backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sildenafil (စီဒါနာဖေးလ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Sildenafil (စီဒါနာဖေးလ်)

Sildenafil (စီဒါနာဖေးလ်) ဆိုတာက ပန်းသေပန်းညှိုးဖြစ်တာကို ကုသပေးတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေးကို အဆုတ်အတွင်း သွေးဖိအားများခြင်း (pulmonary hypertension) အတွက်လည်း အသုံးပြုကြပါတယ်။ Sildenafil (စီဒါနာဖေးလ်) က ဆေးအာနိသင် ပြင်းတာကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။

အသုံးပြုပုံများ

Sildenafil (စီဒါနာဖေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Sildenafil (စီဒါနာဖေးလ်)က ပန်းသေခြင်းအတွက် အသုံးပြုတဲ့ ဆေးတစ်မျိုးပါ။

ဒီဆေးက အဆုတ်အတွင်း သွေးဖိအားများခြင်း ကျန်းမာရေးပြဿနာကို ခံစားနေရတဲ့ အရွယ်ရောက်ပြီးသူတွေမှာ လေ့ကျင့်ခန်း လုပ်ဆောင်နိုင်စွမ်း တိုးစေဖို့ အသုံးပြုကြသလို အဆုတ်အတွင်း သွေးဖိအား များတာကြောင့် မူးဝေတာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ မောပန်းလွယ်တာတွေကို သက်သာစေဖို့ အသုံးပြုပါတယ်။

ဒီဆေး အမျိုးအစားက  phosphodiesterase (PDE) inhibitors သို့မဟုတ် phosphodiesterase enzyme inhibitors အမျိုးအစားပါ။

Phosphodiesterase အင်ဇိုင်း ထုတ်လွှတ်မှုကို တားဆီးပေးတာက လိင်တံမှာ ရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့ နိုက်ထရစ်အောက်ဆိုက်ဒ် ဒြပ်ပေါင်းတွေကို ထုတ်လွှတ်ပါတယ်။

ဒီလို ထုတ်လွှတ်တာက လိင်တံဆီ သွေးလည်ပတ်မှု ကောင်းစေသလို လိင်စိတ်နှိုးကြွအောင် လှုံ့ဆော်ချိန်မှာ လိင်တံ ထောင်မတ်နိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

 Phosphodiesterase အင်ဇိုင်း ထုတ်လွှတ်မှုကို တားဆီးပေးတာက  အဆုတ် သွေးကြောထဲမှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့ cyclic guanosine monophosphate ဒြပ်ပေါင်းကို ထွက်ရှိစေပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။

Sildenafil (စီဒါနာဖေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေး

ပန်းသေပန်းညှိုးခြင်းအတွက် သောက်မယ်ဆိုရင် အတူမနေခင် ၁ နာရီအလိုမှာ သောက်သုံးရပါမယ်။ အဆုတ်တွင်းသွေးတိုးတာအတွက်ဆိုရင်တော့ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပေးပါ။

ဆေးကို ရေတစ်ဖန်ခွက်နဲ့ သောက်ပေးပါ။ ဆေးသောက်ပြီး နာရီဝက်ကနေ ၁ နာရီအတွင်းမှာ အာနိသင်ကို သိရမှာပါ။

ဆေးကို အစားများများစားပြီးမှ သောက်မယ်ဆိုရင် ဆေးအာနိသင်ကို အချိန်ကြာမြင့်စွာ ရရှိမှာ ဖြစ်ပါတယ်။

ထိုးဆေးဆိုရင်

ဆေးရည်ကို သွေးကြောထဲကို ထိုးသွင်းရမှာ ဖြစ်ပြီး ဆရာဝန် ဒါမှမဟုတ် သူနာပြုက လုပ်ဆောင်ပေးမှာပါ။

ဆေးမှုန့်

ဆေးမှုန့်ဆိုရင်တော့ အရည်ဖျော်ပြီး သောက်ရမှာပါ။ ဆေးညွှန်းအတိုင်း လိုက်နာရပါမယ်။

ငုံဆေး

  • လျှာအောက်မှာ ဆေးကို ထားပြီး ပျော်သွားအောင် ထားပါ။ ဆေးပျော်ပြီးချိန်မှာ ရေသောက်တာမျိုး လုပ်ဖို့ မလိုပါဘူး။
  • ဆေးကို ဆေးထုပ်ထဲကနေ ထုတ်ပြီးတာနဲ့ ငုံထားပေးပါ။ အစားမစားခင် သောက်သုံးပေးတာက ဆေးကို စုပ်ယူမှုကောင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
  • အဆီများတဲ့ အစားအစာတွေ စားတာက ဆေးစုပ်ယူနိုင်စွမ်းကို ကျစေပါတယ်။

Sildenafil (စီဒါနာဖေးလ်)ကို ဘယ်လိုသိမ်းဆည်းသင့်သလဲ။

Sildenafil (စီဒါနာဖေးလ်)ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sildenafil (စီဒါနာဖေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင်  Sildenafil (စီဒါနာဖေးလ်) ကို အသုံးမပြုပါနဲ့

  • ဆေးနဲ့ ဓာတ်မတည့်တာ၊ ဆေးမှာပါတဲ့ ပါဝင်ပစ္စည်း တစ်ခုခုနဲ့ ဓာတ်မတည့်တာ
  • ပြင်းထန်တဲ့ နှလုံးရောဂါ အသည်းရောဂါတွေ ရှိတာ
  • လေဖြတ်ဖူးတာ၊ ရုတ်တရက် နှလုံးရပ်ဖူးတာ ဒါမှမဟုတ် သွေးပေါင်ကျဖူးတာ
  • မျိုးရိုးလိုက်တဲ့ အမြင်အာရုံပြဿနာရှိတာ
  • အမြင်အာရုံ ဆုံးရှုံးထားတာတွေပါ။
မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
  • သွေးအားနည်းရောဂါ
  • သွေးကင်ဆာ
  • Spinal cancer
  • လိင်တံ ပုံစံ မမှန်တာ (Peyronie’s disease)
  • မကြာသေးခင်က အစာအိမ်အနာဖြစ်ဖူးတာ၊ သွေးရောဂါ ဖြစ်ဖူးတာ
  • ရုတ်တရက် အမြင်အာရုံ ဆုံးရှုံးတာ၊ အမြင်အာရုံပြဿနာ ခံစားရတာတွေပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sildenafil (စီဒါနာဖေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Sildenafil ဆေးဝါးတွေကို အမျိုးသမီးတွေမှာ လိင်စွမ်းဆောင်ရည်ကျဆင်းတာကို ကုသဖို့ သုံးလေ့မရှိပါဘူး။

ကိုယ်ဝန်ဆောင် မိခင်တွေမှာ Sildenafil (စီဒါနာဖေးလ်) ကို အဆုတ်တွင်း သွေးဖိအားများခြင်းအတွက် ပေးနိုင်ပေမယ့် တကယ်လိုမှသာ ပေးရမှာ ဖြစ်ပါတယ်။

ဆေးက မိခင်နို့ရည်ကနေတဆင့် ကလေးဆီကို ပမာဏ နည်းနည်းလောက် ရောက်ရှိသွားနိုင်ပေမယ့် ကလေးကိုတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Sildenafil (စီဒါနာဖေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်မှာဖော်ပြထားတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို တွေ့ရှိရမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသပေးပါ

  • ဓာတ်မတည့်မှုကြောင့် အသက်ရှူသံ တရွှီရွှီ မြည်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ မူးဝေတာ၊ မျက်နှာ၊ နှုတ်ခမ်း၊ အသက်ရှူ လမ်းကြောင်းတွေ ရောင်ရမ်းမယ်
  • ရင်ဘတ်အောင့်မယ်
  • လိင်တံထောင်မတ်နေတာ ၄ နာရီကျော် ကြာမယ်။ နာကျင်မယ်
  • အမြင်အာရုံ ထိခိုက်မယ်။ ဆုံးရှုံးမယ်
  • ပြင်းထန်တဲ့ အရေပြား ပြဿနာ ဖြစ်မယ်
  • အကြောဆွဲမယ်

အခုဖော်ပြတဲ့ လက္ခဏာတွေကတော့ အဖြစ်များတဲ့ လက္ခဏာတွေပါ

  • ခေါင်းကိုက်မယ်
  • မအီမသာဖြစ်မယ်
  • မျက်နှာတွေ နီမြန်းမယ်
  • အကြောင်းအရင်း မရှိဘဲ ခန္ဓာကိုယ်တွေ ပူလာမယ်
  • ဗိုက်အောင့်မယ်
  • မျက်လုံးထဲမှာ အရောင်တွေ မသဲကွဲဖြစ်မယ်
  • အမြင်အာရုံ ဝါးလာမယ်
  • အမြင်အာရုံ ထိခိုက်မယ်
  • နှာခေါင်းပိတ်မယ်
  • မူးဝေမယ် စတာတွေ ခံစားရနိုင်ပါတယ်။

ကလေးတွေမှာ အခုလို လက္ခဏာတွေ တွေ့ရမယ်ဆိုရင် အန္တရာယ်ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။

  • အဆုတ်ရောင်မယ်
  • နှလုံးစွမ်းဆောင်ရည် ကျမယ်
  • နှလုံးညာဘက်ခြမ်း စွမ်းဆောင်ရည်ကျမယ်
  • နှလုံးကြောင့် ရှော့ခ်ရမယ်
  • အဆုတ်ထဲ သွေးတိုးမယ်
  • ရင်ဘတ်အောင့်မယ်
  • သတိလစ်မယ်
  • အသက်ရှူလမ်းကြောင်း ပိုးဝင်မယ်
  • လေပြွန်ရောင်မယ်
  • အစာခြေစနစ်ကို ဗိုင်းရပ်စ်ပိုး ဝင်ရောက် ကူးစက်မယ်
  • ဆီးလမ်းကြောင်း ပိုးဝင်မယ်
  • သွားကျန်းမာရေး ထိခိုက်မယ်
  • ဓာတ်မတည့်တာ ဖြစ်မယ်
  • တက်မယ်
  • နှလုံးခုန် မမှန် ဖြစ်မယ်
  • အကြားအာရုံ ထိခိုက်မယ်
  • အသက်ရှူ ပြတ်တောင်းတောင်း ဖြစ်မယ်
  • အစာခြေစနစ် ရောင်မယ်
  • လေပြွန်ပိတ်တာကြောင့် အသက်ရှူသံ တရွှီရွှီ မြည်မယ်။

ကလေးတွေမှာ အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းကိုက်မယ်
  • မအီမသာ ဖြစ်မယ်။ အန်မယ်
  • လည်ချောင်း ပိုးဝင်မယ်
  • အဖျားတက်မယ်
  • ဝမ်းပျက်မယ်
  • တုပ်ကွေးဖြစ်မယ်
  • လိင်တံထောင်မတ်လွန်းနေမယ်
  • နှာစေးမယ် စတာတွေပါ။

အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Sildenafil (စီဒါနာဖေးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ။

Sildenafilက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

ဒီဆေးတွေနဲ့ တွဲမသောက်ပါနဲ့

  • Medications with nitric oxide , such as amyl nitrate .
  • Riociguat .

Nitrate ဆေးတွေ သောက်နေမယ်ဆိုရင် Sildenafil (စီဒါနာဖေးလ်)နဲ့ ဓာတ်ပြုပြီး သွေးပေါင်ကျတာ၊ အသက်အန္တရာယ် ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ရင်ဘတ်အောင့်တာအတွက်  Nitrate ဆေးတွေ ​သောက်နေရတယ်ဆိုရင် ဆရာဝန်ကို ပြောပြပါ။

ဒီဆေးတွေ သောက်နေရတယ်ဆိုရင်လည်း ဆရာဝန်ကို ပြောပြပါ။

  • အဆုတ်တွင်း သွေးတိုးခြင်းအတွက် သောက်နေရတဲ့ အခြားဆေးတွေ ဥပမာ – bosentan, iloprost.
  • St. herbal medicine John’s Wort.
  • Rifampicin.
  • Carbamazepine.
  • Phenytoin .
  • Phenobarbital.
  • သွေးမခဲဆေး ဥပမာ –  warfarin.
  • Erythromycin.
  • Clarithromycin.
  • Telithromycin.
  • Saquinavir.
  • Alpha-blockers , such as doxazosin .
  • နှလုံး စွမ်းဆောင်ရည် ကျဆင်းတာအတွက် သောက်ရတဲ့ဆေးတွေ ဥပမာ – sacubitril / valsartan တို့ပါ။

အစားအသောက်တွေနဲ့ အရက်က Sildenafil (စီဒါနာဖေးလ်) နဲ့ ဓာတ်ပြုနိုင်သလား

Sildenafilက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sildenafil (စီဒါနာဖေးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Sildenafilက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • လိင်တံပုံစံမမှန်ခြင်း
  • ရင်ဘတ်ခဏခဏ အောင့်တတ်ခြင်း
  • နှလုံးစည်းချက်မမှန်ခုန်ခြင်း
  • သွေးတိုးရှိခြင်း
  • သွေးပေါင်ချိန်ကျလေ့ရှိခြင်း
  • နှလုံးရောဂါရှိခြင်း။
  • သွေးကင်ဆာရှိခြင်း။
  • Multiple myeloma ဟုခေါ်သော ရိုးတွင်းချဉ်ဆီဆိုင်ရာ ကင်ဆာရှိခြင်း။
  • ပုံမှန်ထက် အချိန်ကြာမြင့်စွာ လိင်တံထောင်မတ်ပြီး နာကျင်သော ရောဂါ ရာဇဝင်ရှိခြင်း။
  • Retinitis pigmentosa ဟုခေါ်သော မွေးရာပါ မျက်စိရောဂါရှိခြင်း။
  •  Sickle cell anaemia ဟုခေါ်သော သွေးအားနည်းရောဂါ တမျိုးရှိခြင်း
  • အသက် ၅၀နှစ် အထက်ဖြစ်ခြင်း။
  • မကြာသေးမီက လေဖြတ်ထားခြင်း
  • အစာအိမ်အနာရှိခြင်း
  • သွေးတွင်း အဆီဓာတ်များခြင်း။
  • Crowded disc ဟုခေါ်သော မျက်စိရောဂါတစ်မျိုးရှိခြင်း။
  • ဆေးလိပ်သောက်တတ်သူဖြစ်ခြင်း
  • မျက်စိတဖက်တွင် ဖြစ်စေ နှစ်ဖက်လုံးတွင် ဖြစ်စေ non-arteritic ischaemic optic neuropathy ဟုခေါ်သော မျက်စိရောဂါဖြစ်ဖူးသူများ
  • PVOD (Pulmonary veno-occlusive disease) ဟုခေါ်သော အဆုတ်ရောဂါရှိခြင်း။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

အဆုတ်တွင်း သွေးတိုးခြင်းအတွက်

  • ဆေးကို ထိုးဆေးအနေနဲ့ 2.5 mg သို့မဟုတ် 10 mg  တစ်နေ့ ၃ ကြိမ်
  • ဆေးကို သောက်ဆေးအနေနဲ့ အသုံးပြုမယ်ဆိုရင် တစ်နေ့ကို  5 mg သို့မဟုတ် 20 mg ၃ကြိမ် အထိ အသုံးပြုပေးနိုင်ပါတယ်။

ပန်းသေခြင်းအတွက်

ဆရာဝန်ညွှန်ကြားချက်နဲ့  50 mg ကို အတူမနေခင် ၁ နာရီ အလိုမှာ သောက်ပေးရပါမယ်။ ခန္ဓာကိုယ်ရဲ့ ဆေးအပေါ် တုံ့ပြန်မှုကို လိုက်ပြီး တစ်နေ့ကို အများဆုံး 100 mg အထိ တိုးမြှင့်နိုင်ပါတယ်။

ကလေးအတွက် အသုံးပြုရမယ့်ပမာဏ

အဆုတ်တွင်း သွေးတိုးခြင်းအတွက်

  • အသက် ၁ နှစ် ကနေ ၁၇ နှစ်အတွင်း ကိုယ် အလေးချိန်က ၂၀ ကီလိုဂရမ် နဲ့ အောက်ဆိုရင် တစ်ကြိမ်ကို ၁၀မီလီဂရမ် တစ်နေ့ ၃ ကြိမ် ပေးရပါမယ်။
  • ကလေးက ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ် အထက်ဆိုရင် ဆေးပမာဏကို တစ်ကြိမ်ကို ၂၀မီလီဂရမ် တစ်နေ့ ၃ ကြိမ် ပေးရပါမယ်။

Sildenafil (စီဒါနာဖေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Sildenafil ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးပြား
  • ထိုးဆေး
  • အမှုန့် ၊ သောက်ဆေးရည်
  • ငုံဆေး အနေနဲ့ ရရှိနိုင်ပါတယ်။

ဆေးပမာဏတွေ အနေနဲ့ကတော့

  • 10 mg,
  • 20 mg,
  • 25 mg,
  • 50 mg, and
  • 100 mg အသီးသီး ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sildenafilကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement