backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nicotine (နီကိုတင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Nicotine (နီကိုတင်း)

အသုံးပြုပုံများ

Nicotine (နီကိုတင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Nicotine သည် စီးကရက်တွင်ပါဝင်သော nicotine နေရာတွင် အစားထိုးအသုံးပြုပြီး သင်ဆေးလိပ်ဖြတ်ရာတွင် အသုံးပြုနိုင်သည်။nicotine သည် ဆေးလိပ်စွဲစေသော အဓိက တရားခံဖြစ်သည်။ သင် ဆေးလိပ်ဖြတ်လိုက်သောအခါ သင့်ခန္တာကိုယ်အတွင်းရှိ nicotine ပမာဏမှာ လျှင်မြန်စွာကျဆင်းသွားသဖြင့် ဆေးဖြတ်လက္ခဏာများဖြစ်သည့် ဆေးလိပ်အလွန်သောက်ချင်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊ခေါင်းကိုက်ခြင်း၊ကိုယ်အလေးချိန်တက်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း စသည်တို့ကို ခံစားရပါလိမ့်မည်။nicotine ရှုဆေးများကို အသုံးပြုခြင်းဖြင့် စီးကရက်သောက်သည့် အကျင့်ကို အစားထိုးနိုင်ပါလိမ့်မည်။

ဆေးလိပ်ဖြတ်ရခြင်းသည် ခက်ခဲပြီး သင့်သန္နိဋ္ဌာန်ခိုင်မာမှသာ ဆေးလိပ်ဖြတ်ခြင်း အောင်မြင်နိုင်သည်။nicotine အစားထိုး ပစ္စည်းများ အသုံးပြုခြင်းသည် ဆေးလိပ်လုံးဝဖြတ်ခြင်းအစီအစဉ်များဖြစ်သည့် အမူအကျင့်ပြောင်းလဲခြင်း၊အသိပညာပေးဆွေးနွေးခြင်း နှင့် ကူညီထောက်ပံ့ခြင်းများတွင် တခုအပါအဝင်ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်ရောဂါများ၊အဆုတ်ကင်ဆာနှင့် နှလုံးရောဂါများကို ဖြစ်စေသည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ခြင်းသည် အသက်ရှည်အနာမဲ့စွာ နေနိုင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတရပ် ဖြစ်သည်။

Nicotine (နီကိုတင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဤ nicotine ပစ္စည်းများကို အသုံးပြုနေစဉ်ကာလအတွင်း ဆေးလိပ်လုံးဝဖြတ်ထားရန် အလွန်အရေးကြီးပါသည်။nicotine အရည်ပါသော အတောင့်လေးကို ရှုရမည့်ပစ္စည်းထဲထည့်ပြီး တခါရှုလျှင် ၅မိနစ်နှုန်းဖြင့် လေးခါ သို့မဟုတ် မိနစ် ၂၀တခါတည်း ဆက်တိုက်ရှုပါ။ ထိုသို့ရှုခြင်းသည် ယေဘုယျအားဖြင့် ဆေးလိပ်သောက်သည့်ပုံစံနှင့် ဆင်တူသော်လည်း ဤဆေးသည် အဆုတ်ထဲတွင် အလုပ်လုပ်ခြင်း မဟုတ်ဘဲ ပါးစပ်နှင့် လည်ချောင်းထဲတွင် အလုပ်လုပ်ခြင်းဖြစ်၍ ဆေးအာနိသင်ရရန်အတွက် ဆေးလိပ်သောက်သကဲ့သို့ ခပ်ပြင်းပြင်းရှိုက်ရန်မလိုပါ။

ဆေးရှုပြီးနောက် ၁၅မိနစ်အတွင်း အက်ဆစ်ဓါတ်ပါသော အစားအသောက်နှင့် ဖျော်ရည်များကို ရှောင်ကျဉ်ရပါမည်(ဥပမာ။ ။ ချဉ်သော သစ်သီးများ၊ကော်ဖီ၊ဖျော်ရည်များ၊ဂက်စ်ပါသော အအေးများ စသည်)။ မိနစ်၂၀ခန့် ဆေးရှုပြီးနောက် အသုံးပြုပြီးသား ဆေးရည်ပါသော အတောင့်လေးကို ကလေးများနှင့် အိမ်မွေးတိရ စ္ဆာန်လေးများ လက်လှမ်းမမီနိုင်သော နေရာသို့ စနစ်တကျစွန့်ပစ်ရပါမည်။ ဆေးရှုသည့် ပစ္စည်းကိုမူ နောက်ထပ်အသုံးပြုနိုင်ပါသည်။ သို့သော် ရေနှင့် ဆပ်ပြာကို သုံးပြီး သန့်စင်စွာ ဆေးကြောရန် လိုအပ်ပါသည်။

သင်ဆေးလိပ်ဖြတ်ပြီးနောက် ဆေးလိပ်သောက်လိုသည့်အခါတိုင်း nicotine ရှုဆေးလေးကို အသုံးပြုပါ။ များသော အားဖြင့် ပထမ ၃ပတ်မှ ၆ပတ်အတွင်းတွင် တနေ့လျင် nicotine ဆေးရည်တောင့်၆တောင့်ခန့် သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုရပါသည်။ သို့သော် တနေ့လျှင် ဆေးရည်တောင့် ၁၆တောင့်ထက် ပို၍ အသုံးမပြုသင့်ပါ။ သင့်ဆရာဝန်အနေဖြင့် သင် nicotine ဆေးရှုရမည့် အချိန်ဇယားကို သတ်မှတ်ပေးထားမည်ဖြစ်သလို သင်ဆေးလိပ်သောက်ချင်သည့် အချိန်များတွင်လည်း အသုံးပြုရန် ညွှန်ကြားထားပေလိမ့်မည်။ ဆေးကို အချိန်မှန်မှန်အသုံးပြုခြင်းဖြင့် ဆေးနှင့် သင့်ခန္တာကိုယ် ပိုမိုအသားကျကာ (လည်ချောင်းနာခြင်းကဲ့သို့သော) ဘေးထွက်ဆိုးကျိုးများကိုလည်း လျော့နည်းစေပါလိမ့်မည်။nicotine ၏ ဘေးထွက်ဆိုးကျိုးများကို မခံစားရဘဲ ဆေးလိပ်သောက်ချင်သည့် အာသီသကို လျှော့ချပေးသည့် ပမာဏသည် သင့်အတွက် အသင့်တော်ဆုံး nicotine ပမာဏဖြစ်သည်။ ဆရာဝန်၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာပါ။ သင်၏ ဆေးလိပ်သောက်ခဲ့သည့် ကာလ၊သောက်ခဲ့သည့် ပမာဏ နှင့် သင်၏ ကျန်းမာရေးအခြေအနေတို့အပေါ်မူတည်ကာ လိုအပ်သည့် nicotine ပမာဏကို ချိန်ဆရမည်။

ဆေးလိပ်သောက်ခြင်း လုံးဝရပ်လိုက်ပြီးနောက် သင့်အတွက် အသင့်တော်ဆုံး nicotine ပမာဏသို့ရောက်လျှင် ထိုပမာဏအတိုင်း ဆက်လက်အသုံးပြုပါ။ အကြမ်းဖျင်းအားဖြင့် ၃လခန့်ကြာလျှင် သင့်ဆရာဝန်အနေဖြင့် သင်အသုံးပြုနေသည့် nicotine ပမာဏကို ဖြည်းဖြည်းချင်း လျှော့ချသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် သင့်အနေဖြင့် ဆေးလိပ်လုံးဝပြတ်သွားသလို nicotine အစားထိုးခြင်းလည်း လုံးဝမလိုအပ်တော့သည့် အနေအထားကို ရရှိမည်ဖြစ်သည်။

ဤဆေးသည် ဆေးဖြတ်ခြင်း လက္ခဏာများကို ဖြစ်စေမည် (အထူးသဖြင့် ပမာဏများများ သို့မဟုတ် ကာလကြာမြင့်စွာ သုံးစွဲသည့် အခြေအနေမျိုး)။ အဆိုပါ အခြေအနေများတွင် ဆေးကို ရုတ်တရက် ဖြတ်လိုက်ပါက ဆေးဖြတ်လက္ခ္ခဏာများဖြစ်ကြသော ဆေးလိပ်အလွန်သောက်ချင်ခြင်း၊ဂယောင်ဂတမ်းဖြစ်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊ခေါင်းကိုက်ခြင်းတို့ကို ခံစားရမည်ဖြစ်သည်။၎င်းတို့ကို ရှောင်ရှားနိုင်ရန် သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ပေးပါလိမ့်မည်။ အသေးစိတ် ထပ်မံသိလိုသည်များကို ဆရာဝန်ထံ မေးမြန်းပါ။ ဆေးဖြတ်လက္ခဏာများ ပေါ်လာလျှင်လည်း ဆရာဝန်ကို အမြန် အကြောင်းကြားပါ။

nicotine ကို ၄ပတ်ခန့်အသုံးပြုပြီးနောက် ဆေးလိပ်မဖြတ်နိုင်ပါက ဆရာဝန်ကို အသိပေးပါ။ အချို့ဆေးလိပ်သမားများသည် ပထမအကြိမ်ဆေးလိပ်ဖြတ်ရန် ကြိုးစားရာတွင် အောင်မြင်လေ့မရှိပါ။ ထိုသို့ဖြစ်လျှင် nicotine သုံးခြင်းကို ခေတ္တရပ်နားပြီး နောက်ထပ်တဖန် ကြိုးစားပါ။ အများအားဖြင့် ဒုတိယအကြိမ်တွင် အောင်မြင်သွားကြလေ့ရှိပါသည်။

Nicotine (နီကိုတင်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Nicotine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nicotine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Nicotine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Nicotine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Nicotine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nicotine (နီကိုတင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

nicotine ကို အသုံးမပြုမီ

  • Nicotine သို့မဟုတ် အခြားဆေးများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင် ဆရာဝန်ကို အသိပေးပါ။
  • သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။
  • ကိုယ်ဝန်ရှိနေလျှင် ၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို အသိပေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nicotine (နီကိုတင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Nicotine (နီကိုတင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Nicotine သုံးစွဲခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

  • ပါးစပ်အတွင်း အရည်ကြည်ဖုများ ပေါက်ခြင်း။
  • နှလုံးခုန်မြန်ခြင်း၊တဒိုင်းဒိုင်းခုန်ခြင်း၊ရင်တလှပ်လှပ်တုန်ခြင်း။
  • အလွန်အမင်း အားနည်းခြင်း သို့မဟုတ် မူးဝေထိုင်းမှိုင်းခြင်း။
  • ပြင်းထန်စွာ ပျို့အန်မအီမသာဖြစ်ခြင်း။
  • အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း၊ရင်ကြပ်ခြင်း၊အသက်ရှုရခက်ခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

  • အနည်းငယ် မူးဝေထိုင်းမှိုင်းခြင်း။
  • အာခြောက်ခြင်း၊ဗိုက်နာ/အောင့်ခြင်း၊ကြို့ထိုးခြင်း။
  • ကြွက်သားများ၊အဆစ်အမြစ်များနာခြင်း။
  • လည်ချောင်းနာခြင်း။
  • အရသာခံစားမှုပြောင်းသွားခြင်း။
  • ခေါင်းကိုက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nicotine (နီကိုတင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Nicotine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ Nicotine ကိုအသုံးမပြုမီ အောက်ပါဆေးများ သုံးစွဲနေပါက ဆရာဝန်ကိုအကြောင်းကြားပါ။

  • imipramine (Tofranil);
  • oxazepam (Serax);
  • propranolol (Inderal), labetalol (Normodyne, Trandate), or prazosin
  • (Minipress);
  • theophylline (Theo-Dur, Theochron, Theolair);
  • pentazocine (Talwin), or
  • insulin.

အစားအသောက်တွေနဲ့ အရက်က Nicotine (နီကိုတင်း) နဲ့ ဓါတ်ပြုနိုင်သလား

Nicotine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nicotine (နီကိုတင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Nicotine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ရင်ဘတ်အောင့်ခြင်း။
  • ပန်းနာရင်ကြပ်ရှိခြင်း။
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိခြင်း။
  • Buerger disease ဟုခေါ်သော သွေးလည်ပတ်မှုဆိုင်ရာ ရောဂါတမျိုးရှိခြင်း။
  • ဆီးချိုရှိခြင်း။
  • လုံးခုန် စည်းချက်မမှန်သည့် ပြဿနာများ။
  • သွေးတိုးခြင်း။
  • သိုင်းရွိက်ဂလင်း အလွန်အမင်း အလုပ်လုပ်ခြင်း။
  • Pheochromocytoma ရောဂါရှိခြင်း။
  • Raynaud disease ဟုခေါ်သော သွေးလည်ပတ်မှုဆိုင်ရာ ရောဂါတမျိုးရှိခြင်း။
  • အစာအိမ်အနာရှိခြင်း။
  • နှလုံးခုန်မြန်ခြင်း —–> ရောဂါအခြေအနေကို ပိုဆိုးစေနိုင်သဖြင့် သတိနှင့်သုံးပါ။
  • နှလုံး ရုတ်တရက်ရပ်ဖူးခြင်း။
  • နှလုံး သို့မဟုတ် သွေးကြောရောဂါများရှိခြင်း ——> ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေနိုင်သဖြင့် သတိနှင့်သုံးပါ။
  • ပြင်းထန်သော ကျောက်ကပ်ရောဂါရှိခြင်း။
  • အသည်းရောဂါရှိခြင်း ——> သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nicotine (နီကိုတင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Nicotine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ဆေးလိပ်ဖြတ်ခြင်းအတွက်

ကိုယ်အလေးချိန် ပေါင်တရာထက်များသူများ :

  • Habitrol သို့မဟုတ် NicoDerm CQ : တနေ့လျှင် ၂၁မီလီဂရမ်ဖြင့် ၆ပတ်တိတိ အသုံးပြုရမည်။ ထို့နောက် တနေ့လျှင် ၁၄မီလီဂရမ်ဖြင့် ၂ပတ်၊ထို့နောက် တနေ့လျှင် ၇မီလီဂရမ်ဖြင့် ၂ပတ် စသဖြင့် သုံးစွဲရမည်။
  • Prostep : တနေ့လျှင် ၂၂မီလီဂရမ်ဖြင့် ၄ပတ်မှ ၈ပတ် အထိ အသုံးပြုရမည်။ ထို့နောက် တနေ့လျှင် ၁၁မီလီဂရမ်ဖြင့် ၂ပတ်မှ ၄ပတ်အထိ ဆက်လက်သုံးစွဲရမည်။
  • Nicotrol : တနေ့လျှင် ၁၅မီလီဂရမ်ဖြင့် ၆ပတ်တိတိ အသုံးပြုရမည်(ဆေးအာနိသင်သည် ၁၆နာရီထက်ပိုကြာပါသည်)။ Nicotine ကပ်ခွာကို ၁၆နာရီထက် ပိုမကပ်ထားသင့်ပါ။
  • Nicorette ပီကေ : ၄မီလီဂရမ် ပမာဏရှိသော ပီကေတခုကို ၁နာရီခြားသို့မဟုတ် ၂နာရီခြားတခါဖြင့် ၆ပတ်ကြာ ဝါးပေးရမည်။ ထို့နောက် ၂နာရီခြား သို့မဟုတ် ၄နာရီခြားတခါဖြင့် နောက်ထပ်၃ပတ်၊ ၄နာရီခြားသို့မဟုတ် ၈နာရီခြားတခါဖြင့် ၃ပတ်ကြာဝါးပေးရမည်။ တနေ့လျှင် ၂၄ခုထက် ပိုမဝါးရပါ။ တခါဝါးလျှင် မိနစ်၃၀ခန့်ကြာအောင် ဖြည်းညင်းစွာဝါးပါ။ Nicotine ပီကေကို ၆လထက်ပို၍ မသုံးစွဲရပါ။
  • Commit ငုံဆေးပြား : ၂ – ၄ မီလီဂရမ် ပမာဏ ငုံဆေးပြားကို တနာရီခြား သို့မဟုတ် နှစ်နာရီခြားဆိုသလို ပါးစပ်ထဲ ပျော်ဝင်သည် အထိငုံပါ(မိနစ် ၂၀၊၃၀ခန့်)။ တနေ့လျှင် ငုံဆေးပြား အနည်းဆုံး၉ပြားနှုန်းဖြင့် ၆ပတ်တိတိ ငုံပါ။ ထို့နောက် နောက်ထပ် ၃ပတ်တွင် ၂ – ၄ မီလီဂရမ် ပမာဏကို ၂နာရီခြား သို့မဟုတ် ၄နာရီခြားငုံပါ။၁၀ပတ်မြောက်အစတွင် ၄နာရီခြား သို့မဟုတ် ၈နာရီခြားတခါမှ ငုံဆေးပြား တပြားငုံပါ။ တနေ့လျှင် ငုံဆေးပြား အပြား ၂၀ထက် ပိုမသုံးပါနှင့်။

၁၂ပတ်ကြာ သုံးစွဲရသည့် ပုံစံများ

  • Nicotrol NS : တနာရီလျှင် ၁ – ၂ မီလီဂရမ် (ဖြန်းဆေး ၂ချက် မှ ၄ချက်ဖြန်းရမည်)။ တနေ့လျှင် အနည်းဆုံး ၈ကြိမ်ခန့် သုံးစွဲသင့်သည်။ တနေ့လျှင် အများဆုံးသုံးနိုင်သော ပမာဏ မှာ ၄၀မီလီဂရမ် (ဖြန်းဆေး အချက်၈၀ခန့်)ဖြစ်သည်။
  • Nicotrol ရှုဆေး : တနေ့လျင် ဆေးတောင့်ရည် ၆တောင့်မှ ၁၆တောင့် အထိကို ၃လတိတိ အသုံးပြုရမည်။ ထို့နောက် နောက်ထပ် ၆ပတ်မှ ၁၂ပတ်အတွင်း ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ချပြီး ရပ်လိုက်ရမည်။ ၆လထက်ပို၍ အသုံးမပြုသင့်ပါ။
  • ကိုယ်အလေးချိန် ပေါင်၁၀၀ထက် နည်းသူများ ၊ဆေးလိပ်အလွန်အမင်း မသောက်သူများ၊ နှလုံးနှင့် သွေးကြော ရောဂါရှိသူများ :

    • Habitrol သို့မဟုတ် NicoDerm CQ : တနေ့လျှင် ၁၄မီလီဂရမ်ဖြင့် ၆ပတ်တိတိ အသုံးပြုရမည်။ ထို့နောက် တစ်နေ့လျှင် ၇မီလီဂရမ်ဖြင့် ၂ပတ် သုံးစွဲရမည်။
    • Prostep : တနေ့လျှင် ၁၁မီလီဂရမ်ဖြင့် ၄ပတ်မှ ၈ပတ် အထိ အသုံးပြုရမည်။
    • Nicorette ပီကေ : ၂ မီလီဂရမ် ပမာဏရှိသော ပီကေတခုကို ၁နာရီခြားသို့မဟုတ် ၂နာရီခြားတခါဖြင့် ၆ပတ်ကြာ ဝါးပေးရမည်။ ထို့နောက် ၂နာရီခြား သို့မဟုတ် ၄နာရီခြားတခါဖြင့် နောက်ထပ်၃ပတ်၊ ၄နာရီခြားသို့မဟုတ် ၈နာရီခြားတခါဖြင့် ၃ပတ်ကြာဝါးပေးရမည်။ တနေ့လျှင် ၂၄ခုထက် ပိုမဝါးရပါ။ တခါဝါးလျှင် မိနစ်၃၀ခန့်ကြာအောင် ဖြည်းညင်းစွာဝါးပါ။ Nicotine ပီကေကို ၆လထက်ပို၍ မသုံးစွဲရပါ။
    • Nicotrol NS : တနာရီလျှင် ၁ – ၂ မီလီဂရမ် (ဖြန်းဆေး ၂ချက် မှ ၄ချက်ဖြန်းရမည်)။
    • Nicotrol ရှုဆေး : တနေ့လျင် ဆေးတောင့်ရည် ၆တောင့်မှ ၁၆တောင့် အထိကို ၃လတိတိ အသုံးပြုရမည်။ ထို့နောက် နောက်ထပ် ၆ပတ်မှ ၁၂ပတ်အတွင်း ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ချပြီး ရပ်လိုက်ရမည်။ ၆လထက်ပို၍ အသုံးမပြုသင့်ပါ။
    • ကလေးတွေအတွက် Nicotine (နီကိုတင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    (ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

    Nicotine (နီကိုတင်း) ကိုဘယ်လိုရရှိနိုင်သလဲ

    Nicotine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

    Nicotine ငုံဆေးပြား : ၂မီလီဂရမ်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Nicotine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement