မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Vitamin A သည် အမြင်အာရုံများ ကြည်လင်စေရန် ၊ ကိုယ်ခံအားကောင်းစေရန်နှင့် ဆဲလ်များ ကြီးထွားစေရန်အဓိက ထောက်ပံ့ပေးပါသည်။
Vitamin A လိမ်းဆေးများကို ဝက်ခြံ၊ အရေးအကြောင်းများဖြစ်ခြင်းနှင့် အခြားသော အရေပြားပြသနာများအတွက် အသုံးပြုကြပါသည်။
Vitamin A သောက်ဆေးကို ဝက်သက်ရောဂါနှင့် Vitamin Aအားနည်းခြင်းကြောင့် မျက်သားခြောက်သူများတွင် အသုံးပြုပြီး အချို့သော သွေးကင်ဆာအမျိုးအစားကို ကုသရာတွင်လည်း အသုံးပြုပါသည်။
ထို့ပြင် ကင်ဆာရောဂါများ၊ အတွင်းတိမ်ဖြစ်ခြင်း၊ HIV ပိုးရှိလူနာများကို ကုသရာတွင် အသုံးပြုသော်လည်း ရလဒ်များမှာ အဖြေမပေါ်သေးပါ။
ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Vitamin A ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Vitamin A ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Vitamin A ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Vitamin A ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်များကို အောက်ပါအတိုင်းသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ
အခြားသောဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသေးသည်။ Vitamin A သောက်သူတိုင်းထိုဘေးထွက်ဆိုးကျိုးများခံစားရသည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်သည်။
Vitamin A သည် မိမိယခုလက်ရှိသောက်သုံးနေသောဆေးဝါးများ၏ အာနိသင်များပြောင်းလဲသွားနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်းပိုဆိုးစေနိုင်ပါသည်။
ထို့ကြာင့်ဖြစ်နိုင်ခြေရှိသော ဓါတ်မတည့်မှုများကိုလျှော့ချရန် သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ကိုစာရင်းလုပ်ပြီး ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ခွင့်ပြုချက်မပါဘဲ ဆေးများကိုမိမိသဘောနှင့်အတိုးအလျှော့ပြုခြင်း၊ဆေးဖြတ်လိုက်ခြင်းတို့ မပြုလုပ်ရပါ။
Vitamin A နှင့် ဓါတ်ပြုနိုင်သော ပိုးသတ်ဆေးများမှာ Demeclocycline, Tetracyclines, Minocycline တို့ဖြစ်ပါသည်။ ထိုဆေးများကို Vitamin A ပမာဏများစွာနှင့် တွဲပြီးသောက်မိပါက ဦးနှောက်အတွင် သွေးဖိအားများတိုးခြင်းကိုဖြစ်စေပါသည်။
အသည်းကိုထိခိုက်စေသောဆေးများ
အသည်းကို ထိခိုက်စေသော ဆေးများသည်လည်း နှင့်ဓါတ်ပြုနိုင်သောကြောင့် ထိုဆေးများကို Vitamin A ပမာဏများစွာနှင့် တွဲပြီးမသောက်သင့်ပါ။ ယင်းတို့မှာ Acetaminophen (Tylenol And Others), Amiodarone (Cordarone), Carbamazepine (Tegretol), Isoniazid (INH), Methotrexate (Rheumatrex), Methyldopa (Aldomet), Fluconazole (Diflucan), Itraconazole (Sporanox), Erythromycin (Erythrocin, Ilosone, Others), Phenytoin (Dilantin), Lovastatin (Mevacor), Pravastatin (Pravachol), Simvastatin (Zocor)စသည်တို့ဖြစ်ပါသည်။
Warfarin (Coumadin) သည် Retinol®နှင့်ဓါတ်ပြုနိုင်ပါသည်။
Warfarin (Coumadin)သည်သွေးခဲမှုဖြစ်စဉ်ကို နှေးစေပါသည်။ Vitamin A ပမာဏများစွာကိုသောက်လျှင်လည်း သွေးခဲမှုဖြစ်စဉ်ကို နှေးစေပါသည်။ ထို့ကြောင့် Warfarin (Coumadin)ကို Vitamin A ပမာဏများစွာနှင့် တွဲပြီးသောက်မိပါက သွေးခြေဥခြင်း၊ သွေးထွက်ခြင်းများကို ဖြစ်စေပါသည်။
Vitamin A က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အသည်းကိုပို၍အဆိပ်အတောက်ဖြစ်စေပါသည်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Vitamin A ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ရောဂါအခြေနေပေါ်မူတည်ပြီး ဆေးပမာဏကွာခြားပါသည်။
နေ့စဉ်အတွက် သတ်မှတ်ထားသော ပမာဏမှာ
အမျိုးသားများ အတွက်
အမျိုးသမီများ အတွက်
မျက်သားခြောက်ခြင်း
200 000IUသောက်ဆေး ၂ ရက်၊ ထို့နောက် ၂ ပတ်ကြာလျှင် နောက်တကြိမ် ပြန်သောက်ပါ။
ဝက်ခြံ
Isotretinoin သောက်ဆေး 0.5- 0.7 mg /kg
သို့မဟုတ် 0.25- 0.4 mg /kg ကို ၄ ပတ်တစ်ကြိမ်သောက်နိုင်ပါသည်။
ကင်ဆာရောဂါများ
Retinol 1000-6000mg နှင့် vitamin A 3000IU-10000IU နေ့စဉ်
5000- 50 000IU အပတ်စဉ်
Betacarotene 20-50mg နေ့စဉ် သို့မဟုတ် ၁ရက်ခြား ၅-၁၂နှစ်
100 000 IU vitamin A အပတ်စဉ်ထိုးဆေး
Vitamin A ဖြည့်စွက်ဆေးများကို ၁-၃ နှစ်ထိ
Vitamin A 25000 IU +30mg Betacarotene နေ့စဉ်၇နှစ်
Beta carotene 20-50mg နေ့စဉ် သို့မဟုတ် ၁ရက်ခြား ၅-၁၂နှစ်
Vitamin A 5000IU ၆လ သို့မဟုတ် 10 000IU ၄လ
Vitamin A 100 000IU ၁၈ လ(သို့သော် အရေပြားကင်ဆာကုသမှုတွင် Vitamin A သည်သက်ရောက်မှုမရှိလှပေ။)
အဆစ်ရောင်ခြင်း
0.5 mg/kg Etretinate ၄ပတ်
တိုးတက်မှုမရှိပါက/ ဘေးထွက်ဆိုးကျိုးများမရှိပါက 0.25 mg/kg နေ့စဉ် ၄ပတ်
HIV ရောဂါကုသရာတွင်အထောက်အကူဖြစ်စေရန်
Vitamin A 400 000IU (လူကြီး) 50 000(ကလေး)မွေးပြီးချိန်မှ ၂နှစ်အထိ
၁နှစ်အောက်ကလေးငယ်များသေဆုံးမှုကိုလျှော့ချရန်နှင့် HIV ရှိသောကိုယ်ဝန်ဆောင်များ
Retinol 3mg (Iron/ folic acid နှင့်တွဲ၍ဖြစ်စေ)နေ့စသ် ကိုယ်ဝန် ၁၈ပတ်မှ ၂၈ပတ်အတွင်း
ရောဂါအခြေနေပေါ်မူတည်ပြီး ဆေးပမာဏကွာခြားပါသည်။
နေ့စဉ်အတွက် သတ်မှတ်ထားသော ပမာဏမှာ
မျက်သားခြောက်ခြင်း
ရိုးတွင်းချဉ်ဆီကင်ဆာ
ALTRA 25-45 mg ကို ရောဂါသက်သာသွားချိန်အထိ သို့မဟုတ် အခြားကင်ဆာဆေးများနှင့်ရောပြီး နေ့စဉ်
၂ နှစ်တိုက်ပါ။
သွေးအားနည်းခြင်း
3000 mcg Vitamin A နေ့စဉ် ၂လ တိုက်ပါ။
လမစေ့သောကလေးများတွင်ဖြစ်သည့်အဆုတ်နှင့်လေပြွြန်ဖစ်တည်မှုပုံစံမမှန်ခြင်း
Vitamin A 2000 IUနေ့စဉ် သို့မဟုတ် 3000IU ၁ပတ် ၃ကြိမ် တိုက်ပါ။
ကလေးငယ်များကြီးထွားစေရန်
၃လမှ ၁နှစ်ကလေးများအတွက် 60 mg ၁နေ့ ၄-၆ကြိမ် ၄-၆လ တိုက်ပါ။
ဝက်သက်ပေါက်ခြင်း
ချို့တဲ့သော ဒေသများတွင် နေသောကလေးများကို ဝက်သက်ပေါက်လျှင် 200000IU Vitamin A နေ့စဉ် ၂လ တိုက်ပါ။ ၁နှစ်အောက် ကလေးများအတွက် 100000IU Vitamin A ကို ၂ ရက်တိုက်ပါ။
HIV ပိုးရှိလူနာများတွင်
လူကြီးများတွင် Vitamin A 400,000 IU ကိုပေးပြီး ကလေးများတွင် Vitamin A 50,000 IU ကို မွေးပြီးချိန်မှ ၂ နှစ်အတွင်းတိုက်ပါ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ ။
Vitamin A ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။