backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Methimazole (မတ်သီမတ်ဇိုးလ်)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Methimazole (မတ်သီမတ်ဇိုးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Methimazoleကိုသိုင်းရွိုက်ဂလင်းတက်ကြွလွန်ခြင်းအားကုသရန်နှင့် ခွဲစိတ်ရန်အတွက် တက်ကြွလွန်သောသိုင်းရွိုက်ကို ပြင်ဆင်ပေးခြင်းကုသပေးခြင်းတို့တွင် အများဆုံးအသုံးပြုကြပါသည်။ သိုင်းရွိုက်ဂလင်းအားခွဲထုတ်မည့်အခါတွင်လည်းသုံးရန်အကြံပြုကောင်းပြုနိုင်ပါသည်။ ဤဆေးကို ဆရာဝန်မှ တခြားအခြေအနေများတွင်လည်းသုံးကောင်းသုံးနိုင်ပါသည်။

Methimazoleသည် သိုင်းရွိုက်ဆန့်ကျင်ဆေးဖြစ်၏။ သိုင်းရွိုက်ဟော်မုန်းများထုတ်လုပ်ခြင်းကိုတားပေးနိုင်သည်။ သိုင်းရွိုက်ဟော်မုန်းများကိုသိုင်းရွိုက်ဂလင်းမှထုတ်လုပ်ပြီး ခန္ဓါကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်ခြင်းများအားထိန်းချုပ်ပါသည်။

Methimazole (မတ်သီမတ်ဇိုးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Methimazoleကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသုံးစွဲပါ။ ဆေးပမာဏအတိအကျအတွက် ဆေးတွင်ပါသောအညွှန်းစာကိုသေချာဖတ်ပါ။

Methimazoleကိုအစာရှိရှိမရှိရှိသောက်နိုင်ပါသည်။ အစာအိမ်နာတတ်ပါကအစာအိမ်မထိစေရန် အစာနှင့်တွဲသောက်ပေးပါ။

ဆရာဝန်မှ တခြားမညွှန်ကြားလျှင် Methimazoleကိုအချိန်မှန်မှန်နှင့် ပုံမှန်သောက်ရပါမည်။

Methimazole (မတ်သီမတ်ဇိုးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Methimazoleကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Methimazoleကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Methimazoleဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Methimazoleအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Methimazole (မတ်သီမတ်ဇိုးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Methimazoleတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
  • တခြားသောဆေးများ၊ အစာများ၊ အရာဝတ္ထုများနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • ရိုးတွင်းချဉ်ဆီသို့မဟုတ် အသည်းပြဿနာများရှိလျှင်
  • အရေပြားကွာသောရောင်ရမ်းနာရှိလျှင်။

Methimazoleသည် အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မူးမေ့လဲခြင်းများ ဖြစ်စေတတ်ပါသည်။ အဆိုပါ ဘေးထွက်ဆိုးကျိုးများမှာအရက်၊ တစ်ချို့ဆေးများနှင့် တွဲသောက်မိပါကပိုဆိုးနိုင်ပါသည်။ Methimazoleကိုသတိနှင့်သောက်ပါ။ ဆေးမှသင့်အပေါ်သက်ရောက်မှု မည်သို့ရှိကြောင်းမသိရသေးမချင်းကားမောင်းခြင်း၊ အန္တရာယ်ရှိအရာများလုပ်ခြင်းတို့ကိုရှောင်ပါ။

Methimazoleဆေးသုံးနေစဉ် ဓါတ်ခွဲစမ်းသပ်ချက်များဥပမာသိုင်းရွိုက်နှင့်အသည်းစစ်ဆေးခြင်း၊ သွေးဆဲလ်အရေအတွက်စစ်ခြင်းနှင့် သွေးခဲစစ်ခြင်း (PT, INR) တို့ကို ပြုလုပ်ရနိုင်ပါသည်။ ထိုစစ်ဆေးမှုများကသင့်အခြေအနေနှင့် ဘေးထွက်ဆိုးကျိုးများကိုစောင့်ကြည့်နိုင်မည်ဖြစ်သည်။ ချိန်းဆိုထားသည်များကိုမလွတ်တမ်း ပြသစစ်ဆေးဖို့ ဝန်မလေးပါနှင့်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Methimazole (မတ်သီမတ်ဇိုးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Dရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Methimazole (မတ်သီမတ်ဇိုးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးရှိ၏။ သို့သော် လူအများတွင် မဖြစ်တတ်ပဲခပ်ပျော့ပျော့သာခံစားရနိုင်ပါသည်။ အောက်ပါဘေးထွက်ဆိုးကျိုးတစ်ခုခုသည် ဆိုးလာခြင်းပျောက်မသွားခြင်းတို့ ဖြစ်လာပါက ဆရာဝန်နှင့် ပြသရမည်။

  • အရသာခံအာရုံပြောင်းခြင်း
  • ခေါင်းမူးခြင်း
  • အိပ်ငိုက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အဆစ်နာခြင်း
  • မူးမေ့လဲချင်သလိုဖြစ်ခြင်း
  • ကြွက်သားနာခြင်း
  • ပျို့ခြင်း
  • ထုံခြင်းကျဉ်ခြင်း
  • ဗိုက်နာခြင်း
  • အန်ခြင်း

အောက်ပါပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လာသည်နှင့် ဆေးကုသမှုချက်ချင်းခံယူရမည်။

  • ပြင်းထန်သောဓါတ်မတည့်ခြင်း (အကွက်ထခြင်း – အင်ပျဉ်၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ကြပ်ခြင်း၊ ပါးစပ်၊ နှုတ်ခမ်း၊ လျှာ၊ မျက်နှာတို့တွင် ဖူးရောင်ခြင်း)
  • အစားအသောက်ပျက်ခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • မူးလဲခြင်း
  • နှလုံးခုန်နှုန်းမမှန်ခြင်း မြန်ခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်းချောင်းနာခြင်း
  • ပြင်းထန်းစွာခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
  • ဗိုက်နာခြင်း
  • လက်တုန်ခြင်း
  • ပုံမှန်မဟုတ်ပဲသွေးယိုခြင်းအညိုအမည်းစွဲခြင်း
  • ပုံမှန်မဟုတ်ပဲဆံပင်ကျွတ်ခြင်း
  • ပုံမှန်မဟုတ်ပဲအားနည်းနေခြင်းမောနေခြင်း
  • အမြင်အာရုံပြောင်းခြင်း
  • မျက်လုံနှင့်အရေပြားဝါခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Methimazole (မတ်သီမတ်ဇိုးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Methimazoleသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Methimazole (မတ်သီမတ်ဇိုးလ်) နဲ့ ဓါတ်ပြုနိုင်သလား

Methimazole က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Methimazole (မတ်သီမတ်ဇိုးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Methimazoleသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Methimazole (မတ်သီမတ်ဇိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သိုင်းရွိုက်ဂလင်းတက်ကြွလွန်ခြင်းအတွက် ပုံမှန်ဆေးပမာဏ

ကနဦးပမာဏ

အပျော့စား – ၈ နာရီခြားတိုင်း 5 mg တစ်ကြိမ်။

အလတ်စား- ၈ နာရီခြားတိုင်း 10 mg တစ်ကြိမ် (တစ်ရက်လျှင် 40 mg အထိပေးနိုင်သည်)။

အပြင်းစား – ၈ နာရီခြားတိုင်း 20 mg တစ်ကြိမ်။

ထိန်းညှိပမာဏ – 5-15 mg နေ့စဉ်သောက်ရန်။

ကလေးတွေအတွက် Methimazole (မတ်သီမတ်ဇိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သိုင်းရွိုက်ဂလင်းတက်ကြွလွန်ခြင်းအတွက် ပုံမှန်ဆေးပမာဏ

အသက် ၁ နှစ်နှင့်အထက်

ကနဦးပမာဏ – ၈ နာရီအညီအမျှခြားပြီး 0.4 mg/kg/day နှုန်းနှင့် ၃ ကြိမ်တိုက်ရန်။

ထိန်းညှိပမာဏ – ၈ နာရီအညီအမျှခြားပြီး0.2 mg/kg/day နှုန်းနှင့် ၃ ကြိမ်တိုက်ရန်။

အများဆုံးပမာဏ – 30 mg/day

Methimazole (မတ်သီမတ်ဇိုးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Methimazoleကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Methimazoleကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအားနှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement