backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Theophylline (သီအိုဖိုင်လင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Theophylline (သီအိုဖိုင်လင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Theophylline ကို ပန်းနာရင်ကြပ်ကြောင့်ဖြစ်သော အသက်ရှုကြပ်ခြင်း၊ရင်ကြပ်ခြင်း၊အသက်ရှုလျင်တရွှီရွှီအသံမြည်ခြင်းများကို ကာကွယ်ကုသရန်၊ နာတာရှည်လေပြွန်ရောင်ခြင်း၊ အဆုတ်လေခိုနာ နှင့် အခြားသော အဆုတ်ရောဂါများအတွက် အသုံးပြုသည်။ Theophylline သည် အဆုတ်ထဲသို့ လေဝင်ရာလမ်းကြောင်းများကို ပြန့်ကားကျယ်စေပြီး အသက်ရှုရ ပို၍လွယ်ကူအဆင်ပြေစေသည်။

TheophyTheophylline ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သို့မဟုတ် အညွှန်းစာတွင်ရေးထားသည့် အတိုင်း သောက်သုံးနိုင်သည်။

—>Theophylline သည် သောက်ရန်ဆေးပြား၊ဆေးတောင့်၊ဆေးရည် စသဖြင့် ပုံစံအမျိုးမျိုးရှိသည်။၆နာရီခြားတခါ၊၈နာရီခြားတခါ၊၁၂နာရီခြားတခါ၊၂၄နာရီခြားတခါ စသဖြင့် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ရသည်။ ဆေးညွှန်းကို တိကျစွာလိုက်နာပါ။ မရှင်းလင်းသည့် နေရာများရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်တို့ထံ မေးမြန်းပါ။

—>Theophylline ကို နေ့စဉ်အချိန်မှန်မှန် အစာနှင့်ဝေးချိန်တွင် (အစာမစားမီအနည်းဆုံး ၁နာရီ သို့မဟုတ် အစာစားပြီး အနည်းဆုံး ၂နာရီခွာပါ) ရေဖန်ခွက်တခွက် အပြည့်ဖြင့် သောက်ပါ။

—>Theophylline သည် ရင်ကြပ်ရောဂါနှင့် အခြားသော အဆုတ်ဝေဒနာများကို သက်သာစေသည် မှန်သော်လည်း လုံးဝပျောက်ကင်းစေမည်မဟုတ်ပါ။ ထို့ကြောင့် သင်နေကောင်းသွားပြီဟု ယူဆလျှင်ပင် Theophylline ကို ဆက်လက်သောက်သုံးရမည်ဖြစ်သည်။

Theophylline (သီအိုဖိုင်လင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Theophylline ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Theophylline ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Theophylline ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Theophylline ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

( ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Theophylline ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Theophylline (သီအိုဖိုင်လင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များကို သိထားသင့်ပါသည်။

—>ဓါတ်မတည့်ခြင်း

Theophylline ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

၆နှစ်အောက် ကလေးများတွင် ဆရာဝန် ညွှန်ကြားချက် မရှိဘဲ Theophylline ကို မသောက်ရပါ။

—>သက်ကြီးရွယ်အိုများ

အတက်ရောဂါ ရှိသူများ၊အနာရှိသူများ၊နှလုံးရောဂါရှိသူများ၊သိုင်းရွိုက်ဂလင်း ပုံမှန်ထက် ပို၍/လျော့၍ အလုပ်လုပ်သူများ၊သွေးတိုးရှိသူများ၊အသည်းရောဂါရှိသူများ။

အရက်သောက်လေ့ရှိသူများ။

ဆေးလိပ်သောက်သူများ၊ယခင်က ဆေးလိပ်သောက်ခဲ့ဖူးသူများ၊ စီးကရက် သို့မဟုတ် ဆေးခြောက်အငွေ့ရှုနေရသူများ။

လွန်ခဲ့သည့် ၃လအတွင်း ကိုယ်ဝန်ဆောင်ထားသူများ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Theophylline (သီအိုဖိုင်လင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Theophylline (သီအိုဖိုင်လင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Theophylline သည် ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်စေနိုင်သည်။ အောက်ပါလက္ခဏာများမှာ ပြင်းထန်လာပြီး မသက်သာပါက ဆရာဝန်နှင့်ပြပါ။

—> ဗိုက်အောင့်ခြင်း၊ဗိုက်နာခြင်း၊ခေါင်းကိုက်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း၊အိပ်မရခြင်း၊ စိတ်တိုစိတ်ဆတ်လာခြင်း။

အောက်ပါ လက္ခဏာများပေါ်ပေါက်လာလျှင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

—>အန်ခြင်း၊နှလုံးခုန်မြန်ခြင်း၊မမှန်ခြင်း၊တက်ခြင်း၊အရေပြားတွင် အစက်များထွက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Theophylline (သီအိုဖိုင်လင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Theophylline ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အချို့ဆေးဝါးများသည် Theophylline နှင့် ဓါတ်ပြုနိုင်သည်။ အောက်ပါဆေးဝါးများ သောက်သုံးနေပါက ဆရာဝန်ကို ပြောပြပါ။

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Theophylline ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန် အနေနဲ့ Theophylline ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

• Amifampridine

• Riociguat

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Theophylline နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Acrivastine

• Adenosine

• Blinatumomab

• Bupropion

• Ceritinib

• Cimetidine

• Ciprofloxacin

• Cobicistat

• Deferasirox

• Desogestrel

• Dienogest

• Dihydroartemisinin

• Drospirenone

• Enoxacin

• Erythromycin

• Estradiol Cypionate

• Estradiol Valerate

• Ethinyl Estradiol

• Ethynodiol Diacetate

• Etintidine

• Etonogestrel

• Fluconazole

• Fluvoxamine

• Fosphenytoin

• Halothane

• Idelalisib

• Idrocilamide

• Imipenem

• Levofloxacin

• Levonorgestrel

• Medroxyprogesterone Acetate

• Mestranol

• Mexiletine

• Nilotinib

• Norelgestromin

• Norethindrone

• Norgestimate

• Norgestrel

• Pefloxacin

• Peginterferon Alfa-2a

• Peginterferon Alfa-2b

• Phenytoin

• Pixantrone

• Regadenoson

• Rofecoxib

• Siltuximab

• Thiabendazole

• Troleandomycin

• Vemurafenib

• Zileuton

အောက်ဖော်ပြပါ ဆေးများသည် Theophylline ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Adinazolam

• Alprazolam

• Aminoglutethimide

• Amiodarone

• Azithromycin

• Bromazepam

• Brotizolam

• Cannabis

• Carbamazepine

• Chlordiazepoxide

• Clobazam

• Clonazepam

• Clorazepate

• Diazepam

• Disulfiram

• Estazolam

• Febuxostat

• Flunitrazepam

• Flurazepam

• Halazepam

• Interferon Alfa-2a

• Ipriflavone

• Isoproterenol

• Ketazolam

• Lorazepam

• Lormetazepam

• Medazepam

• Methotrexate

• Midazolam

• Nilutamide

• Nitrazepam

• Oxazepam

• Pancuronium

• Pentoxifylline

• Phenobarbital

• Piperine

• Prazepam

• Propafenone

• Quazepam

• Rifampin

• Rifapentine

• Riluzole

• Ritonavir

• Secobarbital

• St John’s Wort

• Tacrine

• Tacrolimus

• Telithromycin

• Temazepam

• Ticlopidine

• Triazolam

• Viloxazine

• Zafirlukast

အစားအသောက်တွေနဲ့ အရက်က Theophylline (သီအိုဖိုင်လင်း) နဲ့ ဓါတ်ပြုနိုင်သလား

Theophylline က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Theophylline (သီအိုဖိုင်လင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Theophylline ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Theophylline (သီအိုဖိုင်လင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Pပန်းနာရင်ကြပ်အတွက်

—>ရုတ်တရက်ကြပ်ခြင်းအတွက် —–> ကျန်းမာသော ဆေးလိပ်မသောက်သူဖြစ်လျှင် 5mg/kg နှင့် စပြီး 10mg/kg/day နှင့် ထိန်းထားပါ။

—>ရုတ်တရက်ကြပ်ခြင်းအတွက် —–> ကျန်းမာသော ဆေးလိပ်သောက်သူဖြစ်လျှင် 5mg/kg နှင့် စပြီး 16mg/kg/day နှင့် ထိန်းထားပါ။

—>ရုတ်တရက်ကြပ်ခြင်းအတွက် —–> နှလုံးသို့မဟုတ်အဆုတ်ရောဂါရှိသူဖြစ်လျှင် 5mg/kg နှင့် စပြီး 5mg/kg/day နှင့် ထိန်းထားပါ။

400mg/day ထက် မများစေရပါ။

—>ပုံမှန်စွဲသုံးရန်အတွက်—->ကျန်းမာသော ဆေးလိပ်မသောက်သူဖြစ်လျှင် 5mg/kg နှင့် စပြီး 10mg/kg/day နှင့် ထိန်းထားပါ။

—>ပုံမှန်စွဲသုံးရန်အတွက် —–> ကျန်းမာသော ဆေးလိပ်သောက်သူဖြစ်လျှင် 5mg/kg နှင့် စပြီး 16mg/kg/day နှင့် ထိန်းထားပါ။

—> ပုံမှန်စွဲသုံးရန်အတွက်—–> နှလုံးသို့မဟုတ်အဆုတ်ရောဂါရှိသူဖြစ်လျှင် 5mg/kg နှင့် စပြီး 5mg/kg/day နှင့် ထိန်းထားပါ။

400mg/day ထက် မများစေရပါ။

ကလေးတွေအတွက် Theophylline (သီအိုဖိုင်လင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပန်းနာရင်ကြပ်အတွက်

Theophylline ကို လွန်ခဲ့သော ၂၄နာရီ အတွင်း အသုံးမပြုထားလျှင် 5mg/kg နှင့်စပါ။ သို့သော် Theophyllineကို ၂၄နာရီ အတွင်း သုံးစွဲထားလျှင် 2.5mg/kg နှင့် စပါ။

ထို့နောက် 4mg/kg/day ကို သောက်ဆေးအဖြစ် အများဆုံး၄၂ရက်

10mg/kg/day ကို သောက်ဆေးအဖြစ် ၄၂ရက်မှ ၁၈၁ရက်အထိ ဆက်ပေးပါ။

လမစေ့ဘဲ မွေးခြင်းကြောင့် ကလေးအသက်မရှုနိုင်ခြင်း၊အသက်ရှုရပ်ခြင်းအတွက်

—>အသက် ၂၄ရက်နှင့် အောက် —-> 1mg/kg/dose ကို ၁၂နာရီခြား တခါ

—>အသက် ၂၄ရက် အထက် —->1.5mg/kg/dose ကို ၁၂နာရီခြားတခါ

နေ့စေ့လစေ့မွေးသော ကလေးများအတွက် —-> စုစုပေါင်းပေးရမည့်ဆေးပမာဏ = [(0.2 x အသက် (ရက်သတ္တပတ်ဖြင့်) + 5)] x ကိုယ်အလေးချိန် (ကီလိုဂရမ်ဖြင့်) ရလာသော ဆေးပမာဏကို သုံးပုံခွဲပြီး ၈နာရီခြားတခါ ပေးပါ။

Theophylline (သီအိုဖိုင်လင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Theophylline ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ဆေးပြား၊ဆေးတောင့်၊အရည်၊ထိုးဆေး။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Theophylline ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement