backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Methamphetamine (မီသမ်ဖက်တမင်း)


Hello Sayarwon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Methamphetamine (မီသမ်ဖက်တမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

အာရုံစူးစိုက်မှုချို့တဲ့တက်ကြွလွန်းခြင်းရောဂါ ကိုကုသရာမှာသုံးပါတယ်။ ဦးနှောက်အတွင်းသဘာဝအတိုင်းရနိုင်တဲ့ ပမာဏကိုပြောင်းပေးခြင်းဖြင့် အလုပ်လုပ်ပါတယ်။ ဗဟိုအာရုံကြောအဖွဲ့အစည်း လှုံ့ဆော်ပေးတဲ့ဆေးအမျိုးအစားမှာပါပါတယ်။ ဦးနှောက်အတွင်း ဓါတုပစ္စည်းတွေကိုသက်ရောက်မှုရှိပြီး အရမ်းတက်ကြွစေတဲ့ အာရုံကြောတွေကို လည်း သက်ရောက်မှုရှိပါတယ်။ လှုံ့ဆော်ခြင်းကိုလည်း ထိန်းချုပ်ထားပါတယ်။

ဆရာဝန်ခွင့်ပြုချက်နဲ့သာသုံးပါတယ်။ ကယ်လိုရီလျှော့ထားတဲ့အာဟာရတွေနဲ့တွဲသုံးခြင်းက ကိုယ်အလေးချိန်အရမ်းများတဲ့လူတွေမှာ ကိုယ်အလေးချိန်လျော့သွားစေပါတယ်။ အခြားကုသမှုတွေခံယူထားတဲ့( ဥပမာ အစာအကန့်အသတ်ထားစားခြင်း၊ အခြာ်းဆေးဝါးများ၊ အုပ်စုလိုက်အစီအစဉ်များ) လူနာတွေမှာ ကိုယ်အလေးချိန်မကျဘူးဆိုရင် ဒီဆေးကိုသီတင်းပတ်အနည်းငယ်အတွင်း အသုံးပြုသင့်ပါတယ်။ သင့်ရဲ့အစားစားလိုစိတ်ကို လျော့ပေးခြင်းဖြ်င့်အလုပ်လုပ်ပါတယ်။

Methamphetamine (မီသမ်ဖက်တမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျအသုံးပြုသင့်ပါတယ်။ မသင့်မတင့်အသုံးပြုခြင်းက သေဆုံးခြင်းသို့ နှလုံးအပေါ်ပြင်းထန်တဲ့သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။

ဒီဆေးကအထူးသဖြင့်ကိုယ်အလေးချိန်ကျဖို့အတွက် ကြာကြာသုံးမယ်ဆိုရင် ဆေးစွဲသွားစေနိုင်ပါတယ်။

သတ်မှတ်ထားတဲ့အချိန်ထက် ပိုကြာကြာသုံးလို့အဆင်မပြေပါဘူး။ အာရုံစူးစိုက်မှုချို့တဲ့တက်ကြွလွန်ရောဂါအတွက်သုံးမယ်ဆိုရင် အစာမပါဘဲ့သို့ အစာနဲ့တွဲပြီး သောက်သင့်ပါတယ်။

ကိုယ်အလေးချိန်ကျဖို့အတွက်ဆိုရင် ပါးစပ်ကသောက်ပေးသင့်ပါတယ်။ အခြားဆေးတွေ၊ အာဟာရအကန့်အသတ်ထားစားခြင်းတွေကြောင့် ကိုယ်အလေးချိန်ကျခြင်းမအောင်မြင်မှသာလျှင် အသုံးပြုသင့်ပါတယ်။

ညနေနောက်ပိုင်းမှာအသုံးမပြုသင့်ပါဘူး။ အိပ်စက်မှုအခက်အခဲဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

Methamphetamine (မီသမ်ဖက်တမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Methamphetamine (မီသမ်ဖက်တမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • methamphetamine သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

ရေတိမ်ရောဂါ၊ သိုင်းရွိုက်အကျိတ်များဖောက်ပြန်ခြင်းကြောင့် လွန်လွန်ကဲကဲတက်ကြွခြင်း၊ အပြင်းအထန်ကြောက်ရွံ့စိုးရိမ်ခြင်း၊ သွေးပေါင်ချိန်လွန်လွန်ကျွံကျွံမဟုတ်ရာကနေ ပြင်းပြင်းထန်ထန်ထိသွေးပေါင်ချိန်တက်ခြင်း၊ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အရက်ဆေးစွဲဖူးခြင်းတွေရှိရင် မသုံးသင့်ပါဘူး။

Pimozide သို့ methylene blue injection အသုံးပြုကုသမှုခံယူနေရရင် အသုံးမပြုသင့်ပါဘူး။

isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, or tranylcypromineကဲ့သို့သော MAO inhibitorတွေကို လွန်ခဲ့တဲ့၁၄ရက်ကအသုံးပြုနေမယ်ဆိုရင် မသုံးသင့်ပါဘူး။

အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် သို့ methylphenidateဆေးဓါတ်မတည့်တာရှိမယ်ဆိုရင် မသုံးသင့်ပါဘူး။

အချို့သောလှုံ့ဆော်ဆေးတွေဟာ ရုတ်တရက်သေဆုံးမှုကိုတချို့လူတွေမှာ တွေ့ရပါတယ်။ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • နှလုံးပြဿနာများ သို့ မွေးရာပါနှလုံးချို့ယွင်းခြင်း
  • သွေးတိုးရောဂါ
  • နှလုံးရောဂါရာဇဝင်ရှိဖူးခြင်း သို့ ရုတ်တရက်သေဆုံးနိုင်ချေရှိဖူးခြင်း

အဆီများခြင်းအဝလွန်ခြင်းအတွက်ဆိုရင် အခြားဆေးတွေ၊ အာဟာရအကန့်အသတ်ထားစားခြင်းတွေကြောင့် ကိုယ်အလေးချိန်ကျခြင်းမအောင်မြင်မှသာလျှင် အသုံးပြုသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Methamphetamine (မီသမ်ဖက်တမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

Methamphetamine (မီသမ်ဖက်တမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။

ကလေးတွေကြီးထွားဖွံ့ဖြိုးမှုကို သက်ရောက်နိုင်ပါတယ်။ ဒီဆေးအသုံးပြုခြင်းကြောင့် ပုံမှန်နှုန်းအတိုင်းမကြီးထွားလာဘူးဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။

ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့ရမယ်ဆိုရင် ဆေးကိုရပ်လိုက်ပြီး ဆရာဝန်ကိုချက်ချင်းခေါ်သင့်ပါတယ်။

  • ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ လစ်ဟာဟာဖြစ်ခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း ( တကယ်မရှိသည့်အရာတွေကို မြင်နေရခြင်း၊ ကြားနေရခြင်း၀ ၊ အမူအကျင့်ဆိုင်ရာပြဿနာများ၊ ရန်လိုခြင်း၊ တစ်ပါးသူအပေါ်ယုံမှားသံသယလွန်ကဲမှု
  • တက်ခြင်း
  • ထုံခြင်း၊ နာခြင်း၊ အေးခြင်း၊ အကြောင်းပြချက်မရှိဘဲ အနာများ၊ အရေပြားအရောင်ပြောင်းခြင်း( ဖျော့ခြင်း၊ နီရောင်သို့အပြာရောင်) လက်ချောင်းခြေချောင်းများတွင်
  • ကြွက်သားများတက်ကြွစွာရုတ်တရက်တွန့်ခြင်း
  • အမြင်ပြောင်းလဲခြင်းများ
  • အကြောင်းရင်းမရှိဘဲကြွက်သားများနာခြင်း။ အားနည်းခြ်င်း( အထူးသဖြင့် အဖျား၊ ပုံမှန်မဟုတ်ဘဲမောပန်းခြင်း၊ ဆီးအရောင်ရင့်ခြင်း)

တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အိပ်မပျော်ဖြစ်ခြင်း
  • အာခြောက်ခြင်း၊ ဗိုက်အောင့်ခြင်း
  • တုန်ခြင်း
  • အစားစားလိုစိတ်မရှိခြင်း၊ ကိုယ်အလးချိန်ကျခြင်း
  • လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Methamphetamine (မီသမ်ဖက်တမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

    အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

    စိတ်ကျခြင်းနဲ့စိတ်ဝေဒနာကိုကုသတဲ့ဆေးများ

    အင်ဆူလင်

    သွေးပေါင်ချိန်ထိန်းဆေးများ

    အတက်ရောဂါဆေးများ

    အစားအသောက်တွေနဲ့ အရက်က Methamphetamine (မီသမ်ဖက်တမင်း) နဲ့ ဓါတ်ပြုနိုင်သလား

    အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်ရောဂါအခြေအနေတွေက Methamphetamine (မီသမ်ဖက်တမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

    သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

    အပြန်အလှန်သက်ရောက်မှုပေးနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့

    နှလုံးသွေးကြောဆိုင်ရာပြဿနာများ

    ရေတိမ်ရောဂါ

    စိုးရိမ်ခြင်း

    နှလုံးရောဂါ

    သွေးတိုးခြင်း

    အသည်းရောဂါ

    အတက်ရောဂါ

    ဆေးအရက်စွဲနေခြင်း

    စိတ်ဝေဒနာများ

    ကျောက်ကပ်လုပ်ဆောင်မှုပျက်ခြင်း

    ကြွက်သားများရုတ်တရက်တွန့်ခြင်း

    ဆီးချိုရောဂါ

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Methamphetamine (မီသမ်ဖက်တမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အဝလွန်ခြင်းအတွက်

    ပြင်ပပစ္စည်းတွေကြောင့်အဝလွန်ခြင်းတွေမှာ ယာယီအသုံးပြုခြင်းအတွက်

    5 mgဆေးပြားတစ်ပြားကို အစားမစားမီတစ်နာရီခွဲကြိုသောက်သင့်ပါတယ်။ ကာလအားဖြင့်သီတင်းပတ်အနည်းငယ်ထက်မပိုသင့်ပါဘူး။

    ကလေးတွေအတွက် Methamphetamine (မီသမ်ဖက်တမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အားရုံစူးစိုက်မှုချိုပတဲ့ရောဂါအတွက်

    အသက်၆နှစ်နဲ့အထက်

    အစောပိုင်းပမာဏ- 5 mgသတ်မှတ်ထားတဲ့အတိုင်း တစ်နေ့တစ်ကြိမ်သို့နှစ်ကြိမ်

    အပတ်စဉ်5 mg သင့်တော်တဲ့တုန့်ပြန်မှုမရမချင်း တိုးပေးသွားသင့်ပါတယ်။

    အကျိုးသက်ရောက်မှုပေးတဲ့ဆေးကတော့ 20 to 25 mgနေ့စဉ်ဖြစ်ပါတယ်။

    စုစုပေါင်းတစ်နေ့စာပမာဏကို နှစ်ကြိမ်ခွဲပြီးနေ့စဉ်ပေးသင့်ပါတယ်။ ဆက်ပေးဖို့လိုလောက်အောင်

    အမူအကျင့်ဆိုင်ရာလက္ခဏာများပြန်ပေးလာမယ်ဆိုရင် ဆုံးဖြတ်ဖို့အတွက် တစ်ခါတရံဆေးရပ်ပေးလိုက်ဖို့လိုပါတယ်ယ။

    အဝလွန်ခြင်းအတွက်

    အသက်၁၂နှစ်နှင့်အထက်

    5 mgသောက်ဆေး အစားမစားခင်မိနစ်၃၀ကြိုပြီးသောက်သင့်ပါတယ်။

    ဆေးကာလ- သီတင်းပတ်အနည်းငယ်ထက်မပိုသင့်ပါဘူး။

    Methamphetamine (မီသမ်ဖက်တမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

    အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

    Methamphetamine ဆေး့ပြား ထုတ်ပေးမှုချဲ့ထားသောပုံစံ သောက်ဆေး : 5 mg; 10 mg; 15 mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement