backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Methocarbamol (မတ်သိုကာဘမိုလ်)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Methocarbamol (မတ်သိုကာဘမိုလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Methocarbamolသည် ကြွက်သားအကြောပြေဆေး ဖြစ်သည်။ ဦးနှောက်သို့ပို့ပေးသောအာရုံကြောလှုံ့စော်ချက်များ (နာကျင်မှုလှုံ့စော်ချက်များ)ကိုတားပေးခြင်းဖြင့် အာနိသင်ပြပါသည်။

Methocarbamolကိုအနားယူစေခြင်း၊ ကိုယ်လက်လှုပ်ရှားကုထုံးများလုပ်ခြင်းနှင့်အတူတွဲ၍ ကြွက်သားနာခြင်း၊ ထိခိုက်မိခြင်းများတွင် အသုံးပြုပါသည်။

Methocarbamolကိုဤတွင်ဖော်ပြမထားသောနေရာများ၌လည်းအသုံးပြုကောင်းပြုနိုင်ပါသည်။

Methocarbamol (မတ်သိုကာဘမိုလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Methocarbamolကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းတိတိကျကျလိုက်နာပါ။ သတ်မှတ်ပမာဏ၊ ရက်အပိုင်းအခြားထက် ပိုသုံးစွဲခြင်း၊ လျော့သုံးစွဲခြင်းမပြုလုပ်ရပါ။

Methocarbamolစပေးသော ၂-၃ ရက်လောက်တွင် ဆေးပမာဏနည်းနည်းနှင့်စရမည်။ နေ့အလိုက် သောက်ရမည့်ဆေးပြားပမာဏကို ဆရာဝန်ညွှန်သည့်အတိုင်းလိုက်နာရပါမည်။

Methocarbamolသည် တစ်ချို့သောဆေးစစ်ချက်များတွင် အဖြေမှားများဖြစ်နိုင်ပါသည်။ ဤဆေးသောက်နေလျှင် သင့်ကိုကုသသော ဆရာဝန်အား ပြောပြပါ။

Methocarbamolသည် အနားယူခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကုထုံး၊ တခြားအကိုက်အခဲသက်သာစေမည့်နည်းစသည်တို့နှင့်တွဲစပ်ကုသရာတွင် တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

Methocarbamol (မတ်သိုကာဘမိုလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Methocarbamolကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Methocarbamolကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Methocarbamolဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Methocarbamolအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Methocarbamol (မတ်သိုကာဘမိုလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Methocarbamolတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
  • ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Methocarbamol (မတ်သိုကာဘမိုလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

    အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
    • N=အခြေအနေကိုမသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Methocarbamol (မတ်သိုကာဘမိုလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    ပြင်းထန်မှုမရှိသောဘေးထွက်ဆိုးကျိုးများ

    • ခေါင်းမူးခြင်း
    • ချာချာလည်နေသလိုခံစားရခြင်း
    • အိပ်ငိုက်ခြင်း
    • ခေါင်းကိုက်ခြင်း
    • စိတ်ရှု့ပ်ထွေးခြင်း
    • မှတ်ဉာဏ်ပြဿနာများ
    • ဟန်ချက်ထိန်းနိုင်စွမ်းပျက်ခြင်း
    • ပျို့ခြင်း
    • အန်ခြင်း
    • အစာအိမ်နာခြင်း
    • မျက်နှာပူခြင်း
    • အမြင်ေဝဝါးခြင်း
    • နှစ်ရိပ်နှစ်ထပ်မြင်ခြင်း
    • မျက်လုံးနီခြင်း
    • အိပ်မရခြင်း
    • နှာစေးခြင်း
    • မပြင်းထန်သောယားယံမှု၊ အကွက်ထခြင်း

    အောက်ပါပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများမှ တစ်ခုခုဖြစ်လာပါကဆေးကိုရပ်ပြီး ဆရာဝန်နှင့် ချက်ချင်းပြသပါ။

    • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ တုပ်ကွေးကဲ့သို့ လက္ခဏာများ
    • နှလုံးခုန်နှေးခြင်း
    • မူးမေ့လဲတော့မည်ကဲ့သို့ဖြစ်ခြင်း
    • တက်ခြင်း
    • အသားဝါခြင်း (မျက်လုံးဝါခြင်း)

    အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Methocarbamol (မတ်သိုကာဘမိုလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Methocarbamolသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

    ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်မှာpyridostigmine (Mestinon) ဖြစ်သည်။

    အစားအသောက်တွေနဲ့ အရက်က Methocarbamol (မတ်သိုကာဘမိုလ်) နဲ့ ဓါတ်ပြုနိုင်သလား

    Methocarbamol က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Methocarbamol (မတ်သိုကာဘမိုလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Methocarbamolသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

    ဤဆေးနှင့်ဓါတ်ပြုနိုင်သောကျန်းမာရေးအခြေအနေမှာmyasthenia gravis ဖြစ်သည်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Methocarbamol (မတ်သိုကာဘမိုလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကြွက်တက်ခြင်းအတွက် ပုံမှန်ပမာဏ

    သောက်ဆေး

    • ကနဦးပမာဏ – ပထမဆုံး ၄၈ – ၇၂ နာရီကိုတစ်ရက်လျှင် 1500 mg လေးကြိမ်နှုန်း။ ပြင်းထန်သောအခြေအနေအတွက် အများဆုံးဆေးပမာဏမှာ8 g/day ဖြစ်၏။
    • ထိန်းညှိပမာဏ – 4000 to 4500 mg/dayကိုခွဲသောက်ရန်။

    ထိုးဆေး

    • လိုအပ်ပါက ၈ နာရီခြားတိုင်း 1000 mg တစ်ကြိမ်။ မေးခိုင်ရောဂါမှလွဲ၍ ၃ ရက်ဆက်တိုက်အတွင်းတစ်ရက်လျှင် 3 g ထက် မကျော်ရပါ။ ၄၈ နာရီကြာ ငြိမ်သွားပြီမှ ပြန်ထလာလျှင် အထက်ပါအတိုင်း ပြန်ကျော့နိုင်ပါသည်။
    • တတ်နိုင်သလောက်မြန်မြန် သောက်ဆေးပြောင်းရမည်။ အလတ်စားလက္ခဏာများအတွက် လူနာသည် သောက်ဆေးသောက်နိုင်လျှင် တစ်ကြိမ်ထိုးပြီးနောက် သောက်ဆေးဆက်ပေးပါ။

    မေးခိုင်ရောဂါအတွက် ပုံမှန်ပမာဏ

    1-2 g ကိုအကြောထဲသို့ တိုက်ရိုက်ထိုးရမည်။ ထို့နောက် 1-2 g ကိုဆေးချိတ်ထားရမည်။ အားလုံးပေါင်း 3 g ရှိရပါမည်။

    အစာပိုက်ထည့်နိုင်သည့်အထိ ၆ နာရီခြားတိုင်းအထက်ပါနှုန်းနှင့် ပြန်ကျော့ရမည်။ ထို့နောက် ဆေးများကို ကြိတ်ချေဖျော်ပြီးအစာပိုက်မှတစ်ဆင့် သွင်းရပါမည်။

    နေ့စဉ်သောက်ဆေးလိုအပ်ချက်မှာတစ်ရက်လျှင် 24 g အထိရှိနိုင်ပါသည်။

    ကလေးတွေအတွက် Methocarbamol (မတ်သိုကာဘမိုလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    မေးခိုင်ရောဂါအတွက် ပုံမှန်ပမာဏ

    ကနဦးပမာဏမှာ15 mg/kgအနည်းဆုံးဖြစ်ပြီးလိုအပ်လျှင် ၆ နာရီခြားတိုင်းထပ်ကျော့နိုင်သည်။ ထိန်းညှိပမာဏကိုတော့ အကြောဆေးထိုးခြင်း၊ သင့်တော်သောအရည်ပမာဏနှင့် ဆေးချိတ်ခြင်းတို့ဖြင့် ပေးနိုင်ပါသည်။

    Methocarbamol (မတ်သိုကာဘမိုလ်) ကိုဘယ်လိုရရှိနိုင်သလဲ

    Methocarbamolကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • ဆေးပြား

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Methocarbamolကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement