backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Quinine (ကွီနင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Quinine (ကွီနင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Quinine ကို တမျိုးတည်းဖြစ်စေ ၊ အခြားဆေးများနှင့် တွဲဖက်၍ဖြစ်စေ ငှက်ဖျားရောဂါကို ကုသရန်သုံးသည်။ ငှက်ဖျားပိုးသည် ခြင်ကိုက်ရာမှတဆင့် ခန္တာကိုယ်ထဲဝင်ရောက်လာနိုင်ပြီး သွေးနီဥသို့မဟုတ် အသည်းထဲတွင် ဆက်လက်နေထိုင်သည်။Quinine ကို သွေးနီဥထဲရှိ ငှက်ဖျားပိုးများကို သတ်ရာတွင် အသုံးပြုသည်။ အချို့သော လူနာများ၌ ခန္တာကိုယ်ထဲရှိ အခြားတစ်ရှူးများတွင် ပုန်းအောင်းနေတတ်သည့် ငှက်ဖျားပိုးများကို သတ်ရန် အခြားသော ငှက်ဖျားဆေးများ (ဥပမာ။ ။Primaquine) စသည်တို့ကို အသုံးပြုနိုင်သည်။ မည်သည့်ဆေအမျိုးအစားကို အသုံးပြုသည်ဖြစ်စေ ရောဂါကို လုံးဝ အမြစ်ပြတ်သွားစေရန်နှင့် နောက်တဖန် ထပ်မဖြစ်စေရန် ဆေးကို သတ်မှတ်ထားသည့်အတိုင်း တိကျစွာ သောက်ရန်လိုအပ်သည်။ Quinine သည် ငှက်ဖျားပျောက်ဆေး အမျိုးအစား ဆေးတမျိုးဖြစ်သော်လည်း ၎င်းကို ငှက်ဖျားရောဂါ ကာကွယ်ရာ၌ အသုံးမပြုနိုင်ပါ။

အမေရိကန်ပြည်ထောင်စုရှိ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနချုပ်သည် ကမ္ဘာပေါ်ရှိ နေရာအသီးသီးတွင် ငှက်ဖျားရောဂါကို ကာကွယ်ကုသနိုင်ရေးအတွက် ဆေးဝါးလမ်းညွှန်ချက်များ၊နောက်ဆုံးပေါ် ဆေးကုသမှုပုံစံတို့ကို လိုအပ်သလို အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိသည်။ ငှက်ဖျားရောဂါအဖြစ်များသော နေရာများသို့ ခရီးသွားမည်ဆိုလျင် ငှက်ဖျားနှင့်ပတ်သတ်သည့် နောက်ဆုံးပေါ် အချက်အလက်များကို သိရှိနိုင်စေရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Quinine (ကွီနင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။ မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။ အစာအိမ်ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် Quinine ကို အစာရှိမှ (ဆရာဝန်ညွှန်ကြားသည့်အတိုင်း) သောက်ပါ။ Quinine ကို အများအားဖြင့် ၈နာရီခြားတခါ သောက်ရလေ့ရှိပြီး ကာလအားဖြင့် ၃ ရက် မှ ၇ရက် အထိ သောက်ရတတ်သည်။ သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့် အတိုင်းသောက်ပါ။ Quinine ကို အလူမီနီယမ် သို့မဟုတ် မဂ္ဂနီဆီယမ် ပါဝင်သော antacid များ မသောက်မီ သို့မဟုတ် သောက်ပြီး ၂နာရီ၊၃နာရီ ကြာမှ သောက်ပါ။ အဆိုပါ antacid များသည် Quinine နှင့်ပေါင်းစပ်ဓါတ်ပြုနိုင်သဖြင့် Quinine ကို ခန္တာကိုယ်မှ စုပ်ယူနိုင်စွမ်း ကျဆင်းစေသည်။

ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ၊ငှက်ဖျားကူးစက်လာသည့်နိုင်ငံ/နေရာ၊ အခြားသော ငှက်ဖျားဆေးများ သောက်နေရခြင်း ရှိမရှိ၊ ဆေးကို တုန့်ပြန်မှု နှင့် အခြားသောက်သုံးနေသော ဆေးဝါးများအပေါ် မူတည်သည်။

ကလေးများတွင်မူ ဆေးပမာဏသည် ကလေး၏ ကိုယ်အလေးချိန်ပေါ် မူတည်သည်။ Quinine (နှင့် အခြားသော ငှက်ဖျားဆေးများကို) ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆက်လက်သောက်သုံးရန် အရေးကြီးပါသည်။ ညွှန်ကြားထားသည့် ဆေးပမာဏထက် ပိုသောက်ခြင်း၊လျော့သောက်ခြင်းများ မပြုရပါ။ ဆေးသောက်ရန် မမေ့ရ။ ဆေးသောက်ပြီး ရက်အနည်းငယ်ကြာသောအခါ ရောဂါလက္ခဏာများ ပျောက်ကွယ်သွားသည့်တိုင် ဆရာဝန်လမ်းညွှန်ထားသည့် အချိန်ကာလပြည့်အောင် ဆေးကို အပြီးထိ ဆက်သောက်ရပါမည်။ ဆေးသောက်ရန် မေ့ခြင်း၊ သတ်မှတ်ထားသော အချိန်ထက် စောပြီး ဆေးသောက်ရပ်လိုက်ခြင်းအားဖြင့် ရောဂါကို ကုသရ ပို၍ ခက်ခဲစေပြီး ငှက်ဖျားထပ်မံဖြစ်ပွားနိုင်ချေကိုလည်း များလာစေသည်။

ဆေး၏ အာနိသင် အများဆုံး နှင့် အကောင်းဆုံးရနိုင်စေရန် သင်ခန္တာကိုယ်ထဲတွင် ဆေး ပမာဏအချိုးအစား တသတ်မတ်တည်းရှိနေရန် အရေးကြီးသည်။ ထို့ကြောင့် ဆေးကို အချိန်မှန်မှန်သောက်ပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ ဆေး စ,သောက်ပြီး ၁ရက် ၂ရက်ကြာချိန်အထိ ရောဂါလက္ခဏာများ သက်သာခြင်း မရှိပါက ဆရာဝန်ကို အကြောင်းကြားပါ။ ထို့အပြင် ဆေးကို သတ်မှတ်ထားသည့်အတိုင်း ပြီးဆုံးအောင်သောက်ပြီးနောက် တဖန်ပြန်ဖျားပါက ငှက်ဖျားဟုတ်မဟုတ် ဆုံးဖြတ်နိုင်ရန် သင့်ဆရာဝန်ကို အသိပေးဆွေးနွေးပါ။

Quinine (ကွီနင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Quinine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Quinine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Quinine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Quinine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Quinine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Quinine (ကွီနင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။Quinine ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Quinine ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

၁၆နှစ်အောက် ကလေးများတွင် Quinine ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Quinine ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Quinine (ကွီနင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

[ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Quinine (ကွီနင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Quinine သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-ချမ်းတုန်ဖျားခြင်း၊စိတ်ရှုပ်ထွေးခြင်း၊အားနည်းခြင်း၊ချွေးထွက်ခြင်း။

-ပြင်းထန်စွာ အန်ခြင်း၊ဗိုက်နာခြင်း၊ဝမ်းလျှောခြင်း။

-အမြင် သို့မဟုတ် အကြား အာရုံဆိုင်ရာ ပြဿနာများ ခံစားရခြင်း။

-ရင်ဘတ်အောင့်ခြင်း၊အသက်ရှူရခက်ခြင်း၊ပြင်းထန်စွာ မူးဝေထိုင်းမှိုင်း ခြင်း၊သတိလစ်ခြင်း၊ နှလုံးခုန် မြန်ခြင်း၊မမှန်ခြင်း။

-တကိုယ်လုံး ပြင်းထန်စွာ ပူနွေးနီရဲခြင်း။

-ဆီးနည်းခြင်း သို့မဟုတ် လုံးဝမသွားတော့ခြင်း။

-အသက်ရှုနှေးခြင်း၊အားနည်းခြင်း၊မေ့လဲတော့မယောင်ခံစားရခြင်း။

-သွေးခြေဥလွယ်ခြင်း၊ ပုံမှန်မဟုတ်သော သွေးထွက်ခြင်းများ (နှာခေါင်း၊ပါးစပ်၊မိန်းမကိုယ်၊စအို စသည်တို့မှ)၊ အရေပြားပေါ်တွင် အနီစက်လေးများ ပေါ်ခြင်း။

-ဆီးထဲ သို့မဟုတ် ဝမ်းထဲတွင် သွေးပါခြင်း။

-ဖျားခြင်း၊လည်ချောင်းနာခြင်း၊ခေါင်းကိုက်ခြင်း၊အရည်ကြည်ဖုများ ပြင်းထန်စွာထခြင်း၊အရေခွံများ ကွာခြင်း။

-အစားအသောက်ပျက်ခြင်း၊ ဆီးအရောင်မည်းခြင်း၊ဝမ်းဖြူဖြူများ သွားခြင်း၊ အသားဝါခြင်း (အရေပြား၊မျက်လုံးစသည်)။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Quinine (ကွီနင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Quinine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Quinine ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန် အနေနဲ့ Quinine ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

• Amifampridine

• Astemizole

• Aurothioglucose

• Cisapride

• Dronedarone

• Fluconazole

• Ketoconazole

• Mesoridazine

• Nelfinavir

• Pimozide

• Piperaquine

• Posaconazole

• Sparfloxacin

• Thioridazine

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Quinine နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Alfuzosin

• Aluminum Carbonate, Basic

• Aluminum Hydroxide

• Aluminum Phosphate

• Amiodarone

• Amitriptyline

• Amoxapine

• Anagrelide

• Apomorphine

• Aripiprazole

• Arsenic Trioxide

• Artemether

• Asenapine

• Azithromycin

• Buserelin

• Carbamazepine

• Ceritinib

• Chloroquine

• Chlorpromazine

• Ciprofloxacin

• Citalopram

• Clarithromycin

• Clomipramine

• Clozapine

• Cobicistat

• Crizotinib

• Dabrafenib

• Dasatinib

• Delamanid

• Desipramine

• Deslorelin

• Dihydroxyaluminum Aminoacetate

• Dihydroxyaluminum Sodium Carbonate

• Disopyramide

• Dolasetron

• Domperidone

• Droperidol

• Erythromycin

• Escitalopram

• Eslicarbazepine Acetate

• Fingolimod

• Fluoxetine

• Gatifloxacin

• Gemifloxacin

• Gonadorelin

• Goserelin

• Granisetron

• Halofantrine

• Haloperidol

• Histrelin

• Ibutilide

• Idelalisib

• Iloperidone

• Imipramine

• Ivabradine

• Lacosamide

• Lapatinib

• Leuprolide

• Levofloxacin

• Lumefantrine

• Magaldrate

• Magnesium Carbonate

• Magnesium Hydroxide

• Magnesium Trisilicate

• Mefloquine

• Methadone

• Metronidazole

• Mifepristone

• Mitotane

• Moxifloxacin

• Nafarelin

• Nevirapine

• Nilotinib

• Norfloxacin

• Nortriptyline

• Octreotide

• Ofloxacin

• Ondansetron

• Paliperidone

• Pancuronium

• Pazopanib

• Perflutren Lipid Microsphere

• Primidone

• Procainamide

• Prochlorperazine

• Promethazine

• Propafenone

• Protriptyline

• Quetiapine

• Quinidine

• Ranolazine

• Rifampin

• Ritonavir

• Salmeterol

• Sevoflurane

• Siltuximab

• Sodium Phosphate

• Sodium Phosphate, Dibasic

• Sodium Phosphate, Monobasic

• Solifenacin

• Sorafenib

• Sotalol

• Succinylcholine

• Sunitinib

• Telavancin

• Telithromycin

• Terfenadine

• Tetrabenazine

• Tizanidine

• Toremifene

• Trazodone

• Trifluoperazine

• Trimipramine

• Triptorelin

• Troleandomycin

• Tubocurarine

• Vandetanib

• Vardenafil

• Vemurafenib

• Vilanterol

• Vinflunine

• Voriconazole

• Ziprasidone

အောက်ဖော်ပြပါ ဆေးများသည် Quinine ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Atorvastatin

• Cyclosporine

• Digoxin

• Fosphenytoin

• Phenobarbital

• Phenytoin

• Rifapentine

• Tetracycline

အစားအသောက်တွေနဲ့ အရက်က Quinine (ကွီနင်း) နဲ့ ဓါတ်ပြုနိုင်သလား

Quinine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Quinine (ကွီနင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Quinine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-နှလုံးစည်းချက်မမှန်ခြင်း။

-နှလုံးခုန်နှေးခြင်း။

-နှလုံးရောဂါများရှိခြင်း။

-သွေးတွင်း ပိုတက်ဆီယမ်ဓါတ် နည်းခြင်း။

-Sick sinus rhythm (-နှလုံးစည်းချက်မမှန်သည့် ရောဂါတမျိုး) ————-> ရောဂါကို ပိုဆိုးစေနိုင်သဖြင့် သတိနှင့်သုံးပါ။

-Black water fever ဟုခေါ်သော ငှက်ဖျားပိုးကြောင့် သွေးနီဥများပေါက်ကာ ဆီးထဲပါလာသော နောက်ဆက်တွဲရောဂါတမျိုး။

-Haemolytic Uraemic Syndrome ဟုခေါ်သော ပြင်းထန်သည့် ကျောက်ကပ်ရောဂါတမျိုး။

-Immune Thrombocytic Purpura ဟုခေါ်သော သွေးအတွင်းရှိ သွေးခဲစေသည့် ပစ္စည်းတမျိုးဖြစ်သည့် platelet များ ပျက်စီးပြီး အရေအတွက် လျော့နည်းလာသော ရောဂါ။

-သွေးတွင်း platelet အရေအတွက် လျော့နည်းခြင်း။

-သွေးရောဂါတမျိုးဖြစ်သော G6PD အင်မ်ဇိုင်း ချို့တဲ့သော ရောဂါ။

-နှလုံးခုန်သည့် စည်းချက်နှင့်ဆိုင်သော ပြဿနာများ။

-ပြင်းထန်သော အသည်းရောဂါ။

-Myasthenia gravis ဟုခေါ်သော ကြွက်သားများ အလွန်အမင်း အားနည်းချို့ယွင်းသည့်ရောဂါ။

-Optic neuritis ဟုခေါ်သော အမြင်အာရုံကြော ရောင်ရမ်းသည့် ရောဂါ ———-> ဤအခြေအနေရှိသည့် လူနာများတွင် Quinine ကို အသုံးမပြုသင့်ပါ။

-သွေးတွင်း သကြားဓါတ်နည်းခြင်း ———>အခြေအနေကိုပိုဆိုးစေနိုင်သဖြင့် သတိနှင့်သုံးပါ။

-ပြင်းထန်သော ကျောက်ကပ်ရောဂါ။

-သာမန် အဆင့်မှ အနည်းငယ်ပြင်းထန်သော အသည်းရောဂါ ——–>သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Quinine (ကွီနင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ငှက်ဖျားရောဂါအတွက်

——> Plasmodium falciparum ငှက်ဖျားပိုးကြောင့်ဖြစ်သော သာမန် ငှက်ဖျားအတွက် ——> ၆၄၈မီလီဂရမ် ကို ၈နာရီခြားတခါနှုန်းဖြင့် ၇ရက်တိတိသောက်ရမည်။

——> Per Centres for Disease Control and Prevention guideline အရ ——-> ၅၄၂မီလီဂရမ် ဘေ့စ် (၆၅၀မီလီဂရမ် ဆာလ်ဖိတ်ဆား)ကို တနေ့လျှင် ၃ကြိမ် နှုန်းဖြင့် ၃ရက်မှ ၇ရက်အထိ သောက်ရမည်။

ကလေးငယ်တွေမှာ Quinine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

ငှက်ဖျားရောဂါအတွက်

——> Plasmodium falciparum ငှက်ဖျားပိုးကြောင့်ဖြစ်သော သာမန် ငှက်ဖျားအတွက် ——> ၆၄၈မီလီဂရမ် ကို ၈နာရီခြားတခါနှုန်းဖြင့် ၇ရက်တိတိသောက်ရမည်။(အသက် ၁၆နှစ်နှင့် အထက်)

——> Per Centres for Disease Control and Prevention guideline အရ ——-> 8.3mg base/kg ( 10mg sulfate salt/kg )ကို တနေ့လျှင် ၃ကြိမ် နှုန်းဖြင့် ၃ရက်မှ ၇ရက်အထိ သောက်ရမည်။ ကလေးတွင် အသုံးပြုသော ပမာဏသည် လူကြီးတွင် အသုံးပြုသော ပမာဏထက် မည်သည့်အခါမှ ပိုမများရ။

ကလေးတွေအတွက် Quinine (ကွီနင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

——->၈နှစ်အောက် ကလေးများအတွက်——–>Chloroquine ဆေးမတိုးသော Plasmodium falciparum ကြောင့်ဖြစ်သည့် သာမန် ငှက်ဖျား သို့မဟုတ် ပိုးမျိုးစိတ် မခွဲခြားနိုင်သော သာမန်ငှက်ဖျားများအတွက် clindamycin နှင့်တွဲဖက် သောက်ရမည်။

———->Chloroquine ဆေးမတိုးသော Plasmodium vivax ကြောင့်ဖြစ်သည့် သာမန်ငှက်ဖျားဖြစ်လျှင် primaquine phosphate နှင့် တွဲဖက်သောက်ရမည်။

——–>၈နှစ်နှင့် အထက် ကလေးများအတွက် ——–>Chloroquine ဆေးမတိုးသော Plasmodium falciparum ကြောင့်ဖြစ်သည့် သာမန် ငှက်ဖျား သို့မဟုတ် ပိုးမျိုးစိတ် မခွဲခြားနိုင်သော သာမန်ငှက်ဖျားများအတွက် doxycycline,tetracycline, clindamycin တမျိုးမျိုးနှင့်တွဲဖက် သောက်ရမည်။

———->Chloroquine ဆေးမတိုးသော Plasmodium vivax ကြောင့်ဖြစ်သည့် သာမန်ငှက်ဖျားဖြစ်လျှင် (doxycycline သို့မဟုတ် tetracycline +primaquine phosphate) နှင့် တွဲဖက်သောက်ရမည်။

Quinine (ကွီနင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Quinine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးတောင့် ၃၂၄မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

(ယေဘူယျအသိပေးချက် –

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးလွန်သည့် လက္ခဏာများ

-အမြင်ဝါးခြင်း သို့မဟုတ် ကြည့်ရာတွင် အရောင်များ ပြောင်းလဲခြင်း။

-သွေးတွင်း သကြားဓါတ်နည်းခြင်း၏ လက္ခဏာများ။

-နှလုံးခုန်သံများ ပြောင်းလဲခြင်း။

-ခေါင်းကိုက်ခြင်း။

-ပျို့ခြင်း၊အန်ခြင်း။

-ဗိုက်နာ/အောင့်ခြင်း၊ ဝမ်းလျှောခြင်း။

-နားထဲတွင် အသံများကြားနေရခြင်း၊ အကြားအာရုံချို့ယွင်းခြင်း။

-အသက်ရှူရခက်ခြင်း၊နှေးခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

PQuinine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement