backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spironolactone (စပိုင်ရိုနိုလက်တုန်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Spironolactone (စပိုင်ရိုနိုလက်တုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Spironolactone ကို အများဆုံးအသုံးပြုကြသည်မှာ

  • သွေးတိုးခြင်းနဲ့ နှလုံးရောဂါ
  • နှလုံးရောဂါနဲ့ အသည်းရောဂါကြောင့် ဖြစ်ပွားတတ်တဲ့ ရောင်ရမ်းမှု (အရည်အပိုတွေ ဖယ်ထုတ်ခြင်းနဲ့ လက္ခဏာတွေ သက်သာစေခြင်း)
  • Potassium ပမာဏ နည်းခြင်းနဲ့ aldosterone များခြင်းကို ကုသရန်
  • Polycystic ovarian disease ရှိတဲ့ အမျိုးသမီးတွေမှာ ဆံပင်အပိုပေါက်ခြင်းကို ကုသရန် အတွက်ပဲ ဖြစ်ပါတယ်။

Spironolactone (စပိုင်ရိုနိုလက်တုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

Spironolactone ကို နေ့စဉ် အချိန်တူစွာ သောက်သုံးသင့်ပြီး ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။ ညအခါ ဆီးသွားခြင်းကို ရှောင်ကျဉ်နိုင်ဖို့ ညနေ ၆ နာရီလောက်မှာ သောက်သင့်ပါတယ်။ အစာအိမ်ဒုက္ခပေးခြင်းကနေ ကာကွယ်ဖို့ အစာ (သို့) နွားနို့နဲ့ အတူ သောက်သုံးသင့်ပါတယ်။ သွေးပေါင်တက်တဲ့ လူအတော်များများဟာ ဖျားနာခြင်းမရှိတာကြောင့် သင်နေကောင်းတယ်ဆိုပြီး ဆရာဝန်ကို မပြောပဲ ဆေးရပ်လိုက်ခြင်းတွေ မပြုလုပ်သင့်ပါဘူး။

Spironolactone (စပိုင်ရိုနိုလက်တုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Spironolactone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Spironolactone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Spironolactone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Spironolactone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Spironolactone (စပိုင်ရိုနိုလက်တုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာ အောက်ပါအချက်တွေ ရှိနေရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Spironolactone နဲ့ သူ့ပါဝင်ပစ္စည်းတွေ၊ အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင်
  • အခြားဓါတ်မတည့်မှုတွေ (အစားအစာ၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်) ရှိရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Spironolactone (စပိုင်ရိုနိုလက်တုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Spironolactone (စပိုင်ရိုနိုလက်တုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  • ဗိုက်နာခြင်း
  • သွားဖုံးသွေးထွက်ခြင်း
  • ဝမ်းအတွင်းသွေးပါခြင်း (သို့) ဝမ်းမည်းမည်း သွားခြင်း
  • သွေးပါသော ဆီး
  • ရင်သားနာကျင်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ချမ်းတုန်ဖျားခြင်း
  • နို့သီးခေါင်းမှ အရည်ကြည် (သို့) သွေးထွက်ခြင်း
  • ဆီးအရောင်နောက်ခြင်း
  • ကိုမာဝင်ခြင်း
  • စိတ်ရှုပ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • တက်ခြင်း
  • ချောင်းဆိုးခြင်း၊ အသံသြခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • ဆီးနည်းခြင်း
  • ဝမ်းလျှောခြင်း
  • အစာမြိုချရန် ခက်ခဲခြင်း
  • ရင်သားအရေပြား ချိုင့်ဝင်ခြင်း
  • ခေါင်းမူးခြင်း
  • အိပ်ငိုက်ခြင်း
  • နှလုံးခုန်နှုန်း မမှန်ခြင်း
  • ဖျားခြင်း
  • ပင်ပန်းခြင်း၊ အားနည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ရင်ပူခြင်း
  • အရေပြား အကွက်ထခြင်း၊ ယားယံခြင်း
  • ရေဆာခြင်း
  • အစာမကြေခြင်း
  • နို့သီးခေါင်းအထဲဝင်ခြင်း
  • အစာမစားချင်ခြင်း
  • ခါးနာခြင်း၊ ဘေးဘက်နာခြင်း
  • ရင်သားအကျိတ် (သို့) ချိုင်းအကျိတ် ဖြစ်ခြင်း
  • ကြွက်သားနာကျင်ခြင်း
  • ကြွက်သာ ဆတ်ခနဲ ဖြစ်ခြင်း
  • ပျို့အန်ခြင်း
  • ဆီးသွားရခက်ခြင်း
  • နို့သီးခေါင်း အရေခွံကွာခြင်း
  • အရေပြားပေါ်မှာ အနီရောင်အကွက် ထခြင်း
  • မျက်လုံးပတ်လည် (သို့) မျက်ခွံဖောင်းခြင်း၊ ရောင်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ ရောင်ခြင်း
  • ရင်သားနီရဲ ပြီး ရောင်ခြင်း
  • ဗိုက်နာခြင်း
  • လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း
  • ရင်သားပေါ်ရှိအနာ မကျက်ခြင်း
  • လည်ချောင်းနာခြင်း
  • ပါးစပ်၊ နှုတ်ခမ်းပေါ်မှာ အနာပေါက်ခြင်း၊ အဖြူရောင် အစက်တွေပေါ်ခြင်း
  • မျက်နှာ၊ လက်ချောင်း၊ ခြေထောက်၊ ခြေချင်းဝတ် ရောင်ခြင်း
  • နာကျင်ရောင်ရမ်းသော ပြန်ရည်ကျိတ်များကို လည်ပင်း၊ ချိုင်း၊ ပေါင်ခြံမှာတွေ့ခြင်း
  • ရင်ထဲ တစ်ဆို့ဆို့ ဖြစ်ခြင်း
  • တုန်ခြင်း
  • အသက်ရှူကျပ်ခြင်း
  • အနံ့ဆိုးထွက်ခြင်း
  • သွေးထွက်ခြင်း (သို့) အညိုအမဲစွဲခြင်း
  • ပင်ပန်းလွယ်ခြင်း
  • ကော်ဖီရောင် အရည်တွေ အန်ခြင်း
  • ကိုယ်အလေးချိန် တက်ခြင်း
  • မျက်လုံး (သို့) အသားဝါခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Spironolactone (စပိုင်ရိုနိုလက်တုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

အောက်ဖေါ်ပြပါဆေးတွေနဲ့ တွဲသုံးခြင်းဟာ ဘေးထွက်ဆိုးကျိုး ပိုများစေပေမယ့် တွဲသုံးခြင်းဟာ သင့်ရောဂါကုသမှု အတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။

  • Aceclofenac
  • Acemetacin
  • Amtolmetin Guacil
  • Aspirin
  • Bromfenac
  • Bufexamac
  • Celecoxib
  • Choline Salicylate
  • Clonixin
  • Dexibuprofen
  • Dexketoprofen
  • Diclofenac
  • Diflunisal
  • Digitoxin
  • Dipyrone
  • Droxicam
  • Etodolac
  • Etofenamate
  • Etoricoxib
  • Felbinac
  • Fenoprofen
  • Fepradinol
  • Feprazone
  • Floctafenine
  • Flufenamic Acid
  • Flurbiprofen
  • Gossypol
  • Ibuprofen
  • Ibuprofen Lysine
  • Indomethacin
  • Ketoprofen
  • Ketorolac
  • Licorice
  • Lornoxicam
  • Loxoprofen
  • Lumiracoxib
  • Meclofenamate
  • Mefenamic Acid
  • Meloxicam
  • Morniflumate
  • Nabumetone
  • Naproxen
  • Nepafenac
  • Niflumic Acid
  • Nimesulide
  • Oxaprozin
  • Oxyphenbutazone
  • Parecoxib
  • Phenylbutazone
  • Piketoprofen
  • Piroxicam
  • Proglumetacin
  • Propionic Acid
  • Propyphenazone
  • Proquazone
  • Rofecoxib
  • Salicylic Acid
  • Salsalate
  • Sodium Salicylate
  • Sulindac
  • Tenoxicam
  • Tiaprofenic Acid
  • Tolfenamic Acid
  • Tolmetin
  • Valdeco
  • အစားအသောက်တွေနဲ့ အရက်က Spironolactone (စပိုင်ရိုနိုလက်တုန်း) နဲ့ ဓါတ်ပြုနိုင်သလား

    Spironolactone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Spironolactone (စပိုင်ရိုနိုလက်တုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    Spironolactone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

    • ဆီးမသွားခြင်း
    • သွေးအတွင်း potassium ဓါတ်များခြင်း
    • ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါ
    • Electrolyte imbalance (ခန္ဓါကိုယ်တွင်း ဓါတ်မမျှတခြင်း)
    • Fluid imbalances (အရည် မမျှတခြင်း)
    • ပြင်းထန်တဲ့ အသည်းရောဂါ (အသည်းခြောက်ခြင်း)

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Spironolactone (စပိုင်ရိုနိုလက်တုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    • ဖောရောင်ခြင်းအတွက်။ သောက်ဆေး 100 mg ကို တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲ၍သောက်နိုင်သည်။
    • နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအတွက်။ သောက်ဆေး 25 mg တစ်ရက်တစ်ကြိမ်
    • သွေးတိုးရောဂါအတွက်။ သောက်ဆေး 50 to 100 mg ကို တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲ၍ သောက်နိုင်သည်။
    • သွေးတွင်း ပိုတက်ဆီယမ် လျော့နည်းခြင်း အတွက်။ သောက်ဆေး 25 to 100 mg ကို တစ်ရက်တစ်ကြိမ်
    • ခန္ဓါကိုယ်တွင်း aldosterone ပမာဏများပြားနေခြင်းအတွက်။ ရောဂါရှာဖွေအတည်ပြုရန် သောက်ဆေး 400 mg ၄ ရက် သောက်ရန်။ရောဂါအတည်ပြုပြီးနောက်တွင် သောက်ဆေး 100 to 400 mg ကို တစ်ရက်တစ်ကြိမ်

    ကလေးတွေအတွက် Spironolactone (စပိုင်ရိုနိုလက်တုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

    Spironolactone (စပိုင်ရိုနိုလက်တုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

    ဆေးပြား 100mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Spironolactone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement