backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Toplexil Syrup (တော့ပ်ပလီဆေးလ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Toplexil Syrup (တော့ပ်ပလီဆေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Toplexil ကို ၁နှစ်အထက် ကလေးတွေနဲ့ အရွယ်ရောက်ပြီးသားလူတွေမှာ ချောင်းခြောက်ဆိုးခြင်းနဲ့ လည်ပင်းယားလို့ ချောင်းဆိုးခြင်း၊ အဓိက အားဖြင့် ညနေနဲ့ ညမှာ ဖြစ်တာတွေအတွက် အသုံးပြုလေ့ရှိပါတယ်။

Toplexil Syrup (တော့ပ်ပလီဆေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Toplexil syrup ကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ ညွှန်ကြားတဲ့အတိုင်း သောက်သုံးရပါမယ်။

ဒီဆေးက သောက်သုံးဖို့ပါ။

Toplexil Syrup (တော့ပ်ပလီဆေးလ်) ကိုဘယ်လို သိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

Toplexil ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Tozaar ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Toplexil ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Toplexil ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Toplexil Syrup (တော့ပ်ပလီဆေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဒီဆေးအသုံးမပြုခင်မှာ တကယ်လို့ သင်က ဒီဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်မှု ရှိရင် သင့်ဆရာဝန်ကို ပြောပါ။

Phenothiazines ရဲ့ အလင်းပြန်နိုင်စွမ်းကြောင့် သောက်သုံးစဉ် နေရောင်ခြည်မထိအောင် ရှောင်တာ သင့်တော်ပါတယ်။ ကလေးတွေမှာ oxomemazine ကို antitussive အဖြစ်အသုံးပြုပြီး bronchial asthma သို့မဟုတ် gastroesophageal reflux တို့ကို တိုက်ထုတ်ဖို့ အရေးကြီးပါတယ်။

အရက်က H1 antihistamines ရဲ့ ငြိမ်သက်စေတဲ့ အစွမ်းကို တိုးစေပါတယ်။ သတိလျော့ရဲတာက ကားမောင်းခြင်းနဲ့ စက်တွေမောင်းနှင်တဲ့ နေရာမှာ အန္တရာယ်များစေပါတယ်။ အရက်နဲ့ အရက်ပါတဲ့ ဆေးတွေ သောက်တာ ရှောင်ရှားပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Toplexil Syrup (တော့ပ်ပလီဆေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဒီဆေးသောက်လို့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးအချို့မှာ

  • အရေပြားမှာ အနီဖုလေးတွေ ထွက်ခြင်း (erythema, eczema, purpura, urticaria)
  • ဖောခြင်း (အင်ပျဉ်နဲ့အတူ မျက်နှာနဲ့ လည်ပင်း ရုတ်တရက် ဖော်ရောင်ခြင်းက အသက်ရှုရခက်ခြင်းကို ဖြစ်စေတတ်ပါတယ်)
  • Anaphylactic shock
  • အရေပြားက နေရောင်ခြည် အထိမခံနိုင်ခြင်း
  • ဖျားနာခြင်း
  • သွေးရည်ကြည် ပုံမှန်မဟုတ်ပဲ ကျဆင်းခြင်း (နှာခေါင်းသွေး လျှံခြင်း၊ သွားဖုံးသွေး ယိုခြင်း)
  • အိပ်ငိုက်ခြင်း
  • သတိမဲ့ခြင်း
  • မမှတ်မိခြင်း သို့မဟုတ် အာရုံစိုက်မရခြင်း
  • မူးဝေခြင်း
  • Motor incoordination
  • ကတုန်ကရင်ဖြစ်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း
  • အာခံတွင်းခြောက်ခြင်း
  • အမြင်အာရုံပြဿနာများ
  • ဆီးသွားများခြင်း
  • ဝမ်းချုပ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • သွေးဖိအားကျခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Toplexil Syrup (တော့ပ်ပလီဆေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Toplexil ဟာ သင်အခ ုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

ဒီဆေးနဲ့ မတည့်တာတွေက

  • Sedative antidepressants
  • Barbiturates
  • Benzodiazepines
  • Clonidine and related substances
  • Hypnotics
  • Morphine derivatives (analgesics and antitussives)
  • Methadone
  • Neuroleptics
  • Transquilizers
  • Atropine
  • Imipramine antidepressants
  • Anticholinergic parkinsonism drugs
  • Atropine­like antispasmodics
  • Disopyramide
  • Phenothiazine neuroleptics

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေကToplexil Syrup (တော့ပ်ပလီဆေးလ်) နဲ့ ဓါတ်ပြုနိုင်ပါသလား။

Troplexil က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေကToplexil Syrup (တော့ပ်ပလီဆေးလ်)နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Troplexil ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေး အခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

အဲ့ဒီ ကျန်းမာရေးအခြေအနေတွေကတော့

  • Orthostatic hypotension
  • အမြင့်တက်ရင် မူးဝေခြင်း
  • စိတ်ငြိမ်ဆေး သောက်နေရခြင်း
  • မွေးရာပါ ဝမ်းချုပ်ခြင်း (risk of paralytic ileus)
  • Prostatic hypertrophy
  • နှလုံးသွေးကြော မူမမှန်ခြင်း
  • ပြင်းပြင်းထန်ထန် အသည်းအားနည်းခြင်း
  • ကျောက်ကပ်အလုပ်လုပ်ပုံ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Toplexil Syrup (တော့ပ်ပလီဆေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

40kg အထက် အရွယ်ရောက်ပြီးသူများနဲ့ ကလေးများ (၁၂နှစ်)

သတ်မှတ် ပမာဏက တစ်ခါသောက် 10ml ကို တစ်ရက် ၄ကြိမ်ဖြစ်ပါတယ်။

ကလေးငယ်တွေမှာToplexil Syrup (တော့ပ်ပလီဆေးလ်)ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ကလေး၊ နေ့စဉ်သောက်သုံးတဲ့ ပမာဏက သင့်ကလေးရဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပါတယ်။

  • 10~20kg (၂နှစ်မှ ၆နှစ်အထိ) သတ်မှတ် ပမာဏက တစ်ခါသောက် 5ml ကို တစ်ရက် ၂ကြိမ်မှ ၃ကြိမ်
  • 20~30kg (၆နှစ်မှ ၁၀နှစ်အထိ) သတ်မှတ် ပမာဏက တစ်ခါသောက် 10ml ကို တစ်ရက် ၂ကြိမ်မှ ၃ကြိမ်
  • 30~40kg (၁၀နှစ်မှ ၁၂နှစ်အထိ) သတ်မှတ် ပမာဏက တစ်ခါသောက် 10ml ကို တစ်ရက် ၃ကြိမ်မှ ၄ကြိမ်

Toplexil Syrup (တော့ပ်ပလီဆေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Toplexil ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • Toplexil® Syrup, 60 ml ဖန်ပုလင်းအညို
  • Toplexil® Syrup, 120 ml ဖန်ပုလင်းအညို

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Toplexil ကို သုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement