backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Montelukast (မွန်တီလူးကပ်စ်)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Montelukast (မွန်တီလူးကပ်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Montelukast ကို ပုံမှန်စွဲသုံးခြင်းဖြင့် ပန်းနာရင်ကြပ်ကြောင့်ဖြစ်သော အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း နှင့် အသက်ရှုကြပ်ခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် ပန်းနာထသည့် အကြိမ်ရေကိုလည်း လျှော့ချပေးနိုင်သည်။ လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှုမဝခြင်း၊ကြပ်ခြင်း စသည်တို့ကို ကာကွယ်ရန်အတွက် လေ့ကျင့်ခန်းမလုပ်မီ Montelukast ကို ကြိုတင်သုံးစွဲနိုင်သည်။ အရေးပေါ် ရှုဆေးရှုရသည့် အကြိမ်ရေကိုလည်း လျော့နည်းစေသည်။Montelukast ကို hay fever ကို သက်သာစေရန်နှင့် နှာချေခြင်း၊နှာစေးခြင်း၊နှာခေါင်းပိတ်ခြင်း၊နှာခေါင်းယားယံခြင်း အစရှိသည့် allergic rhinitis ၏ လက္ခဏာများကို သက်သာစေရန်လည်း အသုံးပြုနိုင်သည်။ဤဆေးသည် ချက်ချင်းအာနိသင်မပြသဖြင့် ရုတ်တရက်ပန်းနာထခြင်း၊အသက်ရှုကြပ်ခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ အခြားသော အရေးပေါ်အခြေအနေများတွင် အသုံးမပြုသင့်ပါ။

Montelukast သည် ဓါတ်မတည့်ခြင်းများနှင့် ပန်းနာရင်ကြပ်ရောဂါကို ဖြစ်စေ/ပိုဆိုးစေသော ပစ္စည်းတမျိုးဖြစ်သည့် leukotrienes ကို ထွက်မလာစေရန် တားဆီးပတ်ဆို့ပေးခြင်းဖြင့် အာနိသင်ပြသည်။ ထို့အပြင် Montelukast သည် အသက်ရှုလမ်းကြောင်းတလျှောက် ရောင်ရမ်းခြင်းကို သက်သာစေခြင်းအားဖြင့် အသက်ရှုရ လွယ်ကူစေကာ ကြပ်ခြင်းကို သက်သာစေသည်။

Montelukast (မွန်တီလူးကပ်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

Montelukast ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သောက်နိုင်သည်။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဝါးစားနိုင်သော ဆေးပြားကို သုံးစွဲပါက ဆေးပြားကို ကျေညက်စွာ ဝါးစားပြီးမှ မြိုချပါ။ သင့်ကလေးအနေဖြင့် အဆိုပါ ဆေးပြားများကို ကောင်းစွာ ဝါးနိုင်ခြင်း၊မြိုချနိုင်ခြင်း မရှိပါက မည်သို့လုပ်သင့်သည်ကို ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးကို နေ့စဉ် အချိန်မှန်မှန်သောက်ပါ။ အကယ်၍ သင်သည် Montelukast ကို ပန်းနာရင်ကြပ်အတွက်ဖြစ်စေ သို့မဟုတ် ပန်းနာရင်ကြပ် အတွက်ရော၊ဓါတ်မတည့်ခြင်းအတွက်ပါဖြစ်စေ အသုံးပြုလျှင် ဆေးကို ညနေဖက်တွင်သောက်သင့်ပါသည်။ သို့သော် ဓါတ်မတည့်ခြင်းအတွက်သာ သုံးစွဲသည် ဆိုပါက

Montelukast ကို မနက်သို့မဟုတ် ညနေ နှစ်သက်သည့်အချိန်တွင် သောက်နိုင်သည်။

သင်သည် Montelukast ကို လေ့ကျင့်ခန်းလုပ်စဉ် ခံစားရသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများအတွက် အသုံးပြုလျှင် လေ့ကျင့်ခန်း မလုပ်မီ ၂နာရီခန့်ကြိုပြီး ဆေးသောက်ပါ။၂၄နာရီအတွင်း တခါထက်ပိုပြီး မသောက်သင့်ပါ။ အကယ်၍ သင်သည် မူလကတည်းကပင် ပန်းနာရင်ကြပ်အတွက် သို့မဟုတ် ဓါတ်မတည့်ခြင်းအတွက် Montelukast ကို နေ့စဉ်သုံးစွဲနေရလျှင် လေ့ကျင့်ခန်းမလုပ်မီ ထပ်မံ၍ သောက်သုံးရန်မလိုပါ။ ထိုသို့ပြုလုပ်ခြင်းသည် ဘေးထွက်ဆိုးကျိုးများကိုသာ ပိုလာစေမည်ဖြစ်သည်။ ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးပမာဏကို တိုးခြင်း ၊လျှော့ခြင်း သို့မဟုတ် ဆေးသောက်ရပ်လိုက်ခြင်းကို မပြုလုပ်ရပါ။ ပန်းနာထနေသည့် အချိန်တွင်ဖြစ်စေ၊ ပန်းနာရင်ကြပ်၏ မည်သည့် လက္ခဏာမှ မပြသည့် အချိန်မျိုးတွင်ဖြစ်စေ ရောဂါကို ထိန်းချုပ်နိုင်ရန် Montelukast ကို ပုံမှန်စွဲသုံးရပါမည်။ ပန်းနာရင်ကြပ်အတွက် ဆရာဝန်ညွှန်ကြားသော အခြားဆေးများကိုလည်း ဆက်လက်သုံးစွဲရပါမည်။ Montelukast သည် အာနိသင်ပြရန် အချိန်အတန်အသင့်လိုအပ်သဖြင့် ရုတ်တရက်ရင်ကြပ်ခြင်းမျိုးတွင် ရောဂါကို သက်သာစေနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ရုတ်တရက် ရင်ကြပ်သည့် အခါမျိုး သို့မဟုတ် အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများပေါ်ပေါက်သည့် အချိန်မျိုးတွင် (အလျင်အမြန်အာနိသင်ပြသော) ရှုဆေးကို ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း အသုံးပြုရပါမ

အသုံးပြုရပါမည်။ အသေးစိတ် ထပ်မံသိရှိလိုသည်များကို ဆရာဝန်အား မေးမြန်းပါ။ သို့သော် (အလျင်အမြန်အာနိသင်ပြသော) ရှုဆေးနှင့် မသက်သာဘဲ ပန်းနာရင်ကြပ်၏ လက္ခဏာများပိုဆိုးလာပါက အရေးပေါ်ဆေးကုသမှုကို ခံယူရပါမည်။ ပန်းနာရင်ကြပ် ရောဂါလက္ခဏာများ သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ သို့မဟုတ် ဓါတ်မတည့်သည့် လက္ခဏာများ ပိုဆိုးလာလျှင်သို့မဟုတ် အရေးပေါ်ရှုဆေးကို သုံးရသည့်အကြိမ်ရေ ပိုစိတ်လာလျှင် ဆရာဝန်ကို အမြန် အကြောင်းကြားပါ။

Montelukast (မွန်တီလူးကပ်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Montelukast ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Montelukast ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Montelukast ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို

ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Montelukast ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Montelukast ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Montelukast (မွန်တီလူးကပ်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Montelukast ကို မသောက်သုံးမီ

  • Montelukast သို့မဟုတ် အခြားဆေးများနှင့် ဓါတ်မတည့်ခြင်းရှိလျှင် ဆရာဝန်ကို ပြောပြပါ။
    • သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။
    • phenobarbital and rifampin (Rifadin, Rimactane).

    သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများ ပြုလုပ်ရပါမည်။

  • အကယ်၍ သင့်ထံတွင် အသည်းရောဂါရှိနေလျှင် သို့မဟုတ် ရှိခဲ့ဖူးလျှင် ဆရာဝန်ကို ပြောပြပါ။
  • ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ပြောပြပါ။

Montelukast သည် သင်၏ စိတ်ကျန်းမာရေးအခြေအနေကို ပြောင်းလဲစေနိုင်ကြောင်း သိထားသင့်သည်။ အောက်ပါ လက္ခဏာများ ခံစားရပါက သင့်ဆရာဝန်ကို ချက်ချင်းခေါ်ပါ။ ၎င်းတို့မှာ စိတ်တိုစိတ်ဆတ်ခြင်း၊ရန်လိုခြင်း၊စိုးရိ

  • စိုးရိမ်ပူပန်မှုများခြင်း၊ဆတ်ဆတ်ထိ မခံခြင်း၊မူမမှန်သော အိပ်မက်များမက်ခြင်း၊ဂယောင်ဂတမ်းဖြစ်ခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း (အမှန်တကယ် မရှိသော အရာများကို မြင်နေကြားနေရခြင်း)၊စိတ်ကျဝေဒနာ ခံစားရခြင်း၊အိပ်မပျော်ခြင်း၊ဂဏှာမငြိမ်ခြင်း၊အိပ်ရင်း လမ်းလျှောက်ခြင်း၊မိမိ ကိုယ်ကို ထိခိုက်အောင်လုပ်လိုသော ၊သတ်သေလိုသော အတွေးများ ဝင်လာခြင်း၊တကိုယ်လုံး တုန်ယင် အကြောစွဲခြင်း စသည်တို့ဖြစ်ကြပါသည်။ သင့်အနေဖြင့် Montelukast ဆက်သောက်သင့် မသောက်သင့်ကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မည်။

အကယ်၍ သင့်ထံတွင် phenylketouria ရောဂါရှိပါက (၎င်းသည် ဉာဏ်ရည်ချို့တဲ့မှုမဖြစ်စေရန် အထူးစီမံထားသည့် အစားအသောက်များကိုသာ စားရသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်သည်) လျှာပေါ်တွင် ပျော်ဝင်သောဆေးပြားများသည် phenylalanine ဖြစ်စေသော aspartame ပါဝင်ကြောင်းသိထားသင့်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Montelukast (မွန်တီလူးကပ်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင်

ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို

ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Montelukast (မွန်တီလူးကပ်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Montelukast သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

  • အနီစက်များ ထွက်ခြင်း၊သွေးခြေဥခြင်း၊ထုံနာကျဉ်နာဖြစ်ခြင်း၊နာခြင်း၊ကြွက်သားများ အားနည်းခြင်း။
  • စိတ်နေစိတ်ထား/အမူအကျင့်များ ပြောင်းလဲခြင်း၊စိုးရိမ်စိတ်များခြင်း၊စိတ်ကျဝေဒနာ ခံစားရခြင်း၊မိမိ ကိုယ်ကို ထိခိုက်အောင်လုပ်လိုသော ၊သတ်သေလိုသော အတွေးများ ဝင်လာခြင်း။
  • တကိုယ်လုံး တုန်ယင်ခြင်း။
  • သွေးခြေဥလွယ်ခြင်း၊နှာခေါင်း၊ပါးစပ်၊မိန်းမကိုယ်၊စအို စသည်တို့မှ မူမမှန်သွေးယိုစီးခြင်း၊ အရေပြား အောက်တွင် အနီစက် သို့မဟုတ် ခရမ်းရောင် အစက်များ ထွက်လာခြင်း။
  • နှာခေါင်းနားအနီးတဝိုက်တွင် ပြင်းထန်စွာနာခြင်း၊ရောင်ရမ်းခြင်း။
  • ပန်းနာရင်ကြပ်လက္ခဏာများ ပိုဆိုးလာခြင်း။

ပြင်းထန်စွာ ဓါတ်မတည့်ခြင်း —-> ဖျားခြင်း၊လည်ချောင်းနာခြင်း၊မျက်နှာ

  • သို့မဟုတ် လျှာ ဖောင်းကားဖောရောင်လာခြင်း၊မျက်စိထဲအလွန်ပူခြင်း၊အရေပြား နာခြင်း ထို့နောက် အနီစက် သို့မဟုတ် ခရမ်းရောင်အစက်များထွက်လာကာ အခြားနေရာများသို့ပျံ့သွားခြင်း (အထူးသဖြင့် မျက်နှာနှင့် ကိုယ်အပေါ်ပိုင်း)၊ အရည်ကြည်ဖုများထခြင်း၊ကွာကျခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

  • ခေါင်းကိုက်ခြင်း။
  • ဗိုက်နာ/အောင့်ခြင်း၊ရင်ပူခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း။
  • သွားကိုက်ခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။
  • ဖျားခြင်း၊နှာခေါင်းပိတ်ခြင်း၊လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊အသံဩခြင်း။
  • အနီစက်များ အနည်းငယ်ထွက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Montelukast (မွန်တီလူးကပ်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Montelukast ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့်

  • Clozapine
  • Cobicistat
  • Nilotinib
  • Pixantrone
  • Gemfibrozil
  • Prednisone

အစားအသောက်တွေနဲ့ အရက်က Montelukast (မွန်တီလူးကပ်စ်) နဲ့ ဓါတ်ပြုနိုင်သလား

Montelukast က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ အထူးသဖြင့်

  • ဂရိတ်ဖရုသီးဖျော်ရည်။

ဘယ်ရောဂါအခြေအနေတွေက Montelukast (မွန်တီလူးကပ်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Montelukast ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • အက်စ်ပရင်နှင့် ဓါတ်မတည့်ခြင်း။
  • NSAID ဆေးများ (ဥပမာ။ ။ Celecoxib, ibuprofen, naproxen, Advil, Aleve, Motrin) နှင့် ဓါတ်မတည့်ခြင်း ——-> ဤဆေးကို သောက်သုံးနေစဉ်ကာလတလျှောက်လုံး အက်စ်ပရင် နှင့် NSAID ဆေးများကို ရှောင်ကျဉ်ပါ။
  • Phenylketouria (PKU) —–> ဝါးစားနိုင်သော ဆေးပြားများသည် phenylalanine ဖြစ်စေသော aspartame ပါဝင်သဖြင့် အခြေအနေကို ပိုဆိုးစေသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Montelukast (မွန်တီလူးကပ်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Allergic Rhinitis အတွက်

  • ၁၀မီလီဂရမ်ကို တနေ့လျင် တကြိမ် သောက်ရမည်။ ပန်းနာရင်ကြပ်အတွက် သုံးစွဲပါက ညနေပိုင်းတွင် သောက်ရမည်။Allergic Rhinitis အတွက်မူ ဆေးသောက်ရမည့် အချိန်သည် လူနာအပေါ်လိုက်ပြီး ပြောင်းလဲနိုင်သည်။ ပန်းနာရင်ကြပ်နှင့် Allergic Rhinitisနှစ်မျိုးလုံးရှိလျင် ညနေမှ တကြိမ်တည်း သောက်သင့်သည်။

ပန်းနာရင်ကြပ် ရောဂါသည်များ ရောဂါကို ထိန်းထားရန် အတွက်

  • ၁၀မီလီဂရမ်ကို တနေ့လျင် တကြိမ် သောက်ရမည်။ ပန်းနာရင်ကြပ်အတွက် သုံးစွဲပါက ညနေပိုင်းတွင် သောက်ရမည်။Allergic Rhinitis အတွက်မူ ဆေးသောက်ရမည့် အချိန်သည် လူနာအပေါ်လိုက်ပြီး ပြောင်းလဲနိုင်သည်။ ပန်းနာရင်ကြပ်နှင့် Allergic Rhinitisနှစ်မျိုးလုံးရှိလျင် ညနေမှ တကြိမ်တည်း သောက်သင့်သည်။

လေပြွန်ကျဉ်းခြင်းကို ကြိုတင်ကာကွယ်ရန်အတွက်

၁၀ မီလီဂရမ်ကို လေ့ကျင့်ခန်းမလုပ်မီ အနည်းဆုံး၂နာရီခန့် ကြိုသောက်နိုင်သည်။၂၄နာရီအတွင်း နောက်တကြိမ် မသောက်သင့်။ အခြားသော အခြေအနေတခု (ဥပမာ။ ။ နာတာရှည် ပန်းနာရင်ကြပ်ရောဂါ)အတွက် Montelukast ကို နေ့စဉ်သုံးစွဲနေသူဖြစ်ပါက လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် လေပြွန်ကျဉ်းခြင်းကို ကာကွယ်ရန် ထပ်မံ၍ သောက်စရာ မလိုချေ။ ထိုလူနာများအားလုံးသည် အရေးပေါ် အနေအထားတွင် အသုံးပြုရန် အတွက် လျင်မြန်စွာ အာနိသင်ပြသော beta 2 agonist ဆေးများကို ဆောင်ထားသင့်သည်။ နာတာရှည် ပန်းနာရင်ကြပ်အတွက် Montelukast ကို နေ့စဉ် သောက်သုံးခြင်းသည် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်

  • ရုတ်တရက် လေပြွန်ကျဉ်းခြင်းများကို ကာကွယ်မပေးနိုင်ချေ။

ကလေးတွေအတွက် Montelukast (မွန်တီလူးကပ်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Allergic Rhinitis အတွက်

  • ၁၅ နှစ်နှင့် အထက် ရင်ကြပ်ရှိသူများ သို့မဟုတ် Allergic Rhinitis ရှိသူများ : ၁၀မီလီဂရမ်ကို တနေ့လျင် တကြိမ် သောက်ရမည်။
  • ၆ နှစ် မှ ၁၄ နှစ်အထိ ရင်ကြပ်ရှိသူများ သို့မဟုတ် Allergic Rhinitis ရှိသူများ : ဝါးစားနိုင်သော ဆေးပြား ၅မီလီဂရမ်ကို တနေ့လျင် တကြိမ်။
  • ၂နှစ် မှ ၅နှစ် အထိ ရင်ကြပ်ရှိသူများ သို့မဟုတ် Allergic Rhinitis ရှိသူများ: ဝါးစားနိုင်သော ဆေးပြား ၄မီလီဂရမ် သို့မဟုတ် ဆေးမှုန့် ၄ မီလီဂရမ် ကို တနေ့လျင် တကြိမ်။

၁နှစ်မှ ၂နှစ်အထိ ရင်ကြပ်ရှိသော ကလေးများ : ဆေးမှုန့်

  • ၄ မီလီဂရမ် ကို တနေ့လျင် တကြိမ် (ညနေဖက်တွင်) သောက်ရမည်။
  • ၆လ မှ ၂၃လ အထိ Allergic Rhinitis ရှိသော ကလေးများ : ဆေးမှုန့် ၄ မီလီဂရမ် ကို တနေ့လျင် တကြိမ်။

ပန်းနာရင်ကြပ် ရောဂါသည်များ ရောဂါကို ထိန်းထားရန် အတွက်

  • ၁၅ နှစ်နှင့် အထက် ရင်ကြပ်ရှိသူများ သို့မဟုတ် Allergic Rhinitis ရှိသူများ : ၁၀မီလီဂရမ်ကို တနေ့လျင် တကြိမ် သောက်ရမည်။
  • ၆ နှစ် မှ ၁၄ နှစ်အထိ ရင်ကြပ်ရှိသူများ သို့မဟုတ် Allergic Rhinitis ရှိသူများ : ဝါးစားနိုင်သော ဆေးပြား ၅မီလီဂရမ်ကို တနေ့လျင် တကြိမ်။
  • ၂နှစ် မှ ၅နှစ် အထိ ရင်ကြပ်ရှိသူများ သို့မဟုတ် Allergic Rhinitis ရှိသူများ: ဝါးစားနိုင်သော ဆေးပြား ၄မီလီဂရမ် သို့မဟုတ် ဆေးမှုန့် ၄ မီလီဂရမ် ကို တနေ့လျင် တကြိမ်။
  • ၁နှစ်မှ ၂နှစ်အထိ ရင်ကြပ်ရှိသော ကလေးများ : ဆေးမှုန့် ၄ မီလီဂရမ် ကို တနေ့လျင် တကြိမ် (ညနေဖက်တွင်) သောက်ရမည်။
  • ၆လ မှ ၂၃လ အထိ Allergic Rhinitis ရှိသော ကလေးများ : ဆေးမှုန့် ၄ မီလီဂရမ် ကို တနေ့လျင် တကြိမ်။

လေပြွန်ကျဉ်းခြင်းကို ကြိုတင်ကာကွယ်ရန်အတွက်

  • ၁၅ နှစ်နှင့် အထက် : ၁၀ မီလီဂရမ်ကို လေ့ကျင့်ခန်းမလုပ်မီ အနည်းဆုံး၂နာရီခန့် ကြိုသောက်နိုင်သည်။

၆ နှစ် မှ ၁၄ နှစ်အထိ : ဝါးစားနိုင်သော ဆေးပြား၅မီလီဂရမ်ကို လေ့ကျင့်ခန်းမလုပ်မီ အနည်းဆုံး၂နာရီခန့် ကြိုသုံးနိင်သည်။

Montelukast (မွန်တီလူးကပ်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Montelukast ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးအမှုန့် :၄မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးလွန်သော လက္ခဏာများမှာ

  • ဗိုက်နာ/အောင့်ခြင်း။
  • အိပ်ငိုက်ခြင်း။
  • ရေငတ်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • အန်ခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း သို့မဟုတ် စိတ်တိုစိတ်ဆတ်ခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Montelukast ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement