backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ကို ဘာအတွက်အသုံးပြုကြသလဲ

Salonpas အကိုက်အခဲပျောက်ကပ်ခွာ ကို ကြွက်သားနာကျင်ခြင်း၊ ဒဏ်ဖြစ်ခြင်း၊ အဆစ်လွဲခြင်း၊ တို့တွင် အများဆုံးအသုံးပြုကြပါသည်။

Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ဘယ်လိုသောက်သုံးသင့်သလဲ

ကပ်ရမည့်ပုံစံဆိုလျှင်

  • Salonpas အကိုက်အခဲပျောက်ကပ်ခွာ အားမသုံးခင် ဆေးအညွှန်းကို ဖတ်ပါ။
  • အညွှန်းနှင့်ပါတ်သတ်ပြီး နားမလည်သည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • ထိခိုက်မိသည့်နေရာကို ကပ်ခွာတစ်ခုကပ်ပါ။ ၈ – ၁၂ နာရီကြာအောင် ထားပါ။ တစ်ခုလျှင် တစ်ကြိမ်သာသုံးရမည်။ ပြတ်ရာ ရှာရာများ၊ အရေပြားရောဂါများဖြစ်သော ညှင်းခူ၊ ဝက်ခြံ၊ အရေပြားရောင်ခြင်း၊ တခြားသောရောင်ခြင်း ပိုးဝင်ခြင်းများ နှင့် ခန္ဓါကိုယ်တွင်းရှိ အမြှေးပါးတို့တွင် မကပ်ရပါ။

Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Salonpas အကိုက်အခဲပျောက်ကပ်ခွာ ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Salonpas အကိုက်အခဲပျောက်ကပ်ခွာ ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Salonpas အကိုက်အခဲပျောက်ကပ်ခွာ ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

Salonpas အကိုက်အခဲပျောက်ကပ်ခွာ အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Salonpas အကိုက်အခဲပျောက်ကပ်ခွာ အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိနေလျှင် Salonpas အကိုက်အခဲပျောက်ကပ်ခွာ အား မသုံးခင် ဆရာဝန်ကို ပြောပါ။

  • ဓါတ်မတည့်ခြင်း – Salonpas အကိုက်အခဲပျောက်ကပ်ခွာ ၊ ၎င်းတွင်းပါသော ပစ္စည်းများနှင့် မတည့်လျှင်၊ ထိုပစ္စည်းများကို အညွှွန်းစာတွင် ဖတ်ရှုနိုင်ပါသည်။.
  • တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်လျှင်
  • ကလေးငယ်များ
  • လူကြီးများ

Salonpas အကိုက်အခဲပျောက်ကပ်ခွာ ဓါတ်ပြုခြင်းဖြစ်နိုင်သော ကျန်းမာရေး အခြေအနေများမှာ

  • စတီးရွိုက်မပါ အရောင်ကျ အကိုက်အခဲပျောက်ဆေးများ၊ ဆေးတွင်ပါသော ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း (အညွှန်းတွင် ပါဝင်ပစ္စည်းများကို ဖတ်နိုင်ပါသည်)
  • ပြင်းထန်သော နှလုံးအလုပ်ကောင်းကောင်းမလုပ်နိုင်ခြင်း
  • ပြင်းထန်သော အသည်းနှင့် ကျောက်ကပ် အလုပ်ကောင်းကောင်းမလုပ်နိုင်ခြင်း
  • အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုခြင်း သို့မဟုတ် တခြားသော သွေးယိုခြင်းနှင့် သွေးယိုစီးမှုဆိုင်ရာ ရောဂါများ
  • ကိုယ်ဝန်ဆောင် တတိယသုံးလ
  • ညှင်းခူ၊ ဝက်ခြံ၊ အရေပြားရောင်ခြင်း၊ တခြားသော ရောင်ခြင်း ပိုးဝင်ခြင်းများ သို့မဟုတ် ခန္ဓါကိုယ် ဒွာရများမှ အမြှေးပါးများ
  • ယခုလက်ရှိ သို့ အရင်က အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ခဲ့ဖူးလျှင် ထိုရောဂါသည်များကို နီးကပ်စွာ စောင့်ကြည့်ရမည်ဖြစ်ပြီး အထူးသဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းသွေးယိုခြင်းကို သတိပြုရမည်ဖြစ်သည်။
  • ပန်းနာရင်ကြပ်ရောဂါသည်များ

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ပထမနှင့် ဒုတိယ သုံးလတွင် Salonpas အကိုက်အခဲပျောက်ကပ်ခွာသုံးလျှင် စိတ်ချရမှုရှိမရှိ မသိသေးပါ။ ထို့ကြောင့် Salonpas အကိုက်အခဲပျောက်ကပ်ခွာကို ပထမနှင့်ဒုတိယသုံးလ၌ သုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

ကိုယ်ဝန် တတိယသုံးလတွင် ပရိုစတာဂလမ်ဒင်ထုတ် အင်ဇိုင်းကိုတားသောဆေးများသည် သန္ဓေသား၌ နှလုံး၊ အဆုတ်နှင့် ကျောက်ကပ်တို့တွင် အဆိပ်ဖြစ်စေပါသည်။ မွေးဖွားချိန်တွင် အမေရော ကလေးပါ သွေးယိုစီးမှု ကြာနိုင်ပါသည်။ ထို့ကြောင့် Salonpas အကိုက်အခဲပျောက်ကပ်ခွာကို ကိုယ်ဝန်တတိယသုံးလတွင် ဆေးသုံးခြင်းကို ရှောင်ကြဉ်ရပါမည်။

နို့တိုက်ခြင်း – နို့တိုက်မိခင်များတွင် အရေးပြားပေါ် မီသိုင်းစလီစလိတ်လိမ်းခြင်းဖြင့် နိုရည်ထဲသို့ပါမပါ မသိရသေးပါ။ နို့ဆက်တိုက်ရမလား ဆေးပဲလိမ်းရမလားဆိုသည်ကတော့ ဆေးလိမ်း၍ရလာမည့်အကျိုးကျေးဇူးနှင့် ကလေးနို့တိုက်လျှင် ရမည့်ကျေးဇူးများကို ချိန်ဆရမည်ဖြစ်သည်။

ဘေးထွက်ဆိုးကျိုးများ

Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သို့ပင် Salonpas အကိုက်အခဲပျောက်ကပ်ခွာ တွင်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ ရှိပါသည်။ အများစုမှာ ဖြစ်တာရှားပြီး နောက်ထပ်ကုသမှုခံရသည်အထိ မဖြစ်ပါ။ သို့သော် သင့်၌ဆေးလိမ်းပြီးနောက် ပြဿနာများ ဖြစ်လာပါက ဆရာဝန်ကိုတင်ပြရန် အရေးကြီးပါသည်။

တစ်ချို့သော ဘေးထွက်ဆိုးကျိုးများမှာ –

  • ကပ်မည့်နေရာတွင် ရောဂါတစ်ခုခုရှိနေခြင်း
  • ကပ်လိုက်သည့်နေရာမှ အပိန့်ထခြင်း အရောင်ပြောင်းခြင်း
  • အာရုံကြောစနစ် ကမောက်ကမဖြစ်ခြင်း – ခေါင်းကိုက်ခြင်း
  • အရေပြားနှင့် အရေပြားအောက် တစ်ရှူးများ ကမောက်ကမရောဂါဖြစ်ခြင်း – ယားယံခြင်း၊ နားနှင့် နားအတွင်းပြွန်တွင် အပိန့်အကွက်များထခြင်း၊ ပုံမှန်မဟုတ်ပဲ နားအူးနေခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) နဲ့ ဓါတ်ပြုနိုင်သလဲ

Salonpas အကိုက်အခဲပျောက်ကပ်ခွာ သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။ ဥပမာ သွေးကျဲဆေးများဖြစ်သော ဝါဖရင်၊ revulsives (anti-irritants) နှင့် အာနိသင်တူသည့် အကိုက်အခဲပျောက်ဆေးများ

အစားအသောက်တွေနဲ့ အရက်က Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) နဲ့ ဓါတ်ပြုနိုင်သလား

Salonpas အကိုက်အခဲပျောက်ကပ်ခွာ က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Salonpas အကိုက်အခဲပျောက်ကပ်ခွာ ပမာဏမှပါတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကပ်ခွာတစ်ခုအား ဖြစ်သည့်နေရာတွင် ကပ်ထားပြီး ၈ – ၁၂ နာရီကြာအောင် ထားပါ။ နာကျင်မှု ပြန်ဖြစ်ပါက ပထမကပ်ခွာကပ်ပြီးောနက် ၈ – ၁၂ နာရီခြားပြီး ဒုတိယတစ်ခု ပြန်ကပ်နိုင်ပါသည်။ တစ်ကြိမ်လျှင် ကပ်ခွာတစ်ခုကိုသာ သုံးရမည်။ တစ်ရက်လျှင် ၂ ခုထက် ပိုမသုံးရ။ ၃ ရက်ဆက်တိုက်ထပ်ပိုပြီးလည်း မသုံးရပါ။ Salonpas အကိုက်အခဲပျောက်ကပ်ခွာအား အသက ၁၈ နှစ်အောက်တွင် မသုံးသင့်ကြောင်း လုံလောက်စွာ လေ့လာထားခြင်း မရှိသောကြောင့်ဖြစ်ကြောင်း ညွှန်းဆိုထားပါသည်။

ကလေးတွေအတွက် Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက် ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Salonpas (ဆလွန်ပတ်စ် အကိုက်အခဲပျောက်ကပ်ခွာ) ကိုဘယ်လိုရရှိနိုင်သလဲ

Salonpas အကိုက်အခဲပျောက်ကပ်ခွာ ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

ကပ်ခွာတစ်ခုတွင် 10% methyl salicylate (105mg) and 3% levomenthol (31.5mg)တို့ပါဝင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Salonpas အကိုက်အခဲပျောက်ကပ်ခွာ ကို လိမ်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ သို့သော်လည်း နောက်တစ်ကြိမ်လိမ်းရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် လိမ်းလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးလိမ်းတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement