backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Naproxen (နာပရိုဇန်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Naproxen (နာပရိုဇန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Naproxen ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Naproxen ကို ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ အရွတ်နာခြင်း၊ သွားကိုက်ခြင်း၊ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းစသည်တို့အတွက် အသုံးပြုပါသည်။ ထို့အပြင် ၎င်းသည် ဂေါက်ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါတို့ကြောင့်ဖြစ်သော နာကျဉ်ရောင်ရမ်းခြင်း၊အဆစ်အမြစ်နာကျဉ်ခြင်းတို့ကိုလည်း သက်သာစေသည်။ naproxen သည် nonsteroidal anti-inflammatory drug (NSAID) ဆေးအုပ်စုဝင် ဆေးတမျိုးဖြစ်ပြီး ရောင်ရမ်းခြင်းကို ဖြစ်စေသော ပစ္စည်းများကို ခန္တာကိုယ်မှ ထုတ်ခြင်းအား တားဆီးခြင်းဖြင့် ဆေးအာနိသင်ပြစေသည်။

အကယ်၍ သင်သည် အဆစ်အမြစ်ရောင်ခြင်းကဲ့သို့ နာတာရှည်အခြေအနေများအတွက် အသုံးပြုလိုပါက အခြားဆေးများကို အသုံးပြုသင့်ပြီး ဆေးဝါးအပြင် အခြားသော ကုသမှုများကိုလည်း ခံယူသင့်ပါသည်။

Naproxen (နာပရိုဇန်) ဘယ်လိုသောက်သုံးသင့်သလဲ

naproxen ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် တနေ့လျှင် ၂ကြိမ် သို့မဟုတ် ၃ကြိမ်) ရေတဖန်ခွက်အပြည့်ဖြင့် သောက်ပါ။ ဆေးသောက်ပြီး အနည်းဆုံး ၁၀မိနစ်ခန့်အကြာထိ လဲလျောင်းခြင်းမပြုရ။ အစာအိမ်ထိခိုက်ခြင်းမှ ကာကွယ်ရန် ဆေးကို အစာ၊နွားနို့ သို့မဟုတ် antacid များနှင့် တွဲသောက်ပါ။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သရွေ့ လျှော့ချနိုင်ရန်နှင့် အစာအိမ်သွေးယိုခြင်းမှ ကာကွယ်ရန်အတွက် ဆေးကို ဖြစ်နိုင်သမျှ အနည်းဆုံးပမာဏဖြင့် စတင်ပြီး ဖြစ်နိုင်သမျှ ကာလအတိုဆုံးသောက်သင့်သည်။ ဆရာဝန် ညွှန်ကြားထားသည့်ပမာဏ သို့မဟုတ် ကာလ ထက် ပိုသောက်ခြင်း မပြုရ။ တာရှည်စွဲသောက်ရမည့် ရောဂါများ (ဥပမာ။ ။ အဆစ်အမြစ်ရောင်ခြင်း)အတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆက်လက်သောက်သုံးပါ။

အချို့သောရောဂါများ (ဥပမာ။ ။ အဆစ်အမြစ်ရောင်ခြင်း)အတွက် အသုံးပြုပါက ဆေးအာနိသင် အပြည့်အဝပြရန် ရက်သတ္တပတ် ၂ပတ်ခန့် အချိန်ယူရလေ့ရှိပါသည်။

အကယ်၍ သင်သည် naproxen ကို ပုံမှန်သုံးစွဲနေခြင်း မဟုတ်ဘဲ လိုအပ်မှ သုံးစွဲသည်ဆိုလျှင် အကိုက်အခဲပျောက်ဆေးများသည် စ,နာသည်နှင့် ချက်ချင်း သောက်ပါက အကောင်းဆုံးဖြစ်ပြီး ပိုမို နာကျင်လာသည့်အချိန်မှ သောက်လျှင် လိုအပ်သည့် ဆေးအာနိသင်လုံလောက်စွာမရ ဖြစ်တတ်ကြောင်းကို သိထားရမည်။

သင့်ရောဂါ အခြေအနေ မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ ဆရာဝန်ကို အသိပေးရမည်ဖြစ်သည်။

Naproxen (နာပရိုဇန်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Naproxen ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Naproxen ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Naproxen ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Naproxen ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Naproxen ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Naproxen (နာပရိုဇန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Naproxen ကို အသုံးမပြုမီ

-သင့်အနေဖြင့် Naproxen၊ aspirin သို့မဟုတ် အခြား NSAIDများ (ဥပမာ။ ။Ibuprofen (Advil, Motrin)၊ ketoprofen (Orudis KT, Actron)) သို့မဟုတ် အခြားသော အကိုက်အခဲပျောက် အဖျားကျဆေးများ သို့မဟုတ် အခြားဆေးဝါးတမျိုးမျိုးနှင့် ဓါတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။

-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

angiotensin-converting enzyme (ACE) inhibitors such as benazepril

(Lotensin), captopril (Capoten), enalapril (Vasotec), fosinopril (Monopril),

lisinopril (Prinivil, Zestril), moexipril (Univasc), perindopril (Aceon),

quinapril (Accupril), ramipril (Altace), and trandolapril (Mavik); angiotensin

II receptor antagonists (angiotensin receptor blockers; ARBs) such as

candesartan (Atacand), eprosartan (Teveten), irbesartan (Avapro, in

Avalide), losartan (Cozaar, in Hyzaar), olmesartan (Benicar), telmisartan

(Micardis), and valsartan (Diovan); beta blockers such as atenolol

(Tenormin), labetalol (Normodyne), metoprolol (Lopressor, Toprol XL),

nadolol (Corgard), and propranolol (Inderal); cholestyramine (Questran);

diuretics ('water pills'); lithium (Eskalith, Lithobid), medications for

diabetes; methotrexate (Rheumatrex); probenecid (Benemid); selective

serotonin reuptake inhibitors such as citalopram (Celexa), escitalopram

(Lexapro), fluoxetine (Prozac), fluvoxamine (Luvox), paroxetine (Paxil), and

sertraline (Zoloft); sulfa medications such as sulfamethoxazole (in Septra,

Bactrim); and warfarin (Coumadin). သင့်အနေဖြင့် ကြာရှည်စွာ အာနိသင်ပြသော ဆေးများကို သုံးစွဲပါက antacid သို့မဟုတ် sucralfate (Carafate) ဆေးများ သုံးစွဲခြင်းရှိလျှင် ဆရာဝန်ကို ပြောပြပါ။ သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်မည်ဖြစ်ပါသည်။

-ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်း မရှိလျှင် Naproxen ကို အခြားသော အကိုက်အခဲ ပျောက်ဆေးများနှင့် တွဲမသုံးရ။

-အကယ်၍ သင်သည် ဆားပမာဏ အနည်းငယ်သာစားသုံးနေရလျှင်၊ ပန်းနာရင်ကြပ်ရှိလျှင် (အထူးသဖြင့် မကြာခဏ နှာခေါင်းပိတ်ခြင်း၊နှာရည်ယိုခြင်း၊နှာခေါင်းအတွင်း ရောင်ရမ်းခြင်းများရှိလျှင်)၊ခြေကျင်းဝတ်သို့မဟုတ် ခြေလက်များဖောရောင်လျှင်၊ သွေးအားနည်းရောဂါရှိလျှင် ၊အသည်းရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါများရှိလျှင် ဆရာဝန်ကို ပြောပြပါ။

-ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ပြောပြပါ။

-သင်သည် အသက် ၆၅နှစ်အထက်ဖြစ်ပါက Naproxen သောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပါ။ အသက်ကြီးသူများတွင် Naproxen ပမာဏ အများအပြား သုံးစွဲခြင်းသည် ဆေးအာနိသင်ကို ပိုမလာစေသည့် အပြင် ဘေးထွက်ဆိုးကျိုးများကိုသာ ပိုလာစေသဖြင့် အသက်ကြီးသူများတွင် Naproxen ကို ပမာဏ အနည်းငယ်ဖြင့် ကာလတိုသာ သုံးစွဲသင့်သည်။

-သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက Naproxen သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။

-Naproxen သည် ငိုက်မျဉ်းစေသဖြင့် ဆေး၏ အကျိုးသက်ရောက်မှုကို သေချာစွာ မသိရှိသေးလျှင် ကားမောင်းခြင်း သို့မဟုတ် စက်ကိရိယာအကြီးစားများ မောင်းနှင်ကိုင်တွယ်ခြင်း မပြုလုပ်ပါနှင့်။ ထို့အပြင် အရက်သည် အဆိုပါ ငိုက်မျဉ်းမှုကို ပို၍ ဆိုးစေသဖြင့် Naproxen သုံးစွဲနေချိန်တွင် အရက်မသောက်ပါနှင့်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Naproxen (နာပရိုဇန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Naproxen (နာပရိုဇန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Naproxen သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-ရင်ဘတ်အောင့်ခြင်း၊အားနည်းခြင်း၊အသက်ရှုမဝခြင်း၊စကားပီပီသသ မပြောနိုင်တော့ခြင်း၊ အမြင်အာရုံ သို့မဟုတ် ခန္တာကိုယ်ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿနာများ ခံစားရခြင်း။

-ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း။

-ချောင်းဆိုးသွေးပါခြင်း သို့မဟုတ် ကော်ဖီအနှစ်ရောင်များ အန်ခြင်း။

-ဖောရောင်ခြင်း၊ကိုယ်အလေးချိန် ရုတ်တရက်တက်ခြင်း။

-ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝ မသွားတော့ခြင်း။

-ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အပေါ်ပိုင်း နာ/အောင့်ခြင်း၊ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊မျက်စိ သို့မဟုတ် အသားဝါခြင်း။

-သွေးခြေဥခြင်း၊ပြင်းထန်စွာ ထုံနာကျဉ်နာဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း။

-ဖျားခြင်း၊ခေါင်းကိုက်ခြင်း၊ဇက်တောင့်ခြင်း၊ချမ်းတုန်ခြင်း၊အလင်းရောင်မခံနိုင်ခြင်း၊အရေပြားပေါ်တွင် ခရမ်းရောင် အစက်လေးများပေါ်လာခြင်း၊တက်ခြင်း။

-ပြင်းထန်စွာ ဓါတ်မတည့်ခြင်း —-> ဖျားခြင်း၊လည်ချောင်းနာခြင်း၊မျက်နှာ သို့မဟုတ် လျှာ ဖောင်းကားဖောရောင်လာခြင်း၊မျက်စိထဲအလွန်ပူခြင်း၊အရေပြား နာခြင်း ထို့နောက် အနီစက် သို့မဟုတ် ခရမ်းရောင်အစက်များထွက်လာကာ အခြားနေရာများသို့ပျံ့သွားခြင်း (အထူးသဖြင့် မျက်နှာနှင့် ကိုယ်အပေါ်ပိုင်း)၊ အရည်ကြည်ဖုများထခြင်း၊ကွာကျခြင်း။

သာမန်ဘေးထွက် လက္ခဏာများမှာ

-ဗိုက်နာ/အောင့်ခြင်း၊ အနည်းငယ် ရင်ပူခြင်း သို့မဟုတ် အစာအိမ်နာခြင်း၊ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း။

-လေထခြင်း။

-ခေါင်းကိုက်၊မူးဝေထိုင်းမှိုင်းခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း။

-အသားယားခြင်း သို့မဟုတ် အစက်များထွက်ခြင်း။

-အမြင်အာရုံဝေဝါးခြင်း။

-နားထဲတွင် အသံများ ကြားနေရခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Naproxen (နာပရိုဇန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Naproxen ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ပါ ဆေးဝါးများ အသုံးပြုနေပါက ဆရာဝန်ကို ပြောပြပါ။

citalopram, escitalopram, fluoxetine (Prozac), fluvoxamine, paroxetine, sertraline

(Zoloft), trazodone, or vilazodone.

အောက်ပါဆေးဝါးများ သုံးစွဲနေပါက naproxen သောက်သုံးရန် စိတ်ချရမှုရှိမရှိသိရှိနိုင်ရန်အတွက် ဆရာဝန်အား မေးမြန်းပါ။

 သွေးကျဲဆေးများ (warfarin, Coumadin);

 lithium;

 methotrexate;

 ဆီးဆေးများ

 စတီးရွိုက်ဆေးများ (prednisone and others);

 aspirin သို့မဟုတ် NSAIDs– ibuprofen (Advil, Motrin), celecoxib, diclofenac,

indomethacin, meloxicam, and others;

 နှလုံး သို့မဟုတ် သွေးကျဆေးများ — benazepril, candesartan, enalapril,

lisinopril, losartan, olmesartan, quinapril, ramipril, telmisartan, valsartan,

နှင့် အခြားဆေးများ။

အစားအသောက်တွေနဲ့ အရက်က Naproxen (နာပရိုဇန်) နဲ့ ဓါတ်ပြုနိုင်သလား

Naproxen က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Naproxen (နာပရိုဇန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Naproxen ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-သွေးအားနည်းရောဂါ။

-သွေးနှင့်ဆိုင်သော ပြဿနာများ။

-သွေးခဲခြင်း။

-ဖောရောင်ခြင်း။

-ရုတ်တရက် နှလုံးရပ်ဖူးခြင်း။

-နှလုံးရောဂါရှိခြင်း။

-သွေးတိုးရှိခြင်း။

-ကျောက်ကပ် သို့မဟုတ် အသည်းရောဂါရှိခြင်း။

-အစာအိမ် သို့မဟုတ် အူအနာရှိခြင်း သို့မဟုတ် ထိုအနာမှ သွေးယိုခြင်း။

-လေဖြတ်ဖူးခြင်း —–> အခြေအနေကို ပိုဆိုးစေတတ်သဖြင့် သတိထားသုံးပါ။

-အက်စ်ပရင် ဆေးပြားကြောင့် ပိုဆိုးစေသော ပန်းနာရင်ကြပ်ရှိလျှင်။

-အက်စ်ပရင် ဆေးပြားနှင့် ဓါတ်မတည့်သည့် ရာဇဝင်ရှိခြင်း —-> ထိုလူနာများတွင် လုံးဝအသုံးမပြုရပါ။

-နှလုံးခွဲစိတ်ခြင်း ——> ခွဲစိတ်မှု မပြုလုပ်မီ သို့မဟုတ် ပြုလုပ်ပြီးချိန်တွင် အနာသက်သာစေရန် naproxen ကို အသုံးမပြုရပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Naproxen (နာပရိုဇန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Ankylosing spondylitis ရောဂါအတွက်

-ကနဦးဆေးပမာဏ —-> ၂၅၀ – ၅၀၀ မီလီဂရမ်(naproxen) သို့မဟုတ် ၂၇၅ – ၅၅၀ မီလီဂရမ် (naproxen sodium) ကို တနေ့လျှင် ၂ကြိမ်သောက်ရပါမည်။ ကြာရှည်စွာ အာနိသင်ပြသော naproxen sodium ၏ ကနဦးပေးရမည့် ဆေးပမာဏမှာ တခါသောက်လျှင် ၃၇၅မီလီဂရမ် ဆေးပြားနှစ်ပြား (၇၅၀မီလီဂရမ်)ကို တနေ့တခါ သောက်ရမည်ဖြစ်သည်။ ၇၅၀ မီလီဂရမ်ဆေးပြားကို တနေ့တကြိမ်သောက်နိုင်သလို ၅၀၀မီလီဂရမ် ဆေးပြား နှစ်ပြား (၁၀၀၀မီလီဂရမ်)ကိုလည်း တနေ့တကြိမ် သောက်နိုင်သည်။

Osteoarthritis အဆစ်အမြစ်ရောင်ရောဂါအတွက်

-ကနဦးဆေးပမာဏ —-> ၂၅၀ – ၅၀၀ မီလီဂရမ်(naproxen) သို့မဟုတ် ၂၇၅ – ၅၅၀ မီလီဂရမ် (naproxen sodium) ကို တနေ့လျှင် ၂ကြိမ်သောက်ရပါမည်။ ကြာရှည်စွာ အာနိသင်ပြသော naproxen sodium ၏ ကနဦးပေးရမည့် ဆေးပမာဏမှာ တခါသောက်လျှင် ၃၇၅မီလီဂရမ် ဆေးပြားနှစ်ပြား (၇၅၀မီလီဂရမ်)ကို တနေ့တခါ သောက်ရမည်ဖြစ်သည်။ ၇၅၀ မီလီဂရမ်ဆေးပြားကို တနေ့တကြိမ်သောက်နိုင်သလို ၅၀၀မီလီဂရမ် ဆေးပြား နှစ်ပြား (၁၀၀၀မီလီဂရမ်)ကိုလည်း တနေ့တကြိမ် သောက်နိုင်သည်။

Rheumatoid arthritis အဆစ်အမြစ်ရောင်ရောဂါအတွက်

-ကနဦးဆေးပမာဏ —-> ၂၅၀ – ၅၀၀ မီလီဂရမ်(naproxen) သို့မဟုတ် ၂၇၅ – ၅၅၀ မီလီဂရမ် (naproxen sodium) ကို တနေ့လျှင် ၂ကြိမ်သောက်ရပါမည်။ ကြာရှည်စွာ အာနိသင်ပြသော naproxen sodium ၏ ကနဦးပေးရမည့် ဆေးပမာဏမှာ တခါသောက်လျှင် ၃၇၅မီလီဂရမ် ဆေးပြားနှစ်ပြား (၇၅၀မီလီဂရမ်)ကို တနေ့တခါ သောက်ရမည်ဖြစ်သည်။ ၇၅၀ မီလီဂရမ်ဆေးပြားကို တနေ့တကြိမ်သောက်နိုင်သလို ၅၀၀မီလီဂရမ် ဆေးပြား နှစ်ပြား (၁၀၀၀မီလီဂရမ်)ကိုလည်း တနေ့တကြိမ် သောက်နိုင်သည်။

ဂေါက်ရောဂါကြောင့် လတ်တလော နာကျင်ခြင်းအတွက်

-၇၅၀မီလီဂရမ် (naproxen) သို့မဟုတ် ၈၂၅မီလီဂရမ် (naproxen sodium) ကိုတနေ့တကြိမ်သောက်ရမည်။ ထို့နောက် ၂၅၀မီလီဂရမ် (naproxen) သို့မဟုတ် ၂၇၅မီလီဂရမ် (naproxen sodium) ကို ဂေါက်ရောဂါကြောင့် လတ်တလောနာကျင်ခြင်း ပျောက်ကင်းသွားသည်အထိ(အများအားဖြင့် နှစ်ရက်သုံးရက်ခန့်) ၈နာရီခြားတခါ သောက်ရမည်။ ကြာရှည်စွာ အာနိသင်ပြသော naproxen sodium ကိုသောက်သင့်သော ပမာဏမှာ ပထမနေ့တွင် ၅၀၀မီလီဂရမ် ဆေးပြား နှစ်ပြား သို့မဟုတ် သုံးပြား၊ထို့နောက် ဂေါက်ရောဂါကြောင့် လတ်တလောနာကျင်ခြင်း ပျောက်ကင်းသွားသည်အထိ ၅၀၀မီလီဂရမ် ဆေးပြားနှစ်ပြား (၁၀၀၀ မီလီဂရမ်) ကို တနေ့တကြိမ်ဆက်သောက်ရပါမည်။

Bursitis အတွက်

-၅၅၀မီလီဂရမ် naproxen ကို တနေ့လျှင် တကြိမ်၊ထို့နောက် ၅၅၀ မီလီဂရမ် naproxen sodium ကို ၁၂နာရီခြားတခါ သို့မဟုတ် ၂၇၅မီလီဂရမ် naproxen sodium/၂၅၀မီလီဂရမ် naproxen ကို ၆နာရီခြား သို့မဟုတ် ၈နာရီကခြားတခါ လိုအပ်သလို ပေးရမည်။ ထို့နောက် တနေ့လျှင် အများဆုံး ပေးနိုင်သော ပမာဏဖြစ်သည့် ၁၁၀၀မီလီဂရမ် naproxen sodium သို့မဟုတ် ၁၀၀၀မီလီဂရမ် naproxen သို့ တိုးမြှင့်သွားပါ။ ကြာရှည်စွာ အာနိသင်ပြသော naproxen sodium ကိုသောက်သင့်သော ပမာဏမှာ ၅၀၀မီလီဂရမ် ဆေးပြား နှစ်ပြား(၁၀၀၀ မီလီဂရမ်)ဖြစ်သည်။ အနာသက်သာရန် ဆေးပမာဏ ပိုမိုလိုအပ်သော လူနာများအတွက် ၇၅၀မီလီဂရမ် ဆေးပြားနှစ်ပြား (၁၅၀၀ မီလီဂရမ်) သို့မဟုတ် ၅၀၀ မီလီဂရမ် ဆေးပြား သုံးပြား (၁၅၀၀ မီလီဂရမ်) ကို ကာလတို သုံးစွဲနိုင်သည်။ ထိုကာလပြီးလျှင် တနေ့တာအတွက် အများဆုံးသုံးစွဲသော ဆေးပမာဏမှာ ၅၀၀မီလီဂရမ် ဆေးပြားနှစ်ပြား (၁၀၀၀ မီလီဂရမ်) ထက် မပိုသင့်ပေ။

Tendonitis အတွက်

-၅၅၀မီလီဂရမ် naproxen ကို တနေ့လျှင် တကြိမ်၊ထို့နောက် ၅၅၀ မီလီဂရမ် naproxen sodium ကို ၁၂နာရီခြားတခါ သို့မဟုတ် ၂၇၅မီလီဂရမ် naproxen sodium/၂၅၀မီလီဂရမ် naproxen ကို ၆နာရီခြား သို့မဟုတ် ၈နာရီကခြားတခါ လိုအပ်သလို ပေးရမည်။ ထို့နောက် တနေ့လျှင် အများဆုံး ပေးနိုင်သော ပမာဏဖြစ်သည့် ၁၁၀၀မီလီဂရမ် naproxen sodium သို့မဟုတ် ၁၀၀၀မီလီဂရမ် naproxen သို့ တိုးမြှင့်သွားပါ။ ကြာရှည်စွာ အာနိသင်ပြသော naproxen sodium ကိုသောက်သင့်သော ပမာဏမှာ ၅၀၀မီလီဂရမ် ဆေးပြား နှစ်ပြား(၁၀၀၀ မီလီဂရမ်)ဖြစ်သည်။ အနာသက်သာရန် ဆေးပမာဏ ပိုမိုလိုအပ်သော လူနာများအတွက် ၇၅၀မီလီဂရမ် ဆေးပြားနှစ်ပြား (၁၅၀၀ မီလီဂရမ်) သို့မဟုတ် ၅၀၀ မီလီဂရမ် ဆေးပြား သုံးပြား (၁၅၀၀ မီလီဂရမ်) ကို ကာလတို သုံးစွဲနိုင်သည်။ ထိုကာလပြီးလျှင် တနေ့တာအတွက် အများဆုံးသုံးစွဲသော ဆေးပမာဏမှာ ၅၀၀မီလီဂရမ် ဆေးပြားနှစ်ပြား (၁၀၀၀ မီလီဂရမ်) ထက် မပိုသင့်ပေ။

ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက်

-၅၅၀မီလီဂရမ် naproxen ကို တနေ့လျှင် တကြိမ်၊ထို့နောက် ၅၅၀ မီလီဂရမ် naproxen sodium ကို ၁၂နာရီခြားတခါ သို့မဟုတ် ၂၇၅မီလီဂရမ် naproxen sodium/၂၅၀မီလီဂရမ် naproxen ကို ၆နာရီခြား သို့မဟုတ် ၈နာရီကခြားတခါ လိုအပ်သလို ပေးရမည်။ ထို့နောက် တနေ့လျှင် အများဆုံး ပေးနိုင်သော ပမာဏဖြစ်သည့် ၁၁၀၀မီလီဂရမ် naproxen sodium သို့မဟုတ် ၁၀၀၀မီလီဂရမ် naproxen သို့ တိုးမြှင့်သွားပါ။

အခြားသော နာကျင်ခြင်းများအတွက်

-၅၅၀မီလီဂရမ် naproxen ကို တနေ့လျှင် တကြိမ်၊ထို့နောက် ၅၅၀ မီလီဂရမ် naproxen sodium ကို ၁၂နာရီခြားတခါ သို့မဟုတ် ၂၇၅မီလီဂရမ် naproxen sodium/၂၅၀မီလီဂရမ် naproxen ကို ၆နာရီခြား သို့မဟုတ် ၈နာရီကခြားတခါ လိုအပ်သလို ပေးရမည်။ ထို့နောက် တနေ့လျှင် အများဆုံး ပေးနိုင်သော ပမာဏဖြစ်သည့် ၁၁၀၀မီလီဂရမ် naproxen sodium သို့မဟုတ် ၁၀၀၀မီလီဂရမ် naproxen သို့ တိုးမြှင့်သွားပါ။

ကလေးတွေအတွက် Naproxen (နာပရိုဇန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

ဖျားနာခြင်းအတွက်

အသက် ၂နှစ် အထက် : 2.5 – 5mg/kg/dose။ တနေ့တာအတွက် အများဆုံးပေးနိုင်သော ပမာဏ 10mg/kg ကို ၈နာရီခြား သို့မဟုတ် ၁၂နာရီခြားပြီး သင့်တော်သလို ခွဲပေးရမည်။

နာကျင်ခြင်းအတွက်

အသက် ၂နှစ် အထက် : 2.5 – 5mg/kg/dose။ တနေ့တာအတွက် အများဆုံးပေးနိုင်သော ပမာဏ 10mg/kg ကို ၈နာရီခြား သို့မဟုတ် ၁၂နာရီခြားပြီး သင့်တော်သလို ခွဲပေးရမည်။

အသက်ငယ်သူများတွင် ဖြစ်သော Juvenile Rheumatoid Arthritis အတွက်

အသက် ၂နှစ်နှင့်အထက် : 5mg/kg ကို တနေ့လျှင် နှစ်ကြိမ် သောက်ရမည်။ အများဆုံး ပေးနိုင်သော ပမာဏမှာ တနေ့လျှင် ၁၀၀၀မီလီဂရမ်ဖြစ်သည်။

Naproxen (နာပရိုဇန်) ကိုဘယ်လိုရရှိနိုင်သလဲ

Naproxen ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား : ၂၂၀မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးလွန်သော လက္ခဏာများမှာ

-မူးဝေထိုင်းမှိုင်းခြင်း၊ အိပ်ငိုက်ခြင်း။

-အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း။

-ဗိုက်နာ/အောင့်ခြင်း။

-ရင်ဘတ်ပူခြင်း။

-ပျို့အန်မအီမသာဖြစ်ခြင်း။

-အသက်ရှုရ နှေးခြင်း သို့မဟုတ် ခက်ခဲခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Naproxen ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement