backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Quinapril (ကွီနာပရေးလ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Quinapril (ကွီနာပရေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Quinaprilကိုသွေးတိုးရောဂါအတွက် အသုံးပြုကြသည်။ သွေးတိုးချပေးခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းနှင့် ကျောက်ကပ်ရောဂါများကိုကာကွယ်နိုင်ပါသည်။ ဤဆေးကို နှလုံးညှစ်အားမကောင်းခြင်းတွင်လည်းအသုံးပြုနိုင်၏။ Quinaprilသည် ACEI ဆေးအုပ်စုတွင်ပါဝင်ပါသည်။ သွေးကြောများကိုပြေလျော့စေပြီးသွေးစီးဆင်းမှုကောင်းစေခြင်းဖြင့် အလုပ်လုပ်ပါသည်။

Quinapril (ကွီနာပရေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းအစာရှိရှိမရှိရှိသောက်နိုင်ပါသည်။ များသေားအားဖြင့် တစ်ရက်လျှင် တစ်ကြိမ် နှစ်ကြိမ်သာသောက်ရ၏။ အဆီများသောအစာများကဤဆေးအားခန္ဓါကိုယ်မှ စုပ်ယူမှုကိုကျစေနိုင်သည်။

ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေကိုလျော့ချရန်အတွက် ဆရာဝန်က ဤဆေးကိုပမာဏနည်းနည်းမှစပေးပြီးတဖြည်းဖြည်းတိုးပေးပါလိမ့်မည်။ ဆရာဝန်ညွှန်သည်များကို ဂရုတစိုက်လိုက်နာပေးပါ။

ဆေးပမာဏမှာသင့်ကျန်းမာရေးအခြေအနေနှင့် ကုသမှုအားတုံ့ပြန်မှုတို့တွင် အခြေခံပါသည်။

အာနိသင်အကောင်းဆုံးရစေရန် ဆေးကိုမှန်မှန်သောက်ပါ။ မှတ်မိနေစေရန် နေ့စဉ် တူညီသောအချိန်၌သာသောက်ပါ။ ကောင်းလာပြီထင်ရသည့်တိုင် ဆေးကိုဆက်သောက်ရမည်။ သွေးတိုးတတ်သူအများစုတွင် နေမကောင်းသလိုမခံစားရတတ်ပါ။

သွေးတိုးကုသရန်အတွက် ဆေးမှအကောင်းဆုံးအာနိသင်ရရန် ၁-၂ ပတ်ကြာတတ်၏။ နှလုံးညှစ်အားမကောင်းခြင်းအတွက်ဆိုရက်သတ္တပတ်မှ လအထိကြာတတ်ပါသည်။

ဤဆေးကုန်၌ မဂ္ဂနီစီယမ်ပါသောကြောင့် တစ်ချို့ဆေးများစုပ်ယူမှုကိုအနှောက်အယှက်ဖြစ်စေနိုင်ပါသည်။ အချက်အလက်များသိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ဆွေးနွေးပါ။

အခြေအနေတိုးတက်မလာလျှင် သို့မဟုတ် ပိုးဆိုးလာလျှင် (ဥပမာသွေးပေါင်တိုင်းတိုင်းတက်နေတုန်းသို့မဟုတ် ပိုတိုးလာတုန်းဆိုလျှင်) ဆရာဝန်ကိုပြောပါ။

Quinapril (ကွီနာပရေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Quinaprilကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Quinaprilကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Quinaprilဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Quinaprilအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Quinapril (ကွီနာပရေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Quinaprilကိုမသောက်ခင် ဤဆေးနှင့် ဓါတ်မတည့်ခြင်းသို့မဟုတ် တခြားသောဓါတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပေးပါ။ အထူးသဖြင့် ဓါတ်မတည့်သည့် လက္ခဏာများဖြစ်သောမျက်နှာ နှုတ်ခမ်း လျှာ လည်ချောင်းတို့၌ ဖူရောင်ခြင်း၊ သွေးစစ်ထုတ်သည့် လုပ်ထုံးများ (LDL apheresis, dialysis)၊ သွေးတွင်းပိုတက်စီယမ်များခြင်း၊ အသည်းရောဂါများ။

ဆေးကြောင့် ခေါင်းမူးနိုင်သည်။ အရက် သို့မဟုတ် ဆေးခြောက်ကလည်းခေါင်းမူးနိုင်သည်။ စိတ်ချရသည့်အခြေအနေမရောက်မချင်း နိုးကြားရန်လိုသည့် စက်မောင်ခြင်း၊ ယာဉ်မောင်းခြင်းများမပြုလုပ်ပါနှင့်။ အရက်ပါသောအချိုရည်သောက်ခြင်းကိုကန့်သတ်ပေးပါ။ ဆေးခြောက်သုံးနေသူဆိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

ချွေးအရမ်းထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်းတို့က ခန္ဓါကိုယ်မှအရည်ဓါတ်များကိုဆုံးရှုံးစေပြီးမူးမေ့လဲနိုင်ပါသည်။ ဝမ်းအကြာကြီးသွားနေခြင်း၊ အကြာကြီးအန်နေခြင်းတို့ဖြစ်နေပါက ဆရာဝန်ကိုပြောပါ။ ရေဓါတ်ခမ်းခြောက်ခြင်းအားကာကွယ်နိုင်ရန် ဆရာဝန်ကတခြားမပြောလျှင် အရည်များများသောက်ပေးပါ။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲသောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ဤဆေးကုန်သည် သင်၏ပိုတက်စီယမ်လယ်ဗယ်ကို မြင့်တက်စေနိုင်သည်။ ပိုတက်စီယမ်ဖြည်စွက်ဆေးများသို့မဟုတ် ပိုတက်စီယမ်ပါသောဆားအစားထိုးကုန်များအသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ပါ။

အသက်ကြီးသူများသည် ဤဆေး၏ ဘေးထွက်ဆိုးကျိုးများဖြစ်သောခေါင်းမူးခြင်း၊ ပိုတက်စီယမ်လယ်ဗယ်များခြင်းတို့ ပိုဖြစ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် ဤဆေးကိုမသုံးရပါ။ မမွေးသေးသောကလေးသို့ အန္တရာယ်ဖြစ်စေနိုင်သည်။ အသေးစိတ်သိလိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်၏။ နို့တိုက်ကျွေးမှုမစတင်ခင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Quinapril (ကွီနာပရေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Dရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Quinapril (ကွီနာပရေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခန္ဓါကိုယ်မှဆေးကိုတုံ့ပြန်နေစဉ် ခေါင်းမူးခြင်း၊ မူးလဲခြင်း၊ မောပန်းခြင်းများ ဖြစ်လာနိုင်ပါသည်။ ချောင်းခြောက်ဆိုးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့လည်း ဖြစ်နိုင်၏။ အဆိုပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများဖြစ်သောပိုတက်စီယမ်များသည့်လက္ခဏာများ (ကြွက်သားအားနည်းခြင်း၊ နှလုံးခုန်မြန်ခြင်းမမှန်ခြင်း)၊ မူးမေ့လဲခြင်းများဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းပြောပါ။ Quinaprilကိုကျောက်ကပ်ပြဿနာများကာကွယ်ရန်၊ ကုသရန် အသုံးပြုကြသော်လည်းရှားပါးစွာဖြင့် ကျောက်ကပ်ပြဿနာများဖြစ်လာစေနိုင်သလိုပိုဆိုးသွားစေနိုင်ပါသည်။ Quinaprilသောက်နေစဉ် ဆရာဝန်မှ သင့်ကျောက်ကပ်လုပ်ငန်းများကိုစစ်ဆေးပါလိမ့်မည်။ ကျောက်ကပ်လက္ခဏာဖြစ်သောဆီးပမာဏပြောင်းသွားခြင်းရှိလျှင် ဆရာဝန်ကို ချက်ချင်းပြောပြပါ။

ဤဆေးက (သေနိုင်သော) အသည်းရောဂါကိုရှားရှားပါးပါးဖြစ်စေတတ်သည်။ အသည်းပျက်သည့် လက္ခါများဖြစ်သောပျို့အန်ြ့ခင်းများရပ်မသွားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ အရေပြား အသားများဝါခြင်း၊ ဆီးအရောင်ရင့်ခြင်းများ ဖြစ်လာပါကဆေးကုသမှုချက်ချင်းခံယူပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာရှား၏။ အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Quinapril (ကွီနာပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ –

aliskiren, gold injections, lithium, sacubitril, ကိုယ်ခံအားကိုကျစေပြီး ပိုးဝင်လွယ်စေသောဆေးများ (everolimus, sirolimus), ပိုတက်စီယမ်လယ်ဗယ် တက်စေသောဆေးများ (ARBs including losartan/valsartan, birth control pills containing drospirenone)။

ဤဆေးကုန်၌ မဂ္ဂနီစီယမ်ပါသောကြောင့် တစ်ချို့ဆေးများစုပ်ယူမှုကိုအနှောက်အယှက်ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် တစ်ချိန်တည်းသောက်လိုက်လျှင် ပိုဆိုးပါသည်။ ထိုဆေးများမှာquinolone ပဋိဇီဝဆေးများ (ciprofloxacin, levofloxacin), tetracycline ပဋိဇီဝဆေးများ (doxycycline, minocycline), သိုင်းရွိုက်ဆေးများ (levothyroxine), အရိုးပွခြင်းအတွက် ဆေးများ(bisphosphonates ဥပမာ- alendronate) စသည်တို့ဖြစ်ပါသည်။ ဤစာရင်းမှာအပြည့်အစုံမဟုတ်ပါ။ ဆေးတစ်ခုနှင်တစ်ခု ခြားရမည့်အချိန် သောက်သင့်သည့်အချိန်များသိရန်အတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ပါ။

တစ်ချို့ထုတ်ကုန်များတွင် သွေးတိုးစေပြီး နှလုံးညှစ်အားမကောင်းခြင်းကိုပိုဆိုးစေသည့် ပါဝင်ပစ္စည်းများ ပါတတ်ပါသည်။ ထို့ကြောင့် သင်သုံးနေသည့်ဆေးများ (အထူးသဖြင့် အအေးမိချောင်းဆိုးပျောက်ဆေးများ၊ ဖြည့်စွက်စာ၊ NSAIDs ibuprofen/naproxen) စသည်များကိုစိတ်ချစွာသုံးနိုင်ရန် ဆေးဝါးကျွမ်းကျင်ကိုပြောပါ။

ပျား၊ နကျယ်တုပ်၍ ထိုးဆေးများသုံးလိုက်ရပြီးQuinapril ကိုသောက်နေပါသည်ဆိုပါက ပြင်းထန်သည့်ဓါတ်ပြုမှုတစ်ခု ဖြစ်လာနိုင်ပါသည်။ သင်သုံးနေသည့်ဆေးများအားလုံးကို ဆရာဝန်သိအောင် သေချာပြောပြရန်အရေးကြီး၏။

Quinaprilသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Quinapril (ကွီနာပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလား

Quinapril က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Quinapril (ကွီနာပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Quinaprilသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Quinapril (ကွီနာပရေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတိုးအတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ: ဆီးဆေးမပေးရသောလူနာတွင် 10 or 20 mgတစ်ရက်တစ်ကြိမ်သောက်ရန်။

ထိန်းညှိပမာဏ: 20 to 80 mgကိုတစ်ရက်လျှင် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်အညီအမျှခွဲသောက်ရန်။

အသုံး:

သွေးတိုးကုသရန်အတွက်

နှလုံးညှစ်အားမကောင်းခြင်းအတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ: 5 mgတစ်ရက်လျှင် နှစ်ကြိမ်။

ထိန်းညှိပမာဏ: 20 to 40 mgကိုတစ်ရက်လျှင် နှစ်ကြိမ်အညီအမျှခွဲသောက်ရန်။

မှတ်ချက်:

– ဤပမာဏသည် နှလုံးညှစ်အားမကောင်းခြင်း၏ လက္ခဏာများကိုသက်သာစေသော်လည်းလှုပ်လှုပ်ရှားရှားလုပ်နိုင်ချိန် တိုးလာစေရန်အတွက် ပမာဏအများကြီးလိုပါလိမ့်မည်။

– ကနဦးပမာဏပေးချိန်တွင် ဆေးဒဏ်ကိုမခံနိုင်ပါကအာနိသင်ရှိသည့်ပမာဏရောက်အောင် တစ်ပတ်စီခြားပြီးချိန်ညှိရပါမည်။

အသုံး:

– နှလုံးညှစ်အားမကောင်းခြင်းတွင် ဆီးဆေး၊ digitalis တို့ထည့်လိုက်ပါကတွဲဖက်ပေးရသောကုထုံးအဖြစ် သုံးနိုင်ပါသည်။

နှစ်လုံးညှစ်အားမကောင်းခြင်းအတွက် အသက်ကြီးသူသုံးရန်ပုံမှန်ပမာဏ

တစ်ရက်လျှင် 10 mg တစ်ကြိမ်သောက်ရန်။

မှတ်ချက်:

– ပမာဏကိုအရွယ်ရောက်ပြီးသူများတွင် ပေးသည့်အတိုင်းချိန်ညှိရမည်။

အသုံး:

– သွေးတိုးကုသရန်

– နှလုံးညှစ်အားမကောင်းခြင်းတွင် ဆီးဆေး၊ digitalis တို့ထည့်လိုက်ပါကတွဲဖက်ပေးရသောကုထုံးအဖြစ် သုံးနိုင်ပါသည်။

သွေးတိုးအတွက် အသက်ကြီးသူသုံးရန် ပုံမှန်ပမာဏ

တစ်ရက်လျှင် 10 mg တစ်ကြိမ်သောက်ရန်။

မှတ်ချက်:

– ပမာဏကိုအရွယ်ရောက်ပြီးသူများတွင် ပေးသည့်အတိုင်းချိန်ညှိရမည်။

အသုံး:

– သွေးတိုးကုသရန်

– နှလုံးညှစ်အားမကောင်းခြင်းတွင် ဆီးဆေး၊ digitalis တို့ထည့်လိုက်ပါကတွဲဖက်ပေးရသောကုထုံးအဖြစ် သုံးနိုင်ပါသည်။

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

CrCl greater than 60 mL/min: ကနဦးပမာဏ: 10 mg တစ်ရက်တစ်ကြိမ်

CrCl 30 to 60 mL/min: Initial dose: 5 mgတစ်ရက်တစ်ကြိမ်

CrCl 10 to 30 mL/min: Initial dose: 2.5 mg တစ်ရက်တစ်ကြိမ်

ပမာဏချိန်ညှိခြင်း

– သွေးတိုးအတွက်သုံးသောပမာဏကိုသွေးပေါင်မှ တုံ့ပြန်သည့်အမြင့်ဆုံးအမှတ် (ဆေးပေးပြီး ၂- ၆ နာရီအကြာတွင် တိုင်းသောအမှတ်) အတိုင်းပေးရပါသည်။ များသောအားဖြင့် ဆေးပမာဏချိန်ညှိခြင်းကို အနည်းဆုံး၂ ပတ်ခြားပြီးလုပ်သင့်၏။

– ဆေးချိန်နေသည့်ကာလအဆုံးနားရောက်သည့်အခါ သွေးတိုးကျသည့်အာနိသင်ပြယ်လာသူများ၌ ဆေးပမာဏတိုးခြင်းသို့မဟုတ် တစ်ရက်နှစ်ကြိမ်ပေးခြင်းဖြင့် ချိန်ညှိနိုင်ပါသည်။ 40 to 80 mgကိုခွဲပေးခြင်းကဆေးချိန်ညှိသည့်ကာလအဆုံးနားရောက်စတွင် အာနိသင်တိုးလာစေနိုင်သည်။

– နှလုံးညှစ်အားမကောင်းခြင်းအတွက်သုံးသောပမာဏများကိုတော့ လိုအပ်သည့်အာနိသင်ရောက်သည့်တိုင် ၁ ပတ်ခြားစီဆေးချိန်ညှိသင့်ပါသည်။ သို့မှသာမလိုလားအပ်သည့် သွေးပေါင်ကျခြင်း၊ orthostasis, နှင့် azotemiaများကို ကြိုတင်ကာကွယ်နိုင်ပါလိမ့်မည်။

– သွေးပေါင်ကိုထိန်းမရဘူးဆိုပါကဆီးဆေးထပ်ထည့်နိုင်သည်။ ကနဦးဆုံး 5 mg တစ်ရက်တစ်ကြိမ်သောက်ခြင်းအားသွေးပေါင်ငြိမ်သည်အထိဆေးပညာကြီးကြပ်မှုအောက်တွင် ပြုလုပ်ရပါမည်။

– သွေးပေါင်ထိုးကျခြင်းသို့မဟုတ် ကျောက်ကပ်လုပ်ငန်းမျာသိသိသာသာပျက်ခြင်းမရှိသည့်အခါ clinical နှင့် hemodynamicတုံ့ပြန်မှုများပေါ်အခြေခံပြီးဆေးပမာဏတိုးနိုင်ပါသည်။

Dialysis

Hemodialysis နှင့် peritoneal dialysis : quinaprilစွန့်ထုတ်မှုတွင် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိသည်။

တခြားမှတ်ချက်များ

ဆေးသောက်ရန်အကြံပေးချက်

– သွေးတိုးကိုquinaprilတစ်မျိုးတည်းနှင့် ထိန်းမရနိုင်ပါကဆီးဆေးတစ်မျိုးထပ်ပေါင်းနိုင်သည်။

သွေးပေါင်ကျနိုင်ချေအားလျော့ချရန် ဆီးဆေးများကို ဖြစ်နိုင်ပါကquinaprilမစခင် ၂- ၃ရက် ကြိုတင်ပြီး ဖြတ်ထားသင့်ပါသည်။

သိမ်းဆည်းပုံလိုအပ်ချက်များ:

အလင်းနှင့်မထိစေရ

စောင့်ကြည့်ခြင်း:

– နှလုံးနှင့်သွေးကြော: သွေးပေါင်ကိုသေချာစောင့်ကြည့်ပါ။

– ကျောက်ကပ်: ကျောက်ကပ်လုပ်ငန်းစဉ်များကိုစောင့်ကြည့်ပါ။

– Metabolic : လျှပ်ကူးသတ္တုဓါတ်များကိုသေချာစောင့်ကြည့်ပါ။

ကလေးတွေအတွက် Quinapril (ကွီနာပရေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Quinapril (ကွီနာပရေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Quinaprilကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Quinaprilကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement