backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vasopressin (ဗေဆိုပရပ်ဆင်)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Vasopressin (ဗေဆိုပရပ်ဆင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Vasopressinသည်ဓါတ်ခွဲခန်းတွင် ပြုလုပ်ဖန်တီးထားသည့် “anti-diuretic hormone’ ဟုခေါ်သော ဟော်မုန်းတမျိုးဖြစ်သည်။ ပုံမှန်အားဖြင့်အဆိုပါ ဟော်မုန်းကိုခန္ဓါကိုယ်ရှိ pituitary ဂလင်းမှထုတ်လုပ်ပေးသည်။ Vasopressin သည် ကျောက်ကပ်နှင့် သွေးကြောများအပေါ်တွင်အကျိုးသက်ရောက်မှုရှိသည်။

Vasopressin သည်ဆီးအသွားနည်းအောင်လုပ်ပေးခြင်းအားဖြင့်ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကို လျော့နည်းစေသည်။ ထို့အပြင် Vasopressin သည်ခန္ဓါကိုယ်အတွင်းသို့ ရေများပိုမို၍စုပ်ယူနိုင်စေရန် ကျောက်ကပ်ကိုအားပေးသည်။Vasopressin သည် သွေးကြောများကိုကျဉ်းစေခြင်းဖြင့် သွေးပေါင်ချိန်ကိုတက်စေသည်။

pituitaryဂလင်းမှသဘာဝအလျောက်ထုတ်လုပ်သော ဟော်မုန်းတမျိုးချို့တဲ့ခြင်းကြောင့်ဖြစ်သော diabetes insipidus ဟုအမည်ရသည့် ရောဂါကိုကုသရန်အတွက်လည်း Vasopressin ကိုအသုံးပြုနိုင်သည်။ ထိုမျှသာမကသေး။ ခွဲစိတ်ပြီးနောက်သို့မဟုတ်ဝမ်းဗိုက်ဓါတ်မှန်ရိုက်နေစဉ်အချိန်အတွင်း ဖြစ်ပေါ်လာနိုင်သည့်အချို့သောအစာအိမ်ဝေဒနာများကိုကာကွယ်ကုသရန်လည်း Vasopressin ကိုအသုံးပြုနိုင်ပေသည်။

အထက်ပါအချက်များအပြင်အခြားသောအခြေအနေများတွင်လည်း Vasopressin ကိုအသုံးပြုနိုင်သည်။

Vasopressin (ဗေဆိုပရပ်ဆင်) ဘယ်လိုသောက်သုံးသင့်သလဲ

Vasopressin ကိုအရေပြားအောက်ထိုးဆေးသို့မဟုတ်အသားထိုးဆေးအဖြစ်အသုံးပြုသည်။ ကျွမ်းကျင်သူပုဂ္ဂိုလ်များကဤဆေးကိုထိုးပေးရမည်။ Vasopressin သည်အများအားဖြင့်၃နာရီခြားသို့မဟုတ်၄နာရီခြားတခါလိုအပ်သလိုထိုးပေးရသည်။ သင့်ခန္တာကိုယ်၏ ဆေးအပေါ်တုန့်ပြန်မှုကိုမူတည်၍ ဆေးတလုံးနှင့်တလုံးကြားအချိန်ကာလကွာခြားနိုင်သည်။Diabetes insipidus ကိုကုသရန်အတွက် Vasopressin ကိုနှာခေါင်းထဲသို့ ဖြန်းဆေးအဖြစ်သို့မဟုတ်အစက်ချဆေးအဖြစ်သို့မဟုတ် Vasopressin စွတ်ထားသောဂွမ်းစလေးကိုထည့်၍ဖြစ်စေအသုံးပြုနိုင်သည်။ ဝမ်းဗိုက်ဓါတ်မှန်ရိုက်ရန်အတွက်အသုံးပြုလျှင် Vasopressin ထိုးဆေးကိုဓါတ်မှန်မရိုက်မီ၂နာရီအလိုတွင်တခါ၊ဓါတ်မှန်မရိုက်မီနာရီဝက်အလိုတွင်တခါထိုးပေးလေ့ရှိသည်။ ဝမ်းချူခြင်းကို Vasopressin ပထမဆေးတလုံးမထိုးမီ ပြုလုပ်ထားရမည်။ Vasopressin သည်ယာယီဘေးထွက်လက္ခဏာများဖြစ်သောပျို့ခြင်း၊ဗိုက်အောင့်ခြင်းသို့မဟုတ်အရေပြားကိုဖိလိုက်သောအခါထိုနေရာတွင် ဖြူသွားခြင်းတို့ကို ဖြစ်စေနိုင်သည်။Vasopressin ထိုးသည့်အခါတိုင်း ရေတခွက်နှစ်ခွက်သောက်ပေးခြင်းအားဖြင့်အထက်ပါဘေးထွက်လက္ခဏာများကိုသက်သာစေနိုင်မည်။Vasopressin အသုံးပြုနေစဉ်ကာလတွင်ရံဖန်ရံခါဆိုသလို သွေးစစ်ဆေးမှုများခံယူရန်လိုအပ်သည်။ ထို့အပြင် ECGစက်ကိုအသုံးပြုကာနှလုံးကိုအမြဲတမ်းစစ်ဆေးနေရမည်။Vasopressin ဖြင့်ကုသမှုခံယူနေစဉ်အချိန်အတွင်း သောက်ရမည့် ရေပမာဏကိုသင့်ဆရာဝန်နှင့်အသေးစိတ်တိုင်ပင် ဆွေးနွေးနိုင်သည်။ ရေကိုလိုအပ်သည်ထက်ပိုသောက်ခြင်းသည်လုံလောက်အောင်မသောက်ခြင်းကဲ့သို့ပင်အန္တရာယ်ရှိစေသည်။

Vasopressin (ဗေဆိုပရပ်ဆင်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)

Vasopressinကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Vasopressinကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Vasopressin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Vasopressinကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)

Vasopressinကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Vasopressin (ဗေဆိုပရပ်ဆင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Vasopressin ဆေးကိုသုံးစွဲတော့မည်ဆိုလျင် အောက်ပါအခြေအနေများကိုသတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Vasopressin ဆေးနှင့်သို့မဟုတ်အခြားသောဆေးများနှင့်ဓါတ်မတည့်သည့်လက္ခဏာများခံစားရဖူးပါကဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမကအစားအသောက်၊ဆိုးဆေး၊အစားအစာများကိုတာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများသို့မဟုတ်တိရစ္ဆာန်များနှင့်ဓါတ်မတည့်ခြင်းများပါအကျုံးဝင်သည်)။ ဆရာဝန်ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Vasopressin ၏အကျိုးသက်ရောက်မှုကိုလုံလောက်စွာသုတေသနပြုလုပ်ထားခြင်းမရှိသေးပါ။ ထို့ကြောင့် ဆေး၏အကျိုးအာနိသင်ထိရောက်မှုသို့မဟုတ်လုံခြုံစိတ်ချရမှုကိုမသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရသက်ကြီးရွယ်အိုများတွင် Vasopressin ၏အသုံးဝင်မှု ဆေးစွမ်းကိုကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။ သို့သော်သက်ကြီးရွယ်အိုများတွင်အသက်အရွယ်ကြောင့်ဖြစ်သည့်နှလုံးရောဂါများ၊အသည်းရောဂါ၊ကျောက်ကပ်ပြဿနာစသည်တို့ရှိနေနိုင်သဖြင့် Vasopressin ဆေး၏ ဆေးပမာဏကိုဂရုတစိုက်ချိန်ဆရန်လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Vasopressin (ဗေဆိုပရပ်ဆင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Vasopressin (ဗေဆိုပရပ်ဆင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အချို့သောလူနာများတွင် Vasopressin၏ ဘေးထွက်ဆိုးကျိုးများကိုချက်ချင်းခံစားရနိုင်သည်။ အကယ်၍သင်သည်ပျို့လာခြင်း၊အားနည်းသလိုခံစားမိလာခြင်း၊မူးလဲတော့မည်ဟုမှတ်ထင်ခြင်း၊ချွေးစေးများပျံလာခြင်း၊နှလုံးခုန်မြန်လာခြင်း၊အသက်ရှုကြပ်လာခြင်းသို့မဟုတ်အသက်ရှုရခက်ခဲခြင်းတို့ကို ဆေးထိုးပြီးချက်ချင်းဆိုသလိုခံစားလာရပါကသင်၏ဆရာဝန်ကိုအမြန်အသိပေးပါ။

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။

အောက်ပါဆိုးရွားပြင်းထန်သောလက္ခဏာများကိုကြုံတွေ့ခံစားရလျှင်လည်းဆရာဝန်ကိုအမြန်အကြောင်းကြားရန် ဖြစ်ပါသည်။

• နှလုံးခုန် နှေးခြင်း၊မမှန်ခြင်း

• အသက်ရှုရခက်ခဲခြင်း

• ရင်ဘတ်အောင့်ခြင်း၊အဆိုပါရင်ဘတ်အောင့်ခြင်းသည်လက်မောင်းနှင့်ပုခုံးသို့ပါ ရောက်ရှိသွားလိမ့်မည်။ ပျို့ခြင်း၊ချွေးစေးများပြန်လာခြင်း၊နေ၍ထိုင်၍မကောင်းခြင်း။

• ခြေချောင်းလက်ချောင်းကလေးများထုံလာခြင်း

• အရေပြားတွင်အကွက်များထွက်လာခြင်း

• ဖောယောင်လာခြင်း၊ရုတ်တရက်ကိုယ်အလေးချိန်တက်လာခြင်း

• သတိလစ်ခြင်း

• ပြင်းထန်စွာပျို့အန်ခြင်း၊ဗိုက်အောင့်ခြင်း

အောက်ပါမပြင်းထန်သော ဘေးထွက်လက္ခဏာများခံစားရနိုင်ချေပိုများသည်။

• ဗိုက်အနည်းငယ် အောင့်ခြင်း၊နာခြင်း၊လေပွခြင်း

• မူးဝေထိုင်းမှိုင်းခြင်း

• ခေါင်းထိုးကိုက်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Vasopressin (ဗေဆိုပရပ်ဆင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Vasopressinဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Vasopressin ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန်အနေနဲ့ Vasopressin ကိုအသုံးမပြုတော့တာဘဲဖြစ်ဖြစ်သင်သုံးစွဲနေတဲ့အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

• Bepridil

• Cisapride

• Levomethadyl

• Mesoridazine

• Pimozide

• Terfenadine

• Thioridazine

• Ziprasidone

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့်Vasopressin နဲ့တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော်အချို့သောအခြေအနေများတွင်မူသုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့် ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ် ဆေးသောက်ရမည့်အကြိမ်ရေကို ပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။

• Acecainide

• Ajmaline

• Amiodarone

• Amitriptyline

• Amoxapine

• Aprindine

• Arsenic Trioxide

• Astemizole

• Azimilide

• Bretylium

• Chloral Hydrate

• Chloroquine

• Chlorpromazine

• Clomipramine

• Desipramine

• Dibenzepin

• Disopyramide

• Dofetilide

• Dothiepin

• Doxepin

• Droperidol

• Encainide

• Enflurane

• Erythromycin

• Flecainide

• Fluconazole

• Fluoxetine

• Foscarnet

• Furosemide

• Gemifloxacin

• Halofantrine

• Halothane

• Hydroquinidine

• Ibutilide

• Imipramine

• Indomethacin

• Isoflurane

• Isradipine

• Lidoflazine

• Lorcainide

• Mefloquine

• Nortriptyline

• Octreotide

• Pentamidine

• Pirmenol

• Prajmaline

• Probucol

• Procainamide

• Prochlorperazine

• Propafenone

• Protriptyline

• Quinidine

• Sematilide

• Sotalol

• Spiramycin

• Sulfamethoxazole

• Tedisamil

• Telithromycin

• Trifluoperazine

• Trimethoprim

• Trimipramine

• Venlafaxine

• Zolmitriptan

အစားအသောက်တွေနဲ့ အရက်က Vasopressin (ဗေဆိုပရပ်ဆင်) နဲ့ ဓါတ်ပြုနိုင်သလား

Vasopressinကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Vasopressin (ဗေဆိုပရပ်ဆင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Vasopressinဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ }အထူးသဖြင့် အောက်ပါအခြေအနေများရှိနေခဲ့ရင် ဖြစ်ပါတယ်။

• နှလုံးသွေးကြောကျဉ်းရောဂါ

• နှလုံးရောဂါ

• ပန်းနာရင်ကြပ်ရောဂါ

• ကျောက်ကပ်ရောဂါ

• ခေါင်းတခြမ်းကိုက်ရောဂါ

• အတက်ရောဂါများ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်။

အရွယ်ရောက်ပြီးသူတွေအတွက် Vasopressin (ဗေဆိုပရပ်ဆင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Diabetes insipidus ရောဂါအတွက်

၅ယူနစ်မှ၁၀ယူနစ်အထိအသားဆေးသို့မဟုတ်အရေပြားအောက်ထိုးဆေးတနေ့လျှင်နှစ်ခါမှ လေးခါ

စက်ဖြင့်ထိုးရသောအကြောဆေး :0.005units/kg/hr ; လိုအပ်လျှင်လိုအပ်သလိုနာရီဝက်ခြားစီ ဆေးပမာဏကိုနှစ်ဆစီတင်ကာ 0.01units/kg/hr ရောက်သည်အထိထိုးနိုင်သည်။

Vasopressin ကိုနှာခေါင်းထဲသို့ ဖြန်းဆေး၊အစက်ချဆေး၊ Vasopressin စွတ်ထားသောဂွမ်းဖြင့်ဆို့ပေးခြင်းစသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။ ထိုသို့နှာခေါင်းထဲထည့်လျှင်အသုံးပြုရမည့် ဆေးပမာဏမှာလူတဦးနှင့်တဦးမတူညီနိုင်ပါ။

ခွဲစိတ်ပြီး လေနာသက်သာရန်အတွက်

၅ယူနစ်ကိုအသားဆေးအဖြစ်တကြိမ်ထိုးပေးနိုင်သည်။

ခွဲစိတ်ပြီးနောက်ဗိုက်ဖောင်းခြင်းကိုကာကွယ်ရန်သို့မဟုတ်ကုသရန်ထိုပမာဏကိုသုံးနာရီခြားသို့မဟုတ် လေးနာရီခြားတခါနှစ်ဆစီတိုးပေးနိုင်သည်။

ဝမ်းဗိုက်ဓါတ်မှန်မရိုက်မီဗိုက်ဖောင်းခြင်းအတွက်

ဓါတ်မှန်မရိုက်မီ၂နာရီအလိုတွင်တခါ၊နာရီဝက်အလိုတွင်တခါ၁၀ယူနစ်ကိုတခါစီအသားဆေးထိုးပေးရမည်။

အူလမ်းကြောင်းသွေးယိုစီးမှုအတွက်

တမိနစ်လျှင်ဝ.၂ယူနစ်မှဝ.၄ယူနစ်အထိစက်ဖြင့်ဆက်တိုက်အကြောဆေးသွင်းထားရမည်။ ထို့နောက် ဆေးပမာဏကိုလိုအပ်သလိုချိန်ညှိပါ (တမိနစ်လျှင်ဝ.၈ယူနစ်အများဆုံးနှုန်းဖြင့်)။ အကယ်၍သွေးဆက်မထွက်တော့လျှင်သွင်းနေဆဲပမာဏအတိုင်း၁၂နာရီတိတိဆက်ပေးပါ။ ထို့နောက်၂၄နာရီမှ၄၈နာရီအတွင်း ဆေးပမာဏကို

ကလေးတွေအတွက် Vasopressin (ဗေဆိုပရပ်ဆင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Diabetes insipidus အတွက်

၂.၅ယူနစ်မှ၁၀ယူနစ်အထိအသားထိုးဆေးတကြိမ်

အဆိုပါပမာဏဖြင့်တနေ့လျှင်၂ကြိမ်မှ၃ကြိမ်အထိလိုအပ်လျှင်လိုအပ်သလိုထပ်မံထိုးပေးနိုင်သည်။

နောက်တနည်းမှာ Vasopressin ကို 0.0005 units/kg/hr နှုန်းဖြင့်အကြောဆေးသွင်းပေးနိုင်ပြီးဆီးနည်းစေရန် ဆေးပမာဏကိုချိန်ဆနိုင်သည်။

အစာရေမြိုမှ သွေးယိုစီးခြင်းအတွက်

စ,စချင်းတွင် 0.002-0.005 units/kg/minute ကိုသွင်းပေးနိုင်ပြီးလိုအပ်သလို ဆေးပမာဏကိုချိန်ဆရမည်။(အများဆုံး 0.01 unis/kg/minute အထိသွင်းနိုင်သည်)

နောက်တနည်းမှာ 0.1 units/minမှစ,တင်ပြီး 0.05 unis/minute ခန့်စီထပ်မံ၍အများဆုံးပမာဏရောက်သည်အထိတိုးသွားနိုင်သည်။

အများဆုံးပမာဏမှာ :

၅နှစ်အောက်။။ 0.2 units/min

၅နှစ်မှ၁၂နှစ်။။ 0.3 units/min

၁၂နှစ်အထက်။။ 0.4 units/min

သွေးဆက်မထွက်တော့လျှင်လက်ရှိပေးနေသည့်နှုန်းအတိုင်း၁၂နာရီဆက်လက်ပေးရမည်ဖြစ်ပြီး၂၄နာရီမှ၄၈နာရီအတွင်း ဆေးပမာဏကိုတဖြည်းဖြည်းချင်း လျှော့ချကာ ဆေးကိုရပ်ရမည်ဖြစ်သည်။

နှလုံးရပ်သွားခြင်းအတွက်

အချက်အလက်အနည်းငယ်သာရှိပါသည်။ ပုံမှန်လုပ်ဆောင်နေကျအသက်ကယ်ခြင်းနည်းလမ်းများ ပြုလုပ်ပြီးသည့်အပြင် adrenaline ကိုအနည်းဆုံးနှစ်ခါထိုးပေးပြီးသည့်အချိန်တွင် Vasopressin 0.4 units/kgကိုအကြောဆေးထိုးပေးရမည်။ လုံလောက်သော လေ့လာတွေ့ရှိချက်များမရှိသဖြင့်ကလေးငယ်များနှလုံးရပ်သွားသောအခါ Vasopressinကိုအသုံးပြုသင့်သည်သို့မဟုတ် ရှောင်ကျဉ်သင့်သည်ကိုတိကျစွာလမ်းညွှန်ချက်မရှိပါ။

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

Vasopressin (ဗေဆိုပရပ်ဆင်) ကိုဘယ်လိုရရှိနိုင်သလဲ

Vasopressinကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

ထိုးဆေး 20 units/ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Vasopressinကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement