဆိုက်)ကို သုံးစွဲဖို့ စိတ်ချရပါသလား

ဒီလိမ်းဆေးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zinc Oxideကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။

အရေပြားမှာ ဓာတ်မတည့်တာလိုမျိုး ဘေးထွက်ဆိုးကျိုးတစ်ခုခု ခံစားရတာမျိုး ရှိမယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆရာဝန်ကို ပြောပြပေးပါ။

ဒီဆေးကြောင့် ပြင်းထန်တဲ့ ဓာတ်မတည့်မှုက ဖြစ်ခဲပါတယ်။ တကယ်လို့ အရေပြားမှာ (အထူးသဖြင့် မျက်နှာ၊ လျှာ၊ လည်ချောင်း စတာတွေ) အနီရောင်အပိမ့်တွေ ထွက်တာ၊ ယားယံတာ၊ ရောင်ရမ်းတာလိုမျိုး ဖြစ်မယ် ပြင်းပြင်းထန်ထန် မူးဝေတာလိုမျိုး ဖြစ်မယ်ဆိုရင် ချက်ချင်း နီးစပ်ရာဆေးခန်းမှာ ကုသမှု ခံယူပါ။

ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိကျကျ ဖော်ပြထားတာမျိုးတော့ မရှိပါဘူး။ တကယ်လို့ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာ မဟုတ်တဲ့ လက္ခဏာ တစ်ခုခု ခံစားရမယ်ဆိုရင်တည်း ချက်ချင်း ကုသမှု ခံယူပါ။

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zinc Oxideနဲ့ ဓာတ်ပြုနိုင်သလဲ

Zinc  oxideက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Zinc Oxideနဲ့ ဓာတ်ပြုနိုင်သလား

က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zinc Oxideနဲ့ ဓာတ်ပြုနိုင်သလဲ

က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • အရေပြား ပိုးဝင်နေရင် ဒါမှမဟုတ် ဆေးလိမ်းရမယ့် နေရာတဝိုက်မှာ အရေပြား ပိုးဝင်နေရင်
  • ဆေးလိမ်းရမယ့် နေရာတဝိုက်မှာ အနာကြီးကြီးမားမား ရှိနေတာ၊ အရေပြားပေါက်ပြဲနေတာ၊ အနာပွင့်နေတာမျိုး ရှိတာ ဆိုရင်တော့ ဆရာဝန်ကို အရင်မတိုင်ပင်ဘဲ ဆေးလိမ်းတာမျိုး မလုပ်ပါနဲ့။

ဆေးလိမ်းရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

အရေပြားပြဿနာများအတွက်

Zinc Oxide 30% ပါတဲ့ လိမ်းဆေးအဆီ : အရေပြားပြဿနာရှိတဲ့နေရာကို လိုအပ်သလို လိမ်းပေးပါ။

လူကြီး​သေးခံလောင်တာအတွက်

Zinc Oxide  10% ပါတဲ့ ခရင်မ်:

Zinc Oxide 10% ပါတဲ့ လိမ်းဆေးအဆီ :

Zinc Oxide  13% ပါတဲ့ ခရင်မ်:

Zinc Oxide 13% ပါတဲ့ လိမ်းဆေးအဆီ:

Zinc Oxide 11.3% ပါတဲ့ sticks:

Zinc Oxide  30% ပါတဲ့ လိမ်းဆေး အဆီ:

သေးခံလောင်တဲ့နေရာကို သေချာလေး သန့်ရှင်း ခြောက်သွေ့အောင် လုပ်ပြီး လိမ်းပေးပါ။

သေးခံလဲတိုင်း အသုံးပြုပေးပါ။

ကလေးများ အသုံးပြုရမယ့်ပမာဏ

ကလေးအရေပြား ပြဿနာတွေအတွက် 

Zinc Oxide  30% ပါတဲ့ လိမ်းဆေးအဆီ : အရေပြားပြဿနာရှိတဲ့နေရာကို လိုအပ်သလို လိမ်းပေးပါ။

ကလေးသေးခံလောင်တာအတွက်

Zinc Oxide 10% ပါတဲ့ ခရင်မ်:

Zinc Oxide 10% ပါတဲ့ လိမ်းဆေးအဆီ :

Zinc Oxide 13% ပါတဲ့ ခရင်မ်:

Zinc Oxide  13% ပါတဲ့ လိမ်းဆေးအဆီ:

Zinc Oxide  11.3% ပါတဲ့ sticks:

Zinc Oxide 30% ပါတဲ့ လိမ်းဆေး အဆီ:

သေးခံလောင်တဲ့နေရာကို သေချာလေး သန့်ရှင်း ခြောက်သွေ့အောင် လုပ်ပြီး လိမ်းပေးပါ။

သေးခံလဲတိုင်း အသုံးပြုပေးပါ။

Zinc Oxide (ဇင့် အောက်ဆိုက်)ကို ဘယ်လိုရရှိနိုင်သလဲ

Zinc Oxideကို အောက်ပါပုံစံများဖြင့် ရနိုင်ပါသည်။

  • ခရင်မ်
  • လိမ်းဆေးအဆီ
  • အနှစ်
  • လိုရှင်း
  • ပေါင်ဒါမှုန့်
  • ဖြန်းဆေး
  • ဆေးပတ်တီးပုံစံ (Dressing)
  • ဂျယ်လ် ပုံစံတို့ပါ။

ရေးပေါ်အခြေအနေတွေ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးလိမ်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Zinc Oxideကို လိမ်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ ဒါပေမယ့် နောက်တစ်ကြိမ်လိမ်းရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်လိမ်းပါ။ ဆေးနှစ်ဆ လိမ်းတာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement