backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

succinylcholine/suxamethonium သည် ကြွက်သားများကို ပြေလျော့စေသော ဆေးဖြစ်ပါသည်။ ထိုဆေးသည် ကြွက်သားများကျုံ့ခြင်းကို တားပေးပြီး မျက်နှာ၊ လှုပ်ရှားမှုပြုလုပ်သော နေရာများနှင့် အသက်ရှုလမ်းကြောင်းရှိ ကြွက်သားများကို ခဏတာ ပျော့သွားစေပါသည်။

ထို့ကြောင့် succinylcholine/suxamethonium ကိုများသောအားဖြင့် ခွဲစိတ်မှုများ ပြုလုပ်နေစဉ်နှင့် အသက်ရှုစက်များတပ်နေချိန်တွင် ကြွက်သားများ ကျုံ့ဆန့်ခြင်း မပြုရန် အသုံးပြုပါသည်။

ထို့ပြင် မေ့ဆေးအနေဖြင့်လည်း အသုံးပြုနိုင်သလို ဆရာဝန်ညွှန်ကြားချက်များနှင့်အညီ အခြား လိုအပ်သလို အသုံးပြုနိုင်ပါသည်။

Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ဘယ်လိုသုံးသင့်သလဲ

succinylcholine/suxamethonium ကို ဆေးရုံ ဆေးခန်းများတွင် ထိုးဆေးအနေနှင့် ဆရာဝန်များ သို့မဟုတ် ကျွမ်းကျင်ပညာရှင်များက ထိုးပေးသော ဆေးဖြစ်ပါသည်။ ဆေးထိုးရာတွင် တနေရာနှင့် တနေရာမတူညီအောင်ထိုးခြင်းဖြင့် အနာဖြစ်ခြင်းမှ ကာကွယ်မည်ဖြစ်သည်။ ဆေးသည် ရောဂါဖြစ်နေသော နေရာသို့တိုက်ရိုက်ထိုးနိုင်ပြီး သွေးပြန်ကြောထဲသို့လည်း ထိုးသွင်းနိုင်ပါသည်။

ဆေးရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။

ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။

ဆေးနှင့် ပတ်သက်ပြီး မသိလျှင် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ဘယ်လိုသိမ်းဆည်းရမလဲ

succinylcholine/suxamethonium ကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်များက သိမ်းဆည်းပါသည်။

သင်သည် ထိုဆေးကို အိမ်တွင် သိမ်းဆည်းမည်ဆိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ ညွှန်ကြားချက်များအတိုင်းလိုက်နာရမည် ဖြစ်ပါသည်။ ဆေးဗူးများကို ကလေးသူငယ်များ၊ အိမ်မွေး သတ္တဝါများနှင့် ဝေးသော နေရာတွင်ထားပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • succinylcholine/suxamethonium ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်

succinylcholine/suxamethonium ကြောင့် ခန္ဓါကိုယ် အပူချိန်လွန်ကဲခြင်းဖြစ်ပြီး ယင်းသည်သေစေနိုင်ပါသည်။ ထိုလက္ခဏာများမှာ နှလုံးခုန်မြန်ခြင်း၊ မေးရိုးများ ဆတ်ဆတ်တုန်ခြင်း၊ မေးခိုင်ခြင်းနှင့် အခြား ကြွက်သားများတောင့်တင်းခြင်းတို့ဖြစ်ပါသည်။ ထိုလက္ခဏာများ ဖြစ်လာပါက ဆရာဝန်အား ချက်ချင်းဆက်သွယ်ရမည်ဖြစ်ပါသည်။

succinylcholine/suxamethonium ကိုသုံးထားပါက ဆေးကုသမှုများ၊ သွားနှင့် ခံတွင်းဆိုင်ရာ ကုသမှုများခံယူသည့် အခါ ဆရာဝန်အား ပြောပြရမည်ဖြစ်ပါသည်။

ထို့ပြင် succinylcholine/suxamethoniumကို ကလေးများတွင် ဖြစ်နိုင်လျှင် မသုံးပါနှင့်။ ကလေးများတွင် succinylcholine/suxamethonium ကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများသည် ဖြစ်ခဲသော်လည်း ဖြစ်လာပါက အရေးပေါ်ဆေးကုသမှု ခံယူရမည်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဆိုးကျိုးများသည် အဖြစ်များသော ဆိုးကျိုးများဖြစ်ပါသည်။ ယင်းတို့ကို ပြင်းထန်စွာ ခံစားနေရပါက ဆရာဝန်အား သွားပြပါ။

  • တံတွေးအထွက်များခြင်း
  • ခွဲစိတ်ပြီးချိန်တွင် ကြွက်သားများနာကျင်ခြင်း
  • ကြွက်သားများ အကြောဆွဲခြင်း

အောက်ပါတို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓါတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • ရင်ဘတ်အောင့်ခြင်း
  • မူးမိုက်ခြင်း
  • အသက်ရှုမြန်ခြင်း
  • နှလုံးခုန်မမှန်ခြင်း၊ နှေးခြင်း
  • မျက်နှာ နီရဲခြင်း
  • ကိုယ်အပူချိန် တက်ခြင်း
  • မျက်လုံးထဲတွင် ဖိအားများလာခြင်း
  • အသက်ရှုရပ်ရပ်သွားခြင်း
  • ရင်တုန်ခြင်း
  • ကြွက်သားများ ပြင်းထန်စွာ နာကျင်ခြင်း(ဆီးနည်းသွားခြင်းနှင့် တွဲဖြစ်နိုင်ပါသည်။)
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
  • အသက်ရှုနှေးခြင်း
  • မေးခိုင်ခြင်း၊ ကြွက်သားများတောင့်တင်းခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

succinylcholine/suxamethonium ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့ တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါ ဆေးများသည် succinylcholine/suxamethonium

နှင့်ဓါတ်ပြုနိုင်သောဆေးများဖြစ်ပါသည်။

  • Digoxin သည် နှလုံးခုန်မမှန်ခြင်းကို ပိုဖြစ်စေပါသည်။

အောက်ပါဆေးများသည် succinylcholine/suxamethonium

၏ဘေးထွက်ဆိုးကျိုးများကို ပိုများစေပါသည်။

  • Aminoglycosides (e.g., gentamicin)
  • Aprotinin
  • beta-adrenergic blockers (e.g., propranolol)
  • chloroquine
  • clindamycin
  • cyclophosphamide
  • glucocorticoids (e.g., prednisone)
  • lidocaine
  • lithium
  • magnesium salts
  • metoclopramide
  • oxytocin
  • သန္ဓေတားဆေးများ
  • procainamide
  • promazine
  • quinidine
  • quinine
  • terbutaline
  • trimethaphan

အစားအသောက်တွေနဲ့ အရက်က Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) နဲ့ ဓါတ်ပြုနိုင်သလား

succinylcholine/suxamethonium က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

succinylcholine/suxamethonium ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့် သင့်မှာ

  • အခြားသော pancuronium ကဲ့သို့ ကြွက်သားများကို ပျော့ခွေစေသောဆေးများနှင့် ပြင်းထန်စွာဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • မျက်လုံး ရေတိမ်ဖြစ်ခြင်း
  • သွေးထဲတွင် ဓါတ်ဆားများ မူမမှန်ခြင်း (ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်ဓါတ်များ မမျှတခြင်း)
  • ကျောက်ကပ်၊ နှလုံး အသည်း ရောဂါများ
  • အလုံးအကြိတ်များ
  • သွေးအားနည်းခြင်း
  • ကူးစက်ရောဂါများ
  • သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်းတွင် အနာများဖြစ်ခြင်း
  • နှလုံးအလုပ်မလုပ်နိုင်ခြင်း
  • သွေးထဲတွင် cholinesterase အင်ဇိုင်းနည်းခြင်း၊ အလုပ်မလုပ်ခြင်း
  • အရိုးကျိုးခြင်း
  • ရေဓါတ်ခမ်းခြောက်ခြင်း
  • မကြာသေးမီက မျက်လုံးကို ခွဲစိတ်မှုများ ခံယူထားခြင်း၊ မျက်လုံးထိခိုက်မိခြင်း
  • အစာအိမ် ပိုးဝင်ဖူးခြင်း
  • ဦးနှောက်ထဲတွင် သွေးယိုစိမ့် ဖူးခြင်း
  • ပြင်းထန်စွာ အပူလောင်ခြင်း၊ ဒဏ်ရာရခြင်း၊ အာရုံကြောများ ထိခိုက်မိခြင်း၊ ကိုယ်အပေါ်ပိုင်း ထိခိုက်ဒဏ်ရာရခြင်း
  • မိသားစုဝင်များတွင် သို့မဟုတ် မိမိကိုယ်တိုင် ကြွက်သားများနှင့် ဆိုင်သောရောဂါများ ဖြစ်ဖူးခြင်း၊ ကိုယ်အပူချိန်လွန်ကဲစွာ တက်ခြင်း တို့ဖြစ်ပါက သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ခွဲစိတ်ကုသမှုများ မပြုလုပ်မီ

  • အကြောထိုးဆေး1-2 mg/kg
  • အသားထိုးဆေး3-4 mg/kg (အကြောထိုးဆေးနှင့် မလုံလောက်လျှင်)

အချိန်တိုတောင်းသော ခွဲစိတ်မှုများတွင် အကြောထိုးဆေး ထိုးရပါမည်။

အချိန်ကြာသော ခွဲစိတ်မှုများအတွက် အောက်ပါပမာဏများနှင့် ဆေးအရှိန်ကို ထိန်းထားရပါမည်။

  • အကြောထိုးဆေး 04-0.07 mg/kg ၅-၁၀ မိနစ်ခြားတစ်ခါနှင့် လိုအပ်သလို ထပ်ထိုးပါ။
  • အကြောသွင်းဆေး5 mg/min

ကလေးတွေအတွက် Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ခွဲစိတ်ကုသမှုများ မပြုလုပ်မီ

  • အကြောထိုးဆေး1-2 mg/kg
  • အသားထိုးဆေး3-4 mg/kg (အကြောထိုးဆေးနှင့် မလုံလောက်လျှင်)

Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ကိုဘယ်လိုရရှိနိုင်သလဲ

succinylcholine/suxamethonium ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံနှင့် ရရှိနိုင်ပါတယ်။

  • succinylcholine/suxamethonium ထိုးဆေး 20mg/mL, 100mg/mL

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးလွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

succinylcholine/suxamethonium ကို လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ ဆရာဝန်ထံ အမြန်ဆုံး အကြောင်းကြားပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement